HighLight News

Powered by Drupal

ကျိုက်လတ်မြို့နယ် Wilmar  ပေါင်းဆန်စက်ရုံမှ စပါးတင်ပို့မှုအား ကွင်းဆင်းစိစစ်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်သည် ဆန်စပါးကို အဓိကထား စိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်/စပါး တင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ( ၁၆ ) ရက်နေ့၊ ညနေ (၁၆:၃၀) နာရီအချိန်တွင် Wilmar  ပေါင်းဆန်စက်ရုံမှ ရန်ကုန်တိုင်း သီလဝါသို့ တင်ပို့မည့်စပါးတင်ထားသော ရေယာဉ်တစ်စီးအား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ လ.ဝ.က ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် Wilmar  ပေါင်းဆန်စက်ရုံမှ သီလဝါသို့ အေးချမ်းခွန်အား(၅) ရေယာဉ်ဖြင့် စပါး တန်ချိန် (၈၅၈)၊ စပါးတင်း(၃၇၇၅၂)  တင်ဆောင်ထားရှိမှုအား စစ်ဆေးဆောင်ရွက်ခြင်းနှင့် စပါးများသယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်းများ  သယ်ဆောင်ခြင်းမရှိစေရေးနှင့် တရားဥပဒေနှင့် အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီး ထွက်ခွာခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အ.လ.က သာပေါင်း - ၂ ကျောင်းရှိ ဆရာ/ ဆမနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး

           ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၉) ရက်၊  နံနက် (၁၀:၃၀) နာရီအချိန်တွင် သာပေါင်းကျေးရွာရှိ အ.လ.က သာပေါင်း - ၂ ကျောင်းရှိ ဆရာ/ ဆမ(၁၃)ဦးနှင့် ကျောင်းသား/ ကျောင်းသူ(၁၅၄)ဦး စုစုပေါင်း(၁၆၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်း၊ မြန်မာဘာသာ (သို့) အခြားဘာသာ တစ်ခုထက်ပို၍ ဖော်ပြထားသော ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၉) ပုဒ်မ ၁၉ အရ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် စပ်လျဉ်း၍ အသိပညာပေးခဲ့ပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ ရုံးချူပ် တို့တွင် ဖွင့်လှစ်ထားရှိပြီး Call Centre 1535 မှလည်းဆက်သွယ်တိုင်ကြားနိုင်‌ကြောင်း၊ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသောမုန့်များကိုပါ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လိုက်လံစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်တွင်စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ အရေအတွက်အတိုင်း ရောင်းချခြင်း ရှိ/ မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး 

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးမြသိန်းမောင် ဦးဆောင်၍ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် တာဝန်ရှိသူများသည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ အရေအတွက်အတိုင်းရောင်းချခြင်းရှိ/ မရှိကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဒေးဒရဲမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်အတွင်းတွင် စားအုန်းဆီဖြန့်ဖြူး‌ ရောင်းချပေးလျက်ရှိသော ဆီကိုယ်စားလှယ်တို့နှင့် တွေ့ဆုံ၍ စားအုန်းဆီရရှိမှု၊ ခွဲဝေဖြန့်ဖြူးရောင်းချမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စားအုန်ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဖြန့်ဖြူးရောင်းချနေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ရာစားအုန်းဆီ တစ်ပိဿာ(၆၇၃၆)ကျပ်၊ Lotusအမှတ်တံဆိပ်ပါစားအုန်း‌မြေပဲရောနှောဆီ တစ်ပိဿာ လျှင်(၁၀၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါကြောင်းနှင့် ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဆန်စက်လုပ်ငန်းရှင်များအသင်းရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံး၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့၊ န့နက် (၁၀:၀၀)နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၁) ပုဒ်မ (၂၃) အရ ကုန်စည်နှင့် စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံအချက်များထဲမှ စားသုံးသူက လက်ခံနိုင်သောအရည်အသွေးရှိခြင်း၊ ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ နမူနာပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်း တူညီစွာ ပါရှိခြင်း၊ အာမခံချက်ပေးထားသည့် ကာလ(သို့) အသုံးပြုနိုင်မည့် ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း(သို့) လဲလှယ်နိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက် (သို့) အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သော ဖော်ပြချက်နှင့် ကိုက်ညီမှုရှိခြင်း စသည်တို့ကို စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် မီးသတ်တပ်ရင်းတပ်ဖွဲ့များအား စားသုံးသူကာကွယ်ရေး အသိပညာပေး

        ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၆.၁.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင်  အမှတ်(၃) ရပ်ကွက်၊ (၆) ဖြတ်လမ်း၊ မီးသတ်ဦးစီးဌာနရုံးတွင် မီးသတ်တပ်ဖွဲ့ဝင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူကာကွယ်ရေးနှင့် ပက်သက်၍ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူများ ရွေးချယ်ဝယ်ယူခွင့်နှင့်၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြထားသော ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက  တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိကြောင်း၊  Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Online စနစ်ဖြင့် ရောင်းချနေသော အရောင်းဆိုင်သို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ ကွင်းဆင်းဆောင်ရွက်ခြင်း

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦးတို့သည် ဒီဇင်ဘာလ (၁၀)ရက်နေ့ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ် သဲကုန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ နန်းပျိုဖြူခေါင်းလျော်ရည်၊ ရေချိုး ဆပ်ပြာစသဖြင့် လူသုံးကုန်ပစ္စည်း online ရောင်းချသူနှင့် တွေ့ဆုံကာ online ရောင်းချမှုနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းခဲ့ရာတွင် online စနစ်ဖြင့်ရောင်းချနေသော လုပ်ငန်းရှင်အား လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာတိုင်းလုပ်ငန်းအမှန်တကယ် ရှိ/ မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိ ၊လုပ်ငန်းရှင်ဖုန်းနံပါတ်၊ ရောင်းချသူ  Facebook Page မှန်ကန်မှုရှိ/ မရှိ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှု့တို့ကို စီစစ်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA( ပဲခူး)

မိုးညိုမြို့တွင် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မိုးညိုမြို့တွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ်  လုပ်ဆောင်လျက်ရှိပါသည်။ ထို့သို့ဆောင်ရွက်ရာတွင်  လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့မှ ၂၀.၁.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိုးညိုမြို့မဈေးကြီးအတွင်း စားသုံးဆီရောင်းချနေသော ဒေါ်ဆွေဆွေဝါကုန်စုံဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု အခြေအနေများ၊ စားအုန်းဆီရောင်းချမှု ဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာ အတိုင်းရောင်းချမှုရှိ/ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ ရောနှောဆီများ ရောင်းချခြင်းမပြုရန် မှာကြားခဲ့ပါသည်။ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှုရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် မိုးညိုမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀.၁.၂၀၂၆ ရက်နေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် ဦးသန်းမောင် မြို့မဈေးအတွင်းရှိသခင်လှရှိန် ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/ မရှိ မိုးညိုမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန် ရှင်းလင်းသောသတင်းအချက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည် ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီပြည့်စုံစွာ ဖော်ပြခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA( ပဲခူး)

ဆန်ဆိုင်နှင့် ပွဲရုံဂိုဒေါင်များတွင် ကွင်းဆင်းစစ်ဆေးခြင်း

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင် ဦးစီးမှူးရုံး စားသုံး/ ထုတ်လုံတာဝန်ခံ ဦးချစ်ကိုကိုသည် ခရိုင်ဦးစီးမှူးရုံးမှ ပြည်တွင်း ဌာနတာဝန်ခံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာတို့ ပူးပေါင်းအဖွဲ့နှင့် အတူ (၂၀.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ်အတွင်းရောင်းချလျက်ရှိသော ဆန်လက်လီ/ လက်ကား အရောင်းဆိုင်များ၊ ဆန်ပွဲရုံ၊ ဂိုဒေါင်များသို့ သွားရောက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများနှင့် ရောင်းချမှု ရှိ/ မရှိ၊ ဆန်လက်ကျန် ကျန်ရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

နတ်တလင်းခရိုင်တွင် ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးပြီးစီးမှု အခြေအနေ

         နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ/ စက်ရုံများ လုပ်ငန်းများကို ဈေးကွက်မရောက်မီ စစ်ဆေးဆောင်ရွက်မည်ဖြစ်၍ အဆိုပါလုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစားအမယ်များအား ရာနှုန်းပြည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်ရေးအတွက်   စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလအတွင်း နတ်တလင်းခရိုင် ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများအား ဈေးကွက်မရောက်မိ စောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင့်၊ ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်း (၃) ခုအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ လုပ်ငန်းပေါင်း  (၃) ခုစစ်ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးခဲ့သည့် လုပ်ငန်း (၃)ခုသည် ညွှန်ကြားချက်နှင့် အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့်ကို တွေ့ရှိရပြီး လမ်းညွှန်ချက်များကိုလည်း ထိရောက်စွာ လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News