HighLight News

Powered by Drupal

“စိမ်းစားဥများ ဈေးနှုန်းကျဆင်း”

         စိမ်းစားဥသည် ရာသီဥတုအမျိုးမျိုးကို ခံနိုင်ရည်ရှိပြီး မျှတသောအပူချိန်နှင့် မိုးရေချိန် အသင့်အတင့်လိုအပ်ပြီး ရေဝင်ရေထွက်ကောင်းသော သဲနှုန်းမြေတွင် ကောင်းစွာစိုက်ပျိုးနိုင်သော သီးနှံဖြစ်ပါသည်။ စိမ်းစားဥစိုက်ပျိုးရာတွင် မျိုးစေ့ကိုအနက် ၂-၃လက်မခန့်ချပြီး ကြွက်မြီးတန်း စိုက်ပျိုးရကြောင်း၊ စိမ်းစားဥကို နယုန်၊ ဝါဆိုလတွင် စတင်စိုက်ပျိုးပြီး တန်ဆောင်မုန်း လဆန်း လောက်တွင် စတင်တူးဖော်ရောင်းချနိုင်ကြောင်း၊ အပင်အပြုစုကောင်းပါက တပို့တွဲ၊ တပေါင်းလအထိ တူးဖော်ရောင်းချနိုင်ကြောင်း၊ စိမ်းစားဥကို ရွာငံဒေသများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ စိမ်းစားဥ တစ်ဧကစိုက်လျှင် ပိဿာ (၃၀၀၀ မှ ၅၀၀၀)ခန့်အထိထွက်ရှိကြောင်း၊ ယခင်လတွင် စိမ်းစားဥ တစ်ပိဿာလျှင် (၅၀၀၀/-)ကျပ်နှုန်းဖြင့်ရောင်းချရပြီး ယခုလတွင် စိမ်းစားဥ တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ စိမ်းစားဥများ ဖြိုင်ဖြိုင် ဝင်ရောက်လျက်ရှိသောကြောင့် ယခင်လထက် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ စိမ်းစားဥကို ဆောင်းရာသီစာ စားစရာတစ်မျိုးဖြစ်ပြီး စားလိုက်လျှင် ချိုချိုကြွပ်ကြွပ်လေးနှင့် ရင်ထဲအေးမြစေပါသည်။ စိမ်းစားဥကို သင့်တင့်အောင် စားသုံးခြင်းဖြင့် ဆီးချိုသွေးချိုရောဂါများကို ကာကွယ်ပေးရုံသာမက ခံတွင်းကိုလည်း ကောင်းမွန်စေပြီး ကျန်းမာရေးအကျိုးကျေးဇူးများရရှိသဖြင့် စားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့ရှိဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေး”

      ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇန်နဝါရီလ(၂၂)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး အေးမြကြည်လင်စျေးနှင့် မြို့မစျေးအတွင်းရှိ ဆန်အရောင်းဆိုင်များအား ဆန်လက်ကျန်စာရင်းနှင့် ဆန်စျေးနှုန်းများအား သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စျေးကွက်အတွင်း ဆန်ဝင်ရောက်မှုအခြေအနေနှင့် ဆန်များအား ရောင်းချရာတွင် သက်ဆိုင်ရာမှသတ်မှတ်ထားသော ရည်ညွှန်းစျေးနှုန်းများအတိုင်းရောင်းချနိုင်ရေး၊ ဆန်သိုလှောင် ရောင်းချရာတွင်လည်း စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း မျိုးမရှိစေရေး၊ ဆန်များသိုလှောင်ရောင်းချပါက ဆန်စပါးသိုလှောင်ရုံများ မြန်မာ့ဆန်စပါးအွန်လိုင်း (MyRo)တွင် မှတ်ပုံတင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ကွင်းဆင်းစစ်ဆေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ပြင်ဦးလွင်မြို့ ၊ မြို့တော်ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေ ၊ Online ရောင်းဝယ်မှုနှင့် ပတ်သက်၍သိကောင်းစာရာအသိပညာပေးဟောပြောဆွေးနွေး”

          မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့၊မြို့တော်ခန်းမ၌ (၂၀-၁-၂၀၂၆)ရက်နေ့တွင် ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍ မြို့နယ်အတွင်းရှိ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အိမ်ခြံမြေရောင်းဝယ်နေသော အသင်းအဖွဲ့များအားခေါ်ယူ၍ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးရဲထူးမှ Social Mediaများပေါ်တွင် တရားမဝင် မြေယာရောင်းချမှုများအပေါ် ထိန်းသိမ်းကြပ်မတ်နိုင်ရေးအတွက် ခေါ်ယူဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်ရာတွင် အများပြည်သူများ စိတ်ဝင်စားမှုမြင့်မားလာမှုအပေါ် အခွင့်ကောင်းယူပြီး စီးပွား‌ရေးသမားများမှ တရားဝင်ရောင်းချပိုင်ခွင့်မရှိသော မြေလွတ်၊ မြေရိုင်း၊ သစ်တောမြေအပါအဝင် ရွာနယ်နိမိတ်နှင့် ဆက်စပ်နေသော စိုက်ပျိုးမြေများကို စည်းကမ်းမဲ့စွာ အကွက်ရိုက်ပြီး Social Media များအပါအဝင် နည်းလမ်းမျိုးစုံဖြင့် လိမ်လည်ရောင်းချနေမှုများကြောင့် ဝယ်ယူမိသော ပြည်သူများမှ ထိခိုက်နစ်နာမှုများရှိလာပါကြောင်း၊ ဥပဒေနှင့်မညီသည့် မြေယာကျူးကျော်မှု၊ အကွက်ရိုက်မှုများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ အများပြည်သူထိခိုက်မှုအနည်းဆုံးဖြစ်စေရန်၊ ထိရောက်သည့်ဟန့်တားမှုနှင့် ဥပဒေနှင့်အညီဖြစ်စေရန် အခက်အခဲများစွာရင်ဆိုင်ရပါကြောင်း၊ ပြည်သူတွေဘက်ကလည်း နိုင်ငံတော်မှပြဌာန်းထားသော ဥပဒေများကို လိုက်နာစောင့်ထိန်းရန်တာဝန်ရှိပါကြောင်း၊ တစ်ပါးသူ မထိခိုက်စေရေး ကိုယ်ချင်းစာတရားထားဖို့ လိုအပ်ပါကြောင်း၊ မိဘပြည်သူများအနေနှင့်လည်း ပူးပေါင်းပါဝင်ပြီး စုပေါင်းဝိုင်းဝန်း  ထိန်းသိမ်းပေးကြဖို့ လိုအပ်ပါကြောင်းပြောကြားခဲ့ပြီး ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်တာဝန်ခံ ဦးသက်လွင်ထူးက ဆွေးနွေးရာတွင် ယခု Social Media များဖြစ်သော Facebook ၊ Tik Tok ၊ You tube ၊ Telegram များ၌ မြေယာရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ Online Sale မှတ်ပုံတင်ထားရှိရန်လိုအပ်ပါကြောင်း၊ Online ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်(၂၁-၇-၂၀၂၃)ရက်နေ့၊ အမိန့်ကြော်ငြာ စာအမှတ်၊ ၅၀/၂၀၂၃ ဖြင့် ထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ ထုတ်ပြန်ပြီး (၆)လ ပြည့်သည့် နေ့ရက်မှ စတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက် ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ်(၆)လ မှ (၃)နှစ်အထိ ချမှတ်ခံရမည့်အပြင် ကျပ်(၅)သိန်း ထက်မပိုသော ငွေဒဏ်လည်းချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ ကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉)ဖြင့် ပြဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဥပဒေတွင် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်များ၊ အခန်း(၂၃)ပါ တားမြစ်ချက်များ၊ မည်သူမဆို ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မဟုတ်မမှန်သော သတင်းအချက်အလက်များပါဝင်သည့် ကြော်ငြာများကြောင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိ၍ တိုင်ကြားလာပါက စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် အရေးယူဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့   ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အိမ်ခြံမြေရောင်းဝယ်နေသော အသင်းအဖွဲ့များ  စုစုပေါင်း(၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“Online Sale လျောက်ထားမှုနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းဆောင်ရွက်”

       ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ် (စစ်ဆေးရေးအရာရှိ)သည် ဇန်နဝါရီလ(၂၁)ရက်နေ့၌ Onlineမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားသည့် စဉ့်ကိုင်မြို့နယ်၊ စျေးသစ်ရပ်ကွက်၊ ပလိပ်ကျေးရွာရှိ ရွှေမင်းသမီး အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့်ဆိုင်နှင့် စဉ့်ကိုင်မြို့နယ်၊ဘယ်လင်းကျေးရွာရှိ ပညာရေးနှင့် သင်ကြားရေးဝန်‌ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် Online မှတစ်ဆင့်လျှောက်ထားသည့် စာရွက်စာတမ်းများဖြစ်သောပိုင်ရှင်၏ ဓာတ်ပုံ၊ ဖုန်းနံပါတ်၊ လိပ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်းရဲစခန်းထောက်ခံစာများအား မြေပြင်တွင်တိုက်ဆိုင် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်ပြီး ၄င်းလက်မှတ်မရှိဘဲ ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းစသည့် Online ဖြင့် မှတ်ပုံတင်သည့် အကြောင်းအရာများအား အသေးစိတ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး သွားတိုက်ဆေးအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇန်နဝါရီလ(၂၁)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရှိ မိဘဂုဏ်ရောင် ကုန်စုံဆိုင်နှင့်‌ ရွှေမိတ်ဆုံကုန်စုံဆိုင်များအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားတံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေးအတွက်စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စတိုးဆိုင်နှင့် ကုန်စုံဆိုင်များအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်  စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက် အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက် ပို၍ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှ လည်းကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“စဉ့်ကိုင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

          ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်: လုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ(၂၁)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ‌ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ်(ဒု-ခရိုင်ဦးစီးမှူး) ကတက်ရောက်လာသည့် ကျေးရွာသူ / ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ်စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းအကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ်တာဝန်ခံ ဦးစိုးလွင်က စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာ ဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက်တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ကျေးရွာသူ/ ကျေးရွာသား စုစုပေါင်း (၁၈၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ကျေးရွာသူ/ ကျေးရွာသားများအား  စားသုံးသူ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“စဉ့်ကိုင်မြို့ရှိ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး”

         ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စဉ့်ကိုင်မြို့နယ်ရှိ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးသည့်ဆိုင်များအား ဝန်ဆောင်မှုကဏ္ဍနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က ရှင်းလင်းပြောကြားရာတွင် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးသည့် ဝန်ဆောင်မှုလုပ်ငန်းလုပ်ငန်းရှင်များအနေဖြင့် ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကိုစားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးနေသည့် ပို့ဆောင်ရေးကဏ္ဍသည် အထူးအရေးပါသည့်အတွက် ခရီးသည်ပို့ဆောင်မှုအခြေအနေများ၊ ကုန်စည်တန်ဆာပို့ဆောင်မှုအခြေအနေများနှင့် စပ်လျဉ်း၍ အဝေးပြေးယာဉ်လိုင်းများအား ကြီးကြပ်စစ်ဆေးခြင်း၊ အများသုံးသယ်ယူ ပို့ဆောင်ရေးမော်တော်ယာဉ်များကိုစစ်ဆေးခြင်းဖြင့် ယာဉ်မတော်တဆကိစ္စရပ်များအားအတိုင်းအတာ တစ်ခုအထိလျော့ချနိုင်စေရန်အတွက် ယဉ်အန္တရာယ်ကင်းရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာ ဌာနများ၏စည်းကမ်းချက်များနှင့် အညီလိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိစစ်ဆေးခြင်း၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများအနေဖြင့် ခရီးသည်ပို့ဆောင်ရေးနှင့်ကုန်စည်ပို့ဆောင်ရေးစသည့် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိရာ ၄င်းဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များ အပေါ်စိတ်ကျေနပ်မှုရရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုဖြစ်လာပါက ဖြစ်သင့်ဖြစ်ထိုက်သောကုစားခွင့်ရရှိစေခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်၍ကြော်ငြာခြင်း ၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုနှင့် ပတ်သက်သည့် ညွှန်ကြားထားသည့်အချက်များအတိုင်း

ဆောင်ရွက်သွားရန်လိုအပ်ကြောင်း အသေးစိတ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ဈေးနှုန်းဖြင့် ရောင်းချစေရေးကွင်းဆင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်ရှိ ကျော်ကြား ဆန်ပွဲရုံသို့ ၂၀.၁.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ထို့သို့ကွင်းဆင်းရာ၌ ကျော်ကြား ဆန်ပွဲရုံ ဆန်လက်လီ၊လက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ် လျှင်(၁၄၅၀၀၀) ကျပ်နှင့် ဖန်သီးသုခ(၂၄)ပြည် တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်များဖြင့် သင့်တင့်မျှတသော ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်ပိုင်ရှင် ဦးညွန့်အောင်အား ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများမရှိစေရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ကြစေရေးတို့အား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့တွင် My RO နှင့်စပ်လျဉ်း၍အသိပညာပေး Talk Show ဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊  Online ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများနှင့် အခါအားလျော်စွာ သတ်မှတ်ပြဌာန်းထုတ်ပြန်ချက်များကို စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိရှိစေနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ (၁၆.၁.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ  လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)သည် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ (My RO)နှင့် ပတ်သက်၍ အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် ခရိုင်တာဝန်ခံ က ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့် ပါတ်သက်၍ ဆွေးနွေးရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့် နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း(Myanmar Rice Online-My RO)အား အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိရာ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း ဆိုင်ရာအမိန့်အရ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် (၂၅)တန်နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင် မှတ်ပုံတင်လျှောက် ထားရမည်ဖြစ်ပြီး မှတ်ပုံတင်လျှောက်ထားပြီးသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အဆိုပါစနစ်တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်လချုပ် Update စာရင်း ရေးသွင်းခြင်းကို လစဉ် လဆန်း(၁၀)ရက်အတွင်း မပျက်မကွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေးသွင်းသည့် ကုန်စည်အရေ အတွက်များနှင့် မြေပြင်ရှိ ကုန်အရေအတွက်များလည်း မှန်ကန်မှုရှိရန် လိုအပ်ပါကြောင်း၊ မှတ်ပုံတင်ပြီးတစ်နှစ်ပြည့်မြောက်ပါက သက်တမ်းတိုးပြန်လည် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ဆန်စပါးသိုလှောင်ရုံများ  မှတ်ပုံတင်ရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်း အဆင့်ဆင့်နှင့် ရ/ထုတ်/ကျန် ရေးသွင်းခြင်းအဆင့်ဆင့်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့တွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့်ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်း

         မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးတင်ဇော်ထွေး (ဒု-ခရိုင်ဦးစီးမှူး)သည် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြင်းခြံမြို့ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များနှင့် ဓာတ်မြေဩဇာ အရောင်းဆိုင်များသို့  ၂၁-၁-၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် မြင်းခြံမြို့ပေါ်ရှိ ဓာတ်မြေဩဇာ ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပင်အားဖြည့်ဆေးများနှင့် စိုက်ပျိုးရေးဆက်စပ်သုံးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာ ရောင်းချမှုရှိစေရေး၊ ရောင်းချခွင့်လုပ်ငန်း လိုင်စင်ရှိ/ မရှိ၊ ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများရောင်းချစေရေး၊ သက်တမ်းကျော်လွန်နေသောပစ္စည်းများ ရောင်းချမှု မရှိစေရေးနှင့် ဓါတ်မြေဩဇာများ ရန်ကုန် အထိုင်စက်ရုံထုတ်ဈေးအပေါ် သယ်ယူခများထပ်ဆောင်း၍ သင့်တင့်မျှတ သောဈေးနှုန်းများဖြင့်  ပြန်လည်ရောင်းချစေရေးအတွက် အသိပညာပေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - HighLight News