HighLight News

Powered by Drupal

“ သုံးခွမြို့နယ်အမက(၄)ကျောင်းတွင် အသိပညာပေးဟောပြောခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်တင်မေလွင်သည် နိုဝင်ဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် အမှတ်(၇)ရပ်ကွက်ရှိ အမက(၄) မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

         အဆိုပါ အသိပညာပေး ဟောပြောပွဲအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အရုပ်ပြပွဲတွင် အမက(၄) မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဝင်းနှင့် ကျောင်းသားကျောင်းသူများအား စားသုံးသူရေးရာဦးစီးဌာန၊ အကြီးတန်းစာရေး ဒေါ်တင်မေလွင်မှ စားသုံးသူကာကွယ်ရေး အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူနှင့်လုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ ရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေစတင်အာဏာတည်သည့်နေ့နှင့် စားသုံးသူအခွင့်အရေးများအကြောင်း၊ စားသုံးသူနစ်နာဆုံး ရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များအား ရှင်းလင်းအသိပညာပေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များအား ဝယ်ယူခြင်းမပြုလုပ်ကြရန်နှင့် ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် ရွေးချယ်ဝယ်ယူတတ်စေရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ အသိပညာပေး ဟောပြောပွဲတွင် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၁၁၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သန်လျင်မြို့နယ်ရှိတိုင်းရင်းဆေးဝါး၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ရှိ တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းသို့ ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် နိုဝင်ဘာလ(၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်က တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံကာ ၎င်းထုတ်လုပ်ရောင်းချနေသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပါကြောင်း ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်လည်း မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပြီးမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသွားရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

             စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂)ဦးနှင့် ဝန်ထမ်း(၂) ဦးတို့သည်  ကြည့်မြင်တိုင်မြို့နယ်၊ ညဈေးအတွင်းရှိ ဦးဝင်းနိုင် (ဆီဆိုင်) နှင့် ဦးကြည်ဝင်း (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှုအခြေအနေ များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၆.၁၁.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိ ပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်း ချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် ၆.၁၁.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ် အ.လ.က(၇) အလယ်တန်းကျောင်းသို့ စားသုံးသူအကာအကွယ်ပေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ရာတွင် ကျောင်းသား/ ကျောင်းသူ (၂၀၀) တို့အား  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့်  စားသုံးသူအဓိပွါယ်၊ နေစဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိသော စားသောက်ကုန်များအား ရွေးချယ်စားသောက်ရန်နှင့် စားသုံးသူတစ်ဦးအနေဖြင့် နစ်နာမှုဖြစ်ပေါ်ခဲ့လျှင် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုပြုနိုင်ကြောင်း ကျောင်းသား/ သူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စာသင်ကျောင်းများ၌ အသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် ၅.၁၁.၂၀၂၅ ရက်နေ့တွင် အလုံမြို့နယ် အ.မ.က (၁၀) မူလတန်းကျောင်းနှင့် ကြည့်မြင်တိုင်မြို့နယ် အ.ထ.က (၆) အထက်တန်းကျောင်းသို့ စားသုံးသူအကာအကွယ် ပေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

            အဆိုပါ ဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေစတင် အာဏာတည်သည့်နေ့၊ စားသုံးသူအဓိပွါယ်၊ စားသုံးသူတာဝန်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ နေစဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား ရွေးချယ်စားသောက်ရန်၊ ဆေးဝါးများဝယ်ယူရာတွင် စပ်ဆေးများမသုံးစွဲရန်နှင့် ဆရာဝန်ညွှန်ကြားသောဆေးဝါးများအား ဝယ်ယူသောက်သုံးစေရန်၊ အလှကုန်များသုံးစွဲရာတွင်လည်း တစ်ခြားသူများသုံးစွဲသော အလှကုန်များအား စမ်းသပ်သုံးစွဲခြင်းမပြုစေရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအား အထူးဂရုပြုရန် ပြောကြားခဲ့ကြောင်း သိရသည်။

         ဟောပြောပွဲသို့ အလုံမြို့နယ် အ.မ.က (၁၀) မူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ ၁၃၀ ခန့်နှင့် ကြည့်မြင်တိုင်မြို့နယ် အ.ထ.က (၆) မှ ကျောင်းသား/ ကျောင်းသူ ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒေါ်သင်းသင်းခိုင် လက်လီစားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၆.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၁၅) နာရီအချိန်တွင် တိုက်ကြီးမြို့မဈေးရှိ ရုံ (၂၁)၊ အခန်း(၅၅)ရှိ ဒေါ်သင်းသင်းခိုင် စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးစည်ပင်ဝန်ထမ်းများမှ ပူးပေါင်းပါဝင်လျက် ဒေါ်သင်းသင်းခိုင်ဆိုင်သို့ ရောက်ရှိခဲ့ရာ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျအလှည့်ကျ အပိုင်းလိုက် နေ့စဉ်ဖြန့်ဖြူး ရောင်းချပေးပါကြောင်း၊ လက်ကားကိုယ်စားလှယ်များက သတ်မှတ်ပေးသောဈေးနှုန်းအတိုင်း ရောင်းချပေးပြီး အလေးချိန်ကိုလည်း ပြည့်ဝစွာချိန်တွယ်ပေးပါကြောင်း မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ သိုလှောင်ထားခြင်းများရှိခဲ့လျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

စားအုန်းဆီလက်လီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

          (၆.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် တိုက်ကြီးမြို့မဈေးရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ရုံ(၉)၊ အခန်း(၇)ရှိ ဒေါ်ညိုဆိုင်သို့ရောက်ရှိခဲ့ရာ မိမိသည်ရပ်ကွက်နေ ပြည်သူများသို့ နေ့စဉ်စာအုပ်စနစ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ထိုသို့ရောင်းချရာတွင်လည်း စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်ရောင်းချမှု မရှိကြောင်း၊ ရောင်းချမှုလက်ခံများထားရှိခြင်း တစ်အိမ်ထောင်လျှင် (၅၀)ကျပ်သားနှင့် တစ်လကို (၂.၅၀)ပိဿာရရှိကြောင်း၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မှော်ဘီမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၆.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ်၊ မြို့မဈေးရှိ ဒေါ်မြမြစိုး စားအုန်းဆီအရောင်းဆိုင်နှင့် ဒေါ်နွယ်နွယ်အောင် စားအုန်းဆီအရောင်းဆိုင်တို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးခဲ့ရာတွင် လက်လီကိုယ်စားလှယ်ဒေါ်မြမြစိုးအား ရရှိသောခွဲတမ်းအား ရပ်ကွက်နေပြည်သူများသို့ အလှည့်ကျစနစ်တကျ ရောင်းချပေးစေလိုကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ အလေးချိန်ပြည့်/ မပြည့်၊ ခွဲတမ်းရစားအုန်းဆီများအား ပြည့်ဝစွာရောင်းချပေးခြင်းရှိ/ မရှိနှင့် စားသုံးသူပြည်သူများ ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ရောင်းချရက်စွဲ၊ ပိဿာ၊ ဈေးနှုန်းနှင့်ရောင်းချသူအမည်ကို ဖော်ပြထားသော ဗီနိုင်းချိတ်ဆွဲရောင်းချခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

City Mart (ဖော့ကန်)နှင့် Sein Gay Har (အောင်ဆန်း)သို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၆.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ City Mart နှင့် Sein Gay Har သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် စားသုံးသူများ ဝယ်ယူစားသောက်အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများဖြစ်သော လူသုံးကုန်၊ စားသောက်ကုန်တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြင့်တက်မှုရှိ/ မရှိနှင့် ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိတို့ကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

လှိုင်သာယာမြို့နယ်ရှိ Modern Mart များသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

         (၆.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦးတို့သည် လှိုင်သာယာမြို့နယ်ရှိ Modern Mart များဖြစ်သော Ocean Super Market နှင့် Super One သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးရာတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများကောက်ခံခြင်း၊ ကုန်ပစ္စည်းတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဒေါ်နီလာဝင်း၊ ဦးစီးမှူးက လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Pages

Subscribe to RSS - HighLight News