သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“မေချမ်းဖက်ရှင်ပစ္စည်းအရောင်းဆိုင်”အား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည်(၁၆.၁၀.၂၀၂၅) ရက်နေ့၊ နံနက်  (၁၁:၃၀)နာရီအချိန်တွင် အမှတ်(၆၄၇)၊ ဇော်ဂျီလမ်း၊ (၄၅)ရပ်ကွက်၊ မြောက်ဒဂုံမြို့သို့သွားရောက်၍ “မေချမ်းဖက်ရှင် ပစ္စည်းအရောင်းဆိုင် ” အား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက် များကိုက်ညီမှု ရှိ/မရှိ ကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

             ထိုသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိက “မေချမ်းဖက်ရှင် ပစ္စည်းအရောင်းဆိုင်”အား လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်းလုပ်ငန်း အမှန်တစ်ကယ်တည်ရှိခြင်းရှိ/မရှိနှင့် ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီ မှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားသုံးသူပြည်သူများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေး

          (၁၆.၁၀.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီး ခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ မြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်း ရပ်ကွက်ရှိ  ဆယ်အိမ်မှူးရုံးခန်းတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးခဲ့ရာတွင် ဦးရှင်းခန့်ကိုကိုက စားသုံးသူအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း အဓိပ္ပါယ်ကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ အွန်လိုင်းစနစ်မှ ဈေးဝယ်ယူခြင်းအတွက် အားသာချက်၊ အားနည်းချက်များကိုလည်းကောင်း၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းနှင့်စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်များကိုလည်းကောင်း၊ သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်မှုများကိုလည်းကောင်း၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ် ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များကို လည်းကောင်း၊ လိမ်လည်မှုပုံစံ(၂)မျိုးဖြင့် လိမ်လည်နိုင် ကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် တိုင်ကြားမှုကို ဖြေရှင်းပေးသည့်နည်းလမ်းများကို အကျယ် တဝင့်ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၆)ဦးတက်ရောက်ခဲ့ပြီး (၁၀:၄၀)အချိန်တွင် ရုပ်သိမ်းခဲ့ ကြောင်း သိရှိရပါသည်။

     DOCA (ရန်ကုန်)

         

မှော်ဘီမြို့နယ်ရှိ စက်သုံးဆီဆိုင် လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၅.၁၀.၂၀၂၅)ရက်နေ့ နံနက်(၉:၂၀)နာရီအချိန်တွင် ပြည်လမ်း၊ မြို့မ(၁) ရပ်ကွက်၊ မှော်ဘီမြို့နယ်ရှိ Max စက်သုံးဆီဆိုင်လုပ်ငန်းရှင်အား အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံရာတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဌာနမှထုတ်ပြန်ထားသည့်အမိန့်နှင့်ညွှန်ကြား ချက်များ အကြောင်း၊ စားသုံးသူများဆုံးရှုံးနစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူရေး ရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ခရိုင်ဦးစီးမှူးရုံးတွင် (CICC)ဖွင့်လှစ်ထားပါကြောင်း အသိပညာဆွေးနွေး ခဲ့ပြီး စက်သုံးဆီဆိုင်တာဝန်ခံက မိမိတို့ဆိုင်တွင် အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်သော ရည်ညွှန်းဈေးအတိုင်း ရောင်းချပါကြောင်း၊ ချိန်တွယ်ရာတွင် လည်း လီတာများကို ပြည့်ဝစွာချိန်တွယ် ပေးသောကြောင့် စားသုံးသူများ စိတ်ကျေနပ်မှုရရှိပါကြောင်း၊ ဈေးနှုန်းများကိုလည်း အများပြည်သူ မြင်သာအောင် LED ဘုတ်များဖြင့် ဖော်ပြထားပါကြောင်းနှင့် မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ သိုလှောင်ထားခြင်းများ မပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    DOCA (ရန်ကုန်)

Max စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၅.၁၀.၂၀၂၅)ရက်နေ့ နံနက်(၉:၁၅)နာရီအချိန်တွင် မှော်ဘီမြို့နယ်ရှိ Max စက်သုံးဆီဆိုင်အား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိ/မရှိ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ရောင်းချနေမှုရှိ/မရှိ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့စစ်ဆေးရာတွင် ပြည်လမ်း၊ မြို့မ(၁)ရပ်ကွက်၊ မှော်ဘီမြို့နယ်ရှိ Max ဆိုင်မှ တာဝန်ခံ ဦးဝင်းထွန်းသန်းမှ ပူးပေါင်းလျက် စက်သုံးဆီလက်ကျန်အနေဖြင့် စက်သုံးဆီများ လုံလောက်စွာ သိုလှောင်ထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချကာ အချင်အတွယ် ပြည့်ဝမှန်ကန် မှုရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးမှ ဆိုင်တာဝန်ခံအား အချင်အတွယ်မှန်ကန်မှုရှိစေရေး အလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေး အတွင်းသာ ရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

DOCA (ရန်ကုန်)

         

Shwe Than Lwin Media Co.,Ltd သို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့ သည် (၁၅.၁၀.၂၀၂၅)ရက်နေ့၊ နေ့လည်(၂:၃၀)နာရီအချိန်တွင် တာမွေမြို့နယ်ရှိ ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Shwe Than Lwin Media Co.,Ltd အင်တာနက် ဝန်ဆောင် မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

         ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်ရှိ Shwe Than Lwin Media Co.,Ltd သို့ သွားရောက်ကာကုမ္ပဏီမှ ဆောင်ရွက်နေသော ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှု လုပ်ငန်းနှင့်ပတ်သက်သည့်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ လိုက်နာ ဆောင်ရွက်ရမည့် အချက်(၁၁)ချက်အား လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် စားသုံးသူနစ်နာမှုမရှိစေရေးအတွက် သိသင့်သိထိုက်သော အချက်များကိုလည်း အသိ ပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

         DOCA (ရန်ကုန်)

ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍ ကွင်းဆင်းအသိပညာပေးဆောင်ရွက်

            စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့ သည် (၁၅.၁၀.၂၀၂၅)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်ရှိ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Myanmar Technology Gateway Co.,Ltd ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

         ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း(သို့မဟုတ်)ဝန်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့်ဆောင်ရွက်မှုကို ခေါ်ဆိုတာ ဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများအပေါ် အာမခံချက်ပေးထားသည့်ကာလအတိုင်း ဝန်ဆောင်မှု ပေးရန် ပျက်ကွက်လျှင် ဝန်ဆောင်မှုပေးရန် ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ခဲ့လျှင် ယင်းအတွက် လျော်ကြေးပေးရန် အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထား သော ဝန်ဆောင်မှုကို မရခဲ့လျှင် စားသုံးသူ၏ နစ်နာမှု အတွက် ကုစားခွင့်ပေးရန် စားသုံးသူမှ တောင်းဆိုပိုင်ခွင့်ရှိကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

  DOCA (ရန်ကုန်)

မရမ်းကုန်းမြို့နယ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား စစ်ဆေးအသိပညာပေးဆောင်ရွက်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအပြင် စီးပွားရေး လုပ်ငန်း ရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၁၅.၁၀.၂၀၂၅) ရက်နေ့ (၁၁:၃၀) အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံတို့သည် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူများအား စစ်ဆေးအသိ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးက စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊တိုင်ကြားခြင်းနှင့်စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းအကြောင်းများ၊ဆက်သွယ်ရေးကဏ္ဍစုံနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းများနှင့်မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့်အချက်(၁၁)ချက်ပါအကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခြင်းနှင့် အသိ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

ဆက်သွယ်ရေး(အင်တာနက်)ဝန်ဆောင်မှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှု များ အဆင်ပြေစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား စစ်ဆေးရေး အရာရှိများ ခန့်အပ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၁၅.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် Bee Connect Myanmar Co.,Ltd သို့ သွားရောက်၍ ယနေ့ခေတ်သည် IT ခေတ်ဖြစ် သည့်အတွက် လှိုင်မြို့နယ်အတွင်းရှိ လိုင်စင်ရဆက်သွယ်ရေး အော်ပရေတာ (၁)ခုအား ဝန်ဆောင်မှု ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

                               ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းတစ်ခုချင်းစီအလိုက် သတင်းအချက်အလက်များအား စားသုံး သူပြည်သူများသိရှိရန်အတွက် ဆိုရှယ်မီဒီယာများ၌ ဖော်ပြခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်၍ကြော်ငြာခြင်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိထားသည့် လုပ်ငန်း ရှင်များနှင့်မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့်အချက် (၁၁)ချက်ကို အခြေခံ၍ စားသုံးသူ များသို့ ဆက်သွယ်ရေး(အင်တာနက်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များကို ကြိုတင်သတိပေးရန်နှင့် သတင်းအချက်အလက်ပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးစေရန် အဓိကထား စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာ ကွယ်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းကို အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     DOCA (ရန်ကုန်)

         

အလှကုန်ပစ္စည်းများအား   Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

 

          (၁၇.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် “Elegant Online shop”မှ အလှကုန်ပစ္စည်းများအား အမှတ် (၁၇)၊ မြလမ်း၊ မြန်မာ့ဂုဏ်ရောင်အိမ်ယာဝင်း၊ ၊ မေတ္တာညွှန့်ရပ်ကွက်၊ တာမွေမြို့နယ်သို့သွားရောက်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း များမှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှု ရှိ /မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/မရှိစစ်ဆေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေနဲ့ စားသုံးသူများကိုအကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုး တက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု အဖြစ်သတ်မှတ်၍ လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်းအသိ ပေးပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ တဲကြီးကုန်းလမ်းရှိ Black & White စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်မြို့နယ်တာဝန်ခံသည် (၁၃.၁၀.၂၅) ရက်နေ့တွင် ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ Black & White စက်သုံးဆီ အရောင်းဆိုင်သို့ စက်သုံးဆီများ အချိန်အတွယ် ပြည့်ဝမှန်ကန်စွာရောင်းချမှုရှိ/ မရှိ၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးသတ်ဆေးဗူးများထားရှိခြင်းရှိ/ မရှိ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းထားရှိမှုရှိ/ မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ