သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တိုက်ကြီးမြို့နယ်ရှိ စားအုန်းဆီလက်ကားဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်ပါ (၂)ဦးတို့သည် ၆.၆.၂၀၂၄ ရက်နေ့တွင် တိုက်ကြီးမြို့နယ် စားအုန်းဆီလက်ကားကိုယ်စားလှယ်  ဒေါ်ကြူကြူနှင့် ဒေါ်တင်တင်နွဲ့ဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၉၇)၊ အောင်သုခလမ်း၊ ဈေးရပ်ကွက်ရှိ ဒေါ်ကြူကြူဆိုင်နှင့် မုန်သုန်(၂)လမ်း၊ ဈေးရပ်ကွက်ရှိ ဒေါ်တင်တင်နွဲ့ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ရာ စားအုန်းဆီများကို စားသုံးသူပြည်သူများထံသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူ ပို့ဆောင်ခပါ ကုန်ကျစရိတ် အမြတ် (၂)ရာခိုင်နှုန်း တွက်ချက်၍  ဖြန့်ဖြူးရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်း ခံရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

 

ရွှေပြည်သာမြို့နယ်ရှိ စားအုန်းဆီလက်ကားဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ (၅)ဦးတို့သည် ၆.၆.၂၀၂၄ ရက်နေ့တွင် ရွှေပြည်သာမြို့နယ် စားအုန်းဆီလက်ကားကိုယ်စားလှယ်  ဦးသန့်ဇင်မိုးနှင့် ဦးအောင်ဝင်းဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၄၀/အေ)၊ ဗိုလ်ချုပ်လမ်း၊ (၅/၃)ရပ်ကွက်ရှိ ဦးသန့်ဇင်မိုးဆိုင်နှင့် အမှတ်(၁၀၅၂)၊ ဘုရင့်နောင်လမ်း၊ (၅/၆)ရပ်ကွက်ရှိ ဦးအောင်ကျော်ထွဋ်ဆိုင် သို့ သွားရောက်စစ်ဆေးခဲ့ရာ စားအုန်းဆီများကို စားသုံးသူပြည်သူများထံသို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်  အမြတ် (၂)ရာခိုင်နှုန်းတွက်ချက်၍  ဖြန့်ဖြူးရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

 

လှိုင်သာယာမြို့နယ်ရှိ စားအုန်းဆီလက်ကားဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ (၅)ဦးတို့သည် ၆.၆.၂၀၂၄ ရက်နေ့တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စားအုန်းဆီလက်ကားကိုယ်စားလှယ်  ဦးထွန်းဇော်သောင်းဆိုင်နှင့်  လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စားအုန်းဆီလက်ကား ကိုယ်စားလှယ်  ဦးအောင်အောင်ဆိုင်သို့ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၁၁၈၁/၁၁၈၂)၊ မြရိပ်ညို(၇)လမ်း၊ (၅)ရပ်ကွက်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဦးထွန်းဇော်သောင်းဆိုင်နှင့် အမှတ်(၆၅၁/ခ)၊ ဗိုလ်အောင်ကျော်လမ်း၊ (၁၄)ရပ်ကွက်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ဦးအောင်အောင်ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ရာ စားအုန်းဆီများကို စားသုံးသူပြည်သူများထံသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက် ရှိသော စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျ စရိတ်  အမြတ်(၂)ရာခိုင်နှုန်းတွက်ချက်၍  ဖြန့်ဖြူးရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီး ကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးပြော ကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

 

အင်းစိန်မြို့နယ်ရှိ စားအုန်းဆီလက်ကားဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ (၅)ဦးတို့သည် ၆.၆.၂၀၂၄ ရက်နေ့တွင် အင်းစိန်မြို့နယ် စားအုန်းဆီလက်ကားကိုယ်စားလှယ်(၂)ဦးဖြစ်သော ဦးမင်းသန့်နောင်နှင့် ဦးအောင်ကျော်ထွဋ်ဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၉၄)၊ ကာယသုခ(၃)လမ်း၊ ပေါက်တောဝရှိ ဦးမင်းသန့်နောင်ဆိုင်နှင့် အမှတ်(၄၅၅)၊ လှိုင်မြစ်လမ်း၊ ကမ်းနားအလယ်ရပ်ကွက် ဦးအောင်ကျော်ထွဋ်ဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ရာရရှိခဲ့သည့် စားအုန်းဆီများကို စားသုံးသူပြည်သူများထံသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်  အမြတ် (၂)ရာခိုင်နှုန်း တွက်ချက်၍  ဖြန့်ဖြူးရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျွန်းလှမြို့ CHERRY MART ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့ နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ဇွန်လ(၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ CHERRY MART ကုန်စုံဆိုင်အား ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသည့် မုန့်မျိုးစုံ နှင့် အချိုရည်မျိုးစုံတို့အား ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိနှင့် သက်တမ်းလွန်ခြင်းရှိ / မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှုမရှိသော်လည်း ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိရောင်းချသည့် ကုန်စည်အပေါ် တာဝန်ရှိမှုကို နားလည်သိရှိစေရန် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ အသေးစိတ်စိစစ်ချက်များကို ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ အတည်ပြုချက် ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် ဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များနှင့် လိုက်နာရမည့် အချက်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ပေးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ပေါ်ရှိ “လင်းရောင်ဝင်း”စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဇွန်လ(၇)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်လှမြို့ သစ်ရာမြိုင်ရပ်ကွက်ရှိ “လင်းရောင်ဝင်း” စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်နှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွက် စက်သုံးဆီ ပြတ်လတ်မှုမရှိစေရေး ရာသီဥတုပူပြင်းသည့်အတွက် မီးလောင်ကျွမ်းမှု မဖြစ်ပေါ်စေရေးအတွက် အလေးထား ဂရုပြုဆောင်ရွက်ရန်၊ စက်သုံးဆီဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချနေမှုအခြေအနေ၊ စက်သုံးဆီ ပြတ်လတ်မှု ရှိ/မရှိ၊ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/ မရှိ၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိ  စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန် ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။  စက်သုံးဆီ လုပ်ငန်းရှင်အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများ တင်သွင်း ဖြန့်ဖြုးရောင်းချနေခြင်း စိစစ်တွေ့ရှိရပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီ ပြတ်လတ်မှု မရှိစေရေးအတွက် ပုံမှန် ဖွင့်လှစ် ရောင်းချနိုင်ရေး သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ  ဌာနမှ ထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျောက်ပန်းတောင်းမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

   မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့တွင် (၃၀.၅.၂၀၂၄)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်၌ မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိသော တရားမဝင်တင်သွင်းဖြန့်ချီလျက်ရှိသည့် ဆေးဝါးများရောင်းချခြင်းရှိ/မရှိ၊ အခြားတရားမဝင်ဆေးဝါးများရောင်ချခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဆေးဝါးသိုလှောင်ရုံများရှိ/မရှိ၊ ဆေးဝါးများထားသိုသိမ်း ဆည်းမှုမှန်ကန်မှုရှိ/မရှိတို့အား စစ်ဆေးခဲ့ကြပြီး၊ ဆရာဝန်ညွှန်ကြားချက်မပါသော အိမ်သုံးဆေးဝါး၊ သောက်ဆေးအမျိုးမျိုး၊ လိမ်းဆေးအမျိုးမျိုး၊အဟာရဖြည့်စွက်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် သုံးစွဲမှုအညွှန်း၊ ထားသိုသိမ်းဆည်မှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုးကျိုး စသည့်အချက်များကို မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များကို စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဉပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေး၊ မိမိရောင်းချလျက်ရှိသော ကုန်ပစ္စည်းများနှင့်ပတ်သက်၍အာမခံချက်၊ သတ်မှတ်ချက်များ၊ ပြည့်စုံမှန်ကန်သောသတင်းအချက်အလက်များကို အချိန်နှင့်တပြေညီထုတ်ပြန်စေရေး၊ ဆရာဝန်ညွှန်ကြားချက်မပါသော အိမ်သုံးဆေးဝါး၊ သောက်ဆေးအမျိုးမျိုး၊ လိမ်းဆေးအမျိုးမျိုး၊ အဟာရဖြည့်စွက်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် သုံးစွဲမှုအညွှန်း၊ ထားသိုသုံးစွဲပုံအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုးကျိုး စသည့်အချက်များကို မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များကိုသာ ရောင်းချရမည်ဖြစ်ကြောင်း၊ ဆေးဝါးများကို သတ်မှတ်အပူချိန်ဒီဂရီအတွင်းထားသိုသိမ်းဆည်ရန်နှင့် သက်ဆိုင်ရာဌာနများ၏ဥပဒေပါပြဌာန်ချက်၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်နှင့်အညီဖြန့်ဖြူးရောင်းချရရန် စသည်ဖြင့်အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

 

ညောင်ဦးမြို့နယ်၊ နောက်အုံကျေးရွာရှိ ပဲကြော်လုပ်ငန်းများအား ကွင်းဆင်း

      မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တို့ပူးပေါင်း၍ ခရိုင်အတွင်းရှိ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမတည်ငွေအဖြစ် ချေးငွေများရရှိနိုင်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် နိုင်ငံတော်မှသက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးသော လုပ်ငန်းသုံး စားအုန်းဆီများအား လုပ်ငန်းခွင်များတွင် အမှန်တကယ်သုံးစွဲမှုရှိစေရေးတို့အတွက်(၂၈.၅.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့နယ်၊ အနောက်အုံကျေးရွာရှိ ပဲကြော် လုပ်ငန်းခွင်များသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကွင်းဆင်းဆောင်ရွက်ရာ တွင် လုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံရှိ ဦးစီးအရာရှိ ဦးသန်းစိုးမှ လုပ်ငန်းရှင်များအနေဖြင့် စားသုံးကုန်များအားထုတ်လုပ်သူများဖြစ်သည့်အတွက် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန် ထုတ်လုပ်သည့်ကုန်ကြမ်းပစ္စည်းများမှစ၍ အရည်အသွေးကောင်းမွန်ပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်သောကုန်ကြမ်းများဖြင့် သန့်ရှင်းသပ်ရပ်စွာသုံး စွဲထုတ်လုပ်ကြရန်လိုအပ်ပါကြောင်း၊ ထုတ်လုပ်သည့်လုပ်ငန်းစဉ်တစ်လျှောက်တွင် အသုံးပြုရသည့် ပစ္စည်းကိရိယာများသန့်ရှင်းစင်ကြယ်ရန်နှင့် အစားအစာများထိတွေ့ကိုင်တွယ်မှု ပြုလုပ်သူလူပုဂ္ဂိုလ် များမှာလည်း သန့်ရှင်း၍ ကျန်းမာရေးကောင်းမွန်သူများလည်းဖြစ်ရန်လိုအပ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရမည့်အချက်များအား သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ပါကြောင်း၊ မိမိထုတ်လုပ်သောကုန်စည်နှင့်ပတ်သက်၍ စားသုံးသူမှ တစ်စုံတစ်ခု နစ်နာဆုံးရှုံးမှုများရှိလာ၍ အရေးဆိုတိုင်ကြားသည့်အခါဥပဒေနှင့်အညီ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနများမှလည်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ကူညီဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးကောင်းမွန်ပြည့်ဝသော ထုတ်ကုန်များထုတ်လုပ်၍ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များအထိ ထိုးဖောက်နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းနှင့် ၎င်းတို့လုပ်ငန်းနှင့်သက်ဆိုင်သည့် ဖော်ပြပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ၊ သိရှိလိုသည့် အချက်အလက်များအား ရှင်းလင်း၍ လုပ်ငန်းခွင်များအားစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ် တံငါ့ကန်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တံငါ့ကန်ကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းတွင် (၂၉.၅.၂၀၂၄)ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးရွာရှိလူငယ်များအား အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောဆွေးနွေးပွဲတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးမှ အားကစားနည်း(၄)မျိုး၏ အကျိုးကျေးဇူးများအကြောင်းအား အသိပညာပေးဟောပြောဆွေးနွေးပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းမှ စားသုံးသူ ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူများ၏အခွင့်အရေးများ၊ စားသုံးသူများ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်မျာနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ (၄၁)ပါ အချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC)ရုံးများတွင် တိုင်ကြားနိုင်သလို၊ Online မှလည်းတိုင်ကြားနိုင်ခြင်း၊ Consumer Call Center နံပါတ်(1535)သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့ စားသုံးသူရေးရာဦးစီးဌာန၏ Website မှလည်း တိုင်ကြားနိုင်ပါကြောင်းနှင့်ဦးစီးဌာနအကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ကုန်သွယ်မှုသတင်းများ၊ ကွင်းဆင်းဆောင်ရွက်မှုသတင်းများနှင့် ဥပဒေအကြောင်းအရာများကိုလည်း ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုလတ်မှ လူငယ်ရေးရာအားကစားပညာအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာဝန်ထမ်း(၁၀)ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ၊ ကျေးရွာရှိလူငယ်များ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။

DOCA(မန္တလေး)

ကံမမြို့နယ်တွင် စက်သုံးဆီဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူးဦးကျော်ရွှေနှင့် ကံမမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူးဒေါ်နွဲ့ယဉ်ဝင်းသည်(၆-၆-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ကံမမြို့နယ် ကျွန်းကလေးအုပ်စု၊ ကျွန်းကလေးကျေးရွာ၊ ဦးဝင်းထက်ဇော် (ထိပ်တန်း) စက်သုံးဆီဆိုင်သို့ စက်သုံးဆီများဖြန့်ဖြူးရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်၌ သတ်မှတ်ထားသည့်ရည်ညွှန်းဈေးနှုန်းထက် ပိုမိုမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံဒေါ်နွဲ့ယဉ်ဝင်းမှ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ သုံးစွဲသူပြည်သူအများ စက်သုံးဆီဝယ်ယူမှုအဆင်ပြေစေရေး၊ စက်သုံးဆီများဖြန့်ဖြူးရောင်းချရာ၌ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှအခြေခံသတ်မှတ် ရည်ညွှန်းဈေး ထက်ပိုမိုဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုစေရေး၊ အချိန်အတွယ်မှန်ကန်စေရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ နေ့စဉ်ရောင်းချဖြန့်ဖြူးနေသည့် စက်သုံးဆီဈေးနှုန်းများအား အများပြည်သူများသိရှိစေရန် (LED Board)ဖြင့် ပွင့်လင်းမြင်သာအောင် စီစဉ်ပြသထားရှိစေရေးနှင့်ယခုအချိန်တွင် စက်သုံးဆီဈေးနှုန်းများမြှင့်တက်နေခြင်း၊ စက်သုံးဆီပြတ်လပ်မှုများရှိနေသည့်အတွက် သုံးစွဲသူအများပြည်သူများ လွယ်လင့်တကူဝယ်ယူသုံးစွဲနိုင်ရေးအတွက် စက်သုံးဆီဈေးနှုန်းများအား သတ်မှတ်ရည်ညွှန်းဈေးထက် အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်ရန်နှင့် ယခုကဲ့သို့ ကွင်းဆင်းစစ်ဆေးမှုများကိုလည်း ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်သဖြင့် သတိပြုရောင်းချသွားရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ