HighLight News

Powered by Drupal

ပန်းတနော်မြို့မဈေးကြီးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်နှင့်ဝန်ထမ်းများသည် ခရိုင် FDA ဦး ဆောင်သောအဖွဲ့နှင့်အတူ (၆.၂.၂၀၂၆)ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသော အစားအသောက်များတွင် ဓါတုဆိုးဆေး/ ဖော်မလင် ပါဝင်မူရှိ/ မရှိ၊ Dateလွန် အစားအသောက်များရောင်းချမူရှိ/ မရှိ ရှောင်တခင်  ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် အလယ်ပိုင်း မြို့မဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသော အစားအသောက်များ၊ ငရုတ်သီးမှုန့်၊ ပဲပြား၊ မုန့်ဖတ်များနှင့် အခြားပြန်လည်ပြုပြင် ထုတ်ပိုးထားသော ကုန်စည်များတွင်  ဓါတုဆိုးဆေးသုံးစွဲထားမှု ရှိ/မရှိ၊  Date လွန်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း၊ အလှကုန်ဆိုင်များမှ သက်တမ်းလွန်ကုန်စည်များ တွေ့ရှိ၍ ရောင်းချခြင်းမပြုရန် သိမ်းဆည်းခဲ့ပြီး လုပ်ငန်းရှင်များက ပြန်လည်လဲလှယ်နိုင်ရန်အတွက် ဖယ်ရှားဆောင် ရွက်ထားခြင်းဖြစ်ကြောင်း ရှင်းပြကြပြီး ပူးပေါင်းအဖွဲ့မှ အသင့်စား သောက်ကုန်စည်များတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်မှ သိုလှောင်ရုံမှတ်ပုံတင် ဆောင်ရွက်ရန် ကျန်ရှိသော သိုလှောင်ရုံများ မှတ်ပုံတင်ဆောင်ရွက်မှုအား ကူညီဆောင်ရွက်

        စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ်. စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ရန်ကို မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးခြင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။

          ပန်းတနော်မြို့နယ် ဆန်စက်၊ ကုန်သည်၊ သိုလှောင်ရုံ၊ ဆန်ဆိုင်လုပ်ငန်းရှင်များမှ myroတွင် မှတ်ပုံတင် ဆောင်ရွက်ပြီးလုပ်ငန်း (၄၅)လုံးဆောင်ရွက်ပြီးစီးပြီး ကျန်ရှိသော သိုလှောင်ရုံလုပ်ငန်းရှင်များမှ မှတ်ပုံတင်ရန် ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးသို့ လာရောက်တွေ့ဆုံ၍ မှတ်ပုံတင်ခြင်းလုပ်ငန်းများ မေးမြန်းဆောင်ရွက်လျက်ရှိရာ ဘဝိုင်းကျေးရွာ၊ ရေလဲစုကျေးရွာမှ သိုလှောင်ရုံ လုပ်ငန်းရှင် ဦးဇော်လင်းရှိန် စပါးတင်း ၂သောင်း သိုလှောင်ထားရှိပြီး  အလျား ၈၀၊ အနံ ၄၀၊ အမြင့် ၁၈ အမိုးသွပ်၊ အခင်းကွန်ကရစ်၊ အကာအုပ် သိုလှောင်မှုအား myro မှတ်ပုံတင်နိုင်ရန် လုပ်ငန်းကို မြိုန့ယ်တာဝန်ခံမှ လုပ်ငန်းရှင်ကိုယ်တိုင်ပြုလုပ်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ပြီး လက်မှတ်ထုတ်ယူနိုင်ရန်အတွက် ငွေပေးချေလုပ်ငန်းစဉ်များကို ရှင်းလင်းပြသပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ကျေးရွာများတွင် စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

 

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းတို့သည် ခရိုင်အထွေထွေအူပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့် အတူ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မအူပင်မြို့နယ် တံတားကြီးကျေးရွာအုပ်စုတွင် ဆီရောင်းချခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         အဆိုပါစစ်ဆေးမှုတွင် တံတားကြီးကျေးရွာအုပ်စု အတွင်းရှိ စားသုံးသူပြည်သူများအား ဆီစာအုပ်ဖြင့် ရောင်းချသည့်အခြေအနေများ၊  ဈေးနှုန်းများပါရှိခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ အိမ်ထောင်စု တစ်စုလျှင် လစဉ် သတ်မှတ်ဆီထုတ်ယူမှုများကို ကျေးရွာပြည်သူများ သိရှိနိုင်ရန် ရှင်းလင်းခြင်း၊ လုပ်ငန်းရှင်မှ ဆီရောင်းချရာတွင် ချိန်တွယ်ရာတွင် ချိန်တွယ်ပြည့်မှီအောင် ရောင်းချခြင်းရှိ/ မရှိ၊ သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချရှိ/ မရှိနှင့် ဆိုင်းဘုတ်ချိတ်ဆွဲ ရောင်းချခြင်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ၉လမ်းဈေးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာ ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စည်ပင်သာယာ ရေးအဖွဲ့ တို့နှင့် အတူ မအူပင်မြို့၊ ကမ်းနားလမ်းရှိ ၉လမ်းစျေး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စျေးအတွင်းရောင်းချနေသော ခေါက်ဆွဲဖက်၊ မုန့်ဖက်၊ မျှစ်၊ ပဲပြား၊ ပဲသွေးများတွင် စားသုံးသူပြည်သူများ အန္တရာယ်ဖြစ်စေနိုင်သည့် ဖော်မလင်ဆေးရည်များ ဆိုးဆေးအရောင်များ၊ စိမ်ခြင်း/ထိုးနှံရောင်းချခြင်း ရှိ/ မရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ Mobile lab မော်တော်ယာဥ်ဖြင့် စစ်ဆေး ခြင်းပြုလုပ် ဆောင်ရွက်ခဲ့ပြီး၊ ဈေးအနီးတွင် ရောင်းချနေသော ဈေးဆိုင်များအား သတ်မှတ်စည်ကမ်းများနှင့်အညီ ရောင်းချမှု ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။  ၉လမ်း ဈေးအတွင်းရောင်းချနေသော စစ်ဆေးသည့် ကုန်စည်များ သန့်ရှင်းလတ်ဆတ်စွာဖြင့် ရောင်းချနေမှုရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် အတွက် လုပ်ငန်းသုံးဆီများ စနစ်တကျထုတ်ယူပြီး လုပ်ငန်းရှင်များအား ဖြန့်ဖြူး ရောင်းချမှုအား ကြပ်မတ်ဆောင်ရွက်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အတွက် လုပ်ငန်းသုံးဆီရရှိမှုများအား ကြပ်မတ်စစ်ဆေးဆောင်ရွက်ပြီး ဖေဖော်ဝါရီလအတွက် လုပ်ငန်းသုံးဆီထုတ်ယူနိုင်ရန် မြို့နယ်များမှ စာရင်းကောက်ယူတွက်ချက်၍ တိုင်းဒေသကြီးသို့ လစဉ် တင်ပြဆောင်ရွက်လျက်ရှိပါသည်။  

          မအူပင်မြို့နယ် ဆီကိုယ်စားလှယ်၏ ရန်ကုန်တိုင်းဒေသကြီးရှိ စားအုန်းဆီကုမ္ပဏီမှ ၃ခုမှ တဆင့် ပုသိမ်မြို့မှ စနစ်တကျခွဲဝေပြီး ဇန်နဝါရီ လအတွက်  ၂ကြိမ် ခွဲတမ်းရရှိပြီး စုစုပေါင်း ခွဲတမ်းရစားသုံးဆီ ပိဿာ(၁၂၃၂၀)ပိဿာနှင့် ပေပါ (၁၁၂)ပေပါ၊ တန် (၂၀.၁၂) တန် ရောက်ရှိမှုအား သတ်မှတ်ရက် အတွက် ဆီရောက်ရှိမှုအပေါ် စိစစ်ကြပ်မတ် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များထံ ရောက်ရှိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မအူပင်ခရိုင် မြို့နယ်များဖြစ်သော ပန်းတနော် မြို့နယ်၊ ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ်များသို့ စနစ်တကျဆောင်ရွက်နိုင်ရန် ခရိုင်အနေဖြင့် လမ်းညွှန်း ဆောင်ရွက်လျက်ရှိပါသည်။

           ဆက်လက်၍ ညောင်တုန်းမြို့နယ်အတွက် ဆီပိဿာ (၁၄၁၉၀)ပိဿာ၊ ပေပါ (၁၂၉) ၊ တန်(၂၃.၁၈) ဇန်နဝါရီလအတွက်း ထုတ်ယူရရှိပြီး စက်မှုလုပ်ငန်းသုံးဆီများကို လျောက်ထားသော လုပ်ငန်းရှင် (၁၁၇)ဦးထံ ဆက်သွယ်၍ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချမှုအား ကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း လုပ်ငန်းရှင်များအား သတ်မှတ်ရက်များတွင် ဆီပေပါများ ထုတ်ယူပြီး စတစ်တကျ သတ်မှတ်ရက်အတွင်း ငွေပေးသွင်း၍ လုပ်ငန်းရှင်များထံ ဆက်သွယ်ဆောင်ရွက်ကာ စနစ်တကျလုပ်ငန်းအသုံးပြုနိုင်ရန် ကြပ်မတ်ဆောင်ရွက်ခဲ့ကြပြီး  လုပ်ငန်းရှင်များကိုလည်း လုပ်ငန်းအတွက် အမှန်တကယ် သုံးစွဲရေးနှင့် ပြန်လည်ရောင်းချခြင်းမပြုရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ရေသန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လမ်းညွှန်မှုအရ လစဉ် စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းကို ပန်းတနော်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၉.၂.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အရှေ့ပိုင်းရပ်ကွက်  သောက်ရေသန့်အမျိုးမျိုး အ‌ရောင်းဆိုင် ၄ဆိုင် အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံမှ  စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ သောက်ရေသန့်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှု အညွှန်းတို့ကို မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊  စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Gasifier ဆန်စက်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်(၁၉)လုံး အား ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့်အတူ ၉-၂-၂၀၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ယင်းသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံညွှန်ကြားမှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်နှင့် မြို့နည်စည်ပင်သာယာရေးအဖွဲ့ မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ခွန်အား၊ သီဟသူ၊ ကောင်းမြတ်သုခ၊ ရွှေပြည်သစ်၊ ထူးဇေအောင်၊ စသောစက်များအား  မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များဖြစ်‌သော ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေးစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆေးကုမ္မဏီများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၁၈..၂၀၂ )ရက်နေ့၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ သင်္ဃန်းကျွန်း မြို့နယ်ရှိ ဆေးကုမ္မဏီများအား ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် လက်လီ/ လက်ကား ရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆက်စပ်ဌာနများပါဝင်သော အဖွဲ့စုံများနှင့် ပူး ပေါင်း၍  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆေးကုမ္မဏီများ၏ ဆေးဈေးနှုန်းများအတက်အကျရှိ/ မရှိ၊ ယခင်လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ ဈေးနှုန်းကွာခြားမှုရှိ/မရှိ၊  ဈေးကွက်များအတွင်းဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီလိုက်နာ၍ ဖြန့်ဖြူးရောင်းချကြရန်အသိ ပညာပေးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဆေးကုမ္မဏီမှတာဝန်ရှိသူနှင့်တွေ့ဆုံ၍ ဆေးဝါးမှတ်ပုံတင်မရှိဘဲFDAမှတားမြစ်ထားသော ဆေးဝါးများအားရောင်းချခြင်းမပြုလုပ်ကြရန်၊ အမြတ်ရာခိုင်နှုန်းများစွာတင်၍ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(‌ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှု ဆောင်ရွက်ချက်များ

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂) ဦးနှင့် ဝန်ထမ်း(၂) ဦးတို့သည် ကျောက်တံတားမြို့နယ် အတွင်းရှိ  ဒေါ်လှသန်း(ဆီဆိုင်) နှင့် ဦးရွှေလင်း (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့်ပူးပေါင်းပြီး ဆီရောင်းချမှု အခြေအနေများနှင့် ကွင်းဆင်း စစ်ဆေးအသိပညာပေးမှုအား ၁၈.၂.၂၀၂၆ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းအသိ ပညာပေးမှု များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်တွင် စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         (၁၈.၂.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် တိုက်ကြီးမြို့မဈေးတာဝန်ခံ နှင့်ပူးပေါင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တိုက်ကြီးမြို့မဈေးတွင် ရောင်းချနေသည့် စားသုံးဆီ အမှတ်တံဆိပ်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တိုက်ကြီးမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ တွင် ရောင်းချနေသော စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးမှာ Meizan၊ Lotus၊ Goody၊ ရန်ကုန်၊ Duck နှင့် ရွှေအုံတို့ကို စစ်ဆေးခဲ့ပြီး အဆိုပါ စားသုံးဆီများမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့်ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော် ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - HighLight News