သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်ခရိုင်အတွက် စားအုန်းဆီပေပါများ မြိတ်မြို့သို့ ရောက်ရှိ

    မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်မှ စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးရှိ ဆီကုမ္ပဏီ များမှ ဝယ်ယူ၍ လက်လီအရောင်းဆိုင်များသို့ဖြန့်ဖြူးပေးလျက်ရှိရာ Global Good Pure Group ကုမ္ပဏီမှ ဝယ်ယူထားသော စားအုန်ဆီပေပါ(၆၀)ပေပါသည် (၁၀.၇.၂၀၂၅)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

   အဆိုပါရောက်ရှိလာသောစားအုန်းဆီများကို (၂)ရာခိုင်နှုန်းအမြတ်ဖြင့် လက်လီအရောင်းဆိုင် များသို့ ဖြန်ဖြူးရောင်းချပေးမည်ဖြစ်ပြီး လက်လီဆိုင်များမှတဆင့် ပြည်သူများသို့ ရောင်းချပေးမည် ဖြစ်ကြောင်း ၎င်းတို့ကို စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ ကြံတော(မူလွန်)ကျောင်းရှိကျောင်းမုန့်စျေးတန်းအားကွင်းဆင်းစစ်ဆေး

     ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနနှင့်အတူ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဆရာ၊ဆရာမများပူးပေါင်း၍ မြိတ်မြို့၊ ကြံတောမူလတန်းလွန်ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဆိုင်နှင့် စားသောက်ကုန်မျိုးစုံရောင်းချနေသော ဆိုင်များသို့ စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ်ရှိသော စားသောက်ကုန်များရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်များရောင်းချခြင်းရှိ/မရှိစစ်ဆေးပြီး အကြော်၊အလှော်များကို တစ်နေ့ တာအတွင်းသာရောင်းချရန်နှင့် ခြင်၊ ယင်မနားစေရန် အဖုံးအကာများဖြင့်ရောင်းချမှုရှိစေရေး ပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ ကြံတောရပ်ရှိ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့််အတူ မြိတ်မြို့၊ ကြံတောရပ်ရှိအခြေခံပညာမူလတန်းလွန်ကျောင်းသို့သွားရောက်၍ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း နှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

     အသိပညာပေးဟောပြောရာတွင် မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများအား သိသင့်သိထိုက်သော ခန္ဓာကိုယ် ပြောင်းလဲမှုဖြစ်စဉ်နှင့် ကျန်းမာရေးအခြေ အနေများရှင်လင်းပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူ၏အခွင့်အရေးများ၊ တာဝန်များအကြောင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များနှင့် အစားအသောက်မစားသုံးမီ ပြုလုပ်သင့်သောအချက်များ ပြော ကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပြီးနောက် ကျောင်းသူ၊ ကျောင်းသားများအား ကျန်းမာရေး စစ်ဆေးပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့၊ပုလဲရတနာခန်းမ၌ကျင်းပသော မြန်မာအီလက်ထရောနစ်မဲပေးစက် ( MEYM) ရှင်းလင်းပြသပွဲတက်ရောက်

၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၀)ရက် နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ပုလဲရတနာခန်းမ၌  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထ ရောနစ် မဲပေးစက်(MEYM) ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ် သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး သည် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEYM) ရှင်းလင်းပြသပွဲ၌ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ တနင်္သာရီတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင် တို့မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ  ဒုတိယညွှန်ကြားရေးမှူး ဦးညီညီကျော် မှ မြန်မာအီလက်ထရောနစ်မဲပေးစနစ်(MEYM)ကို ခေတ် မီဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံ(၃၄)ခု၌ သုံးစွဲနေသောမဲပေးစက်များအား လေ့လာပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသော (MEYM)အား အဆင့်ဆင့်စမ်းသပ်ပြီးမှထုပ်လုပ်သုံးစွဲတာဖြစ်ကြောင်း၊ အသေးစိပ်ရှင်း လင်းဆွေးနွေးပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စား လှယ်တို့မှ လက်တွေ့ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEYM) အသုံးပြုမဲပေးမှု စမ်းသပ်ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ဈေးကွက်အတွင်းရှိအသင့်သောက်ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် မင်္ဂလာတောင်ညွန့် မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ One Stop Kitchen တာဝန်ခံနှင့်တွေ့ဆုံ၍ Kitchen Mark အတွင်း ရောင်းချလျှက်ရှိသော အသင့်သောက်ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်း အမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသားဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်ကော်ဖီမစ်ထုတ်များ ဖြစ်သော One Twa, Milk Boy, Platinum, Sunday စသည့် အမှတ်တံဆိပ်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ဖော်ပြချက် စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းဝေးစေရေးအတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း(ကြီး/ရေး)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံ(စူပါဝမ်း) ရှိ တာဝန်ခံများနှင့်တွေ့ဆုံ၍ အလှကုန် ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန်များတွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပါရှိရမှာဖြစ်ပြီး (၁၀) ဂရမ်အောက် အလှကုန်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်တို့ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်းမရှိသော အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ‌ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (ကြီး/ရေး)နှင့် ဝန်ထမ်းများသည် ၇-၇-၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ Orange ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန်များနှင့် (၁၀)ဂရမ်အောက် အလှကုန်များတွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/ မရှိကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်းမရှိသော အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ‌ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်း နိုင်(ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမပေါ်ရှိ Capital Super Market ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ Market အတွင်း ရောင်းချလျှက်ရှိသော ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များအား မြန်မာဘာသာဖြင့်ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ကလေးကစားစရာအရုပ်များတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် ကြိုတင်သတိပေးချက်များကို မဖြစ်မနေရေးသားဖော်ပြရမှာဖြစ်ကြောင်းနှင့် ကလေးများထိခိုက်မှုမရှိစေရန်အတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ပုဇွန်တောင်မြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့်စစ်ဆေးခြင်း

စားသုံးသူ‌ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဦးမြသန်းနိုင် (ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့ တို့နှင့် ပူးပေါင်းကာ (၇.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး သတ်မှတ်ဈေးနှုန်း ရေးဆွဲထားသည့် လက်လီ/လက်ကား ဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲ ရောင်းချရန် ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ ပြည်သူများထံအပြည့်အဝ ရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဝါးခယ်မမြိုနယ်၊ အူကျွန်းကျေးရွာတွင် ပြုလုပ်သည့် လက်ဆွဲကောက်စိုက်နှင့် မျိုးစေ့ချကိရိယာများပေးအပ်ပွဲသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲသည် (၁၀.၇.၂၀၂၅) ရက်နေ့တွင် ဝါးခယ်မ မြို့နယ်၊ အူကျွန်းကျေးရွာတွင် ပြုလုပ်သည့် လက်ဆွဲကောက်စိုက်နှင့် မျိုးစေ့ချကိရိယာများ ပေးအပ်ပွဲ၊ တောင်သူဦးကျော်ရွှေ၏ စိုက်ဧက(၅)ဧကတွင် ဝါးခယ်မမြို့စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၈)စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ မိုးစပါးမျိုးစေ့ချကိရိယာ ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း၊ လက်ဆွဲ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း အခမ်းအနားများသို့ တက်ရောက်၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း တို့အား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများထံသို လက်ဆွဲကောက်စိုက်နှင့် မျိုးစေ့ချ ကိရိယာများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ယခုနှစ်တွင်တိုင်းဒေသကြီးအနေဖြင့် မိုးစပါး ပန်းတိုင် အထွက်နှုန်းရောက်ရှိရမည့် နှစ်ဖြစ်ပါကြောင်းနှင့် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက်လည်း အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် ကောက်စိုက်စက်၊ အစေ့ချကိရိယာများနှင့် စိုက်ပျိုး ခြင်း၊ အထွက်တိုးမျိုးစပါးများ အသုံးခြင်းများကိုစနစ်တကျ ဆောင်ရွက်ကြရမှ ဖြစ်ပါကြောင်းနှင့် ကြဲခင်းစနစ်ပပျောက်ရေးကိုလည်း ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအား တိုးတက်ရေးအတွက်လည်း တောင်သူများ၊ ဌာနဆိုင်ရာများပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး သာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် ကျန်ကဏ္ဍများကိုလည်းတပြေးညီ ဖွံဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်း တက်ရောက်စေရေး၊ စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းမှုရှိစေရေးအတွက် ပြည်သူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်” ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။ DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ