သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီလက်လီ/လက္ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက် နံနက်(၀၉:၃၀)နာရီတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့ပေါ်ရှိ စားသုံးသူပြည်သူများကို စားအုန်းဆီလက်လီရောင်းချပေး နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်တာဝန်ခံမှ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမှန်ကန်မှုရှိ/မရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ် ကခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ တစ်ဦးလျှင်(၅၀)ကျပ်သားနှုန်း ရောင်းချပေးလျက်ရှိကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဇလွန်မြို့နယ် အွန်လိုင်းရောင်းဝယ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၈.၄.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) အချိန်တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူ ခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များနှင့် စပ်လျဉ်း၍ Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက မှတ်ပုံတင်ထားသည့် အွန်လိုင်း ရောင်း ချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် မရိုးဖြောင့်သော၊ တရားမဝင်သောအွန်လိုင်းဆိုင်များ၏ လိမ်လည်မှု မှ ရှောင်ရှားနိုင်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အာမခံချက်ကို ရောင်းချ သည့် လုပ်ငန်းရှင်ထံ ဆက်သွယ်တောင်းဆိုနိုင်ခြင်း၊ အွန်လိုင်းမှ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှု ကြုံတွေ့ပါက ရောင်းချသည့် လုပ်ငန်းကို ဖြေရှင်းပေးရန်ဆက်သွယ်နိုင်ခြင်း၊ သက်ဆိုင်ရာအစိုးရဌာန သို့ တိုင်ကြားရာတွင်လည်းရောင်းချ သည့်လုပ်ငန်းနှင့်စပ်လျဉ်း၍ ခိုင်လုံစွာ တိုင်ကြားနိုင်ခြင်း၊  သက် ဆိုင်ရာဌာနအနေဖြင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုအား ဖြေရှင်းရာတွင် လွယ်ကူစေခြင်းတို့ကို ရှင်းလင်း ခဲ့ပြီး၊ တိုင်ကြားမှုဖြေရှင်းသည့်နည်းလမ်းများအနေဖြင့်သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး ရုံးများက လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်၍ စေ့စပ်ညှိနှိုင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်း အရ အရေးယူခြင်း စသည့်တို့ကို အကျယ်တဝင့်  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

“ တွံတေးခရိုင်၊ဒလမြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ကမာကဆစ်ဈေးနှင့် အောင်ဇေယျဈေးအတွင်းရှိ ဆန်ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိအား  မေလ(၉)ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဒေသကော်မတီ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကမာကဆစ်ဈေးနှင့် အောင်ဇေယျဈေးအတွင်းရှိ ဆန်လက်လီ/လက်ကား ရောင်းချ လျှက်ရှိသော ဆန်ဆိုင်များတွင် ရောင်းချနေသော ဧည့်မထဆန်၊ ဧရာဝတီဆန်းဆန်၊ ကြားပျံ၊ ရွှေဘိုပေါ်ဆန်း ဆန်များ၏ ရောင်းဈေးနှုန်းများ ကောက်ခံခြင်း၊   သိုလှောင် ထားရှိသော ဆန်အိတ်အရေအတွက် လက်ကျန်စာရင်းများ ကောက်ခံခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးများ အတိုင်းရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိမရှိတို့အား စစ်ဆေးမှုများ ပြုလုပ်ရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့်ရောင်းလျက်ရှိကြောင်းတွေ့ရှိရပြီး ဆိုင်ပိုင်ရှင်များ အား ဆန်များရောင်းချရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လစဉ် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းများအား ထုတ်ပြန်ပေးလျှက်ရှိသော သတ်မှတ် ရည်ညွှန်းဈေးများအတိုင်း ရောင်းချကြရန်နှင့် ဈေးနှုန်းမြှင့်တင် ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

ကြံခင်းမြို့ ကိုးအင်းကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၇.၄.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကြံခင်းမြို့၊ ကိုးအင်းကျေး ရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ(၂၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟော ပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာ ကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ် ဝယ်ယူတတ်စေရန်၊ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များ ကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများ ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်း ပြန်ကြားရေး နှင့်တိုင်ကြား မှု  လက်ခံဆောင် ရွက်ရေး စင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေ ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက် ချက်များ  အကြောင်း သိရှိလို ပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင် ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)

 

အင်္ဂပူမြို့နယ် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၄.၄.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊မဲဇလီကုန်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်း၌ စားသောက် ဆိုင်နှင့် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘို က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့်အညီ လုပ်ကိုင်ခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်များနှင့်စပ်လျဉ်း၍ ရှင်းလင်းမှန်ကန်သော သတင်း အချက်အလက်များပေးခြင်း၊ စားသုံးသူများကို ခွဲခြားမှုမရှိဘဲမှန်ကန်စွာ ဆက်ဆံခြင်း၊ သတ်မှတ်ထားသော စံချိန်စံညွှန်း၊အရည်အသွေးများအပေါ် အခြေခံ၍ အာမခံချက်ပေးရမည်ဖြစ် ကြောင်း၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူ များမှလည်း သိလိုသည်များကို မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် အင်္ဂပိုကျေးရွာအုပ်စုရှိ တောင်သူများအား အသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၇.၄.၂၀၂၅)ရက်နေ့ ၊နံနက်  (၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟင်္သာတခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ် အင်္ဂပိုကျေးရွာအုပ်စုရှိ ဓမ္မာရုံတွင် တောင်သူ(၃၅)ဦး အား အသိပညာပေးဟောပြောခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ‌ဟောပြောပွဲတွင် ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်က လယ်ယာထွက်သီးနှံများနှင့် ပါတ်သတ်၍ ဈေးနှုန်းဈေးကွက်၊ ဝယ်လိုအား၊ ရောင်းလိုအားအခြေအနေများဆွေးနွေးခဲ့ပြီး၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့်ပါတ်သတ်၍ စားသုံးသူကာကွယ်ရေးဥပဒေစတင်ဖြစ်ပေါ်လာပုံ၊ စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ရရှိနိုင်သောအခွင့်အရေးများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစားအသောက်များနှင့်လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြထားခြင်းမရှိပါက သတိထား၍ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာရိုက်နှိပ်ဖော်ပြထားသော ပစ္စည်းများကိုသာရွေးချယ်ဝယ်ယူသုံးစွဲ သင့်ကြောင်း ၊ ထို့ နောက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း စားသုံးသူ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါကတိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊  စားသုံးသူသတင်း ပြန် ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့ လာ နိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်း ကောင်း အသေးစိတ်ပြောကြားခဲ့ပြီး နံနက်(၁၁:၃၀) နာရီအချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)

“ တစ်ပတ်အတွင်းစားအုန်းဆီထုတ်ပေးမှုအခြေအနေ (၅.၅.၂၀၂၅)ရက်နေ့ မှ (၁၀.၅.၂၀၂၅) ”

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်  သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်မှထုတ်လုပ်ပေးလျက်ရှိသော စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျှက်ရှိပါသည်။ ထိုသို့ ထုတ်ပေးလျက်ရှိသော စားအုန်းဆီများအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်ထားသော အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူး  ရောင်းချသူများအနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်သာ ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေးနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျှက်ရှိရာ (၅.၅.၂၀၂၅)ရက်နေ့ မှ (၁၀.၅.၂၀၂၅)ရက်နေ့အထိ ဆီကုမ္ပဏီ (၂၃)ခုနှင့် စားအုန်းဆီ တန်ချိန် (၃၈၄၄.၈၂၄)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိ

     စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦး (ဦးစီးမှူး)မှ ဦးဆောင်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များပါဝင်သော စားသုံးဆီနှင့် စက်သုံးဆီလုပ်ငန်းများ  စစ်ဆေးရေးအဖွဲ့သည် ကသာမြို့ပေါ်တွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်၍ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက် ရှိရာ ၂၀၂၅-ခုနှစ် မေလ(၇)ရက်နေ့တွင် ကသာမြို့ပေါ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စက်သုံးဆီ အရောင်း ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စစ်ဆေးရေးအဖွဲ့ဝင်များသည် စက်သုံးဆီအရောင်းဆိုင် များ၏ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အချင် အတွယ်မှန်ကန်မှု ရှိ/မရှိ၊ ဆီကား ရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံး ဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများ မရှိစေရေး ဆွေးနွေးမှာကြားခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ် ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက် အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၈.၅.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို၊ ဘုန်းစိုးရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီးဆိုင်ပိုင်ရှင်များအား စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်း အမှတ် အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ပြီး လက်ကမ်း စာစောင် များပေးဝေခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့ ဗိုလ်တထောင်ဆီစက်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများဖြစ်ကြသော စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံနှင့် တောင်ငူမြို့နယ်တာဝန်ခံတို့သည် မေလ ၈ ရက်နေ့ မွန်းလွဲပိုင်း က တောင်ငူမြို့၊ အမှတ်(၈)ရပ်ကွက်၊ အုတ်ကျွတ်တန်း(တောင်)ရှိ ဗိုလ်တထောင်ဆီစက်သို့ သွား ရောက်၍ မြေပဲဆီများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုမီ ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

              စစ်ဆေးရေးအရာရှိများသည် ဆီစက်ပိုင်ရှင် ဦးမောင်မောင်သန်းနှင့်တွေ့ဆုံပြီး လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက် လျှက်ရှိနေမှုများ၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပုံများကို ဆွေးနွေးခဲ့ပါသည်။

              ဗိုလ်တထောင်ဆီစက်သည် မြေပဲဆီများကို တစ်လီတာ၊ တစ်ပိဿာ၊ ၃ ပိဿာ၊ ၅ ပိဿာ နှင့် ၁၀ ပိဿာဘူးများသွင်း၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိရာ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပေးနိုင်ပါရန် ၂၀၂၀ ခုနှစ်၊ မတ်လက စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူ ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ