HighLight News

Powered by Drupal

ကျောင်းကုန်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ဇမ္ဗူအေးဆန်စက်အား ဈေးနှုန်း/ ဈေးကွက်အခြေအနေနှင့် ဆန်/ စပါး လက်ကျန်အား ကွင်းဆင်းဆွေးနွေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့ နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်  အမှတ်(၄) ရပ်ကွက်ရှိ ဇမ္ဗူအေးဆန်စက်အား ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

          သို့ဖြစ်ပါ၍ ဇမ္ဗူအေးဆန်စက် လုပ်ငန်းရှင် ဦးကြိုင်ဝင်းနှင့် ဆွေးနွေးသည်မှာ ယခုနှစ် ဆန်ဈေးပုံမှန်သာရှိပြီး အရောင်းအဝယ်အေးပါသည်။ ရန်ကုန်ဈေးကွက်သို့ မည်သို့တင်ပို့ ရောင်းချကြောင်းနှင့် ဆန်အရောင်းအဝယ် ပြုလုပ်ရာတွင် ဆန်အမျိုးအစားအလိုက် ရောင်းချသည့် ဈေးနှုန်း၊ ဆန်ဈေးကွက် ပုံမှန်ဖြစ်သောကြောင့် သတ်မှတ်ထားသော ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရောင်းချကြောင်း၊ Myro သိုလှောင်ရုံ ဆန်/စပါးလက်ကျန်စာရင်းအား ပုံမှန်ပေးသွင်းရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အမှတ် (၂) ရပ်ကွက်၊ အတွင်းရှိ အလှကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂ ခုနှစ်၊ ဇန်နဝါရီ (၂၃) ရက်နေ့၊ နံနက် (:၀၀) နာရီအချိန်တွင်  ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်အတွင်းရှိ အလှကုန်များရောင်းချသောဆိုင်များအားကွင်း ဆင်းစစ်ဆေးခဲ့ပါသည်။

      အဆိုပါစစ်ဆေးမှုတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာရွေး ချယ်ဝယ်ယူစားသုံးရန်နှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်းခရိုင်ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက် ချက်များ

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂) ဦးနှင့် ဝန်ထမ်း(၂) ဦးတို့သည် မရမ်းကုန်းမြို့နယ်အတွင်းရှိ ဦးကျော်မင်း (ဆီဆိုင်) နှင့် ဒေါ်ရီရီထွေး (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးအသိပညာပေးမှုအား ၄.၂.၂၀၂၆ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသောဆီများသည် သတ်မှတ်ထားသောရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဥက္ကလာပမြို့နယ်ရှိ ဆေးကုမ္မဏီများအား အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး(..၂၀၂)ရက်နေ့တွင်  တောင်ဒဂုံမြို့နယ်ရှိ ဆေးကုမ္မဏီများအား လက်လီ/လက်ကားရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆက်စပ်ဌာနများပါဝင်သော အဖွဲ့စုံများနှင့် ပူးပေါင်း၍   ဆေးကုမ္မဏီများအားကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးကုမ္မဏီများတွင် ‌ဆေးဝါးများ၏ ဈေးနှုန်းတက်/ ကျအခြေအနေ၊ ဆေးဝါးပစ္စည်းလက်ကျန်အခြေအနေတို့ကို စစ်ဆေးမေးမြန်းခဲ့ပြီး၊ သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီရောင်းချမှုရှိ/ မရှိ၊ တရားမဝင်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ရှိ/ မရှိနှင့်စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/ မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ၍ဖြန့်ဖြူးရောင်းချကြရန် အသိပညာပေးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မိတ္ထီလာမြို့နယ် ရေချိုကျေးရွာတွင် စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ

        မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာတွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

       ဟောပြောပွဲတွင်စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံဒေါ်သိမ့်သူဇာမောင်(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများလုပ် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအားလည်းကောင်း စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov. mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် (၄၅)ဦးခန့်တက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို (၁၃၄၅)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။      

DOCA(မန္တလေး)

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ဟင်းခွတ်အိုင်ကျေးရွာ၌ မြန်မာနိုင်ငံဆံပင်လုပ်ငန်းရှင်းအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

         ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ဟင်းခွတ်အိုင်ကျေးရွာ မြန်မာနိုင်ငံဆံပင်လုပ်ငန်းရှင်းအသင်းနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆံပင်လုပ်ငန်းရှင်းအသင်း ဥက္ကဌနှင့်အဖွဲ့ဝင် စုစုပေါင်း (၂၁) ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းမှ တက်ရောက်လာသူများအား မိမိတို့ စားသုံးသူရေးရာဌာနအနေနှင့် ဝန်ကြီးရုံး/ဦးစီးဌာနတို့၏ ညွှန်ကြားချက်နှင့် အညီ ဆံပင်တင်သွင်းခွင့် လျှောက်ထားလာသော Co.,ltd များအား မြေပြင်တွင် အမှန်တကယ်လုပ်ကိုင် ဆောင်ရွက်ခြင်းခြင်း ရှိ/ မရှိ သိရှိနိုင်ရန်ကွင်းဆင်းတွေ့ဆုံခြင်းဖြစ်ကြောင်း၊ အမှန်တကယ်ဆောင်ရွက်နေသည်ကို တွေ့ရသည့်အတွက် လုပ်ငန်းရှင်များ အကျိုးကျေးဇူးရှိသည့်အပြင် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်သည့်အတွက် ဌာနမှလိုအပ်သည်များ တက်အားသရွေ့ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်ရှိ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုအား ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး၏ ၂၈-၁-၂၀၂၅ ရက်နေ့ လမ်းညွှန်ချက်တွင် “မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ လမ်းညွှန်ချက်အရ ဦးစားပေးရွှေးချယ်ထားသည့် ကုန်စည်၊ဝန်ဆောင်မှုများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပုံမှန်ဆောင်ရွက်ရန်နှင့် ၃လ အလိုက်အမျိုးအစားများ (အမယ် များ) အား ပြန်လည်ဆန်းစစ်သုံးသပ်ရန်” လမ်းညွှန်အရ ဦးစားပေးရွှေးချယ်ထားသည့်    ကုန်စည်၊ ဝန်ဆောင်မှုများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအနေဖြင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုဖြစ်သော အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူပေါင်း၍ သာစည်မြို့နယ်အတွင်း ယာဉ်လိုင်း (၃) လိုင်း အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃   ရက်နေ့တွင် ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအင်ဆန္ဒနှင့် အညီလုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးနေသည့် ပို့ဆောင်ရးကဏ္ဍကိုစစ်ဆေးရာတွင် ပို့ဆောင်ရေးကဏ္ဍသည် အထူးအရေးပါသည့်အတွက်ခရီးသည် ပို့ဆောင်မှုအခြေအနေများ၊ ကုန်စည်တန်ဆာပေးပို့မှုအခြေအနေများစစ်ဆေးခဲ့ပြီး၊ အများသုံးသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များကို စစ်ဆေးရာတွင် ယာဉ်မတော်တဆကိစ္စရပ်များအား အတိုင်းအတာတစ်ခုထိလျော့ချနိုင်စေရန် သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်းရှိ/ မရှိ၊ ယာဉ်မောင်းအရက်သေစာ သောက်စားထားခြင်း ရှိ/ မရှိ၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိနှင့် ၎င်းတို့ ဝန်ဆောင်မှုကိုအသုံးပြုသောစားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်ဖွယ်ရရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုဖြစ်ပါက ဖြစ်သင့်ဖြစ်ထိုက်သော ကုစားခွင့်များရရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)

“ မိတ္ထီလာမြို့နယ်အတွင်းရှိ ကားတာယာအရောင်းဆိုင် ကွင်းဆင်းစစ်ဆေး”

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးလမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂  ရက်နေ့တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ကားတာယာအရောင်းဆိုင် (၁၀) ဆိုင်၏ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

                 ကွင်းဆင်းစစ်ဆေးရာတွင်  စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဥပဒေ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ  (၂) ခုနှင့်ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းကုန်သွယ်မှုအနေဖြင့် ပြည်တွင်း/ ပြည်ပနှင့် ဒေသတွင်းထွက်ရှိသော ကုန်စည်များ၏ ဈေးနှုန်းအခြေအနေများကို စာရင်းကောက်ယူတင်ပြလျက်ရှိကြောင်း၊ ယခု ကားတာယာကိစ္စနှင့် စပ်လျဉ်း၍ ဈေးကွက်အတွင်း ကားတာယာဈေးနှုန်းများ မြင့်တက်လာခြင်းအပေါ် မိတ္ထီလာမြို့ပေါ်ရှိကား တာယာလက်လီအရောင်းဆိုင်များအနေဖြင့် ဝယ်ယူရရှိသည့်အခြေအနေနှင့် ဝယ်ယူရသည့် အခက်အခဲရှိသည့်အချက်များအား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်နှင့် ဈေးနှုန်းအခြေအနေများအား ပေးပို့တင်ပြရန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းအား အသိပညာပေး Talk Show  ပြုလုပ်ခြင်း

         ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် (၂.၂. ၂၀၂၆) ရက်နေ့၊ နံနက် (၁၁.၀၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Commnity Centreခန်းမတွင် စားသုံးသူပြည်သူများ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းအားအသိပညာပေး Talk show ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ ပြုလုပ်ရာတွင် ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)က အွန်လိုင်းရောင်းချမှုနှင့်ပတ်သက်၍ အများပြည်သူများသိသင့်သိထိုက်သည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။   အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီးလုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းများ ၏ လျှောက်လွှာများနှင့်သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့၍  စားသုံသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းရောင်းဝယ်မှုကဏ္ဍများတွင် စားသုံးသူ၏အခွင့်အရေးများ ထိခိုက်နစ်နာပါက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉ )အပါအဝင် အခြားတည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ စားသုံးသူတိုင်ကြားမှုများကို (www.doca.gov.mm)၊  Facebook Pages၊  Messengerနှင့် Consumer Call Center Hotline 1535 တို့ကို တိုင်ကြားနိုင်သည့်အကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဥက္ကလာပမြို့နယ်ရှိ ဆေးကုမ္မဏီများအား   အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့်ဝန်ထမ်းများသည်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး (..၂၀၂) ရက်နေ့တွင်  တောင်ဒဂုံမြို့နယ်ရှိ ဆေးကုမ္မဏီများအား လက်လီ/ လက်ကားရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ် စေရေးအတွက်ဆက်စပ်ဌာနများပါဝင်သော အဖွဲ့စုံများနှင့်ပူးပေါင်း၍   ဆေးကုမ္မဏီများအားကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးကုမ္မဏီများတွင် ‌ဆေးဝါးများ၏ ဈေးနှုန်းတက်/ ကျအခြေအနေ၊ ဆေးဝါးပစ္စည်းလက်ကျန်အခြေအနေတို့ကို စစ်ဆေးမေးမြန်းခဲ့ပြီး၊ သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီရောင်းချမှုရှိ/ မရှိ၊ တရားမဝင်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိ၊ ဆေးနှင့်ဆေးပစ္စည်း များပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/ မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ၍ဖြန့်ဖြူးရောင်းချကြရန် အသိပညာပေးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News