သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုကလေးဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များ စစ်ဆေးခြင်း

   စားသုံးသူ‌ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ဒုကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၇.၆.၂၀၂၄) ရက်နေ့ ၊နံနက် (၁၁:၀၀)နာရီ အချိန် တွင်  ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးအတွင်းရှိ စားအုန်းဆီ ရောင်းချမှုပြုလုပ်နေသော ဆီကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး စားအုန်းဆီထုတ်ယူမှု/ ခွဲဝေဖြန့်ဖြူးပေးမှု အခြေအနေတို့ကို စစ်ဆးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့စစ်ဆေးရာတွင်  ယိုးဒယားငံပြာရည်အမျိုးမျိုး၊ ရေသန့်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုး၊ အသင့်စားခေါက်ဆွဲခြောက်ထုတ်အမျိုးမျိုး၊ စားသုံးဆီအမှတ်တံဆိပ်မျိုးစုံ၊ မြေပဲဆီဘူး အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးရာ ကုန်အညွှန်း အမှတ်အသားများပါရှိသည်ကို  စိစစ်တွေ့ရှိခဲ့ပြီး ဆက်လက်၍ တာဝန်ရှိသူမျာက စားအုန်းဆီ‌နှင့် ပတ်သက်ပြီး ဈေးကစားရန်အလို့ငှာ စားဆီများသို လှောင်ထားခြင်းရှိ / မရှိတို့ကို စစ်ဆေးခြင်း၊ စည်းကမ်းလိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

တာမွေဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်အညွန်းအမှတ်အသားများဆေးခြင်း

     စားသုံးသူ‌ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၇.၆.၂၀၂၄) ရက်နေ့၊နေ့လယ် (၁၂:၀၀) နာရီတွင်  တာမွေမြို့နယ်၊ တာမွေဈေးအတွင်းရှိ ကုန်စုံဆိုင်များကို ကွင်းဆင်းစစ်ဆးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့စစ်ဆေးရာတွင်  အချိုရည်အမျိုးမျိုး၊ အသင့်စားခေါက်ဆွဲခြောက်ထုတ်အမျိုးမျိုး၊ စားသုံးဆီအမှတ်တံဆိပ်မျိုးစုံ၊ မြေပဲဆီဘူးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားများပါရှိသည်ကို  စိစစ်တွေ့ရှိခဲ့ပြီး ဆက်လက်၍ တာဝန်ရှိသူမျာက စားအုန်းဆီ‌နှင့်ပတ်သက်ပြီး ဈေးကစားရန်အလို့ငှာ စားဆီများသို လှောင်ထားခြင်းရှိ / မရှိတို့ကိုစစ်ဆေးခြင်း၊ စည်းကမ်းလိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်ဈေးအတွင်းရှိ စားအုန်းဆီနှင့် အခြားစားသောက်ကုန်များ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူ‌ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဒေါ်အေးအေးမော် (ဒုကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့်ပူးပေါင်းကာ (၆.၆.၂၀၂၄)ရက်နေ့၊နံနက် (၁၀:၀၀)နာရီအချိန်တွင်  ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ စားသုံးဆီရောင်းချသော ကုန်စုံဆိုင်များတွင် စားအုန်းဆီရောင်းချမှု အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့မေးမြန်းရာတွင်  ရည်ညွှန်းဈေး (၅၃၄၅) ကျပ်အပေါ် ၂ ရာခိုင်နှုန်းအမြတ်တင်၍  လက်ကားဈေး (၅၅၅၀) ကျပ်ဖြင့် ပြည်သူများထံ အပြည့်အဝရောင်းချပေးသည်ကို စိစစ်တွေ့ ရှိခဲ့ပြီး ဆက်လက်၍ တာဝန်ရှိသူမျာက ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်းရှိ / မရှိတို့ကိုစစ်ဆေးခြင်း၊ စည်းကမ်းလိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်းရောင်းချနေသော အခြားစားသုံးဆီအမျိုးမျိုးနှင့် စားသောက်ကုန်တို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ခင်မြတ်မော်၊ ကျန်းမာရေးမှူး-၂၊ အင်းစိန်ဈေးတာဝန်ခံ ဦးလှသူ နှင့် ပူးပေါင်း၍ ၇.၆.၂၀၂၄ ရက်နေ့ ၊နံနက် (၁၀:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အင်းစိန် ဈေးရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမှတ်တံဆိပ်အားလုံးတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့်ပြစ်မှု ပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

 

 

ပဲခူးမြို့နယ်အတွင်းရှိ ဆန်ကုန်သည်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် အစည်းအဝေးပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ၅-၆-၂၀၂၄ ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန် လက်လီ/ လက်ကား အရောင်းဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

        အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဆန်စပါးဈေးနှုန်းအခြေအနေ၊ ဆန်နှင့်ဆန်ထွက်စ္စည်းများ၏ ဈေးနှုန်းအရောင်းအဝယ်ဖြစ်မှုအခြေအနေ၊ ဆန်စပါးကြိတ်ခွဲမှုအခြေအနေများ၊ လတ်တလော အရောင်းအဝယ်ဖြစ်နေ‌သော ဆန်နှင့်ဆန်ထွက်စ္စည်းများ၏ဈေးနှုန်းများ၊ ရန်ကုန်နှင့် မန္တလေးမြို့များသို့ သယ်ယူပို့ဆောင်ခများ၊ ဆန်ဆိုင်ပွဲရုံနှင့် ဆန်စက်များ၏ဆန်နှင့် စပါးလက်ကျန်အခြေအနေများကို ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များက ပွင့်လင်းစွာဆွေးနွေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးဦးစီးမှူးသည် လုပ်ငန်းရှင်မျာ၏ ကြုံတွေ့ရသောအခက်အခဲများ၊ မိမိတို့ဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ပြီး အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင်စုစုပေါင်း(၃၁)ဦးတက်ရောက်ကာ ဆွေးနွေးပွဲအား (၁၄:၃၀) တွင် ပိတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနတွင် အလုပ်သမားရေးရာ ဥပဒေများ ရှင်းလင်းဆွေးနွေး

        ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန်လ (၆) ရက်နေ့ နံနက်ပိုင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးနိုင်မှ အလုပ်သမား ရေးရာ ဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေး မှူး ဦးဇော်ဝင်းမှ လူမှုဖူလုံရေးအကျိုးခံစားခွင့်များနှင့်ပတ်သက်သော ဥပဒေများ ရှင်းလင်းခဲ့ပြီး အလုပ်ရုံအလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝေဝေဦးမှ စက်ရုံ အလုပ်ရုံအလုပ်ဌာနများတွင် စည်းကြပ်လျက်ရှိသော ဥပဒေများ ရှင်းလင်းခဲ့ပါသည်၊၊

       ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်းရှိ အလုပ်သမားများ အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိစေရန်နှင့် လူမှုဖူလုံရေးအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး သိသင့်သိထိုက်သော ဥပဒေများ သိရှိစေရန် လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်းနှင့် အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လွင်လွင်ဖြိုးမှ ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဆိုပါဆွေးနွေးပွဲသို့ မြို့ပေါ်ရှိ အလုပ်ရှင် အလုပ်သမား ၅၁ ဦးခန့် လာရောက်ခဲ့ပြီး ရှင်းလင်းဆွေးနွေးပွဲတွင် တက်ရောက် လာသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ နယ်ရှိ စားသုံးဆီဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း၊မြို့နယ်တာဝန်ခံဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းများသည် ဘိုကလေးမြို့ နယ်ရှိ စားသုံးဆီဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်(၂၈)ဦးတို့ အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ( ၅ ) ရက်နေ့ ၊  နံနက် (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း‌ ဆောင်ရွက်ခဲ့ပါသည်။

       ခရိုင်ဦးစီးမှူးနှင့်  မြို့နယ်တာဝန်ခံတို့မှ ဆီအမျိုးမျိုးတွင် ချိတ်ပိတ်ဆီဘူးများအား မြန်မာ ဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပါဝင်မှု ရှိ/မရှိ ၊ ပုဇွန်တံဆိပ်ချိတ်ပိတ် ဆီဘူးများအကြောင်း၊ ဆီအတုအပ ရောနှောဆီများတွင် (ပဲဆီ၊နှမ်းဆီ၊နေကြာဆီ) များမရှိကြောင်း၊ ရောနှောဆီမဖြစ်ရန် လိုအပ်ကြောင်း၊ သတ်မှတ် ရည်ညွန်းဈေးနှုန်းအတိုင်း ဆိုင်းဘုတ်တင်ရောင်းချရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်စည် များနှင့် ပက်သက်၍လည်း ဝယ်ယူ ရောင်းချခြင်းများမပြုရန် တိုက်တွန်းဆွေးနွေး အသိပညာပေးမှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် စားအုန်းဆီဖြန့်ဖြူးရောင်းချမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

      ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် စားအုန်းဆီဖြန့်ဖြူးရောင်းချမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ၅-၆-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ပြည်ပမှ စားအုန်းဆီ တင်သွင်းသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စုစုပေါင်း(၁၀၇)ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ရန်ကုန်တိုင်းဒေသကြီး အတွင်း စားသုံးဆီရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အတွင်းရေးမှူး ဦးညီညီမင်းက စားသုံးဆီရောင်းချရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးမောင်မောင်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးကြည်၊ ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး ညွှန်ကြားရေးမှူး ဦးထိန်လင်းကျော်၊ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်နှင့် မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သက်ခိုင်တို့က ဆက်လက်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အထွေထွေဆွေးနွေးခြင်းအစီအစဉ် ပြုလုပ်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးပြီးမြောက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

လှည်းကူးမြို့နယ်ရှိ စားအုန်းဆီလက်ကားဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဒေါ်မြင့်မြင့်စန်း၊ ဒုတိယဦးစီးမှူးသည် ၆.၆.၂၀၂၄ ရက်နေ့တွင် လှည်းကူးမြို့နယ် စားအုန်းဆီလက်ကားကိုယ်စားလှယ်  ဦးပြည့်ဖြိုးနိုင်နှင့် ဦးခန့်ဇင်ထွန်းဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျွန်းကလေးကျေးရွာရှိ ဦးပြည့်ဖြိုးနိုင်ဆိုင်နှင့် ကျွန်းကလေး ကျေးရွာရှိ ဦးခန့်ဇင်ထွန်းဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ရာ စားအုန်းဆီများကို စားသုံးသူပြည်သူများထံသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းဈေးအပေါ်အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်  အမြတ် (၂)ရာခိုင်နှုန်း တွက်ချက်၍  ဖြန့်ဖြူးရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

 

မှော်ဘီမြို့နယ်ရှိ စားအုန်းဆီလက်ကားဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ (၂)ဦး တို့သည် ၆.၆.၂၀၂၄ ရက်နေ့တွင် မှော်ဘီမြို့နယ် စားအုန်းဆီလက်ကားကိုယ်စားလှယ်  ဦးသိန်းသန်းစိုးနှင့် ဦးတင်မင်းဦးဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၁၉၇)၊ ကွမ်းခြံပိုင်ဈေးလမ်း၊ တပ်ကြီးကုန်းရှိ ဦးသိန်းသန်းစိုးဆိုင်နှင့် ရွှေမြယာကျေးရွာ၊ ရောင်နီဈေးရှိ ဦးတင်မင်းဦးဆိုင်သို့ သွားရောက် စစ်ဆေးခဲ့ရာ စားအုန်းဆီများကို စားသုံးသူပြည်သူများထံသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်  အမြတ် (၂)ရာခိုင်နှုန်း တွက်ချက်၍  ဖြန့်ဖြူးရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ