HighLight News

Powered by Drupal

ညောင်တုန်းမြို့နယ်ထွက် စပါးထွက်ရှိမှုနှင့် အခြားဒေသတင်ပို့မှု အခြေအနေများကို တရားမဝင်တင်ပို့မှု ရှိ/မရှိ နယ်မြေကွင်းဆင်းစစ်ဆေး

           မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းမှ ထွက်ရှိသည့် ‌စပါးအချို့ကို   ရေလမ်းကြောင်းမှ တစ်ဆင့် ဒေသခံတောင်သူ/ အရပ်ဒေသ ပွဲစားများမှ  စပါးသယ်သည့် ရေယာဉ်များအ‌နေဖြင့် မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ဆန်စက်များအား ပို့ဆောင်ကြိတ်ခွဲရောင်းချလျက်ရှိကြောင်း သိရှိရပြီး၊ စပါးသယ်ယူ ရေယာဉ်များအား ညောင်တုန်းမြို့နယ်၊ အရွှဲကျေးရွာအုပ်စု၊ အရွှဲကူးတို့ဆိပ်နှင့် ရွှေဝါဦး ဆန်စက်ကူးတို့ဆိပ်တို့တွင် တရားမဝင်လမ်းကြောင်းများမှ တဆင့် တင်ပို့မှု ရှိ/မရှိ အခြေအနေများကို ညောင်တုန်းမြို့နယ်ဆန်၊ စပါးကြီးကြပ်ရေး လုပ်ငန်းအဖွဲ့တို့မှ နယ်မြေအတွင်း ကွင်းဆင်းစစ်ဆေးခဲ့မှုကို နိုဝင်ဘာလ ၅ရက်နေ့ ၂၀၂၅ ရက်နေ့က ကွင်ဆင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ရာ ထူးခြားမှုမရှိပါကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်  (-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ရှိ   ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ စားအုန်းဆီများ တော်ဝင်ဧကရာဇ်ကုမ္ဗဏီမှ (ယာဉ်အမှတ် 4l-6901) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၄၂)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါစားအုန်းဆီများကို လပွတ္တာခရိုင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂ရာခိုင်နှုန်း အမြတ်တို့ဖြင့် လက်လီ/လက်ကး ဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင် များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂ ရာခိုင်းနှုန်းအမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည်  (-၁၁-၂၀၂၄)ရက်နေ့၊ နေ့လည်(၁၃း၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ရှိ   ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ စားအုန်းဆီများ တော်ဝင်ဧကရာဇ်ကုမ္ဗဏီမှ (ယာဉ်အမှတ် 2M-9115) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၄၂)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါစားအုန်းဆီများကို လပွတ္တာခရိုင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂ရာခိုင်နှုန်း အမြတ်တို့ဖြင့် လက်လီ/လက်ကား ဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂ ရာခိုင်းနှုန်း အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ်အလှကုန်နှင့် မုန့်မျိုးစုံလုပ်ငန်းရှင်များအား သုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ညောင်ပင်ဈေးရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ အလှကုန်၊ မုန့်မျိုးစုံလုပ်ငန်းရှင်(၂၁)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

             ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက  စားသုံးကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား  အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများ အနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လေးမျက်နှာမြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၅.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၁၇၆ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့် အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်း  ရောင်းချသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့ ကြိတ်ခေါက်ဆွဲလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ ကံဦးရပ်၊ အမှတ်(၄)ရပ်ကွက်ရှိ ကြိတ်ခေါက်ဆွဲလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် ပြုလုပ်ပုံလုပ်ငန်းအဆင့်ဆင့်ကို မေးမြန်းပြီး ၎င်းတို့ ပြုလုပ်နေသော ကြိတ်ခေါက်ဆွဲများအား စားသုံးရန် (သို့) အသုံးပြုရန်သင့်/ မသင့်၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး၊ ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေတွင်ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်စေလို ကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့နယ် ရွှေတောင်စုအုပ်စုရှိ စားသုံးသူပြည်သူများသို့ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီဖြန့်ဖြူးမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  ကြံခင်းမြို့နယ်၊ ရွှေတောင်စုအုပ်စုရှိ ဆီထုတ်ကိုယ်စားလှယ်များမှတစ်ဆင့် စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ပြည်သူများသို့ဖြန့်ဖြူးရောင်းချစေရေး၊ လစဉ်ဆီရောင်းချမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ရှားတောအုပ်စု ခွဲတမ်းရစားသုံးဆီ အရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅)ရက် နေ့ ၊နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ ရှားတောကျေးရွာအုပ်စုအတွင်းရှိ ခွဲတမ်းရစားအုန်းဆီရောင်းချနေသောဆိုင်များအား ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/ မရှိ၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ်ရောက်ရှိခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး၊ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ ခွဲတမ်းရရှိသော ဆီများအား လက်လီ ကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ ထိုသို့ ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ စားအုန်းဆီ အရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့နယ် ပိုးစုကြီးအုပ်စုရှိ ပဲကြော်ပဲလှော်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ပိုးစုကြီးအုပ်စုရှိ ပဲကြော်ပဲလှော်လုပ်ငန်းသို့ သွားရောက်၍  လုပ်ငန်းရှင် ဒေါ်သန်းသန်းမော်နှင့်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆွေးနွေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  ထုတ်ပိုးသည့် ကုန်စည်ပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  (၆.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၁း၀၀)နာရီအချိန်တွင် လပွတ္တာမြို့၊ မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင််းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ လပွတ္တာမြို့၊ မြို့ပေါ်တွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆိုင်(၃)ဆိုင်ရှိ စားသုံးဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအားစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိအား ဌာနမှဈေးကွက်စောင့် ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News