HighLight News

Powered by Drupal

ဘုတ်ချောင်းကျေးရွာ အ.လ.က (ဇီးချောင်း)တွင် လူငယ်ရေးရာအသိပညာပေးဟောပြော

         စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍(၂.၂.၂၀၂၆)နေ့ နံနက် (၀၉:၄၅) နာရီအချိန်တွင် လေးမျက်နှာမြို့နယ် ဘုတ်ချောင်းအုပ်စု ဇီးချောင်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဆရာ၊ဆရာမ(၁၈)ဦးနှင့် ကျောင်းသား၊ကျောင်းသူ(၁၀၈)ဦးအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက  စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊  စားသုံးသူကာကွယ်ရေးဆိုတာ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို အသုံးပြုခွင့်ရှိစေရေး၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား  မျှတမှုရှိသော လုပ်ငန်းစဉ်များ သတ်မှတ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

         ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်များတွင် ပါဝင်သောဓါတုဆိုးဆေး၏ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံး ပြုရာတွင် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များ ၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန် ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကြောင်းစသည်တို့ကို အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့ပြီး၊ ဆရာ/ဆရာမများမှ သိလိုသည်များမေးမြန်းဆွေးနွေးကာ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဟောပြောပွဲ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

 စားသုံးသူကာကွယ်ရေးဆိုင်ရာ  ပြည်သူအသိပညာပေးဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂.၂.၂၀၂၆)ရက် နေ့ နေ့လယ် (၁၄:၀၀)နာရိအချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ပြည်သူ(၄၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများ ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြား ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းစသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ခြင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၁.၂.၂၀၂၆)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ် ဆီကုန်သည်နှင့်ဆီအသင်းရုံးခန်း၌ ဟင်္သာတခရီုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ဆီလက်ကားကိုယ်စားလှယ်များအား  ပြည်သူများသို့ ဆီဖြန့်ဖြူး ရောင်းချသည့် စည်းကမ်းသတ်မှတ်ချက်များ၊ ပြည်သူလက်ဝယ်ရောက်ရှိနိုင်ရေး ကြီးကြပ်ဆောင် ရွက်ရန်နှင့်ပါတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့်  လုပ်ငန်းရှင်များမှ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေး   နွေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူကာကွယ် ရေးဥပဒေပြဌာန်းချက်ပါကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်ကုန်အညွှန်း အမှတ် အသားဆိုင်ရာအချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ   လိုက်နာရမည့်  တာဝန်များနှင့် စားသုံးသူများအသုံးပြုမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများဘေးအန္တရာယ်  ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် လိုက်နာဆောင်ရွက် သွားရန် အသိပညာပေး ဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများသို့ စားအုန်းဆီများ လက်လီ၊လက်ကား  ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများ သို့ ကျယ်ကျယ် ပြန့်ပြန့် လွှမ်းခြုံမှု အားကောင်းစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့်အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ  ပြည်သူများသို့ဖြန့်ဖြူးရောင်းချစေရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ဧရာဝတီ)

ဆန်ရောင်းချမှုအခြေအနေများနှင့် ဆန်စက်သိုလှောင်ရုံများရှိ စပါး/ဆန်လက်ကျန် မြေပြင်စိစစ်ကောက်ယူခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂.၂.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် MyRo တွင် မှတ်ပုံတင်ထားရှိသည့် ဆန်စက်/သိုလှောင်ရုံများရှိ စပါး/ဆန်လက်ကျန် မြေပြင်စိစစ်ကောက်ယူခြင်းနှင့် ဇလွန်မြို့နယ်အတွင်းရှိ ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေများ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းရာတွင် MyRo တွင် မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအားဆွေးနွေးခဲ့ပြီး၊ ဇလွန်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ရောင်းချနေသော ဆန်များသည် ရက်(၉၀)၊ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထ၊ ဆင်းသွယ်(ရှယ်)ဆန်များကို ဒေသတွင်းထွက်ရှိမှုမှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှုအိတ်အရေ အတွက် များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဧည့်မထဆန်တစ်အိတ်လျှင် ၄၉၀၀၀/- ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး၊ ရန်ကုန်အရောက် ၅၁၀၀၀/- ကျပ်ဖြင့်‌ရောင်းချလျက်ရှိပါသည်။ ဆန်ဈေးနှုန်း ကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက်  ဈေးကစားရန်အလို့ငှာဆန်များ သိုလှောင်ထားခြင်းမပြုရန် လိုက် နာမှု မရှိပါက ဥပဒေအရအရေးယူခံရမှာ ဖြစ်ကြောင်း ဆန်စက်လုပ်ငန်းရှင်များအား အသိပညာပေးပြောကြားခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

“ခရမ်းမြို့နယ်ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း”

          ရန်ကုန်တိုင်းဒေကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဝယ်ယူသုံးစွဲရာတွင် ဆန်ဈေးနှုုန်းကြီးမြင့်မှုမရှိစေရေးနှင့် ပစ္စည်းမှန်ဈေးနှုန်းမှန်ကန်မှုရှိပြီး ဝယ်ယူသည့် ကုန်စည်သည် ပေးချေလိုက်ရသည့်တန်ဖိုးနှင့်အညီ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာ ဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ ဖေဖော်ဝါရီလ(၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ဆန်ဆိုင်၊ ပြည့်ဝဆန်ဆိုင်နှင့် ဒေါ်သောင်းသောင်း ဆန်ဆိုင်တို့တွင် ရောင်းချနေသောဆန်ချော၊ ဆန်ကြမ်းများ၏ (၁) အိတ်ဈေးနှုန်း၊ (၁) ပြည် ရောင်းချနေသော လက်လီဈေးနှုန်းများအား စစ်ဆေးခြင်း၊ ဆန်များအား ဝယ်ယူသည့် ဒေသ၊ နေရာများ၊ ဝယ်ယူဈေးနှုန်းများအား စစ်ဆေးခဲ့ကြပြီး ဆိုင်ရှင်များအား ဆန်များကို သိုလှောင်၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အလေးချိန်၊ အချိန်အတွယ် မှန်ကန်မှုမရှိဘဲ ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ထိုသို့ ရောင်းချနေမှုအား စစ်ဆေးတွေ့ရှိခဲ့ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်ဈေးကွက်အတွင်းရှိ သွားတိုက်ဆေးအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ အားကွင်းဆင်းစစ်ဆေးခြင်း ”

            စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီကုန်စည်များနှင့် ဈေးကွက် ရောက်ပြီးကုန်စည်များအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဈေးကွက်စောင့် ကြည့်စစ်ဆေးလျက်ရှိရာ ရန်ကုန်တိုင်းဒေကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာမြို့မ ဈေးအတွင်းရှိ သွားတိုက်ဆေးအမျိုးမျိုးရောင်းချသောဆိုင်များအား ဖေဖော်ဝါရီလ(၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့် ဝန်ထမ်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

             ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့မဈေးအတွင်းရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များနှင့် ထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိနှင့် သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုမရှိစေရေးတို့ကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြပြီး ရောင်းချသောဈေးဆိုင်ပိုင်ရှင်များအားလည်း စစ်ဆေးခဲ့သောအချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“သုံးခွမြို့နယ်အတွင်းရှိအထူးကုဆေးခန်းစစ်ဆေးဆိုင်သို့ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်း ဖွင့်လှစ်ထားသော အေးမေတ္တာ အထူးကုဆေးဆိုင်သို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့ (ရန်ကုန်) မှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ်လိုက်ပါပြီး ဖေဖော်ဝါရီလ (၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာညီညီဝင်းနှင့်ဝန်ထမ်းများ ဦးဆောင်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အနော်ရထာလမ်း၊  အမှတ်(၁)ရပ်ကွက်တွင် ဖွင့်လှစ်ထားသော အေးမေတ္တာ အထူးကုဆေးခန်း၏ ဆေးဆိုင်သို့ ဆေးဝါးများစနစ်တကျရောင်းချမှုရှိ/မရှိ၊ ထိန်းချုပ် ဆေးဝါးများ ရောင်းချမှုရှိ/မရှိ၊ ဆေးဆိုင်လိုင်စင်ရှိ/မရှိနှင့် ထိန်းချုပ်ဆေးဝါးများအား သတ်မှတ်ချက်နှင့်အညီ လုံခြုံစွာထားသိုရောင်းချနိုင်ရန် စီစဉ်ထားရှိနိုင်ရေးနှင့် လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

         (၄.၂.၂၀၂၆)ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် သင်္ဃန်းကျွန်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရှေ့ဒဂုံမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး  အရှေ့ဒဂုံမြို့နယ်အတွင်းရှိ ဆန်လက်လီ/လက်ကားရောင်းချနေသော ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် ရက် (၉၀)၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထ၊ ဆင်းသွယ်(ရှယ်)၊ ပေါ်ဆန်းမွှေးထူး(ရှယ်)၊ ကောက်ညှင်း (ရှယ်)၊ မြောင်းမြပေါ်ဆန်း (အသစ်)ဆန်များကိုဝါးတန်းကုန်စည်ဒိုင်မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်းပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှုအိတ်အရေအတွက်များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာဆန်များ သိုလှောင်ထားခြင်းမပြုရန် ဆန်များကိုဈေးနှုန်းအဆမတန်ရောင်းချမှုမရှိစေရေးနှင့် ရောင်းချခြင်း ကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ရန်ကုန်)

စက်သုံးဆီဆိုင်များအား ရှောင်တခင်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ နှင့်ပူးပေါင်း၍ စျေးကွက်တွင်းရောင်းချနေသော စက်သုံးဆီများ အားသတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေး စံချိန်စံညွှန်း ပြည့်မီခြင်း ရှိ/ မရှိ၊  အများပြည်သူ စက်သုံးဆီလိုအပ်ချက်များဝယ်ယူရာတွင် အဆင်ပြေစေရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှု ရှိ/မရှိ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မအူပင်မြို့နယ် စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များတွင်၊ နေ့စဉ်ရောင်းချမှု ရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြာနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျက်ရှိရာ သတ်မှတ်ဈေးနှုန်းများဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ သိုလှောင်ကန်များ၏ လက်ကျန်အခြေအနေနှင့် နေ့စဉ်ဆီဝင် ရောက်မှု အခြေအနေများ၊ ဆီဆိုင် ဖွင့်လှစ်/ပိတ် သိမ်းမှုအခြေအနေများ၊  တရားမဝင် စက်သုံးဆီများ ရောင်ချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီပြတ်လပ်မှုမရှိကြောင်း စနစ်ကောင်းမွန်ခြင်းရှိ/ မရှိတို့အား အထူးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သွားတိုက်ဆေးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ကုန်စည်များကို အသုံးပြုနိုင်ရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့်၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ (၂.၂.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဈေးကွက်အတွင်းရှိ သွားတိုက်ဆေးတံဆိပ် အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သောကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီသောကုန်စည်များကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍လည်း ဥပဒေပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအား အစဉ်တစိုက်လိုက်နာကာ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News