သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေနံချောင်းမြို့နယ်ရှိ ဆန်ဆိုင်များနှင့် ဆန်စက်များ MyRo တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် မှန်ကန်စွာ ဖြည့်သွင်းနိုင်ရေး အသိပညာပေး

           စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online- MyRo) တွင် ၂၀၂၃-ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍ ဆန်တန်ချိန် (၂၅)နှင့်အထက် သိုလှောင်ရုံ (သို့) စပါးတင်း (၂၅၀၀)နှင့် အထက် သိုလှောင်ရုံများအား မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးတွင် ခရိုင်၊ မြို့နယ်များမှ မှတ်ပုံတင်ထားရှိသည့် အလုံးရေ(၃၉၁)လုံးရှိပြီး ရေနံချောင်းမြို့နယ်အနေဖြင့် မှတ်ပုံတင်ထားရှိသည့် အလုံးရေ (၁၁)လုံး မှတ်ပုံတင်ထားရှိကြောင်း သိရသည်။

          မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရုံးမှ ဝန်ထမ်းများသည် (၂၄.၇.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်ဖြည့်သွင်းရန် ကျန်ရှိသည့် လုပ်ငန်းရှင်များ၊ တစ်နှစ်ပြည့်မြောက်ပြီး သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com. mm တွင် လစဉ်လဆန်း(၁)ရက်မှ (၁၀)ရက်နေ့အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်အခြေအနေများကို မှန်ကန်စွာ ထည့်သွင်းပေးနိုင်ရေးတို့အား ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သာယာဝတီခရိုင်လက်ပံတန်းမြို့၌လစဉ်ကြာသပတေးနေ့ အသိပညာပေး Talk Show ကျင်းပခြင်း

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှလစဉ်ကျင်းပပြုလုပ်သော ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အသိပညာပေး Talk Show ဟောပြော ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ (၁၇) ကြိမ် မြောက်ဟောပြောပွဲကို ( ၂၃.၇.၂၀၂၆ ) ရက်နေ့၊ နေ့လည် (၁:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံး၊ ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲ၊ ဦးဝင်းထွဋ်လွင်မှ စားသုံးသူရေးရာဦးစီးဌာနသမိုင်းအကြောင်း ဆိုင်ရာ သိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက် မြို့နယ်များမှ ဝန်ထမ်းများနှင့် Zoom metting ဖြင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။

         Talk Show ဆွေးနွေးပွဲတွင် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများအပြင် စားသုံးသူအကာ အကွယ်ပေးရေး ဥပဒေ အရ စားသုံးသူအခွင့်အရေးများကို ထိရောက်စွာကာ ကွယ်နိုင်သောလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ၂၀၁၅ ခုနှစ် ၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင်ကျင်ပ ပြုလုပ်သော ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၏ သဘောတူခွင့်ပြုချက်အရ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနဖြင့် ဌာနခွဲ(၉)ခု တိုင်းဒေသကြီး/ ပြည်နယ် (၁၄)ခုတို့ဖြင့် ဖွဲ့စည်းဆောင်ရွက် ခဲ့ကြောင်း နေပြည်တော်ကောင်စီနယ်မြေ အပါ (၁၅)ခု ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနအား ဌာနကြီး(၆)ခု ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၄)ခု ၊ခရိုင်(၃၁)ခုတို့ဖြင့်  ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

                        ခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများကို မိမိလုပ်ငန်းများနှင့် သက်ဆိုင်သော အသိပညာပေး Talk Showများ ကျင်းပခြင်းဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာနိုင်ကြောင်းထည့်သွင်းဆွေးနွေးခဲ့ပါသည်။မြို့နယ်တာဝန်ခံများမှလည်းအားနည်းချက်အားသာချက်များဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)  

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၃၀--၂၀၂၆) ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၃၀၂၁) ၊ မိုးမခ(၂)လမ်း၊ နယ်မြေ(၃)၊ အိမ်ရာ(၂)၊  ရတနာသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်ရှိ “ Boutique By Shwe ”  အလှကုန်ပစ္စည်းများ၊ အထည် အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများလုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ပြည်ထောင်စုနယ်မြေ)

တောင်ငူခရိုင်၊ရေတာရှည်မြို့တွင်လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိူးပွဲကျင်းပမှုအခြေအနေ

          ပဲခူးတိုင်းဒေသကြီး ၊တောင်ငူခရိုင် ရေတာရှည်မြို့နယ် သပြေတန်းကွင်းထန်းကုန်းကျေးရွာ တွင် (၁၆.၇.၂၀၂၆)ရက်နေ့နံနက်ပိုင်း၌ ဒေသခံတောင်သူတစ်ဦး၏ ကွင်းအမှတ်(၆၃၇)၌ လက်ဆွဲကောက်စိုက်စက်ဖြင့်မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကိုခရိုင်၊မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီး  ကြပ်မှုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့သည်။

         အဆိုပါစက်ကိုအသုံးပြုခြင်းဖြင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့အသွင် ကူးပြောင်း ဆောင်ရွက်ခြင်းဖြင့် လုပ်သားရှားပါးမှုအခက်အခဲနှင့်အချိန်တိုအတွင်းစိုက်ဧကများစွာကို စိုက်ပျိုးနိုင်သည့် အပြင်စပါးပန်းတိုင်အထွက်နှုန်းကောင်းမွန်စေသည့် အကျိုးများစွာရရှိစေကြောင်း ခရိုင်စိုက်ပျိုးရေး၊မွေးမြူ ရေးကြီးကြပ်မှုကော်မတီဥက္ကဌမှ ပြောကြားခဲ့သည်။

       (PowerHarrow)မြေမွှေစက်နှင့် ကောက်စိုက်စက်တို့ကိုအသုံးပြု၍ မြေပြုပြင်ထွန်ယက်ခြင်း ဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးနှင့် အချိန်ကုန်လူသက်သာပြီး လုပ်သားရှားပါးမှု ပြဿနာကိုပထမဦးစွာ ဖြေရှင်းပေးနိုင်ပါသည်။ခေတ်မီလယ်ယာစိုက်ပျိုးရေးတွင် လုပ်အားခသက်သာပြီး အထွက်နှုန်း တိုးစေရန် အဓိကအကျိုးပြုစေမည့်စိုက်ပျိုးရေးသုံးစက်ကိရိယာများ ဖြစ်ကြောင်းလည်း စက်မှုပိုင်း ဆိုင်ရာအချက် အလက်များကို တောင်သူများအား အသေးစိတ်သိရှိနားလည်စေရန် ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)  

တောင်ငူခရိုင်ဦးစီးမှူးရုံးတွင် “စားသုံးသူများအတွက် အရေးပါသောထုတ်ကုန်လုံခြုံမှုကဏ္ဍ” ခေါင်းစဉ်ဖြင့် Thursday Talk အစီအစဉ် ကျင်းပပြုလုပ်

                စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မား စေရန်ဗဟုသုတ တိုးပွားစေရန် နှင့် HR ကဏ္ဍတိုးတက် မြင့်မားစေရေး ရည်ရွယ်၍ ဦးစီးဌာန၏ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ “Thursday Talk” အခမ်း အနားကို ၁၆.၇.၂၀၂၆ ရက်နေ့ မွန်းလွဲ ၁၃:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၁၅)ဦး တက်ရောက်ခဲ့ကြပါသည်။

               အဆိုပါ အခမ်းအနားတွင် တောင်ငူခရိုင်ဦးစီးမှူးရုံး၊ တောင်ငူမြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးမြင့်သူဦးစီးမှူးက စားသုံးသူပြည်သူများ နေ့စဉ်အသုံးပြုနေရသော ထုတ်ကုန်များ၏ ဘေးကင်း လုံခြုံမှုသည် စားသုံးသူတို့၏ လူမှုစီးပွားဘဝလုံခြုံရေး၊ကျန်းမာရေးနှင့် စိတ်ကျေနပ်မှု စသည်တို့ အတွက် အရေးပါပုံ၊ စားသုံးသူများယုံကြည် စိတ်ချစွာဖြင့် စိတ်ချလက်ချသုံးစွဲနိုင်ရေး အလို့ငှာ ထုတ်ကုန်များ၏ ဘေးကင်းလုံခြုံမှုသည် အလွန်အမင်းအရေးကြီးပုံ၊ စားသုံးသူများ ဝယ်ယူအသုံး ပြုလိုသည့် ထုတ်ကုန်များနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ် မှုရရှိ စေရန်နှင့်  ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့် ရရှိစေရန်အလို့ငှာ ထုတ်ကုန်ပစ္စည်းအုပ်စု အမျိုး မျိုးအတွက် သိပ္ပံနည်းကျ ရေးဆွဲထားသော စံချိန်စံညွှန်းများ အရေးပါပုံများအား စားသုံးသူများ အတွက် အရေးပါသောထုတ်ကုန်လုံခြုံမှုကဏ္ဍ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေး ခဲ့ရာ ဟောပြော ဆွေးနွေးချက်များအပေါ် ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက အပြန်အလှန် ဆွေးနွေးပေးခဲ့ကြပြီး “Thursday Talk” အစီအစဉ် ကျင်းပခြင်းကို (၁၅:၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ပဲခူး)                                                                                                                      

ပွင့်ဖြူမြို့၊ ကုန်းဇောင်းကျေးရွာရှိ ဓမ္မာရုံ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တာန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ကြူကြူလှိုင်သည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ (၁၄..၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပွင့်ဖြူမြို့၊ ကုန်းဇောင်းကျေးရွာရှိ ဓမ္မာရုံ၌ ကျေးရွာနေပြည်သူ (၁၀၀)ဦးအား စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ ဥပဒေအခန်း() ပုဒ်မ(၁၉)ပါ စားသုံးသူ၏ အခွင့်အရေးများအကြောင်း၊ ဥပဒေ အခန်း() ပုဒ်မ(၂၀)ပါ စားသုံးသူ၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက် အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကိုရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်းနှင့် တက်ရောက်လာသော စားသုံးသူများအား Consumer Call Center (1535)သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့်နည်းလမ်းများအကြောင်း၊ AI နည်းပညာနှင့် စိန်ခေါ်မှုများအကြောင်း၊ Onlineမှ ဈေးဝယ်ယူရာတွင် သတိထားဝယ်ယူသင့်သည့် အချက်များအကြောင်း၊ Digital ငွေကြေးဝန်ဆောင်မှု ရယူအသုံးပြုရာတွင် စားသုံးသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်များကို လုံခြုံစိတ်ချမှုရှိစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အကြောင်းများနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၂၈--၂၀၂၆) ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၃/၈၇) ၊ (၁၀)လမ်း၊ နယ်မြေ(၃)၊ ရွှေချီရပ်ကွက်၊ ပျဉ်းမနားမြို့ရှိ“ 174 အလှမွေးငါးနှင့်အပိုပစ္စည်းရောင်းဝယ်ရေး ”  တိရစ္ဆာန်နှင့် တိရစ္ဆာန်မွေးမြူရေး ပစ္စည်းများလုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ပြည်ထောင်စုနယ်မြေ)

ပိတောက်မြိုင်ရပ်ကွက်ရှိ “မြသိန်းတန်” ဆီစက် လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်း ကုန် သွယ်မှုဖွံဖြိုးတိုးတက်စေရန်ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်း()ဦးတို့သည် ၂၀၂၆ ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ မြသိန်းတန်” မြေပဲဆီသန့်စက်လုပ်ငန်းရှင် နှင့် သွားရောက် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက ဆီများထုတ်လုပ် ရောင်းချခြင်း နှင့် ပတ်သက်၍   ကုန်ကြမ်းဝယ်ယူရရှိမှုအခြေအနေ၊ ကြိတ်ခွဲနိုင်မှုအခြေအနေ၊  ထွက်ရှိသည့် ဆီများ/မြေပဲပတ်များကို ပို့ဆောင်ရောင်းချမှုအခြေအနေ ဈေးနှုန်း/ဈေးကွက်အခြေအနေ တို့ကိုမေးမြန်းပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင် ရွက်ရမည့် တာဝန်များအကြောင်း စီးပွားရေးလုပ်ငန်းရှင်တိုင်း သိရှိ လိုက်နာဆောင်ရွက်ရမည့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်း ဆက်လက်ပြီး စီးပွားရေးလုပ်ငန်းရှင်များကို Online စနစ်ဖြင့် ရောင်းချနေခြင်းရှိပါက Online မှတ်ပုံတင် ခြင်းလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ Online Sales မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် ထုတ်ပြန်ထားပြီး  အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး()လပြည့်မြောက်သည့် နေ့မှစ၍ မှတ်ပုံတင်အသက်ဝင်လာပြီး မှတ်ပုံတင် မရှိဘဲ Online Sales ရောင်းချပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ()အရ အရေးယူ ခံရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ()ရက်နေ့တွင် စတင်အသုံးပြုခဲ့တာဖြစ်ကြောင်း၊ မှတ်ပုံတင်ရာမှာ ပူးတွဲ တင်ပြရမည့် အချက်များအကြောင်း နှင့် မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ် (/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက် နံနက် ၀၉:၃၀ နာရီအချိန် တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အကြီးတန်းစာရေး)တို့သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့၊ မြို့မဈေးရှိ “မြတ်မင်းကျော်”ကုန်စုံဆိုင်တွင် ရောင်းချလျက်ရှိသော အသင့်စား ခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား (၂/၂၀၁၉)နှင့် အညီ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့စစ်ဆေးရာတွင် တာဝန်ခံက အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအားတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိ/မရှိနှင့် သက်တမ်းလွန်ခြင်း ရှိ/မရှိစစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ကိုက်ညီမှုမရှိ သော ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ပွင့်ဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ကြူကြူလှိုင်နှင့် ဝန်ထမ်းသည် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန တို့နှင့်အတူပူးပေါင်း၍ (၁၃..၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့ရှိ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဆရာ၊ ဆရာမ ()ဦး၊ ကျောင်းသား/ကျောင်းသူ (၃၀)ဦး၊ စုစုပေါင်းဦးရေ(၃၅)အား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

          အဆိုပါဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ ဟောပြောခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်း ရှင်းလင်းပြောကြားခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအား Call Center (1535)သို့ ဖုန်းခေါ်ဆို၍ သိလိုသည်များမေးမြန်းနိုင်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ