HighLight News

Powered by Drupal

ညောင်ဦးမြို့ရှိ သောက်ရေသန့်စက်ရုံများအား ဆက်လက်ကွင်းဆင်းစစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ ဦးဆောင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့ပူးပေါင်း၍(၂၂.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်ဦးမြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

            ပူးပေါင်းအဖွဲ့သည် ညောင်ဦးမြို့ရှိ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ ထုတ်လုပ်ပုံနည်းလမ်းမှန်ကန်မှုရှိ/ မရှိ၊ ဥပဒေပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ သန့်ရှင်းသပ်ရပ်မှုရှိ/ မရှိ၊ လုပ်သားများ၏ ကျန်းမာရေးဆေးစစ်မှုအခြေအနေများ၊ စက်ယူနစ်အစိတ်အပိုင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်တလျှောက်ကိုင်တွယ်မှု၊ ထည့်သွင်းမှု၊ ထုပ်ပိုးမှုနှင့်ဗူးခွံများ ပြန်လည်ဆေးကျောသန့်စင်မှုများ၊ ရေဆိုးထုတ်လုပ်မှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ထည့်သွင်းဖော်ပြမှုအခြေအနေများအား သက်ဆိုင်ရာဌာနများအလိုက် စစ်ဆေးမှုများဆောင်ရွက်၍ လုပ်ငန်းရှင်များအား ၎င်းတို့ထုတ်လုပ်နေ သောကုန်စည်သည် လူသားအားလုံးအတွက် မရှိမဖြစ် နေ့စဉ်အချိန်နှင့်အမျှ လိုအပ်ကုန်စည်ဖြစ်၍ သောက်ရေသန့်ဆိုသည့်အတိုင်း သတ်မှတ်ထားသောစံချိန်စံညွှန်းများ၊ အရည်အသွေးများပြည့်မီရန်လိုအပ်ပါကြောင်း၊ သယ်ယူပို့ဆောင် ဖြန့်ဖြူးရောင်းချမှုများတွင် စနစ်တကျသယ်ယူပို့ဆောင်ရန် လိုအပ်ပါကြောင်း၊ ရေသည် လူသားအားလုံး အတွက်ကျန်းမာရေးအတွက် ဆေးကောင်းတစ်ခုဖြစ်၍ သောက်သုံးနေရသောရေသည် သန့်ရှင်းစင်ကြယ်ရန်အထူးလိုအပ်၍ သန့်ရှင်းသော၊ ကောင်းမွန်သော သောက်ရေသန့်များထုတ်လုပ်ခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသည့်အတိုင်း ရေအကျိုးဆယ်ပါး ကုသိုလ်များကိုရရှိပြီး မိမိတို့၏ အကျိုးစီးပွားများလည်းဖြစ်ထွန်းလာမည်ဖြစ်၍ စားသုံးသူများ၏ ကျန်းမာရေးကိုရှေးရှု့ပြီး စိတ်စေတနာအပြည့်အဝထားကာ ဥပဒေများနှင့်အညီထုတ်လုပ်ကြရန် ဆွေးနွေးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး၍ မျိုးစေ့ချကရိယာနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

           မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ၁၉.၈.၂၀၂၅ ရက်နေ့၊ မွန်းလွဲ(၁၃:၅၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ဆင်တိုင်းကန်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူဦးအောင်မောင်း စိုက်ပျိုးထားသည့် ရွှေဒင်္ဂါးမျိုး ပဲစဉ်းငုံစိုက်ခင်းအား ကြည့်ရှု့အားပေးခဲ့ကြောင်း၊ ယင်းနောက် ကိုင်းကျေးရွာအုပ်စုသို့ရောက်ရှိပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ (Drum Seeder)နှင့် ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲသို့တက်ရောက်၍ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး အလေးထားဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ စပါးစိုက် တောင်သူများအတွက် မျိုးစေ့ချကရိယာ(Drum Seeder)နှင့် ယူရီးယားဓာတ်မြေဩဇာများပေးခဲ့ကြပြီး စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၂) စက်မှုလယ်ယာစခန်းမှ မျိုးစေ့ချကရိယာ(Drum Seeder)များနှင့် မိုးစပါးစိုက်ပျိုးသရုပ်ပြခြင်းကို ကြည့်ရှု့အားပေးခဲ့ပါသည်။ အဆိုပါ မျိုးစေ့ချကရိယာ (Drum Seeder) နှင့်ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲနှင့် မိုးစပါးစိုက်ပျိုးသရုပ်ပြသခြင်း အခမ်းအနားကို မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူ(၂၆၃)ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အပတ်စဉ် တနင်္လာနေ့တိုင်း ပလပ်စတစ်/ကြွပ်ကြပ်အိတ်မသုံးစွဲရနေ့ တွင်ပူးပေါင်းဆောင်ရွက်

        မန္တလေးတိုင်းဒေသကြီးအား ပလပ်စတစ် အမှိုက်ကင်းစင်ပြီး သန့်ရှင်းသာယာလှပသော တိုင်းဒေသကြီးတစ်ခုဖြစ်စေရန်နှင့် ပလပ်စတစ်ညစ်ညမ်းမှုလျော့ချရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများ၊ ကျောင်းသားကျောင်းသူများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထု အားလုံးပါဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်  ပလပ်စတစ်/ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချရေးအား အပတ်စဉ် တနင်္လာနေ့တိုင်း(Monday Stop)အား ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၅.၈.၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့်မီးသတ်တပ်ဖွဲ့များပူးပေါင်း၍ ကျောက်ပန်းတောင်းမြို့နယ် မြို့မစည်ပင်သာယာဈေးရှိ လမ်းဘေးဝဲယာဈေးဆိုင်များအား သတ်မှတ်လမ်းညွှန်ချက်များကို လိုက်နာမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အပတ်စဉ်တနင်္လာနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ရှိ မြေပဲဆုံဆီ လုပ်ငန်းများသို့ကွင်းဆင်း၍ ကုန်စည်နမူနာ ကောက်ယူခြင်းများဆောင်ရွက်

          ပြည်တွင်းပြည်ပထုတ်လုပ်မှုကုန်စည်များ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ ဘေးအန္တရာယ်ရှိ/ မရှိကို ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးအခြေအနေများ၌လည်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် အာမခံချက်ရှိပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များဖော်ဆောင်ဖြည့်ဆည်းပေး၍ ပြင်တွင်းကုန်စည် ထုတ်လုပ်မှုများ တိုးတက်ကောင်းမွန်လာပြီး ပြင်းတွင်းဈေးကွက်မှတဆင့် ပြည်ပဈေးကွက်သို့တိုင်အောင် ထိုးဖောက်၍ နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုအားကောင်းလာပြီး နိုင်ငံခြားငွေရရှိစေနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသလို မိမိတို့၏ကိုယ်ပိုင်စီးပွားရေးများလည်း တိုးတက်ကောင်းမွန်လာမည်ဖြစ်ပါသဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များသည် စားသုံးသူအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ကျေနပ်မှုရှိစေရေး၊ မှန်ကန်မှုရှိစွာထုတ်လုပ် ရောင်းချမှုရှိစေရေးအတွက် ညောင်ဦးမြို့နယ်အတွင်းရှိ ဆုံဆီထုတ်လုပ်မှုများအား မြေပြင်ကွင်းဆင်း၍ ထုတ်လုပ်မှုကုန်စည်ဖြစ်သော ဆုံဆီများအား စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ရှိ/ မရှိနှင့် သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ရောင်းချနိုင်ရေး ကုန်စည်နမူနာများကောက်ယူခြင်းများကို ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

“ကျောက်ဆည်ခရိုင်အတွင်းရှိ စားအုန်းဆီရောင်းချသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ”

         သြဂုတ်လ(၂၅)ရက်နေ့တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ ကျောက်ဆည်ခရိုင်အတွင်းရှိ စားအုန်းဆီရည်ညွှန်းစျေးဖြင့်ရောင်းချသည့် လက်လီ၊လက်ကားဆီဆိုင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပါသည်၊ ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်ဦးစီးမှူးက ပြောကြားရာတွင် စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များအနေဖြင့် မကြာမီအချိန်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်သည့်စနစ်(Edible Oil System)အား အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ရာတွင် လုပ်ငန်းရှင်များ၏ မှတ်ပုံတင်မူရင်း ယူဆောင်လာရန်(ရှေ့/နောက်) / မှတ်ပုံတင်မူရင်းမသဲကွဲပါက ယာဉ်မောင်းလိုင်စင်ပူးတွဲယူဆောင်လာရန် (သို့မဟုတ်) Smart Card ပါ ပူးတွဲယူလာရန်၊ လူကိုယ်တိုင် Selfie ဓါတ်ပုံ၊ လိုင်စင်ရှိပါက သက်တမ်းရှိ ဆိုင်လိုင်စင်၊ လိုင်စင်မရှိသူများ ဌာနတွင် လိုင်စင်မရှိသူများ ဖြည့်သွင်းရမည့် ဖောင်ပုံစံထုတ်ယူရန်၊ ဆိုင်ဓါတ်ပုံ (ဖုန်းအတွင်းရိုက်၍ ယူဆောင်လာရန်) နှင့် ဌာနသို့ စာရင်းပေးသွင်းထားသော ဆင်းကတ်နှင့်စနစ် ထည့်သွင်းမည့်ဖုန်း တပါတည်းယူဆောင်လာရန်နှင့် နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့်ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ဆန်စပါးမှတ်ပုံတင်ခြင်း MyRO ဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်ခြင်း”

          ကျောက်ဆည်ခရိုင်မြို့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဩဂုတ်လ(၂၅)ရက်နေ့တွင် ကျောက်ဆည်မြို့ လူထုအခြေပြု Community Center ခန်းမ၌ ဆန်စပါးမှတ်ပုံတင်ခြင်း MyRO ဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့၊ ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ဆန်စပါးမှတ်ပုံတင်ခြင်း MyRO နှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းခဲ့ရာ  စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်မြို့နယ်တာဝန်ခံ ဦးစိုးမင်းထွန်း (ဒု-ဦးစီးမှူး) က MyRO နှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ဆန်စပါးသိုလှောင်ခြင်းကိစ္စရပ်အပေါ် ကြီးကြပ်နိုင်ရန် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆိုင်ရာအမိန့်ကို(၂၄-၁၀-၂၀၂၄)ရက်နေ့တွင် အမိန့်ကြော်ငြာ စာအမှတ်(၈၂/၂၀၂၄)ဖြင့် ထုတ်ပြန်ခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ဆန်တန်ချိန်(၂၅)တန်နှင့် အထက် (သို့မဟုတ်) စပါးတင်း (၂၅၀၀)နှင့် အထက်သိုလှောင်ရုံ တစ်မျိုးမျိုးပိုင်ဆိုင်သူသည် www.myro. com.mm တွင် အမိန့် ထုတ်ပြန်ပြီး (၂)လအတွင်း မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လျှောက်ထားမှုမရှိသည်ကို စစ်ဆေးတွေ့ရှိပါက ဦးစီးဌာနအနေဖြင့် ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား စာဖြင့်သတိပေးခြင်း၊ ဆန်စပါးလုပ်ငန်းနှင့် သက်ဆိုင်သောလုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ လုပ်ကိုင်ခွင့် ယာယီပိတ်သိမ်းခြင်းကို လိုအပ်လျှင်သက်ဆိုင်ရာ အစိုးရဌာနကပြုလုပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ ကျောက်ဆည်မြို့၊ မြို့မစျေးရှိ ယံယံ စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

        ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် သြဂုတ်လ (၂၅)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကျောက်ဆည်မြို့၊ မြို့မစျေးရှိ ယံယံ စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင်ဆီဆိုင်များအနေဖြင့်စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း၊ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီများအား Packaging ဘူးများဖြင့် ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့်ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ ကျောက်ဆည်မြို့၊အေးမြကြည်လင်စျေးရှိ သင်္ဂီဌေး ဆန်အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး”

        ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဩဂုတ်လ (၂၅) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူပူးပေါင်း၍ ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေးရှိ သင်္ဂီဌေး ဆန်လက်လီ၊ လက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်သို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေးရှိ သင်္ဂီဌေး ဆန်အရောင်းဆိုင်အား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဩဂုတ်လအတွင်း သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅)တန်အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး) 

“ ပြင်ဦးလွင်မြို့ရှိ Ocean Wave အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး”

             ပြင်ဦးလွင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သြဂုတ်လ(၂၅)ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၊ တရုတ်ဘုံကျောင်းအနီးရှိ Ocean Wave အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းအားသွားရောက်ပြီး တာဝန်ခံနှင့်တွေ့ဆုံကာ အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်သည့် အချက်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။ ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ပြင်ဦးလွင်မြို့နယ်တာဝန်ခံ ဦးအောင်မင်းနိုင် (ဒု-ကြီးကြပ်ရေးမှူး)က ရှင်းလင်းပြောကြားရာတွင် စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့် အချက်များစသည့် စားသုံးသူကာကွယ်ရေးဥပဒေပါအချက်မျာအား လိုက်နာရန်လိုအပ်ကြောင်း၊ နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့်ဆက်သွယ်ရေးကဏ္ဍအားလုံး အတွက်အရေးကြီးဆုံးသောအင်တာနက်ဝန်ဆောင်မှုတစ်ရပ်အနေဖြင့်ပါဝင်ပါကြောင်း၊ စားသုံးသူများ၏နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး၊ အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်ခြင်းများ၊ အင်တာနတ်သုံးစွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီများသို့ သုံးစွဲသူပြည်သူများမှ အကြိမ်ကြိမ်ဆက်သွယ်ပြောဆိုခဲ့သော်လည်း စားသုံးသူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်မှုမရှိခြင်း ကိစ္စရပ်များမဖြစ်ပေါ်စေရန်လိုအပ်ကြောင်း၊ ဆက်သွယ်ရေး ကုမ္ပဏီများကပေးအပ်သည့် အင်တာနက်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းကြိုတင်အသိပေးဆောင်ရွက်သွားရန်နှင့် ဝန်ဆောင်မှုကို  ကြော်ငြာရာတွင် ဝန်ဆောင်မှု စည်းမျဉ်းစည်းကမ်း (Terms and Conditions) များအား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားရှိရန်၊ ဝန်ဆောင်မှုများအပေါ် စားသုံးသူများမှ စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူခေါ်ဆို၍ Complain ပြုလုပ်နိုင်စေရေး စီစဉ်ထားရှိရန်စသည့်အချက်များနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းများနှင့် မိုဘိုင်းအော်ပရေတာများသို့ အင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်သည့် ညွှန်ကြားထားသည့် အချက်များအတိုင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း အသေးစိတ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံရေး ရွှေညာမွန်စာကလေးခွေကြော် လုပ်ငန်းအား ကွင်းဆင်းစိစစ်”

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရွှေညာမွန် စာကလေးခွေကြော် လုပ်ငန်းအား ဩဂုတ်လ (၂၅) ရက်နေ့တွင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရန်နှင့် ကုန်အညွန်းအမှတ်တံဆိပ်များ ပြည့်စုံစွာ ပါဝင်မှုရှိစေရေး (Pre Market) စျေးကွက် မ‌ရောက်မီစောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို မြစ်သားမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင်  ရွှေညာမွန် စာကလေးခွေကြော်ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး အလေးထားဆောင်ရွက်သွားရန် ကုန်ကြမ်းများ စနစ်တကျသိုလှောင်သိမ်းဆည်းရန် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၄၃)အရ စီးပွားရေးလုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ပြည့်စုံစွာ ဖော်ပြထားရှိရန်နှင့်လုပ်ငန်းရှင်မှ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရန်အလေးထားဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၁၀) အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အလေးထားလိုက်နာ ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - HighLight News