HighLight News

Powered by Drupal

မော်လမြိုင်မြို့၊ အ-ထ-က (ခွဲ) ငန်းတေးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

  မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၂-၇-၂၀၂၃) ရက်နေ့တွင် မော်လမြိုင်မြို့၊ အ-ထ-က (ခွဲ) ငန်းတေးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြပါသည်။

   အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဟန်ဝင်းရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များကိုဝယ်ယူအသုံးပြုမည်ဆိုပါက မဝယ်ယူမီ ကုန်အညွှန်းအမှတ်အသားကို ပထမဆုံးဖတ်ရှုပြီးမှသာလျှင် ဝယ်ယူသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ စားသုံးရန်မသင့်ဟုသတ်မှတ်ထားသော အစားအသောက်များအကြောင်းတို့ကိုရှင်းလင်းဟောပြောခြင်း၊ စားသုံးသူများသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်လာလျှင် တိုင်ကြားနိုင်သည့်နေရာ၊ Consumer Call Center No. (1535) သို့ဖုန်းခေါ်ဆို၍လည်းတိုင်ကြားနိုင်ကြောင်း၊ www. doca. gov. mm တွင်လည်းဝင်ရောက်တိုင်ကြားနိုင်ကြောင်းတို့ကိုဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၄၄) ဦးတက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

   ထို့နောက် ကျောင်းဝင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချလျက်ရှိသော အသင့်စားမုန့်များကိုစစ်ဆေး၍ ဈေးသည်များအား အသိပညာပေးခြင်းများကိုလည်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်၊ အ-ထ-က (ကွမ်သဲ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ချောင်းဆုံမြို့နယ်တာဝန်ခံတို့သည် (၁၃-၇-၂၀၂၃) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ အ-ထ-က (ကွမ်သဲ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များကိုရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်လာလျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့လည်းကောင်း၊ Consumer Call Center No. (1535) သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ www. doca. gov. mm တွင်လည်းဝင်ရောက်တိုင်ကြားနိုင်ကြောင်းတို့ကိုဟောပြောဆွေးနွေးခဲ့ပြီး ဌာန၏လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၁၈) ဦးတက်ရောက်ခဲ့ကြပါသည်။

   ထို့နောက် ကျောင်းဝင်းအတွင်း တားမြစ်ထားသည့်စာသောက်ကုန်များရောင်းချခြင်းရှိ/မရှိ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား တားမြစ်ထားသောအစားအသောက်များကိုရောင်းချခြင်းမပြုရန်၊ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့်အစားအသောက်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော အစားအသောက်များကိုသာရောင်းချကြရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့၊ အ-မ-က (အတ္တရံ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

   (၁၁-၇-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကျိုက်မရောမြို့နယ်တာဝန်ခံတို့သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျိုက်မရောမြို့၊ အ-မ-က (အတ္တရံ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် အ-မ-က (အတ္တရံ) ရှိ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် အာဇာနည်နေ့အကြောင်းအရာများကိုရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူစားသုံးအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားများကို သေချာစွာဖတ်ရှုပြီးမှသာ ဝယ်ယူစားသုံးအသုံးပြုသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့်သိကောင်းစရာများ၊ စားသုံးသူများထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေများ၊ Consumer Call Center ဖွင့်လှစ်ရခြင်းအကြောင်းအရာများနှင့် www. doca. gov. mm တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၂၀၅) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ကရင်ပြည်နယ်၊ ဆင်ကျုံးကျေးရွာတွင် တပ်ဆင်လျက်ရှိသော စပါး/ပဲအခြောက်ခံစက်အား ကွင်းဆင်းလေ့လာ

    ဒေသတွင်းဝမ်းစာဖြစ်သော ဆန်/စပါးများဖူလုံပိုလျှံပြီး ပြည်တွင်းကုန်သွယ်မှုနှင့် ပြည်ပကုန်သွယ်မှုများကို အထောက်အကူဖြစ်စေရန်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်တို့သည် (၁၆-၇-၂၀၂၃) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဆင်ကျုံးကျေးရွာသို့သွားရောက်၍ စပါး/ပဲအခြောက်ခံစက်အား ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရပါသည်။

   ထိုသို့လေ့လာရာတွင် စပါး/ပဲအခြောက်ခံစက်နှင့်ပတ်သက်၍ တစ်နေ့လျှင် အခြောက်ခံသိုလှောင်နိုင်မှုပမာဏ၊ ကုန်ကြမ်းရရှိမှု၊ ဝန်ဆောင်ခနှင့် အခြောက်ခံစက်တပ်ဆင်မှုအပေါ် ဒေသလွှမ်းခြုံဆောင်ရွက်နိုင်မှုနှင့် အခြောက်ခံစက်ပြုလုပ်တပ်ဆင်မှုကုန်ကျစရိတ်များကို မေးမြန်းခဲ့ကြောင်းသိရသည်။

   စပါး/ပြောင်းအခြောက်ခံစက်နှင့်ပတ်သက်၍ ကရင်ပြည်နယ်းတွင် ဆန်စက် ၂၉လုံးရှိသည့်အနက် ဆန်စက် ၄လုံးတွင်သာ အခြောက်ခံစက် ၄လုံးတပ်ဆင်အသုံးပြုနိုင်သေးပြီး ၂လုံးမှာ ကုမ္ပဏီများမှတိုက်ရိုက်မှာယူသော အခြောက်ခံစက်များဖြစ်ကြောင်းနှင့် ယခုအခြောက်ခံစက်နှင့် ခနိမ်းဒိုကျေးရွာရှိ အခြောက်ခံစက်မှာ ဒေသတွင်းပညာရှင်၏ ပြုလုပ်တပ်ဆင်သော အခြောက်ခံစက်ဖြစ်ကြောင်းနှင့် ဒေသတွင်းပညာရှင်အနေဖြင့် နည်းပညာကို ထိုင်းနိုင်ငံမှရရှိကာ ကရင်ပြည်နယ်နှင့်ကိုက်ညီသော အခြောက်ခံစက်အား ပြန်လည်တီထွင်ဖန်တီးပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ဈေးနှုန်းအနေဖြင့် ပြင်ပကုမ္ပဏီစက်များနှင့်နှိုင်းယှဉ်ပါက ထက်ဝက်ခန့်သက်သာကြောင်းနှင့် ဆင်ကျုံးကျေးရွာနှင့် ခနိမ်းဒိုကျေးရွာတို့တွင်ရှိသော ယခုတပ်ဆင်သောအခြောက်ခံစက်များမှာ တစ်နေ့လျှင် စပါး/ပဲသီးနှံ တင်း ၃၅၀ခန့်အခြောက်ခံနိုင်ကြောင်းနှင့် အစိုဓာတ် ၃၀ရာခိုင်နှုန်းရှိသောသီးနှံများမှာ ၈နာရီခန့်သာအခြောက်ခံရကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

တောင်ကြီးမြို့ပေါ်ရှိ အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  တောင်ကြီးမြို့၊ အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား သိသင့်သိထိုက်သောအသိပညာဗဟုသုတများရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    ရှေးဦးစွာ အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးကိုယ်စား ဆရာမ ဒေါ်လွမ်းမိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်မွန်မွန်သီတာထွန်းမြင့် (ဒုတိယဦးစီးမှူး) က စားသုံးသူအဓိပ္ပါယ်၊ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော အခန်း (၉) ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် စားသုံးသူထိခိုက်နစ်နာဆုံးရှုံးဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်ပုံစံနည်းစနစ်များအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ အခမ်းအနားတွင် အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၂၇၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်းမြောက်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်များတွင် သက်ဆိုင်ရာဌာန၏ထောက်ခံမှုမရှိသောစားသုံးဆီများရောင်းချနေမှုမရှိစေရန်အတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ထို့တူ ကျောက်မဲ၊ မူဆယ်ခရိုင်များနှင့် မြို့နယ်အသီးသီးတွင်လည်း ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီများအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊  မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ   ဦးဝင်းသိန်းဦး (ရုံးအုပ်) သည်  (၂၄-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်အတွင်းရှိ သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော  လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော အဓိပ္ပါယ်ဖွင့်ဆိုချက်မှ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များဖြစ်သည့် စားသုံးသူကလက်ခံသုံးစွဲနိုင်သောအရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ နမူနာပစ္စည်းတွင်ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိခြင်း၊ အာမခံချက်ပေးထားသည့်ကာလ (သို့မဟုတ်) အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း (သို့မဟုတ်) လဲလှယ်နိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက်(သို့မဟုတ်) အရောင်းမြှင့်တင်ခြင်းတွင်ပါဝင်သော ဖော်ပြချက်နှင့်ကိုက်ညီမှုရှိခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သောက်ရေသန့်အမျိုးမျိုးတို့တွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာရေးသားဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကိုက်ညီမှုရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာနတွင် လာရောက်လျှောက်ထားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

မြင်းခြံမြို့၊ အခြေခံပညာအထက်တန်းကျောင်း အ-ထ-က (၁) တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

     မြင်းခြံမြို့၊ အခြေခံပညာအထက်တန်းကျောင်း အ-ထ-က (၁) ၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြင်းခြံခရိုင်၊ စားသုံးသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေး ဟောပြောဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

    ရှေးဦးစွာ မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံမြို့နယ်တာဝန်ခံ ဦးတင်ဇော်ထွေး (ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူများ၏အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရန်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသောကုန်ပစ္စည်းများမှာ တရားမဝင်သော၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်ပစ္စည်းများဖြစ်သည့်အတွက် သတိပြုရှောင်ရှားကြရန်လိုအပ်ပါကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင်ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊ Online မှလည်းတိုင်ကြားနိုင်ပါကြောင်း၊ Consumer Call Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ Website မှလည်းတိုင်ကြားနိုင်ပါကြောင်းနှင့် ဦးစီးဌာနအကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ ကုန်သွယ်မှုသတင်းများအကြောင်း၊ ကွင်းဆင်းဆောင်ရွက်မှုသတင်းများနှင့် ဥပဒေအကြောင်းအရာများကိုလည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ ဌာန၏ Website မှာ www. doca. gov. mm ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်  သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များအပြင် စားသုံးသူများကိုယ်တိုင်ပါဝင်မှသာ ပို၍ထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စားသုံးသူများအနေဖြင့် အားလုံးအကျိုးအတွက် ပူးပေါင်းပါဝင်ပေးကြပါရန် ဆန္ဒပြုပါကြောင်း စသည်ဖြင့် အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်အေးအေးနွဲ့ (လက်ထောက်ညွှန်ကြားရေးမှူး) က စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း အ-ထ-က (၁) ၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းက ယခုကဲ့သို့အသိပညာများလာရောက်ဟောပြောပေးပါသော သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၂၁၀) ဦး၊ ဌာနဆိုင်ရာ (၅) ဦး၊ စုစုပေါင်း (၂၁၅) ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးတိုင်းအတွင်းရှိ ဆန်နှင့်ဆန်ကွဲတင်ပို့မည့် ကုမ္မဏီလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

    မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့  ဆန်နှင့်ဆန်ကွဲတင်ပို့ရန် GACC မှတ်ပုံတင်ခွင့်ရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုမ္မဏီ (၁၃) ခုမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ကျောက်ဆည်ခရိုင်ဦးစီးမှူး၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလိမိတက်မှ စစ်ဆေးရေးမှူးနှင့် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသည့် လုပ်ငန်းရှင်များတက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ GACC တို့အကြား လက်မှတ်ရေးထိုးထားသည့် SPS Protocol အရ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် မှတ်ပုံတင်ခွင့်ရရှိရေးအတွက် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲသို့တက်ရောက်လာသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့စက်ရုံများ၊ သိုလှောင်ရုံများ၊ SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီသိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန်နှင့် GACC မှတ်ပုံတင်ခွင့်ရရှိရေးအတွက်  သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှုရှိစေရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန်နှင့် အရည်အသွေးပြည့်ဝသော ဆန်နှင့်ဆန်ကွဲများတင်ပို့နိုင်ရေး၊   ကုန်သွယ်မှုလုပ်ငန်းများတိုးမြှင့်လာစေရန်အတွက်ရည်ရွယ်၍ SPS Protocol ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးမည့်အချက်များကို လုပ်ငန်းရှင်များအား သိရှိစေရန်ရည်ရွယ်၍ ဆွေးနွေးခြင်းဖြစ်ကြောင်း သိရပါသည်။

     ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်သည့်အခါ လုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်နှင့် ဆန်နှင့်ဆန်ကွဲများကို SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာကျင့်သုံးခြင်းအားဖြင့် ဒေသတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်ရာတွင် အလေ့အကျင့်ရရှိလာပြီး သက်ဆိုင်ရာများက ကုန်ပစ္စည်းများကို Food Safety နှင့်အညီ ထုတ်လုပ်လာနိုင်ပြီး မြန်မာ့ထုတ်ကုန်များသည် တရုတ်နိုင်ငံသို့သာမက အခြားနိုင်ငံများသို့ပါ တင်ပို့နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့မှုများအရ သိရှိရပါသည်။

DOCA(မန္တလေး)

 

ဂန့်ဂေါမြို့၊ မြို့မဈေးအတွင်း၌ ထိုင်းဘာသာဖြင့်ဖော်ပြထားသော အချိုရည်များရောင်းချခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် အဖွဲ့သည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် (၁၂-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဂန့်ဂေါမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင် (၄) ဆိုင်တွင် သက်တမ်းလွန်ကုန်ပစ္စည်းများရောင်းချနေမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။        

      ဒေါ်ဇာဇာချိုဦးနှင့် အဖွဲ့သည် ဈေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြရာ ကုန်မျိုးစုံရောင်းချနေသောဆိုင်ရှင်များအား ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသောအချိုရည်များကို ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိနှင့်  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)၊ ပုဒ်မ (၄၁) အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကိုစစ်ဆေးတွေ့ရှိ ရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့်  တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - HighLight News