HighLight News

Powered by Drupal

Online Sale လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ပန်းတနော်မြို့နယ် တာဝန်ခံသည် ၃-၂-၂၀၂၆ ရက်နေ့တွင် ပန်းတနော်မြို့နယ် ဦးစီးမှူးရုံး၌   Online Sale ရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံရာတွင်  Online Sale လုပ်ငန်းရှင်များက အွန်လိုင်းအသုံးပြု၍ မိမိတို့ကုန်စည်များကို ရောင်းချလျက်ရှိပါက  Online Sale မှတ်ပုံတင်လျှောက်ထားရာ၍ ရောင်းချရမည်ဖြစ်ကြောင်းကိုဆွေးနွေးခြင်း၊ အွန်လိုင်းမှတ်ပုံတင်လျောက်ထားရန် လုပ်ငန်းရှင်များက သိလိုသည်များ မေးမြန်းရာတွင် လိုအပ်သောအထောက်အထားများနှင့် မှတ်ပုံတင်လျှောက်ထားမှု အဆင့်ဆင့်တို့အား ဆွေးနွေးမေးမြန်းရာ  ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ      Online Sale မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ SME မှတ်ပုံတင်လက်မှတ်များကို တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်ဖြစ်ပါက တင်ပြရန်မလိုအပ်ကြောင်း၊ ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ Passport ဓါတ်ပုံ၊ Online Sale Owner ၏ မှတ်ပုံတင်၊ Owner ၏ နေထိုင်ခြင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale၏ Logo များကို ပြင်ဆင်ထားရန်၊ Online Sale  လျှောက်ထားရာတွင် အသုံးပြုမည့် email (သို့မဟုတ်) Mobile Phone Number ဖြင့် Sing Up ပြုလုပ်ပြီးလျှင် Login ဝင်ပြီး မှတ်ပုံတင်နိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း မှတ်ပုံတင် လျောက်ထားရန် လိုအပ်သော လုပ်ငန်းရှင်များရှိပါက e-ComReg System website တွင် ကိုယ်တိုင်ဝင်ရောက်လျောက်ထားနိုင်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင်များရှိ စပါး/ဆန်  MyRo မြေပြင် လက်ကျန်အခြေအနေ

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အတွင်း စပါး/ဆန် သိုလှောင်ထားရှိသူများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ၈၂/၂၀၂၄ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန်၂၅နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း၂၅၀၀နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကိုပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရန် ထုတ်ပြန်ခဲ့ပြီး သိုလှောင်ထားရှိသူလုပ်ငန်းရှင်များမှာ myro တွင်မှတ်ပုံတင်ထားရှိပြီး မအူပင်မြို့နယ်အနေဖြင့် ၃၆ လုံး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီးဖြစ်ပါသည်။

        မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင်ထားရှိရာလုပ်ငန်းများတွင် စပါး ဆန် လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန်ဖြည့်သွင်းရေး အခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရအဖွဲ့အစည်းများဖြင့် မြေပြင်ကွင်ဆင်းအမှန်တကယ် သိုလှောင်မှု အခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ မအူပင်မြို့နယ် ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၃၁ နောက်ဆုံးတင်သော စာရင်းအရ  ဆန်/စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၁၈၇၀၀၀၀ တင်း၊ ဆန် ၂၉၅၀အိတ်၊  စက်ပိုင် စပါးတင်း ၁၉၃၅၀၀၀တင်း၊ ဆန် ၇၀၃၀အိတ်၊  ကုန်သည် စပါးတင်း ၅၁၅၀၀၀၊ ဆန် ၁၈၀၀ အိတ်၊ ဆန်ဆိုင် ၇၅၀၀ အိတ်၊  စုစုပေါင်း စပါးတင်း ၂၅၇၈၅၀၀  နှင့်၊ ဆန် ၁၉၂၀၀ အိတ်ရှိကြောင်း မြို့နယ်ကွင်းဆင်း စစ်ဆေးခြင်းစာရင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး မအူပင်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ဓနုဖြူမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဖေဖော်ဝါရီ ပထမအပတ်စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းကို ၂-၂-၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့အတွင်းရှိ ဆန်ဆိုင်ဆိုင်များအား ဆန်လက်ကျန်အခြေအနေ၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်ဈေးနှုန်းဈေးကွက်၊ ဈေးနှုန်းကြီးမြှင့်စေရေးနှင့် Myro တွင် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရောင်းချနေသော လက်လီ ဆန်ရောင်းချသူ လုပ်ငန်းရှင်များကို မှာကြားဆွေးနွေးခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ဆန်အပါအဝင် အခြေခံစားသောက်ကုန် ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ပြည်တွင်းဆန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် မြို့နယ်အလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြာင်း၊  မြန်မာဆန်စပါး အသင်းချူပ်မှ ထုတ်ပြန်ပေးထားသော လစဉ် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဈေးကွက်အတွင်း ရောင်းချနေမှုကို စစ်ဆေးဆောင်ရွက်ခြင်း ဆန်ဆိုင်၊ ဆန်ပွဲရုံများအနေဖြင့် ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် Myroတွင်မှတ်ပုံတင်ထားသော ဆန်ဆိုင်များမှ လစဉ်လဆန်း (၇)ရက် အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းကြရန်နှင့် မှတ်ပုံတင်ခြင်း မရှိသေးသော ဆန်ဆိုင်များအနေဖြင့် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတန်ချိန် (၂၅၀၀) နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro. com.mm တွင် မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီး ဆန်ဆိုင်များ သက်တမ်းတိုးခြင်း သတ်မှတ်ရက်ပြည့်မီပါက မဖြစ်မနေသက်တမ်းတိုး ဆောင်ရွက်ရေးတို့ကို အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဆန်ဆိုင်များမှ သတ်မှတ်ချက်များနှင့်အညီ ဈေးကွက်အတွင်းရောင်းချနေကြောင်း စစ်ဆေးသိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့တွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့်ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်း

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မအူပင်မြို့ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များသို့  ၃-၂-၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ဦးအောင်ဇော်ဦး (စားသုံးသူရေးရာဦးစီးဌာန)မှ စစ်ဆေးရာ မအူပင်မြို့ပေါ်ရှိ ဓာတ်မြေဩဇာ ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပင်အားဖြည့်ဆေးများနှင့် စိုက်ပျိုးရေးဆက်စပ်သုံးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာ ရောင်းချမှုရှိမရှိ စစ်ဆေးခြင်း၊   စိုက်ပျိုးရေးဦးစီးဌာနက စစ်ဆေးရာ ရောင်းချခွင့်လုပ်ငန်းလိုင်စင်ရှိ/ မရှိစစ်ဆေးခြင်း၊  ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှစစ်ဆေးရာ သက်တမ်းကျော်လွန်နေသောပစ္စည်းများအား တောင်သူများကို ရောင်းချမှုမရှိစေရေး စစ်ဆေးမှာကြားခဲ့ကြပြီး၊ ပူးပေါင်းအဖွဲ့မှ ဓါတ်မြေဩဇာများ ရန်ကုန်အထိုင်စက်ရုံထုတ်ဈေးအပေါ် သယ်ယူခများ ထပ်ဆောင်း၍ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်  ပြန်လည်ရောင်းချစေရေး၊ တရားဝင်ကုန်စည်များ သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ကုန်စည်များကို ရောင်းချရန်နှင့်၊ ဆင်တူရိုးမှားအတုအပ ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးအတွက် အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင်များရှိ စပါး/ဆန်  MyRo မြေပြင် လက်ကျန်အခြေအနေ

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အတွင်း စပါး/ဆန် သိုလှောင်ထားရှိသူများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ၈၂/၂၀၂၄ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း၂၅၀၀နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro. com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရန် ထုတ်ပြန်ခဲ့ပြီး သိုလှောင်ထားရှိသူ လုပ်ငန်းရှင်များမှာ myro တွင်မှတ်ပုံတင်ထားရှိပြီး ညောင်တုန်းမြို့နယ်အနေဖြင့် ၇၉ လုံး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီး ဖြစ်ပါသည်။

          မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင် ထားရှိရာ လုပ်ငန်း များတွင် စပါး ဆန် လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန် ဖြည့်သွင်းရေး အခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရာအဖွဲ့အစည်းများဖြင့် မြေပြင်ကွင်းဆင်းအမှန်တကယ် သိုလှောင်မှု အခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ညောင်တုန်းမြို့နယ် ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၃၁) နေ့နောက်ဆုံး ဆန်/ စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၁၅၅၁၈၄၃ တင်း၊  ဆန်အနေဖြင့် ၅၁၉၂ အိတ်၊  ကုန်သည် စပါးတင်း ၁၄၃၇၀၀၊ ဆန်အနေဖြင့်၊ ၉၉၅၀ အိတ်၊ ဆန်စက်ပိုင်ရှင် စပါးသိုလှောင် တင်း ၆၄၉၉၇၇၊ ဆန်အနေဖြင့် ၅၁၇၀၀၂အိတ်၊ ဆန်ဆိုင်များမှ ၆၉၅၀အိတ်၊  စုစုပေါင်း စပါးတင်း ၂၃၃၆၂၅၀၊ ဆန် ၅၃၉၀၄၉ အိတ် MyRo တွင် ဖြည့်သွင်းဆောင်ရွက်ရှိကြောင်းနှင့် မြို့နယ်နယ်မြေလုပ်ငန်းရှင်များမှ သိုလှောင်မှု မြေပြင်လက်ကျန် စာရင်းဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် မျိုးစေ့ထုတ်နှင့်Rice Export Zone အကောင်အထည်ဖော်ဆောင်ရေး တောင်သူတွေဆုံပွဲအခမ်းအနား

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ အထွေထွေအုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မျိုးစေ့ထုတ်နှင့်Rice Export Zone အကောင်အထည်ဖော်ဆောင်ရေး တောင်သူတွေဆုံပွဲအခမ်းအနားကို ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့က မအူပင်ခရိုင်နှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များနှင့်အတူ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့သည်။

           အခမ်းအနားတွင် မအူပင်ခရိုင် စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဌမှ ပန်းတနော်မြို့နယ် စပါးစိုက်တောင်သူများနှင့် ဌာနဆိုင်ရာများအား ဟောပြောဆွေးနွေးရာ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ကောင်းမွန်သော စပါးများကိုစိုက်ပျိုးပြီး အရည်အသွေးကောင်းမွန်သောဆန်များကို နိုင်ငံခြားသို့တင်ပို့နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး၊ စပါးစိုက်ပျိုးရန် လျာထားချက် ၁သိန်း စိုက်ပျိုးရမည်ဖြစ်ကြောင်း မအူပင်မြို့နယ်အနေဖြင့် စပါး ၂သောင်း စိုက်ပျိုးရန်၊ ပန်းတနော်မြို့နယ်အနေဖြင့် စပါး ၅ထောင် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးသော စပါးမျိုးစေ့မျိုးသန့်များကို ကုမ္ပဏီများမှာ မျိုးသန့်စိုက်ပျိုးနိုင်ရေး ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနည်းပညာရှင်များမှ စိုက်ပျိုးစပါးများကို ကွင်းဆင်း ပညာပေးဆောင်ရွက်ပြီး ဆန်များကို နိုင်ငံခြားသို့ တင်ပို့နိုင်ရန် ဌာနဆိုင်ရာများ ကလည်း ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများ စပါးမျိုးသန့် စိုက်ပျိုး နိုင်ရန်အတွက် ချေးငွေများ ထုတ်ချေးဆောင်ရွက်မည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် ဆောက်အိုင်အုပ်စုတွင်  ဆီရောင်းချခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် ဆောက်အိုင်အုပ်စုတွင် ဆီရောင်းချခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါစစ်ဆေးမှုတွင် ရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများအား ဆီစာအုပ်တွင် ရောင်းချသည့်ရက်စွဲ၊ ဈေးနှုန်းများပါရှိခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ လူတစ်ဦးလျှင် မည်သို့ရောင်းချကြောင်း၊ ချိန်တွယ်ရာတွင် ချိန်တွယ်ပြည့်မှီအောင် ရောင်းချခြင်းရှိ/ မရှိ၊ သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချရှိ/ မရှိနှင့် ဆိုင်းဘုတ်ချိတ်ဆွဲရောင်းချခြင်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အမှတ် (၂) ရပ်ကွက် အတွင်းရှိ ဆန်ဆိုင်များအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

              ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ() ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ဖြန့်ဖြူးရောင်းချမှုများ ရှိမရှိ စစ်ဆေးခဲ့ပြီး ဆန်အမျိုးအစားအလိုက် လက်ကျန်နှင့် ဈေးနှုန်းဈေးကွက်များကို စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်းရှိမရှိတို့ကို စစ်ဆေးခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အလက ညောင်သာ အခြေခံပညာကျောင်းတွင် အသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမားရေး၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အ.လ.က ညောင်သာယာကျောင်းတွင် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောမှုတွင် မြို့နယ်တာဝန်ခံဦးတင်ကိုသည် ကျောင်းတွင်းနှင့် ကျောင်းပြင်ပတွင် ရောင်းချနေသော ဈေးဆိုင်များတွင် ကုန်ပစ္စည်းများ ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ မြန်မာဘာသာစကားဖြင့် ဖော်ပြထားသော ကုန်ပစ္စည်းများကိုဝယ်ယူကြရန်နှင့် ကုန်ညွှန်းအမှတ်အသား ပြည့်စုံခြင်းမရှိသော ကုန်ပစ္စည်းများကို အသုံးမပြုကြရန်၊ ရွေးချယ်ဝယ်ယူသုံးစွဲသည့် အခါတွင်လည်း အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံသော ကုန်ပစ္စည်းများကိုသာ အရွေးချယ်ဝယ်ယူသင့်ကြောင်းနှင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းမရှိသော မုန့်များသာမက အခြားစားသောက်ကုန်များတွင်လည်း ကုန်ညွှန်းအမှတ်အသား ပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောခြင်း

              ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊   မြို့နယ်ကျန်းမားရေး၊ မြို့နယ် ပြန်/ဆက်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂ ခုနှစ်၊  ဇန်နဝါရီလ (၂၇) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် ချောင်ကြီး အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါဟောပြောမှုတွင် မြို့နယ်တာဝန်ခံဦးတင်ကိုသည် ကျောင်းတွင်းနှင့် ကျောင်းပြင်ပတွင် ရောင်းချနေသော ဈေးဆိုင်များတွင် ကုန်ပစ္စည်းများ ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ မြန်မာဘာသာစကားဖြင့် ဖော်ပြထားသော ကုန်ပစ္စည်းများကို ဝယ်ယူကြရန်နှင့် ကုန်ညွှန်းအမှတ်အသား ပြည့်စုံခြင်းမရှိသော ကုန်ပစ္စည်းများကို အသုံးမပြုကြရန်၊ ရွေးချယ်ဝယ်ယူသုံးစွဲသည့် အခါတွင်လည်း အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံသော ကုန်ပစ္စည်းများကိုသာ အရွေးချယ်ဝယ်ယူသင့်ကြောင်းနှင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းမရှိသော မုန့်များသာမက အခြားစားသောက်ကုန်များတွင်လည်း ကုန်ညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News