HighLight News

Powered by Drupal

မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာသွင်းအားစုပေးအပ်ခြင်း အခမ်းအနားကျင်းပ

           (၂၅.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာ သွင်းအားစုပေးအပ်ခြင်း အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဉီးထူးကျော်၊ မြို့နယ်ဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချ ရေးကော်မတီဝင်များဖြစ် ကြသည့်မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန၊ မြေစာရင်းဉီးစီးဌာန၊ မြို့နယ် သမဝါယမဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စပါးစိုက်တောင်သူများ စုစုပေါင်း အင်အား(၇၀)ဉီးခန့် တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထူးကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဦးထွေးအောင်က ဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း တက်ရောက်လာကြသည့် တောင်သူများမှ သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး မြို့နယ် ဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့ဝင်များမှ တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာများရောင်းချပေး အပ်ခဲ့ရာ အခမ်းအနားကို နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

         

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့် စုံဈေးရှိ သစ်ခွဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး) သည် ၂၇.၈.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးရှိ သစ်ခွဆေးဆိုင်သို့  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သစ်ခွဆေးဆိုင်တွင် ရောင်းချလျက်ရှိသော လူသုံးများသောဆေးဝါးများဖြစ်သည့် အကိုက်အခဲပျောက်ဆေး၊ ဖျားနာပျောက်ဆေး၊ သွေးပေါင်ကျဆေး၊ ဆီးချိုဆေး၊ အသည်းအားဆေး စသည့်ဆေးဝါးများမှာ ဈေးကွက်အတွင်းအရောင်းသွက်ကြောင်းနှင့် ရောင်းချနေသော ဆေးဝါးများ၏ဈေးနှုန်းများအတက်အကျရှိ/ မရှိ၊ ဆေးပစ္စည်းများဆိုင်တွင် လက်ကျန်ကျန်ရှိမှုအခြေအနေများကို စစ်ဆေးခဲ့ပြီး အမြတ်ရာခိုင်နှုန်းများစွာတင်၍ ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်၊ အမှတ်(၁)ဈေးရှိ ကုန်စုံဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း(စစ်ဆေးရေး အရာရှိ)နှင့်ဝန်ထမ်းများသည် (၂၆-၈-၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် သာကေတ မြို့နယ်၊ အမှတ်(၁)ဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

               ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးမှူးက  စားသုံးသူမိဘပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်‌ကြောင်းဖော်ပြချက်၊ သတိပေးချက်နှင့် ကျန်းမာရေးဆိုင်ဘေးထွက် ဆိုးကျိုးဖော်ပြခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ဖော်ပြထားမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အရှေ့ဒဂုံမြို့နယ်၊ အမှတ်(၂)ဈေးတွင် ငရုတ်ဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ

        (၂၆-၈-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် အရှေ့ဒဂုံမြို့နယ်၊ အမှတ်(၂)ဈေး အတွင်းရှိ ကုန်စုံဆိုင်များသို့  သွားရောက်၍ ငရုတ်ဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ငရုတ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များဖြစ်သော ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များပါဝင်မှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ် ဆေးခဲ့ရာဈေးကွက်အတွင်းရှိ Chill Garfic (ကြက်သွန်ဖြူငရုတ်ဆီ)၊ BRAVO ငရုတ်ဆီ၊  MAEJN (ထိုင်းငရုတ်ဆီ)အစရှိသည့် ငရုတ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

MAX စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

      ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး) နှင့် ဝန်ထမ်းများသည် (၂၆-၈-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ် MAX စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍  PPRD မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ LED ဘုတ်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၉၁၅ကျပ်)၊ (95-၂၉၅၅ကျပ်)၊ (HSD-၂၅၄၀ကျပ်)၊ (PHSD-၃၁၄၅ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့် တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

(MOON SUN)စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

         ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဦးနေလင်း (ဒု-ကြီးကြပ်ရေးမှူး)  သည်(၂၆-၈-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်(MOON SUN) စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍  စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်း ချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်း ခြင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်းအ ဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

High WAY စက်သုံးဆီ အရောင်းဆိုင်အားကွင်းဆင်းစစ်ဆေးခြင်း

        (၂၆-၈-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေး ရာဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး)သည် မင်္ဂလာတောင်ညွှန့်မြို့နယ်၊  High Way စက်သုံးဆီအရောင်းဆိုင်တွင် စက်သုံးဆီများသက်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း၊ ဆီ ဝင်ရောက်မှုနှင့်ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များ ကောင်းမွန်စွာ ထားရှိခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ အသိပညာပေး ဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် (၂၆.၈.၂၀၂၅)ရက်နေ့ နံနက် (၁၁:၂၀)နာရီအချိန်တွင် အမှတ်(၂၁၇/၂၂၂)၊ ဇေကမ္ဘာဝင်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ Designer Water စက်ရုံသို့ သွားရောက်၍ အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆွေးနွေးခဲ့ရာတွင် ရန်ကုန်စက်မှုဇုန်(၅)မှ ဇုန်ကော်မတီဥက္ကဌ ဉီးကျော်လွင်၊ စည်ပင်သာယာရေးကော်မတီမှ ဦးကျော်သူရ၊ အကြီးတန်းစာရေး၊ Designer Water လုပ်ငန်းမှ တာဝန်ခံပါ (၈)ဦးတို့တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးက ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့်ကိုက်ညီမှုမရှိသော ကုန်စည်းများကို ရောင်းချခြင်းမပြုရန်နှင့် ပုဒ်မ(၇၃)ပါအရ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ်/ငွေဒဏ်များ ချမှတ်နိုင်ကြောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခြင်း

         (၂၅.၈.၂၀၂၅)ရက်နေ့ နံနက် (၁၀:၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် အမှတ်(၃၀၈)၊ ဇေကမ္ဘာ(၁)လမ်း၊ ဇေကမ္ဘာင်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်သို့ သွားရောက်၍ CK စက်ရုံ၌ ထုတ်လုပ်လျက်ရှိသော ပေါင်မုန့်၊ ကိတ်ခြောက်၊ ကိတ်စိုတို့အား ဈေးကွက်မရောက်မီ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆွေးနွေးခဲ့ရာတွင် CK ကိတ်စက်ရုံမှ စက်ရုံမှူးပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဦး၊ ဦးစီးမှူးက ဌာနဖြစ်ပေါ်လာပုံ၊ ဌာနအဆင့်ဆင့်ပြောင်းလဲလာပုံ၊ စားသုံးသူကာ ကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို (၅)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို (၁၁:၁၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

တိုက်ကြီးမြို့နယ်အတွင်း ကျေးရွာများရှိ တောင်သူများသို့ သွင်းအားစု ဓါတ်မြေဩဇာပြန်လည်ထုတ်ပေးဖြန့်ဖြူးမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

            (၂၅.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း၌   ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုး တောင်သူများသို့ ယာယီဆိုင်းငံ့ရောင်းချပေးသော မြေဩဇာများထုတ်ပေးပြီးစီးမှုအခြေအနေအား စစ်ဆေးခဲ့ပါသည်။

               ထိုသို့စစ်ဆေးရာတွင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့် မြို့နယ်သမဝါယမဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တိုက်ကြီးမြို့နယ်တာဝန်ခံတို့မှ ယူးရီယား၊ ကွန်ပေါင်း(၁၅)ပတ်လည် တို့အား ကျေးရွာများအား ခွဲတမ်းထုတ်ယူပေးမှုစာရင်းများ၊ ထုတ်ပေးရန်ကျန်ရှိသော ကျေးရွာများသို့လည်း အမြန်ဆုံးထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

Pages

Subscribe to RSS - HighLight News