သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊  မော်ကျွန်းမြို့နယ်တာဝန်ခံရုံးတွင်   MSME  လုပ်ငန်းရှင်များအား စားသုံးသူသိပညာပေးဟောပြောဆွေးနွေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ် သည် (..၂၀၂)ရက်နေ့ နံနက်(၁:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံရုံးတွင် MSME လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော  MSME လုပ်ငန်းရှင်များအား  မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေး လုပ်ငန်းရှင်များအားစက်မှုလုပ်ငန်းသုံးဆီခွဲတမ်းရရှိမှုနှင့်ပတ်သက်ပြီးလုပ်ငန်းများတွင်   အမှန်တကယ်ထုတ်လုပ်      သုံးစွဲ ရမည် ဖြစ်ပြီး စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးဆီများအား ထုတ်ပေးခြင်းဖြစ်ကြောင်း၊ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါပုဒ်မ၄၁ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါကပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်၊ဆွေးနွေးပွဲသို့စက်မှုလုပ်မှုလုပ်ငန်းရှင် (၅၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

 

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ မြို့ပေါ်ရှိ အိမ်သုံးဆေးဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်   ဝန်ထမ်း များသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးတို့နှင့်ပူးပေါင်း၍    (.၁.၂၀၂)ရက်နေ့ နံနက်(၁:) နာရီက လပွတ္တာမြို့နယ် မြို့ပေါ်ရှိအိမ်သုံးဆေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဆေးဝါး ပြတ်လပ် မှုရှိ/မရှိ  ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူ   ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန်၊ ကာလကြာရှည်သုံးစွဲနေ ရသည့် ဆေးဝါးများ၊ သွေးကျဲဆေးများ၊ အကိုက်အခဲပျောက်ဆေး၊ ဆီးချိုဆေး၊ လေဆေး၊ အာရုံကြောဆေး၊ ဒါဏ်ကြေ လိမ်းဆေး အပါအဝင် ပုံမှန်သောက်သုံးနေသည့် ဆေးနှင့်ဆေးပစ္စည်းများ  ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေး  ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ အဓိကထားဆောင်ရွက်ရန် မေးမြန်းချက်များအရ အိမ်သုံးဆေးများအား ရန်ကုန်ကုမ္ပဏီများနှင့် ချိတ်ဆက်ဝယ်ယူ ရောင်းချနေရပြီး၊ ဆေးအမျိုးအစားအလိုက် ၅% ထိသာ ဈေးနှုန်းအနည်းငယ်          မြင့်တက်လျှက်ရှိကြောင်း ဝယ်ယူရာတွင် အခက်အခဲမရှိဝယ်ယူနိုင်ကြောင်း သိရှိရပါသည်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များသို့ အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ သက်တမ်း  လွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်း  ရောင်းချခြင်းမပြုရန်   သက်ဆိုင်ရာဌာနများ၏      အမိန့်  ညွှန်ကြားချက်၊   ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေး စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်းအထကကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်း များသည် ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (..၂၀၂) ရက်နေ့ နံနက်(၁၀;)နာရီက ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်း အထကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များ မှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ် တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများ အလွန်အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအဖွဲ့ ဖြင့် မုန့်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်၊ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း (၃၉၁)ဦးတက်ရောက်ခဲ့ပါသည်။

(DOCA ဧရာဝတီ)

ဟင်္သာတမြို့နယ် ငါးဖယ်ထူမြောက်ကျေးရွာတွင်  ပြည်သူအသိပညာပေးဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံသည်(၆.၁.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ် ငါးဖယ်ထူမြောက်ကျေးရွာရှိ ဓမ္မာရုံ၌ ပြည်သူ(၃၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်း အကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူ ကာကွယ် ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ် ဝယ်ယူတတ် စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါ ရှိသည့် အချက်အလက် များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြ ရမည့် ကုန် အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန် လည်ကုစားနိုင်ခွင့်များ အကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူသတင်း ပြန်ကြားရေး နှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက် ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း ကို လည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

လေးမျက်နှာမြို့နယ် ဆေးဝါးများ ဒေသတွင်းပြတ်လပ်မှုနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊လေးမျက်နှာမြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာဌာနအဖွဲ့နှင့်ပူးပေါင်း ၍(၇.၁.၂၀၂၆)ရက်နေ့ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ဆေးနှင့်ဆေး ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချသော အိမ်သုံးဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ဆေးမျိုးစုံအရောင်းဆိုင်များ တွင် ရောင်းချလျက်ရှိသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိခြင်း၊ ဆေးဝါးများ ပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိကြောင်းတွေ့ရှိရပြီး၊ Registration မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှု ခံယူထားခြင်းမရှိသည့် အာမခံ ချက် မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာ ပေးဆွေးနွေးခဲ့ပြီး၊ ဝယ်ယူ သုံးစွဲသူများအနေဖြင့် လိုအပ်သော အိမ်သုံးဆေးဝါးများကို လိုအပ်သလို ဝယ်ယူရရှိလျက်ရှိကြောင်း တွေ့ရှိရပြီး  ဆေးမျိုးစုံ အရောင်းဆိုင်(၃)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

 “ ခရမ်းမြို့နယ်၊ ကမာမတ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကမာမတ်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို  ဇန်နဝါရီလ(၉) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ် တာဝန်ခံသည် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြောင်း  သိရှိရသည်။

     ထိုစာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာဉက္ကဌ ဒေါက်တာ ခင်ထက်ထက်နှင့် မြို့နယ်မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်ခင်နှင်းဝေး၊ မြို့နယ်အားကစားမှူး ဦးခုတ်စွမ်းခိုင်၊ မြို့နယ်တိုင်းရင်းဆေးကုဌာန တိုင်းရင်ဆေးမှူး ဒေါ်လှမြတ်ထက်နှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ‌ ဒေါ်ကျော့ကေခိုင်တို့တက်ရောက်ခဲ့ကြပြီး အ.ထ.က၊ ကမာမတ်ကျေးရွာ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမော်က အဖွင့်အမှာစကားပြောကြားခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ၊ အားကစားမှူး ၊ တိုင်းရင်းဆေးမှူးတို့က လူငယ်ရေးရာနှင့်ပတ်သက်သော အသိပညာများ သိကောင်းစရာများကိုဟောပြောခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံက စားသုံးသူကာကွယ်ရေးဉပဒေပြဌာန်းထားရှိမှု၊ ဉပဒေတွင်ပြဌာန်းထားသော စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းအား အသိပညာ ပေးခြင်းနှင့်ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်း၍ လိမ်လည်မှုများမခံစားရစေရေးအတွက် စိစစ်သင့်သည့်အချက်များအား ရှင်းလင်းခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်နေမှုများအား www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်းနှင့် စားသုံးသူများအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ရန်နှင့် ကုန်ပစ္စည်းထုတ်လုပ်သူလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန် များတွင် ကုန်အညွှန်းအမှတ်အသားများထည့်သွင်းဖော်ပြရန်လိုအပ်သော အချက်အလက်များ အား စုံစမ်းမေးမြန်းနိုင်ကြောင်းနှင့် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုရှိပါက စားသုံးသူရေးရာ ဦးစီးဌာန၏ Call Center No(1535)သို့ ရုံးချိန်အတွင်း မည်သည့်ဖုန်းနှင့်မဆိုခေါ်ဆိုဆက်သွယ် နိုင်ပါကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)

 

စျေးကွက်အတွင်း ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန တို့သည် ၂၀၂ခုနှစ်၊ ဇန်နဝါရီလ ()ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် မြိတ်မြို့၊ မြစ်မရပ်ရှိဆေးဆိုင်များအား ဆေးစျေးနှုန်းများ အဆမတန်မြင့်တက်ရောင်းချခြင်းမျိုးမရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ဆေးစျေးနှုန်းများအားစုံစမ်းစစ်ဆေးခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များသုံးစွဲရေး၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကား ခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိသော ဆေးဝါးများ‌ရောင်းချမှုရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆန်ဈေးနှုန်း ကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

       (၈.၁.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၄၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် တာမွေမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး ဗိုလ်တထောင်မြို့နယ်၊ ချမ်းမြေ့ဈေးရှိ ဆန်ဆိုင်များသို့ ဆန်ရောင်းချမှုအခြေအနေများကိုသွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

             ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး   ဆန်၊ စပါးသိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက်သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကိုပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www.myro.com.mmတွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း လုပ်ငန်းကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗိုလ်တထောင်မြို့နယ်ရှိ ဆန်ဆိုင်များသို့  အဖွဲ့စုံဖြင့် ကွင်းဆင်းကြပ်မတ် စစ်ဆေးဆောင်ရွက်ခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင် ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆန်ဈေးနှုန်းကြီးမြှင့်စွာ ရောင်းချမှုမရှိစေရေးအတွက် (၈.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ကလေးဈေးရှိ ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် ဗိုလ်ကလေးဈေးအတွင်းရှိ ရောင်းချနေသော ဆန်ဆိုင်များသည် သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်း ရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကိုတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေး ပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများကိုလည်း ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ(၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မူလွန်တိုက်ကြီး ဆင်ဦးကျေးရွာကျောင်းသို့ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့က ပြန်ဆက်ဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ ဟောပြောပွဲတွင် စာပေအကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနလက်အောက် တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးဖြင့် ကုသနိုင်သည့် ရောဂါများအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ကုန်စည်များဝယ်ယူခြင်းမပြုမီ ကြိုတင်သတိပြုရမည့်အချက်များ အကြောင်းတို့ကို အသီးသီးဆွေးနွေးဖော်ပြခဲ့ကြသည်။

        အဆိုပါ အသိပညာပေးဟောပြောသို့ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမ စုစုပေါင်း (၁၅၂)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ကြူမှ ယခုကဲ့သို့ အသိပညာပေး ဟောပြောခြင်းများအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ