HighLight News

Powered by Drupal

ဒေါ်စန္ဒာဝင်း စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၂၀.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၄)ဦး ဆီလုပ်ငန်းရှင်များအသင်းမှ (၂)ဦး ဈေးတာဝန်ခံတို့ ပူးပေါင်းပါဝင်လျက် အမှတ်(၂၀)ဈေးအတွင်း စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရုံ(ဃ)၊ အခန်း(၂၂)၊ အမှတ်(၂၀)ဈေး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ ဒေါ်စန္ဒာဝင်းစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိသည်ရရှိသောခွဲတမ်းများကို ရပ်ကွက်နေပြည်သူများသို့ စာအုပ်စနစ်ဖြင့်ပေးပါကြောင်း၊ နေ့စဉ်ရပ်ကွက်အပိုင်းလိုက်ခွဲထား ပါကြောင်း၊ ပုံမှန်အားဖြင့် နေ့စဉ်နံနက်(၉)နာရီမှ (၅)နာရီထိ ရောင်းပေးပါကြောင်း၊ ထုတ်ရန်ကျန်ရှိသော စာအုပ်များကိုလည်း နောက်နေ့တွင် ပြန်လည် ထုတ်ပေးပါကြောင်း၊ ရောင်းချမှုလက်ခံလယ်ဂျာများလည်းထားရှိပြီး နေ့စဉ်ကုန်အောင် ရောင်းပေးပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အင်းစိန်မြို့နယ်၊ ဘိုကုန်းဈေးတွင် စားအုန်းဆီလက်လီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးလှစိုးပါ(၃)ဦး၊ ဆီလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်(၂)ဦး၊ ဈေးတာဝန်ခံတို့ပူးပေါင်းပါဝင်လျက် (၂၀.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ ဘိုကုန်းဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘိုကုန်းဈေးရှိ ဒေါ်တင်ကြည်စားအုန်းဆီလက်လီ အရောင်းဆိုင်သို့ရောက်ရှိခဲ့ရာ မိမိသည်သံသာကုမ္ပဏီမှ ရရှိသောခွဲတမ်းအား သတ်မှတ်ဈေးနှုန်း အပေါ်(၂%) အမြတ်တင်၍ ရပ်ကွက်နေစားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိရန် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပါကြောင်း၊ လက်ကျန်လည်း မထားရှိပါကြောင်းနှင့် မိမိတို့ဌာနမှလည်း အခြားမသမာသောနည်းလမ်းများ သုံး၍ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၌ အသိပညာပေးဆွေးနွေးဟောပြောခြင်း

          (၂၀.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၅၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် အမှတ်(၉၄)၊ ကာယ(၅) လမ်း၊ မင်္ဂလာဒုံ မြို့နယ်ရှိ Nautral Power Organic Fertilizer စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများအရောင်းဆိုင်သို့  အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

          ထိုသို့ဟောပြောခဲ့ရာတွင် စားသုံးသူပြည်သူများ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ၏အခွင့်အရေးများ၊ တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ယူခြင်းအတွက် အားနည်းချက်/ အားသာချက်များကိုလည်းကောင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုများ၊ လိမ်လည်မှုများနှင့် မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိသည့်အကျိုးရလဒ်များကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ (၃)ဦးတက်ရောက်ကာ (၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အသင့်သောက်အချိုရည်အမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (စစ်ဆေးရေး အရာရှိ) နှင့် ဝန်ထမ်း (၂)ဦးသည် ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေကျော်   City Mart တွင် ၂၀.၈.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာ ရေကျော် City Mart ရှိ အသင့်သောက်အချိုရည်အမျိုးမျိုးအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပါဝင်မှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကေကေဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာ ရေး)သည် ၁၉.၈.၂၀၂၅ ရက်နေ့၊ နေ့လယ် (၀၂:၀၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည်စုံဈေး၊ ကေကေဆေးဆိုင်သို့  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကေကေဆေးဆိုင်တွင် ရောင်းချလျက်ရှိသော လူသုံးများသောဆေးဝါးများနှင့် ရောင်းချနေသော ဆေးဝါးများ၏ ဈေးနှုန်းများအတက်အကျ ရှိ/ မရှိ၊ ယခင်လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ဈေးနှုန်းကွာခြားမှုရှိ/ FDA မှ တားမြစ်ထားသော ဆေးဝါးများအားရောင်းချခြင်းမပြုလုပ်ကြရန်၊ အမြတ်ရာခိုင်နှုန်းများစွာတင်၍ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ၊ လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုနိုင်စေ ရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် အိမ်သုံးဆေးဝါးများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်းရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

PT Power စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

          ရန်ကုန် အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် (၂၀-၈-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် PT Power   စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍  PPRD မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ LED ဘုတ်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၉၀၀ကျပ်)၊ (95-၂၉၅၅ကျပ်)၊ (HSD-၂၆၁၅ကျပ်)၊ (PHSD-၃၂၃၅ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့် တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

(360 PETRO )စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

         ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာ ဦးစီးမှူးရုံးမှဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး) နှင့်ဝန်ထမ်း များသည် (၂၀-၈-၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် သာကေတမြို့နယ်(360 PETRO  ) စက်သုံးဆီ အရောင်းဆိုင်များသို့သွားရောက်၍  ကွင်းဆင်းစစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်း ချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်း ခြင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်းအ ဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

High WAY စက်သုံးဆီ အရောင်းဆိုင်အားကွင်းဆင်းစစ်ဆေးခြင်း

         (၂၀-၈-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် မင်္ဂလာတောင်ညွှန့်မြို့နယ်၊  High Way စက်သုံးဆီအရောင်းဆိုင်သို့  သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           အဆိုပါ အရောင်းဆိုင်တွင် စက်သုံးဆီများ သက်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိတို့အားစစ်ဆေးခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များ ကောင်းမွန်စွာထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့် ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်  ဝန်ထမ်းများသည် ၂၀.၈.၂၀၂၅ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရွှေကြာမြေဆန်ဆိုင်နှင့် ရွှေဧရာဆန်ဆိုင်တို့အား (၀၉:၀၀) နာရီအချိန်တွင် အဖွဲ့စုံနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသောလုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်သူများအား ဓါတ်မြေဩဇာဖြန့်ဖြူးခွဲဝေထားမှုအား အစည်းအဝေးပြုလုပ်ခြင်း

          (၁၈.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၃:၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဦးဆောင်၍ စိုက်ပျိုးကြီးကြပ်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲမှ ဦးရှင်းခန့်ကိုကို၊ သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍ တိုက်ကြီးမြို့နယ်ရှိ တောင်သူများအား ဓါတ်မြေဩဇာဖြန့်ဖြူးခွဲဝေထားမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

          ထိုသို့ အစည်းအဝေးပြုလုပ်ရာတွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဌ ဦးခင်မောင်စိုးမှ တိုက်ကြီး၊ အဖျောက်၊ ဥက္ကံမြို့နယ်များရှိ တောင်သူများသို့ မာလာမြိုင် ကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချပေးသော ကွန်ပေါင်း(၁၅)ပတ်လည်၊ ယူရီးယာဓါတ်မြေဩဇာများကို စိုက်ပျိုးသူတောင်သူများထံ အမှန်တကယ်ရရှိရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၆:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Pages

Subscribe to RSS - HighLight News