သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်း စိုက်ပျိုးရေး လုပ်ငန်းများ ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲသည် (၅.၇.၂၀၂၅) ရက်နေ့တွင် မြန်အောင် မြို့နယ်၊ အင်ပင်ကျေးရွာအုပ်စုရှိ တောင်သူစိုက်ဧက(၄)ဧကတွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး ဆာဖိုးသာမျိုး ပျိုးထောင်စိုက်ပျိူးခြင်းအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံရာတွင် တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိရေးနှင့် တစ်ဧက အထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိရေးအတွက် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးစေရေး၊ အထွက်တိုးမျိုးကောင်း၊ မျိုးသန့် စပါးများ ရွေးချယ်စိုက်ပျိုးရေး၊ မျိုးစပါး ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေးအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များနှင့် ပေါင်းစပ်စိုက်ပျိုးသွားနိုင်ရေး တိုကို ဆွေးနွေးမှာကြားခဲ့ပြီး ကောက်စိုက်သမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲသည် အင်္ဂပူမြိုနယ်၊ အောက်ရွာကြီး ကျေးရွာအုပ်စု၊ တောင်သူဦးရာဇာအောင်၏ စိုက်ဧက(၇.၅)ဧကတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်နည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်၊ မျိုးစေ့ချစက် Drum Seeder စံပြစိုက်ပျိုးခြင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာစခန်း(ဆွယ်) အင်္ဂပူမြို့မှ ကောက်စိုက်စက်နှင့်တွဲဖက်သုံး (၁၀)တန်းသွား မျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးပွဲများသို တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများ နှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးနှင့် တစ်ဧက အထွက် နှုန်းများ ပိုမိုတိုးတက်ထွက်ရှိရေးအတွက် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးစေရေး၊ အထွက် တိုးမျိုးကောင်း၊ မျိုးသန့် စပါးများရွေးချယ်စိုက်ပျိုးရေး၊ လယ်ဧကများတွင် ပျက်စီးသွားသည့် မြေဆီ၊ မြေဩဇာများပြန်လည် ကောင်းမွန်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးရေး၊ ကြဲခင်းစနစ်များ လျော့နည်းပပျောက်ရေး ၊ အထွက်နှုန်းများ တိုးတက်ရေးအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေး ပညာရှင်များနှင့် ပေါင်းစပ်စိုက်ပျိုးသွားနိုင်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအောင်မြင်စေရေး တိုကို ဆွေးနွေးမှာကြားခဲ့ပြီး ကောက်စိုက်သမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ ကြောင်း သိရသည်။ DOCA(ဧရာဝတီ)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက်ရှိရာ (၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသော ကျောက်မြောင်းကြီးရပ်ကွက်၊ ကျောက်ရေတွင်းလမ်း၊ အမှတ်(၁၅)ရှိ ဆန်ဆိုင်(၃) ဆိုင်တို့အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် ရက် (၉၀)၊ ဆင်းသုခ၊ မနောသုခ၊ တောင်ပျံ၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ် ဆန်း၊ ဖျာပုံကြားပျံ၊ ဖျာပုံတောင်ပျံဆန်များကို ဝါးတန်းကုန်စည်ဒိုင်မှ အများဆုံး ဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှု အိတ်အရေအတွက်များစွာ မရှိပဲ ပုံမှန်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း ဆန် ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်း မပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေး ပြောကြား ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ ဦးအောင်ဝင်း မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၆.၇.၂၅) ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့် အတူ ကန်သာယာ(၂)လမ်းရှိ ဦးအောင်ဝင်း မုန့်ဟင်းခါး၊ ခေါက်ဆွဲလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်လုပ်ငန်းတွင် အသုံးပြုသည့်ရေများ သန့်ရှင်းမှုရှိ/မရှိ၊ စွန့်ပစ်ရေဆိုးများ စနစ်တကျစွန့်ပစ်ရေး၊ သဘာဝပတ်ဝန်းကျင် အနံအသက် ကောင်းမွန်ရေး၊ မုန့်များကို နေ့ချင်းပြီးရောင်းချရေး၊ တာရှည်ခံဆေးများ အသုံးမပြုရေး၊ မုန့်ဖိုများသန့်ရှင်းသပ်ရပ်စေရေး၊ မီးကြွင်းမီးကျန်များ မကျန်ရှိစေရေးနှင့် မိုးတွင်းကာလဖြစ်သည့် အတွက် မုန့်ဖိုများ စနစ်တကျဆောင်ရွက်ရေး စသည့်ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ ဦးအောင်ကိုမင်း မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၆.၇.၂၅) ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့် အတူ ကန်သာယာ(၂)လမ်းရှိ ဦးအောင်ကိုမင်း မုန့်ဟင်းခါး၊ ခေါက်ဆွဲလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်လုပ်ငန်းတွင် အသုံးပြုသည့်ရေများ သန့်ရှင်းမှုရှိ/မရှိ၊ စွန့်ပစ်ရေဆိုးများ စနစ်တကျစွန့်ပစ်ရေး၊ သဘာဝပတ်ဝန်းကျင် အနံအသက် ကောင်းမွန်ရေး၊ မုန့်များကို နေ့ချင်းပြီးရောင်းချရေး၊ တာရှည်ခံဆေးများ အသုံးမပြုရေး၊ မုန့်ဖိုများသန့်ရှင်းသပ်ရပ်စေရေး၊ မီးကြွင်းမီးကျန်များ မကျန်ရှိစေရေးနှင့် မိုးတွင်းကာလဖြစ်သည့်အတွက် မုန့်ဖိုများ စနစ်တကျဆောင်ရွက်ရေး စသည့်ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ DOCA(ဧရာဝတီ)

ဘိုကလေးဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၁၀.၇.၂၀၂၅ ) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးအတွင်းရှိ ကုန်စုံဆိုင်များအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ယိုးဒယားငံပြာရည်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုး၊ အသင့်စားခေါက်ဆွဲခြောက်ထုတ်အမျိုးမျိုး၊ စားသုံးဆီအမှတ်တံဆိပ်မျိုးစုံ၊ မြေပဲဆီဘူးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားများ ပါရှိသည်ကို စိစစ်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများက စားအုန်းဆီ‌နှင့်ပတ်သက်ပြီး ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်း၊ စည်းကမ်းလိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ ဒေါ်သူဇာဝင်း မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၆.၇.၂၅) ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့် အတူ အမှတ်(၁) ရပ်ကွက် ကညင်ချောင်းလမ်းရှိ ဒေါ်သူဇာဝင်း မုန့်ဟင်းခါး၊ ခေါက်ဆွဲလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်လုပ်ငန်းတွင် အသုံးပြုသည့်ရေများ သန့်ရှင်းမှုရှိ/မရှိ၊ စွန့်ပစ်ရေဆိုးများ စနစ်တကျစွန့်ပစ်ရေး၊ သဘာဝပတ်ဝန်းကျင် အနံအသက် ကောင်းမွန်ရေး၊ မုန့်များကို နေ့ချင်းပြီးရောင်းချရေး၊ တာရှည်ခံဆေးများ အသုံးမပြုရေး၊ မုန့်ဖိုများသန့်ရှင်းသပ်ရပ်စေရေး၊ မီးကြွင်းမီးကျန်များ မကျန်ရှိစေရေးနှင့် မိုးတွင်းကာလဖြစ်သည့် အတွက် မုန့်ဖိုများ စနစ်တကျဆောင်ရွက်ရေး စသည့်ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ဦးစိန်မြင့် မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းနှင့် အတူပူးပေါင်း၍ (၇.၇.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အလယ်ကုန်းရှိ ဦးစိန်မြင့် မုန့်ဟင်းခါးဖိုလုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်ဟင်းခါးနှင့် မုန့်ဖတ်များတွင် ဖော်မလင်ပါဝင် မှုရှိ/မရှိ၊ မုန့်ဟင်းခါးဖို ပတ်ဝန်းကျင်တွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ဦးဇော်လင်းထွန်း မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းနှင့် အတူပူးပေါင်း၍ (၇.၇.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အလယ်ကုန်းရှိ ဦးဇော်လင်းထွန်း မုန့်ဟင်းခါးဖိုလုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်ဟင်းခါးနှင့် မုန့်ဖတ်များတွင် ဖော်မလင်ပါဝင် မှုရှိ/မရှိ၊ မုန့်ဟင်းခါးဖို ပတ်ဝန်းကျင်တွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ဒေါ်လှလှခိုင် မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းနှင့် အတူပူးပေါင်း၍ (၇.၇.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အလယ်ကုန်းရှိ ဒေါ်လှလှခိုင် မုန့်ဟင်းခါးဖိုလုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်ဟင်းခါးနှင့် မုန့်ဖတ်များတွင် ဖော်မလင်ပါဝင် မှုရှိ/မရှိ၊ မုန့်ဟင်းခါးဖို ပတ်ဝန်းကျင်တွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ် ထားသော အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

ရွှေပေါ်ဆန်း ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာရေး)နှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက်ရှိရာ (၁၀.၇.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသော ကျောက်မြောင်းကြီးရပ်ကွက်၊ သီတာလမ်း၊ အမှတ်(၁၅)ရှိ ရွှေပေါ်ဆန်း ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရက်(၉၀) ၊‌ပေါ်ဆန်းမွှေး (ဟောင်း) ၊ ဇီယာ၊ အညာသား(ရှယ်)၊ရွှေဘိုကျားပျံ၊ ဆင်းသွယ် (ဟောင်း)၊ တောင်ပျံ စသည့်ဆန်များ ရောင်းချလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး ဆန်များကို ဈေးနှုန်းအဆမတန် ရောင်းချမှု မရှိစေ ရေးနှင့် ရောင်းချခြင်းကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ