ရွှေဘိုပေါ်ဆန်း GI ရရှိရေး တောင်သူပညာပေး (GI Awareness)
ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (SPFMTA) အနေဖြင့် ရွှေဘိုပေါ်ဆန်း G.I ရရှိရေးအတွက် ပြင်သစ်နိုင်ငံ၏ ထောက်ပံ့မှု GRET Myanmar၏ ကူညီပံ့ပိုးမှုနှင့် ဆောင်ရွက်နေသည်မှာ အားလုံးသိရှိပြီးဖြစ်သည်။
ယခုအခါ ရွှေဘိုပေါ်ဆန်း GI ရရှိရေး ပညာပေးဟောပြောပွဲများကို SPFMTA အနေဖြင့် ပြုလုပ်လျက်ရှိရာ ၁.၅.၂၀၂၂ ရက်နေ့နှင့် ၂.၅.၂၀၂၂ ရက်နေ့ နေလည် ၁၁ နာရီအချိန်တွင် ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ပေါက်တုန်းကျေးရွာတွင် “ရွှေဘိုပေါ်ဆန်း GI” ပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ် ခဲ့သည်။
၎င်းပညာပေးဟောပြောပွဲ ရွှေဘိုပေါ်ဆန်းGI ရရှိစေရန် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ရွှေဘိုပေါ်ဆန်း GI ရရှိလာပါက တောင်သူများ၊ စက်ပိုင်များနှင့် ကုန်သည်များ ရရှိလာနိုင်မည့် အကျိုးကျေးဇူးများနှင့် SPFMTA အနေဖြင့် ရေးဆွဲလျက်ရှိသော ရွှေဘိုပေါ်ဆန်း အရည်အသွေးမှတ်တမ်း(BOS)ကို ရှင်းလင်းပြောကြားခဲ့၍ ထပ်မံပြုလုပ်မည့် BOS Workshop တွင် ပါဝင်တက်ရောက်နိုင်ရန်အတွက် ဖိတ်ခေါ်ခဲ့ကြောင်း ရွှေဘိုပေါ်ဆန်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။
DOCA(မကွေး)