သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းမြို့တွင် သယ်ယူပိုဆောင်ရေးဝန်ဆောင်မှုကဏ္ဍအား စောင့်ကြည့်စစ်ဆေး

                 စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် ခရီးသည် ပိုဆောင်မှုအခြေအနေများ၊ ကုန်စည်တန်ဆာပေးပို့မှု အခြေအ‌နေများနှင့်စပ်လျဉ်း၍ အဝေးပြေးယာဉ်လိုင်းများအား ကြီးကြပ်စစ်ဆေးရန်၊ အများသုံး သယ်ယူပိုဆောင်ရေးမော်တော်ယာဉ်များကို သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ၊ မရှိ စစ်ဆေးရန်၊ ခရီးသည် ပို့ဆောင်မှုနှင့်  ကုန်စည်တန်ဆာပေးပို့ရေး ဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရှိစေရေး ‌ဆောင်ရွက်ထားမှု အခြေအနေနှင့် နစ်နာဆုံးရှုံးမှု ဖြစ်လာပါက ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေများအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၂)ဦးသည် ခရိုင်ကုန်းလမ်း ပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၊ မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီတို့မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်၊ ကားကြီးကွင်း ရှိ “မြတ်မန္တလာထွန်း” နှင့် “နယူးမန္တလာထွန်း” အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများအား စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ထိုသို့ စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ယာဉ်လိုင်းတာဝန်ခံ များအား ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံ ချောမွေ့စွာဖြင့် ပို့ဆောင်ပေးရန်၊ ဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံ လိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရှိစေရေး ဆောင်ရွက်ပေးရန်နှင့် နစ်နာဆုံးရှုံးမှုဖြစ်လာပါကစားသုံးသူ စိတ်ကျေနပ်သည်အထိ ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပြီး မှသာ မော်တော်ယာဉ်အား စေလွှတ်ခြင်းများ ဆောင်ရွက်ရန်  ရှင်းလင်ပြောကြားပြီး အသိပညာပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း) 

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

         (၆.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ဗိုလ်တထောင် ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍ မင်္ဂလာတောင်ညွန့်မြို့နယ်၊  စံပြဖဆပလရပ်ကွက်၊ ဖဆပလဈေးအတွင်းရှိ ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိရောင်းချနေသော ဆန်များသည် ရက်(၉၀)၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထ၊ ဆင်းသွယ်(ရှယ်)၊ ဧရာဝတီပေါ်ဆန်း၊ ဆန်များကို ဝါးတန်းကုန်စည်ဒိုင်မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှုအိတ်အရေအတွက်များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်နိုင်မှု အခြေအနေ

                 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန် ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

               ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးသူအကာအကွယ် ပေးရေး အသိပညာပေးဟောပြောဆောင်ရွက်ခြင်း()ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ()ရက်နေ့ နံနက်(၀၉;၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ်၊  သဖန်းဆိပ်ကျေးရွာ အလယ်တန်းကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ()ကြိမ် ကျင်းပ ပြုလုပ် ဆောင်ရွက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ် ရေး၏ အဓိပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အဓိပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူများအနေနဲ့ စားသုံးသူ အခွင့် အရေး()ချက်၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် တာဝန်()ချက်၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖေါ်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ် ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက် နှင့် အညီ သိသာထင်ရှားစွာဖော်ပြရမည့် အသေးစိတ် စိစစ်ချက်များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ထည့်သွင်း ဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်း များကိုသာဝယ်ယူ စားသောက် အသုံးပြုတတ်ရန် နှင့် စားသုံး သူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြား နိုင်ကြောင်း တိုင်ကြားနိုင်သည့် နေရာများအား အကျယ်တဝင့် ရှင်းလင်း ပြေားကြားခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ် (/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသား နှင့်ပတ်သက်သည့် အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း) 

 

 

                                                                   

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အသိပညာပေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

                   ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ()ရက်နေ့၊ နံနက် (၀၈;၀၀) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ တပ်ကုန်းရပ်ကွက်ရှိ KKK” မြေပဲ ဆီသန့်စက် လုပ်ငန်းရှင် နှင့် သွားရောက်တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း()ကြိမ် ဆောင်ရွက် ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက ဆီများ ထုတ်လုပ် ရောင်းချခြင်း နှင့် ပတ်သက်၍   ကုန်ကြမ်းဝယ်ယူရရှိမှုအခြေအနေ၊ ကြိတ်ခွဲနိုင်မှုအခြေအနေ၊  ထွက်ရှိသည့် ဆီများ/မြေပဲပတ်များကို ပို့ဆောင်ရောင်းချမှုအခြေအနေ ဈေးနှုန်း/ဈေးကွက်အခြေအနေ တို့ကိုမေးမြန်းပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း စီးပွားရေး လုပ်ငန်းရှင်တိုင်း သိရှိလိုက်နာဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၂၄)ပါ ပြစ်မှု /ပြစ်ဒဏ် များအကြောင်း ဆက်လက်ပြီး စီးပွားရေးလုပ်ငန်းရှင်များကို Online စနစ်ဖြင့် ရောင်းချနေခြင်း ရှိပါက Online မှတ်ပုံတင် ခြင်းလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ Online Sales မှတ်ပုံတင် ခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် ထုတ်ပြန်ထားပြီး  အမိန့်ကြော်ငြာစာ ထုတ်ပြန် ပြီး()လပြည့်မြောက်သည့် နေ့မှစ၍ မှတ်ပုံတင် အသက်ဝင် လာပြီး မှတ်ပုံတင် မရှိဘဲ Online Sales ရောင်းချပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ()အရ အရေးယူ ခံရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ()ရက်နေ့တွင် စတင်အသုံးပြုခဲ့တာ ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာမှာ ပူးတွဲ တင်ပြရမည့် အချက်များအကြောင်း နှင့် မှတ်ပုံတင် မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက် များအကြောင်းကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသား လျှောက်ထား ဆောင်ရွက်ရန် တိုက်တွန်းပြောကြားပြီး လျှောက်ထား ဆောင်ရွက်ရန် လိုအပ်သည့် အချက်အလက်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ် (/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။    

 DOCA(စစ်ကိုင်း)                                                                                                             

“ ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေးအတွက်ဝိုင်းပဲစိမ်းကြော်လုပ်ငန်းအားကွင်းဆင်းစိစစ်”

    မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ များသည် ဇန်နဝါရီလ(၆)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး မြစ်သား မြို့နယ်၊ ဘူတာရပ်ကွက်ရှိ ပိုင်ရှင် ဒေါ်သိန်းသိးန်းဌေး၏ ဝိုင်းပဲစိမ်းကြော်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ၊ ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး နှင့် လုပ်ငန်းရှင် အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း နှင့်၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက် တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက် ပို၍ တွဲလျှက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ ကျောက်ဆည်မြို့ရှိ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများအားကွင်းဆင်းစစ်ဆေး”

    ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇန်နဝါရီလ (၇) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောက်ဆည်မြို့နယ်ရှိ သယ်ယူပို့ ဆောင်ရေးဝန်ဆောင်မှုပေးသည့်ဆိုင်များအား ဝန်ဆောင်မှုကဏ္ဍနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က ရှင်းလင်းပြောကြားရာတွင် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးသည့် ဝန်ဆောင်မှုလုပ်ငန်းလုပ်ငန်းရှင်များအနေဖြင့်ခရီးသည်နှင့်ကုန်ပစ္စည်းတန်ဆာများကိုစားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးနေသည့် ပို့ဆောင်ရေးကဏ္ဍသည် အထူး အရေးပါသည့်အတွက် ခရီးသည်ပို့ဆောင်မှုအခြေအနေများ ၊ ကုန်စည်တန်ဆာပို့ဆောင်မှုအခြေ အနေများနှင့်စပ်လျဉ်း၍ အဝေးပြေးယာဉ်လိုင်းများအား ကြီးကြပ်စစ်ဆေးခြင်း ၊ အများသုံးသယ်ယူ ပို့ဆောင်ရေးမော်တော်ယာဉ်များကိုစစ်ဆေးခြင်းဖြင့် ယာဉ်မတော်တဆကိစ္စရပ်များအားအတိုင်းအတာ တစ်ခုအထိလျော့ချနိုင်စေရန်အတွက် ယဉ်အန္တရာယ်ကင်းရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာ ဌာနများ၏စည်းကမ်းချက်များနှင့်အညီလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိစစ်ဆေးခြင်း၊အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများအနေဖြင့် ခရီးသည်ပို့ဆောင်ရေးနှင့်ကုန်စည်ပို့ဆောင်ရေးစသည့် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိရာ ၄င်းဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များ အပေါ်စိတ်ကျေနပ်မှုရရှိစေရန် နှင့် နစ်နာဆုံးရှုံးမှုဖြစ်လာပါက ဖြစ်သင့် ဖြစ်ထိုက်သောကုစားခွင့်ရရှိစေခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်၍ကြော်ငြာ ခြင်း ၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုနှင့်ပတ်သက်သည့် ညွှန်ကြားထားသည့်အချက်များအတိုင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အသေး စိတ်ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။ 

DOCA(မန္တ‌လေး)

စစ်ကိုင်းမြိုပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်(၂) ဆိုင်အား ကွင်းဆင်းစစ်ဆေး

                 စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် စစ်ကိုင်းခရိုင် စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ  ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နံနက် ၀၈း၃၀ နာရီအချိန်တွင် မန္တလေးမြို့ရှိ  Mandalay Global Network Distribution  ကုမ္ပဏီမှ  ခွဲတမ်းရရှိသော စစ်ကိုင်းမြို့၊  မြို့သစ်ရပ်ရှိ   ဖြိုးဆီဆိုင်နှင့် ဈေးကုန်းရပ်ရှိ သစ္စာဆီဆိုင်များအား   ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဖြိုးဆီဆိုင်နှင့် သစ္စာဆီဆိုင်များအနေဖြင့် သတ်မှတ်ပေးထား သည့်ရည်ညွှန်းဈေးစားအုန်းဆီတစ်ပိဿာ(၇၃၀ဝိ/-)ဖြင့်ဖြိုးဆီဆိုင်မှထုံးဘိုရပ်ကွက်နှင့် သစ္စာဆီဆိုင်မှ ဧမြဝတီတိုက်နယ်များသို့  စာအုပ်စနစ်ဖြင့် ရောင်းချနေသည်ကို တွေ့ရှိရကြောင်း၊ ရောင်းချသည့် ရက်စွဲ၊ ရောင်းချသည့် ရပ်ကွက်/ကျေးရွာ၊ ရောင်းချသည့် (၁) ပိဿာ ဈေးနှုန်းများနှင့်  မှန်(၆)မှန်  (စာရင်းမှန်၊နေရာမှန်၊အချိန်မှန်၊ဈေးနှုန်းမှန် ၊အရေအတွက်မှန်၊ အချိန်အတွယ်နှင့်အရည်အသွေးမှန်) ဗီနိုင်းလ်များ ချိတ်ဆွဲထားကြောင်း တွေ့ရှိရပြီး ခရိုင်စားသုံးဆီ ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဆီအရောင်းဆိုင် (၂) ဆိုင်အားသတ်မှတ်ထားသော ရည်ညွှန်းဈေးထက် ဈေးမြှင့်တင်ရောင်းချပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရတရားစွဲဆိုမည်ဖြစ်ကြောင်း၊ ပြည်သူစားအုန်းဆီ (၂%) နှင့် စက်မှုလုပ်ငန်းသုံး စားအုန်းဆီများအား ခွဲခြားပြီး ဖြန့်ဖြူးရန်နှင့် မြင်သာသော ဗီနိုင်းလ်များ ချိတ်ဆွဲ၍ ရောင်းချမည့် ဈေးနှုန်းများ ချိတ်ဆွဲထားရန်၊ အစိုးရဌာနများက မေးမြန်းမှုရှိသောအခါ ဂဃနဏ ရှင်းပြနိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့၊ အမှတ်(၁၆) မူလွန်ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူးရုံးရှိ ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် (၇.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြင်းခြံမြို့ အမှတ်(၁၆) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပညာ သင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ဦးတင်ဇော်ထွေးနှင့် ဝန်ထမ်းများသည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ် အသားများပြည်စုံမှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံးအဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင် တာဝန်ရှိသူများအား ကျောင်းသား/ကျောင်းသူများသည် နုငယ်သူများဖြစ်၍ အစားအသောက်များနှင့်ပတ်သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများကဲ့သို့ စိတ်သဘောထား၍ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာ ဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက် များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချစေရေးနှင့် လိုက်နာမှုမရှိလျှင် အရေးယူဆောင်ရွက် ခြင်းများရှိပါကြောင်း၊  စားသုံးသူရေး ရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံး ရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက် မပြတ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်၍ ဈေးရောင်းချသူများသည် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြ ရန်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

 DOCA(မန္တလေး)

 

ကျောက်ပန်းတောင်းမြို့တွင် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၃၀-၁၂-၂၀၂၅)ရက်နေ့၊နံနက်(၀၈:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်း မြို့၊ သီရိမင်္ဂလာရပ်ရှိ စားအုန်းဆီလက်ကားကိုယ်စားလှယ် သုခအောင် စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

            စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းကို Vinyl များချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကို လည်း (၂%)အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းများမရှိစေရေး၊ အရည်အသွေး၊ အလေးချိန် အချင်အတွယ်မှန်ကန်စွာဖြင့် ပြည်သူများလက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်၍ လုပ်ငန်းရှင်များအနေဖြင့် ရောင်းဝယ်မှုပြုရာတွင် မှန်(၆)မှန်ဖြစ်သော လက်ကား/ လက်လီစာရင်းမှန်ရန်၊ နေရာမှန်ရန်၊ အချိန်မှန်ရန်၊ ဈေးနှုန်းမှန်ရန်၊ အရေအတွက်မှန်ရန်နှင့် အချိန် အတွယ်နှင့်အရည်အသွေးမှန်ကန်ရန် စသည့်အချက်များနှင့်ကိုက်ညီစွာ လုပ်ကိုင်ဆောင်ရွက်လိုအပ်ပါ ကြောင်း အသိပေး၍ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

တာမွေမြို့နယ်ရှိ ဆေးကုမ္မဏီအား ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

                    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာ ရေး)နှင့်ဝန်ထမ်းများသည် ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍  (၅.၁.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၄း၂၀)နာရီတွင်အမှတ် (၁၄) ၊ ‌အောင်မင်္ဂလာလမ်း၊ ဘိုလိမ်ရပ်ကွက်၊ တာမွေမြို့နယ်ရှိ Kris International Trading ဆေးကုမ္မ ဏီမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိ ဆေးဝါးများအခြေအနေအားစစ်ဆေးမှု များပြုလုပ်ခဲ့ကြောင်း သိရှိရပါ သည်။

             ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြား ချက်များနှင့်အညီရောင်းချမှုရှိ/ မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/ မရှိ၊ သက်တမ်းလွန် ဆေးဝါးများရောင်းချမှုရှိ/ မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းများရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ် အသားများပါဝင်မှု ရှိ/မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက် ရမည်အချက်များအား အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ