သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်ရှိ စားသုံးသူများမှ Consumer Call Center 1535 သို့ စားသုံးသူအခွင့်အရေးများနှင့်စပ်လျဉ်း၍ ဆက်သွယ်မေးမြန်း

         စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် အသိပညာပေးဟောပြောပွဲ များ၊ လုပ်ငန်းရှင်တွေ့ဆုံပွဲများ ဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့နယ်အတွင်းရှိ စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကို ကာကွယ်နိုင်ရန်နှင့် တရားမဝင် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ တိုင်ကြားနိုင်ရန်အတွက် Consumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ မေးမြန်းခြင်း၊ တိုင်ကြားခြင်းများ ဆောင်ရွက်နိုင်ကြောင်း အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       ဇူလိုင်လ ၂၇ ရက် မွန်းလွဲပိုင်တွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် စားသုံးသူ များအနေဖြင့် မိမိတို့၏အခွင့်အရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များကို ပိုမိုသတိပြုမိလာကြပြီး စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center နံပါတ် 1535 သို့ ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ စားသုံးသူပြည်သူများသည် နေ့စဉ်ဝယ်ယူ သုံးစွဲနေသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိနှင့် စားသုံးသူအခွင့်အရေး ဆုံးရှုံးနစ်နာ မှုများ ကြုံတွေ့ရပါက တိုင်ကြားနိုင်မည့် နည်းလမ်းများကို သိရှိလိုသဖြင့် 1535 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းလျက်ရှိကြောင်း၊ စားသုံးသူများအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ သတင်းအချက်အလက်များကို သိရှိလိုပါကဖြစ်စေ၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားလိုပါကဖြစ်စေ ရုံးချိန်အတွင်း  Consumer Call Center နံပါတ် 1535 သို့ အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန (DOCA) ဝက်ဘ်ဆိုက်တွင်လည်း ဝင်ရောက်လေ့လာနိုင်ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေပြည်စိုး (ဆန်/ဆီ) ရောင်းဝယ်ရေးအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများသည် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၆.၇.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေပြည်စိုး (ဆန်/ဆီ)ရောင်း ဝယ်ရေးအရောင်းဆိုင်၌ ရောင်းချလျက်ရှိသည့် အမှတ်တံဆိပ်ပါစားသုံးဆီဘူးများတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိ/ မရှိ၊  သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ထောက်ခံချက်များ ဖော်ထားခြင်းရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသည့် အမှတ်တံဆိပ်ပါစားသုံးဆီဘူးများတွင် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် ပြည့်စုံကြောင်း စစ်ဆေးတွေ့ရှိရပြီး မင်းဘူးမြို့နယ် တာဝန်ခံမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၆ခုနှစ်၊ ဇွန်လအတွင်း မင်းဘူးခရိုင်၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ဝန်ထမ်းများသည်ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားကဆိုသည့်အတိုင်း ဈေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/ မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

        မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၆ခုနှစ်၊ ဇွန်လအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် PreMarket ဆောင်ရွက်နိုင်မှုအကြိမ်ရေ ()ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ မင်းဘူးမြို့နယ်တွင် PreMarket ()ကြိမ်၊ ဈေးကွက်စောင့်ကြည့် ()ကြိမ်၊ အထူး ဈေးကွက်စောင့်ကြည့်()ကြိမ်  စုစုပေါင်း()ကြိမ်၊ ပွင့်ဖြူမြို့နယ်တွင် ဈေးကွက်စောင့်ကြည့်()ကြိမ်၊ စလင်းမြို့နယ်တွင် PreMarket ()ကြိမ်၊ ဈေးကွက်စောင့်ကြည့်()ကြိမ် စုစုပေါင်း ()ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူမြို့နယ်တွင် စားအုန်းဆီလက်လီအရောင်းဆိုင်များအား     ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်း သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက် မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်မှ အမှတ် (၁)ရပ်ကွက်ရှိ၊ စားသုံးသူပြည်သူများကို စားအုန်းဆီလက်လီ ရောင်းချပေးနေမှုအား ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။

      မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီအရည် အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီ အရောင်းဆိုင်များမှတဆင့်  အိမ်ထောင်စုတစ်ခုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း၊ လမ်းခရီးအခြေအနေအရ ဆီရောက်ရှိမှုအပေါ်မူတည်၍ အိမ်ထောင်စုတစ်စုလျှင် သတ်မှတ်ထားသည့် (၂)ပိဿာနှုန်းပြည့်မီအောင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။         

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် စက်သုံးဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိ တို့ကို ဇူလိုင်လ ၂၆ ရက် မွန်းလွဲပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများ အတိုင်း ရောင်းချပေးခြင်းရှိ/မရှိ၊ ဆီကန်များအတွင်း စက်သုံးဆီရောက်ရှိမှုနှင့် လက်ကျန်အခြေ အနေများ၊ အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိ တို့ကို မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့သည်။

        ယင်းနောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်များ နှင့် မန်နေဂျာတို့အား စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆီဈေးနှုန်းများကို စနစ်တကျ ပြသရောင်းချရန်၊ အချိန်အတွယ်နှင့် အရည်အသွေး ပြည့်ဝမှန်ကန် စေရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

လုပ်ငန်းရှင်များသိရှိလိုက်နာစေရေး စားသုံးသူကာကွယ်ရေးဥပဒေအား စဉ်ဆက်မပြတ် ဆွေးနွေးပေး

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေး ဦးဆောင်သော ဝန်ထမ်းများ အဖွဲ့သည် (၂၀.၇.၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဒေသတွင်း ထုတ်လုပ်လျက်ရှိသောရှမ်းရိုးမခါဂျာမုန့်၊ပုံ့ပုံ့ငါးမုန့်ကြော်နှင့်ခိုင်ခိုင်မော်ကိတ်မုန့်လုပ်ငန်း ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်များထံသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

         စားသုံးသူရေးရာဌာနခွဲတာဝန်ခံက ဆွေးနွေးရာတွင် လုပ်ငန်းရှင်အနေဖြင့် သန့်ရှင်းလတ်ဆတ်သော ကုန်ကြမ်းပစ္စည်းများကိုသာ အသုံးပြုစေလိုကြောင်း၊ ခွင့်မပြုဆိုးဆေးများနှင့် တာရှည်ခံဆေးများကို သတိပြုရှောင်ကြဉ်စေလိုကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ (၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်()ချက်ကို အသေးစိတ်ရှင်းလင်းခြင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့်ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း (သို့) ရောင်းချခြင်းမပြုရန်၊ ပုဒ်မ(၆၇)နှင့် ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ()နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း (၂၀၀)ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများမှ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်စေရန် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းဖော်ပြရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး အသိပညာပေးလက် ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရွှေဘိုခရိုင်၏ (၇/၂၀၂၆)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့် အရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာ  များ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေး အသိ ပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်းစားသုံးသူများအနေဖြင့် ကုန်စည် နှင့်ဝန် ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင် မှုများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာ နိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန် ရည်ရွယ်၍ ရွှေဘိုမြို့ နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ အကြောင်းများကို သိရှိလေ့လာ နိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး  ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (၁) ကြိမ် ဆောင်ရွက်ခဲ့ပါ သည်။

          (၁၃.၇.၂၀၂၆)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်း သား /ကျောင်းသူများအား စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူရေး ရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အ ကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့် သက်ဆိုင်သောအကြောင်းများကိုမေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center NO 1535 အ ကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်း ဖြေရှင်းပေးသည့် အကြောင်းများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင် (၇/၂၀၂၆)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးဆောင်၍ ၂၀၂၆ခုနှစ်၊ ဇူလိုင်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄)  ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

      ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၄) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၆.၇.၂၀၂၆)ရက်နေ့တွင် ချိတ်ပိုးထည်နှင့် နိုင်ငံခြားဇာအမျိုးမျိုးရောင်းဝယ်သည့်လုပ်ငန်းရှင်နှင့်သော်လည်းကောင်း၊ (၉.၇.၂၀၂၆)ရက်နေ့တွင် စတိုးဆိုင် လုပ်ငန်းရှင်၊ (၁၄..၂၀၂၆) ရက်နေ့တွင် ဆေးဆိုင်လုပ်ငန်းရှင်နှင့်သော်လည်းကောင်း၊ (၂၄..၂၀၂၆)ရက်နေ့တွင် စားသောက်ဆိုင်လုပ်ငန်းရှင်တို့ဖြင့် တွေ့ဆုံဆွေးနွေးပြီး စားသုံးသူ ကာကွယ်ရေးဥပဒေ၊  အမိန့် ၊  ညွှန်ကြားချက်များကို  ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရေနံချောင်းမြို့၊ ယာကြီးပြင်ရပ်ကွက်ရှိ “သျှင်းသန့်” ကြက်သွန်ပေါင်းကြော် လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ အားတွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရေနံချောင်းမြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် (၁၇.၇.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေနံချောင်းမြို့၊ ယာကြီးပြင်ရပ်ကွက်ရှိ “သျှင်းသန့်” ကြက်သွန်ပေါင်းကြော်လုပ်ငန်းအား ဈေးကွက်မရောက်မီကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် “သျှင်းသန့်” ကြက်သွန်ပေါင်းကြော်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်မှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်း အရာများ၊ အသင့်စားမုန့် အမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသို့သိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့နယ်၊ ရေတွင်းကျေးရွာအနီးရှိ အမှတ်(၃၅) အကြီးစားစက်ရုံဖြစ်သော “Yaung Ni Oo Electric Co.,Ltd”  စက်ရုံအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည်(၁၇.၇.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ချောက်မြို့နယ်၊ ရေတွင်းကျေးရွာအနီးရှိ အမှတ်(၃၅) အကြီးစားစက်ရုံဖြစ်သော “Yaung Ni Oo Electric Co.,Ltd” (စက်ရုံပိုင်ရှင် ဦးရန်လင်းအောင်)သို့သွားရောက်၍ သက်ဆိုင်ရာဌာန၏ ညွှန်ကြားချက်များနှင့်အညီ စက်မှုကုန်ကြမ်း သွင်းကုန်လိုင်စင်လျှောက်ထားသည့် စက်ရုံများမြေပြင်တွင် အမှန်တကယ်လည်ပတ် လုပ်ကိုင်နေခြင်းရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် စက်မှုကုန်ကြမ်းသွင်းကုန်လိုင်စင်လျှောက်ထားရာ၌ သွင်းကုန်ပစ္စည်းများကို တစ်ဆင့်ပြန်လည်ရောင်းချရန်မဟုတ်ဘဲ မိမိကိုယ်ပိုင်စက်ရုံများတွင် အမှန်တကယ်အသုံးပြုရန် ရည်ရွယ်၍ လျှောက်ထားခြင်းဖြစ်စေရေးနှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသို့ တင်ပြခွင့်ပြုချက် ရယူနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပါသည်။ အဆိုပါ စက်ရုံသည် လျှပ်စစ်သွယ်တန်းခြင်းဆိုင်ရာ ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းဖြစ်ပြီး မြေပြင်စစ်ဆေးချက်များအရ စက်ရုံသည် လိပ်စာပါတည်နေရာတွင် အမှန်တကယ်တည်ရှိပြီး စက်ရုံတွင်း၌ စက်ပစ္စည်းကိရိယာများ အပြည့်အစုံတပ်ဆင်ကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အမှန်တကယ် လည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ