သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကယားပြည်နယ် ပြောင်းအသင်းဖွဲ့စည်းပြီးစီးမှု အခြေအနေ

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးတွင် ၂၀၂၂ ခုနှစ် ဩဂုတ်လ(၉) ရက် နေ့ ၊ နံနက်(၁၀:၃၀ )အချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကယားပြည်နယ် ပြောင်းအသင်းဖွဲ့စည်းပြီးစီးမှု အခြေအနေနှင့် စပ်လျဉ်း၍ ပြောင်းလုပ်ငန်းရှင် အသင်းဝင်(၄)ဦး လာရောက် တင်ပြဆွေးနွေးခဲ့ပါသည်။

        အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်ပြောင်းအသင်းမှ တာဝန်ရှိသူများက အသင်းအား ၂၀၂၂ ခု နှစ်၊ဇူလိုင်လ(၁၈)ရက်နေ့က( Viber Group–Poll)စနစ်ဖြင့် မြန်မာနိုင်ငံပြောင်းလုပ်ငန်း အသင်းကြီး မှ ကြီးမှူး၍ ဥက္ကဌ(၁)ဦး၊ ဒုတိယဥက္ကဌ(၂)ဦး ၊ အထွေထွေအတွင်းရေးမှူး(၁)ဦး၊ တွဲဖက်အတွင်းရေး မှူး(၂)ဦး ဘဏ္ဍာရေးမှူး(၁)ဦး၊ တွဲဖက် ဘဏ္ဍာရေးမှူး(၂)ဦး၊စာရင်းစစ်(၁)ဦး၊တွဲ ဖက်စာရင်းစစ် (၁) ဦးစုစုပေါင်း(၁၁)ဦးနှင့် ဗဟိုအလုပ်အမှုဆောင်(၅)၊ အလုပ်အမှုဆောင် (၈)ဦးတို့ဖြင့် အသင်းအားဖွဲ့ စည်းပြီးဖြစ်ပါကြောင်း၊ ကယားပြည်နယ်အတွင်းရှိ ပြောင်းစိုက်တောင်သူများ၊ ပြောင်းကုန်သည် ပွဲစားများပါဝင်တက်ရောက်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးမှလည်း အသင်း ရေရှည်တည်တံ့စေရေး၊ ပြောင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးနိုင်ပါရန် အသီးသီးတင်ပြကြပြီး၊ မိမိအနေဖြင့်လည်း အသင်းအဖွဲ့များဖြင့် ပုံမှန် အမြဲတွေ့ဆုံဆွေးနွေးခြင်ပါကြောင်း ၊ ယခင်ဖွဲ့စည်းပြီးသားအဖွဲ့များ သက်ဝင်လှုပ်ရှားမှုရှိစေရေး၊ အသစ်ထပ်မံဖွဲ့စည်းလိုသည့် အသင်းများရှိပါက ဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ ပြောင်းအသင်းအဖွဲ့ဝင်များ အားလုံးဖြင့်လည်း ထပ်မံတွေ့ဆုံလိုပါကြောင်း ပြန်လည် ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါတယ်။

DOCA(ကယား)

 

           

အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းခရိုင် ခရိုင်ဦးစီးမှူးဒေါ်သန်းသန်းတင် ဦးဆောင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍   အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌  ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၉၅)ဉီးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့်လူကုန်ကူးမှုနှင့်ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၉ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။

       ဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက ဌာနအကြောင်း မိတ်ဆက်ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်မေဇင်မိုး(ဦးစီးအရာရှိ)က လူကုန်ကူးမှုနှင့်ပတ်သက်၍ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးကာ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းသိကောင်းစရာများအသိပညာပေး ဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၉ ဖြင့်ပြဌာန်းခဲ့ပြီး အခန်း ၂၅ ခန်း၊ ပုဒ်မ ၈၄ခု ပါဝင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁)ပါ အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်များ၊ အခန်း(၂) ပါ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များ၊ အခန်း(၂၀)ပါ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ အခန်း(၂၃)ပါတားမြစ်ချက်နှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်းသိကောင်းစရာများကို အကျယ်တဝင့် Power Point ဆလိုက်များဖြင့် ရှင်းလင်းဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများအောင်မြင်ရန် တစ်ဦးတစ်ယောက်တည်း/ ဌာနတစ်ခုတည်း ဆောင်ရွက်၍မရပါကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအားလုံး ပူးပေါင်းဆောင်ရွက်မှသာအောင်မြင်မည်ဖြစ်ကြောင်း၊ သို့ပါ၍ လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မမရွေး စားသုံးသူပြည်သူများအားလုံး စားသုံးသူကာကွယ်ရေးဥပဒေဆိုသည့် ထီးရိပ်အောက်မှာ ခိုလှုံကြပါလို့ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျိုင်းတုံမြို့ရှိ ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၂ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း )၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် ကျိုင်းတုံမြို့မဈေးအတွင်းရှိ ဆေးဝါးအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ၎င်းအဖွဲ့ဝင်များအနေဖြင့် ဆေးဝါးပစ္စည်းများပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/မရှိ၊ ဆေးဝါးအရောင်းဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ဆေးဝါးပစ္စည်းများနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ပိတ်ပင်ထားသော ဆေးပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချ ခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံ တင်အမှတ်၊ Import Resgistration NO.(IR) များ ဖော်ပြထားသောဆေးပစ္စည်းများကိုသာ ဈေးကွက်အတွင်း ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ ‘‘စီးပွားရေးလုပ်ငန်းရှင်၏တာဝန် များ”အား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

DOCA(ရှမ်း)

 

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show  ပြုလုပ်ခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၁၁.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့်နှင့်ပူးပေါင်း စားသုံးသူပြည်သူများအား မြောင်းမြခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအားအခြပြုဗဟိုဌာန Communit  Centre ခန်းမတွင် စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူးမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ ရှင်းလင်းပြောကြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအရ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ အခန်း(၁၈)ပါများ ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် စက်သုံးဆီနှင့် စားသုံးဆီများအား အခြေခံရည်ညွှန်း ဈေးဖြင့် ရောင်းချပေးနေမှုများအား ကြီးကြပ်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း၊ စက်သုံးဆီနှင့် စားသုံးဆီလိုအပ်ချက်များ သိရှိစေရန်အတွက်ကွင်းဆင်း၍ စာရင်းကောက်ယူမှုများ၊ စားသုံးသူများအနေဖြင့် နစ်နာမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC)ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ww.doca.gov, mm Website , doca. Myanmar application တို့တွင်လည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် အောင်သာယာဈေး ကုန်မျိုးစုံဆိုင်များအား  ကွင်းဆင်းစစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် (၉.၈.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့နယ် အောင်သာယာဈေးအတွင်းရှိ ကုန်မျိုးစုံ ဆိုင်များတွင် ပုဇွန်နှစ်ကောင် တံဆိပ်စားသုံးဆီများဈေးကွက်အတွင်း ရောင်းချနေခြင်းရှိ/မရှိကွင်း ဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးမှ အောင်သပြေဈေးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့တင်သွင်းလာသည့် စားသုံးဆီများသတ်မှတ်အရည်အသွေးပြည့်မီပြီး၊ ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများသုံးစွဲနိုင်ရေးအတွက် ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်ပေါ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက် လျှက်ရှိရာ နယ်စပ်လမ်းကြောင်းမှ တရားမဝင် ဝင်ရောက်နေသော ပုဇွန်နှစ်ကောင် တံဆိပ်စားသုံး ဆီ အပါအဝင် စားသုံးဆီပုံးများ ဈေးအတွင်းရောင်းချနေမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ တရားဝင်တင်သွင်း ဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီများကို ကော်မတီမှ အပတ်စဉ်ထုတ်ပြန်ကြေငြာလျှက်ရှိသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် ဒေသအလိုက်သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ရောင်းချကြရန် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ကြရန် လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား အသိပေးပြောကြား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်နိုင်မှုအခြေအနေ

        ၁။      စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူး)သည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးကို အထောက်အကူပြုလျက် ပြည်ပပို့ကုန်လုပ်ငန်းရှင်များအတွက် လယ်ယာထွက်ကုန်သီးနှံများနှင့် ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများအား ဓာတ်ခွဲစမ်းသပ်၍ အရည်အသွေးထောက်ခံချက်ပေးသော ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း ဓာတ်ခွဲခန်းများအလိုက် ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်နိုင်မှုအခြေအနေမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

စဉ်

ဓာတ်ခွဲခန်း

အမည်

စမ်းသပ်မှု
ပေါင်း

စမ်းသပ်ခ

ရငွေ(ကျပ်)

မှတ်ချက်

(က)

ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်း

၃၀

၁,၂၀၀,၀၀၀

 

(ခ)

ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်း

၁၈၆

၁,၅၇၆,၂၅၀

 

(ဂ)

မှိုဆိပ်ဓာတ်ခွဲခန်း

၁၇၅,၀၀၀

 

(ဃ)

သီးနှံဓာတုဓာတ်ခွဲခန်း

၂၈

၂၄၀,၉၀၀

 

(င)

သီးနှံရူပဓာတ်ခွဲခန်း

၃,၀၀၀

 

စုစုပေါင်း

၂၅၁

,၁၉၅,၁၅၀

 

        ၂။       ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဇူလိုင်လအတွင်း ကုန်ပစ္စည်းနမူနာအရေအတွက် (၇၆)ခု လက်ခံ ရရှိပြီး ဓာတ်ခွဲစမ်းသပ်မှုစုစုပေါင်း(၂၅၁)ခု ဆောင်ရွက်နိုင်ခဲ့ရာ ဓာတ်ခွဲစမ်းသပ်ခ ဝင်ငွေကျပ် ၃,၁၉၅,၁၅၀ိ/- (သုံးဆယ့်တစ် သိန်းကိုးသောင်းငါးထောင့်တစ်ရာ့ငါးဆယ်ကျပ်တိတိ) ရရှိခဲ့ပါကြောင်း တင်ပြလိုက်ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အေ-၉လမ်း (အမက)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်တာဝန်ခံ    ဦးမင်းဇော်လတ်သည် (၉.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အေ-၉လမ်း(အမက)ကျောင်းတွင် ကျောင်းသား/သူ ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်၏ တာဝန်များကို ဦးစွာရှင်းလင်းပြောကြားပြီး ကျောင်းသား/ကျောင်းသူများ သိရှိနားလည်စေရန်ရည်ရွယ်၍ စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ဆိုးဆေးနှင့်ပတ်သက်၍ ကျောင်းသား/ ကျောင်းသူများ ရှောင်ကျဉ်၍ ဝယ်ယူစားသုံးနိုင်စေရေးအတွက် ဆိုးဆေးပါဝင်မှုများသော အစားအသောက်များ၏ ဘေးထွက်ဆိုးကျိုးများအကြောင်း အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့ နောက် စားသုံးသူကာကွယ်ရေး ၂၀၁၉ ပါ ပြဌာန်းချက်မှ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ထုတ်လုပ်သည့်ရက်စွဲနှင့် သက် တမ်းကုန်ဆုံးသည့်ရက်စွဲများ၊ ထုတ်လုပ်မှုအမှတ်စဉ် စသည်တို့ကို ကျောင်းသား/ကျောင်းသူများသိရှိ နားလည်စေရန် ဟောပြောဆွေးနွေးပြီး ကျောင်းမုန့်ဈေးတန်းသို့အဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ပါသည်။ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရိပါသည်။

DOCA(ဧရာဝတီ)

ပန်းတောင်းမြို့နယ်ရှိ စာသင်ကျောင်းသို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ပန်းတောင်းမြို့နယ် သာစည်ရပ်ကွက်ရှိ အ.မ.က(လွန်) ကျောင်းသို့ (၁၁.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

       ထိုစားသုံးသူအသိပညာပေးဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦစီးဌာနမှ ပူးပေါင်းပြီး ဆရာ/ဆရာမအပါအဝင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အသိပညာပေး ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်သန်းသန်းအေးမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ ၂၀၁၉၊ ဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကုန်အညွှန်းအမှတ်အသားများအကြောင်းအား ပြည့်စုံစွာရှင်းလင်းဟောပြောဆွေးနွးခဲ့ပါသည်။ ထိုနောက် ကျောင်းသား/ကျောင်းသူများ အားသိရှိလိုသည့် အချက်အလက်များအား ရှင်းလင်းပေးခဲ့ပြီး စားသုံးသူအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆန်စပါးဈေးကွက် တည်ငြိမ်တည်ငြိမ်ရေးအတွက် ညောင်တုန်းမြို့နယ် ပန်တိုင် စုပေါင်းဂိတ်တွင် ဆန်စီးဝင်/ စီးထွက်မှု စာရင်းများ ကွင်းဆင်းကောင်းယူ စိစစ်

           စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၉.၈.၂၀၂၂) နေ့တွင် ညောင်တုန်းမြို့နယ် ပန်တိုင် စုပေါင်းဂိတ်တွင် ဆန်စီးဝင်/ စီးထွက်မှု အခြေအနေများ၊ ဆန်စပါးဈေးကွက် တည်ငြိမ်ရေးအတွက် ကွင်းဆင်းစိစစ်မှုများ ပြုလုပ်ခဲ့ကြပါသည်။

          ပြည်တွင်း ဆန်စပါး ဈေးကွက်တည်ငြိမ်ရေးအတွက် GOOD Brother စိမ်းလဲ့မြေ ဆွေသဟာ ဆန်စက်ကြီး များတည်ရှိရာ တန်းမြင့်ဆန်၊ Exportဆန်၊ ပြည်တွင်းစားဆန်များ ထုတ်လုပ်ကြိတ်ခွဲ လျှက်ရှိပြီး ဆန်စပါး၊ ဈေးကွက် တိုးချဲ့နေသော ဒေသဖြစ်သဖြင့် ညောင်တုန်းမြို့နယ်မှ ရန်ကုန် ဘုရင့်နောင် ဈေးကွက်နှင့်အခြားဒေသများသို့ ဆန်စီးထွက်မှု၊ ညောင်တုန်းမြို့နယ်တွင်းသို့ ပြန်လည်စီးဝင်လာမှုများကို ပန်တိုင်စုပေါင်းဂိတ်တွင် ကွင်းဆင်းစာရင်းကောက်ယူစိစစ်ခဲ့ပါသည်။

          ဆန်စာရင်း စီးထွင်မှု၊ စီးဝင်မှုများအေပါ် လေ့လာတွေ့ရှိချက်အရ ညောင်တုန်းနှင့် နီးစပ်ရာ မြို့နယ်များမှ ထွက်ရှိသော စပါးများအား ညောင်တုန်းမြို့ရှိ စက်ကြီးများ၏ အဆင့်မြင့် ထုတ်လုပ်ရောင်းချနိုင်မှု၊ ရန်ကုန်ဘုရင့်နောင်နှင့် ဈေးကွက်သာမက ပြည်ပသို့ တင်ပို့နိုင်မှု အခြေအနေကောင်းရှိပြီး ညောင်တုန်းမြို့နယ်တွင် ဆန်စပါး ဈေးကွက် တည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ် ဆန်စက်လုပ်ငန်းရှင် ဆန်ကုန်သည်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

            ဖျာပုံမြို့နယ် ဆန်စက်လုပ်ငန်းရှင် ဆန်ကုန်သည်များအား စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ဩဂုတ်လ(၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

             အခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံး သူပြည်သူများ စားသုံးသူကာကွယ်ရေးအသိပညာပေး ဆောင်ရွက်နေရပြီး ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက်လည်း ဆောင်ရွက်နေရပါကြောင်း၊ လယ်ယာထွက်ကုန် ပစ္စည်းများမှ တန်ဖိုးမြှင့်ထုတ်ကုန် Value Added အဆင့်သတ်မှတ်၍ ထုတ်လုပ်နိုင်ရေးနှင့်ထုတ်လုပ်နေမှုရှိပါက FDA ၏ ခွင့်ပြုချက်နှင့် ပြည်ပပို့ကုန်ထုတ်လုပ်ရန် သတ်မှတ်ထားလျှင် ခွင့်ပြုနိုင်ရေးကိုလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူအခွင့်အရေးနှင့် တာဝန်များရှိသလို စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များလည်းရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွား ရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း စသည်ဖြင့် အကျယ်တဝင့် ဟောပြောဆွေးနွေးပါသည်။

            ဆက်လက်၍ မြို့နယ်တာဝန်ခံဦးမင်းဇော်က စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ(၄၁)(၄၃)နှင့်စပ်လျဉ်း၍ ညွှန်ကြားချက်(၁/၂၀၂၁)အရ Vegetable  Oil, Cooking Oil ဟင်းသီး ဟင်းရွက်ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် ဖော်ပြရန်ကို လည်းကောင်း၊ ဦးစားပေးကုန်စည်(၅)မျိုးဖြစ်သည့် ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုး၊(၁၀) ဂရမ် အထက် အလှကုန်ပစ္စည်းအမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုးနှင့်အေးခဲ အစား အစာအမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည့်စုံကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်းဟောပြောဆွေးနွေးပါသည်။ ထို့နောက်တက်ရောက်လာသူများမှ မေးမြန်းမှုအပေါ်တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် Call   Center   1535 နှင့် နေပြည်တော်ဖုန်းနံပါတ်၊  ပုသိမ်ဖုန်းနံပါတ်၊  ဖျာပုံခရိုင်  ဖုန်းနံပါတ်များပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

             အဆိုပါအခမ်းအနားသို့ စီးပွားရေးလုပ်ငန်းရှင်(၂၀)ဦး တက်ရောက်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ
a