HighLight News

Powered by Drupal

ပန်းတနော်မြို့အတွင်း ရောင်းချနေသော အသင့်သောက်အချိုရည် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော အသင့်သောက် အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ နံနက် (၀၉း၀၀)နာရီအချိန်တွင် အချိုရည်မျိုးစုံရောင်းချသော ဆိုင်ကြီးများသို့ ကွင်းဆင်းစစ်ဆေးသည်။     

            ဈေးကွက်စောင့်ကြည့်ရေး ပူးပေါင်းအဖွဲ့သည် ပန်းတနော်မြို့နယ်အတွင်း အသင့်သောက် အချိုရည်အမျိုးမျိုး ရောင်းချနေသော ဆိုင်ကြီး (၆)ဆိုင်မှ လုပ်ငန်းရှင်များအား စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့် စားသောက်ကုန်ပစ္စည်းများ၊ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသည့် အသင့်သောက်အချိုရည်များ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA)၏ ခွင့်ပြုချက်မရှိသော သက်တမ်းလွန် အသင့်သောက် အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများအား ဖြန့်ဖြူးရောင်းချခြင်းမပြုစေရန်၊ အသင့်သောက် အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး မည်သည့်ကုန်စည်မျိုးကိုမဆို စစ်ဆေး တွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများအား အသိပညာပေး ဆွေးနွေးခဲ့သည်။

         အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား ပန်းတနော်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ပူပေါင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)

စိုးမိသာစု ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ရေလဲကျေးရွာရှိ စိုးမိသားစု ဆန်စက်သို့  ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ  ၄ ရက်နေ့က စက်မှုကြီးကြပ်ဌာန၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး ဦးစီးအရာရှိက  ရေလဲရှိ စိုးမိသားစု ဆန်စက်တာဝန်ခံနှင့်တွေ့ဆုံ၍ ဆန်စက်အား ဆန်/ စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆန်စက်မှ ထွက်ရှိလာသောဆန်များကို ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှသည် အရည်အသွေးမြင့်ကုန်စည်အဖြစ် တိုးတက်ထုတ်လုပ်၍ ပြည်ပပို့ကုန်အထိ တိုးမြှင့်ဆောင်ရွက်နိုင်ရန် နည်းလမ်းကောင်းများကိုဆွေးနွေးပြီး လုပ်ငန်းရှင်တို့၏ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ခြင်းနှင့် စပ်လျဉ်၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်လိုက်နာရမည့်တာဝန်၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းများကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ပြီး စစ်ဆေးစဉ်ကာလအတွင်းတွင် စပါးတင်းရေ (၄၀၀၀)၊ ဆန် (၄၀၀)အိတ် သိုလှောင်ထားရှိကြောင်း သိရှိရပြီး  သိုလှောင်ရုံ စပါးဆန် လက်ကျန် စာရင်များ Myro တွင် ဖြည့်သွင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ၊ သက်တမ်းတိုး သတ်မှတ်ကာလပြည်မီပါက သက်တမ်းတိုးခြင်းကိုမဖြစ်မနေ ဆောင်ရွက်ရန်စစ်ဆေးခြင်း၊ ဆန်စက်သိုလှောင်ရုံပိုင်ရှင်မှ ရန်ကုန်သို့ ဆန်စက်မှ ဆန်နှင့် ဆန်ကွဲများကို အဓိကထား၍ လစဉ်တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့်  သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြသခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်စပါး လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများ (၄.၂.၂၀၂၆)ရက်နေ့က မအူပင်ဆန်စက်အသင်းရုံး ခန်းမတွင် ဆန်စပါး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေး နွေးခဲ့ကြပါသည်။

         အဆိုပါဟောပြောဆွေးနွေးပွဲသို့ လုပ်ငန်းရှင် (၂၀)ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီး ဌာနသည် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များအားဆန်/စပါး ဈေးနှုန်း တည်ငြိမ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများနှင့်  တွေ့ကြုံနေရသည့်အခက်အခဲများကို ဆွေးနွေးခဲ့ကြပြီး၊ လုပ်ငန်းရှင်များအား ဆန်များကို မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်၏ (၁.၉.၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်သော ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ သိရှိလိုက်နာဆောင်ရွက်ရန် သတ်မှတ်သော ဈေးနှုန်းများအတိုင်းရောင်းချရေး အတွက်လိုက်နာ ဆောင်ရွက်ကြရန်၊  လုပ်ငန်းရှင်များမှ သိရှိလိုသည်များနှင့်လုပ်ငန်း အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

          ဆက်လက်၍ စားသုံးသူကာ ကွယ်ရေးဥပဒေအရ ဥပဒေ၏ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၂၃)ပါ တားမြစ်ချက်ဖြစ်သည့် မည်သူမျှ စားသုံးသူ သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်မရိုး မဖြောင့်သောသဘောဖြင့် မပြုလုပ်ရန် ကာကွယ်ပေးထားသည့် အချက်(၄)ချက်အကြောင်းကို လည်းကောင်း၊ ဆန်စက်များမှ လစဉ် လဆန်းရက်များတွင် မိမိတို့ ဆန်စက်မှ ဆန်/စပါးလက်ကျန်စာရင်းများကို Update စာရင်းများ MyRoတွင် လုပ်ငန်းရှင်ကိုယ်တိုင်ရေးသွင်းဆောင်ရွက်ရန်နှင့် သက်တမ်းတိုးရန်ပြည့်မီ သူလုပ်ငန်းရှင်များက သက်တမ်းဆိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ဆေးဆိုင် ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရောအရာရှိ ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊  ကုန်ဈေးနှုန်း တည်ငြိမ်စေရေး စစ်ဆေးဆောင်ရွက်ခြင်း၊ အိမ်သုံးဆေးဝါးများ ဈေးကွက်အတွင်းပြတ်လပ်မှုရှိ/ မရှိ၊ အရည်အသွေးနှင့်စံချိန်စံညွှန်းစစ်ဆေးမှု ခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများကို ရောင်းချခြင်းမပြုရန်၊ ဆေးဆိုင်များမှ စပ်ဆေးအန္တရာယ်သတိပြု၍ ရောင်းချခြင်းမပြုရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ဆေးဆိုင်များအား အပတ်စည်ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ပြီး သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းကို လမ်းညွှန်မှာကြား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ရွှေပြည်ကျော်ဆန်စက်အား ကွင်းဆင်းဆောင်ရွက်

             မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် အတူ ကွင်းဆင်းလေ့လာ ဆောင်ရွက်လျက်ရှိပါသည်။ ညောင်တုန်းမြို့နယ်အနေဖြင့် ဆန်စက် ၄၃စက်ရှိပြီး၊ Gasifire အသုံးပြုစက် ၁၈လုံး ရှိကြောင်း သိရသည်။ Gasifire ဆန်စက်များမှ အသုံးပြုသော စပါးအခြောက်ခံစက်များအနေဖြင့် စပါးအခြောက်ခံနိုင်မှု စွမ်းအား ၅၀၀တင်း အခြောက်ခံ စက် (၁၃)စက်၊ စပါး (၇၀၀)တင်း အခြောက်ခံစက် (၂)စက်၊ စပါးတင်း(၁၀၀၀)အခြောက်ခံ စက်(၁)လုံး၊ စပါး(၁၂၀၀)တင်း အခြောက်ခံနိုင်မှု စက်(၂)လုံး ရှိကြောင်း စက်များမှ ပေါင်းခံနိုင်မှု (၁-၂-၃) ပေါင်းအထိ ပေါင်းခံနိုင်သည်ဟု မြေပြင်ကွင်းဆင်းမှုမှ ဆန်စက် တာဝန်ခံများ၏ ပြောပြချက်အရသိရသည်။ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဦးအောင်လွင်နှင့် စစ်ဆေးရေးအဖွဲ့တို့က ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စက်မှ ကြိတ်ခွဲထွက်ရှိသော ဆန်များအရည်အသွေးမီကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ အရည်အသွေးကောင်းဆန်များ ပြည်ပတင်ပို့နိုင်ရေး၊ ဌာန၏ ဆန်စက်လုပ်ငန်းများအတွက် အမိန့်ညွှန်ကြားချက်များကို သိရှိနိုင်ရန် (၄-၂-၂၀၂၆)ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် ကွင်းဆင်းမှာကြားရှင်းလင်းဆွေးနွေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

အမှတ်တံဆိပ်ပါ ဗူးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်။ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့  နံနက်(၀၉:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော အမှတ်တံဆိပ်ပါဗူးသွပ်ဆီများ အားထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် စစ်ဆေးရေးအရာရှိမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဓနုဖြူမြို့နယ် အခြေခံစားသောက်ကုန် ဈေးကွက်အတွင်း စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်ရောက် ကုန်စည်များစစ်ဆေးဆောင်ရွက်ရာတွင်  ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားကြောင်း စိစစ်တွေ့ရှိရသည်။  ရောင်းချသော လုပ်ငန်းရှင်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအားစသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စိုက်ပျိုးရေးပစ္စည်း ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ အရောင်းဆိုင်များ စည်းကမ်းချက်နှင့် ညီ၊ မညီ ကွင်းဆင်းကြည့်ရှု စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ မျိုးစေ့နှင့် စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်၊  ပိုးသတ်ဆေးဆိုင်များနှင့်  ဓာတ်မြေသြဇာ အရောင်းဆိုင်တို့အား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မှ  တာဝန်ရှိသူများက ၂၀၂၆ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်း စစ်ဆေးခြင်းကို စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနမှလိုက်ပါပူးပေါင်းဆောင်ရွက်ရာဓနုဖြူမြို့ပေါ်ရပ်ကွက်နှင့်   ကျေးရွာများအတွင်း ရောင်းချလျက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာ အရောင်းဆိုင်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခြင်းဆိုင်ရှင်များ အနေနဲ့ မိမိတို့အရောင်းဆိုင်များမှာ မှတ်ပုံမတင်ထားတဲ့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးများကို မရောင်းချရန်၊  မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော အသုံးပြုပုံ သတင်းအချက်အလက်များရေး သားဖော်ပြ ထားသည့် သက်ဆိုင်ရာ’ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန် ပစ္စည်းများကိုသာ  ရောင်းချရန်ကို လည်းကောင်း၊ မိမိတို့ရောင်းချသော ကုန်စည်များ အမှတ်တံဆိပ်မရှိပဲ ရောင်းချခြင်းမပြုရန်၊ ကုန်ဈေးနှုန်းမှန်ကန် တည်ငြိမ်စေရေးစစ်ဆေးခြင်း၊ ယခုကာလသည် စိုက်ပျိုးတောင်သူများ သီးနှံပေါ်ချိန်ဖြစ်၍ စိုက်ပျိုးရေးသုံးဆိုင်များမှ ရောင်းချသောကုန်စည်များ ငွေပြန်သိမ်းချိန်ကာလဖြစ်သဖြင့် တောင်သူများ စားသုံးသူအခွင့်အရေးမထိခိုက်စေရန်အတွက် အသိပညာပေး ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ယင်းသို့စစ်ဆေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းသုံး အရောင်းဆိုင်များက တောင်သူအကျိုးကို ရှေးရှုကာ  တောင်သူများပိုးသတ်ဆေး လာရောက်ဝယ်ယူရာတွင် အသုံးပြုနည်းများကို တောင်သူများနားလည်၍ အသုံးပြုတတ်အောင် ရှင်းလင်းပြောကြားရန်လိုကြောင်း အရောင်းဆိုင်ရှင်များအား တာဝန်ရှိသူများက မှာကြားကြောင်း သိရှိရပါသည်။   

DOCA(ဧရာဝတီ)

သီရိရတနာ ဆန်စက်သိုလှောင်ရုံအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ရေတွင်းကုန်းကျေးရွာရှိ သီရိရတနာ ဆန်စက်သို့  ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ  ၄ ရက်နေ့က စက်မှုကြီးကြပ်ဌာန၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ကွင်းဆင်းစစ်ဆေးမှုကို ဓနုဖြူမြို့နယ်မြို့နယ် မြို့နယ်တာဝန်ခံဦးစီးမှူး ဦးဝင်းမ်းစိုး ဦးစီးအရာရှိနှင့် စစ်ဆေးရေးအဖွဲ့  ပူးပေါင်း၍ ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ သီရိရတနာ ဆန်စက်အား ကွင်းဆင်းစစ်ဆေးရာ ပိုင်ရှင်နှင့် တွေ့ဆုံ၍ စစ်ဆေးစဉ်ကာလအတွင်းတွင် စပါးတင်းရေ(၈၀၀၀)၊ ဆန် (၅၀၀)အိတ် သိုလှောင်ထားရှိကြောင်း၊ ဆန်ကြိတ်ခွဲမှုအနေဖြင့် ၁နာရီလျှင် ဆန်အိတ် (၃၀)ခန့် ကြိတ်ခွဲနိုင်ကြောင်း ဆန်စက်နှင့် သိုလှောင်ရုံမှ စပါးဈေးနှုန်းအခြေအနေများ၊ ရန်ကုန်တင်ပို့မှုအခြေအနေများ၊ သိုလှောင်ရုံ စပါးဆန် လက်ကျန်စာရင်များ Myro တွင် ဖြည့်သွင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ၊ သက်တမ်းတိုးသတ်မှတ်ကာလပြည်မီပါက သက်တမ်းတိုးခြင်းကိုမဖြစ်မနေ ဆောင်ရွက်ရန် စစ်ဆေးခြင်း၊ ဆန်စက်သိုလှောင်ရုံပိုင်ရှင်မှ ရန်ကုန်သို့ ဆန်စက်မှဆန်နှင့် ဆန်ကွဲများကို အဓိကထား၍ လစဉ်တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့်  သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြသခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ် ဦးစီးမှူး ဦးလှထွဋ်ဦး သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၅.၂.၂၀၂၆)ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင်  မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီဘူးများတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်  ပြည့်စုံခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်ဦးစီးမှူးမှ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော Goody Meizan စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄)ပါ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက် ရန်ညွှန်ကြားချက် ၂/၂၀၁၉ ကိုလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကိုလည်း ဌာနအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကောင်းမြတ်ဆန်စက်တွင် ဆန်စပါးလက်ကျန်စာရင်းနှင့်My Ro တွင် သက်တမ်းတိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် တာဝန်ရှိသူများနှင့် ပူးပေါင်း၍   လပွတ္တာမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကောင်းမြတ် ဆန်စက်သို့ (၄.၂. ၂၀၂) ရက်နေ့ ၊ နံနက်(၁၀:၃၀)နာရီတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင် ဦးလိုင်စိမ်းဆိုင်အား ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့နိုင်ရေး၊ အဆင့်အတန်းမီဆန်နှင့်ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်း တင်ပို့ရောင်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်  ပိုးသတ်ဆေး၊ ဓါတ်ကြွင်း ဓါတ်ကျန်များမပါရှိစေရန်နှင့်  စက်ရုံအတွင်း သန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ထားကြရန်နှင့် MyRoတွင်   မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက်ပိုမို သိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့် ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအားအချိန်မီUpdateဖြည့်သွင်းနိုင်ရေးနှင့်မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက် ပြီးသက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News