သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမတွင်ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် (၁၆.၇.၂၀၂၆)ရက်နေ့ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ အားဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန် အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအားမိမိ၏အသိဖြင့်ဆင်ခြင် ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။   ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူး  စုစုပေါင်း(၈၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ မြို့ပေါ်ရှိ စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်

         ဧရာဝတီတိုင်းဒေသကြီး၊      စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၆.၇.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်  မြို့ပေါ်ရှိ စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော  အချိုရည်ဘူးများတွင်   ကုန်အညွှန်းအမှတ်အသားဖော်ပြချက်  ပြည့်စုံခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်ဦးစီးမှူးမှ မြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရောင်းချနေသော   အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြမှု ရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ဥပဒေ အခန်း (၂၄)ပါ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မိမိတို့ ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မန္တလေးတိုင်းဒေသကြီးတွင်  MSME One Stop Serviceရုံးဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

                  မန္တလေးတိုင်းဒေသကြီး အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီမှ ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာ အောင်မြေမြို့နယ်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် MSME One Stop Service  ရုံးဖွင့်ပွဲ အခမ်း အနားအား ၂၀.၇.၂၀၂၇ ရက်နေ့နံနက်(၀၉:၃၀)နာရီအချိန်၌ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဦးသိန်းဌေး၊ လျှပ်စစ်၊ စွမ်းအင် စက်မှုနှင့် လမ်းပန်း ဆက် သွယ်ရေးဝန်ကြီးဦးကျော်မိုးသက်၊ MRCCI အသင်းဝင်များ၊ MSME လုပ်ငန်းရှင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊သက်ဆိုင်ရာဌာနများနှင့်အတူ စားသုံးသူရေး ရာ ဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ၊ ညွှန်ကြားရေးမှူးနှင့်အတူ  တက်ရောက် အင်အား(၈၀)ဦး ဖြစ် ကြောင်း သိရှိရပါသည်။အခမ်း အနားပထမပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဌမန္တလေးတိုင်းဒေသကြီး၊ လျှပ်စစ်၊ စွမ်းအင်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်မိုးသက်က MSME One Stop Service  ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။   ဆက်လက်၍ အခမ်း အနား ဒုတိယပိုင်းအား ကျင်းပရာ အေဂျင်စီဥက္ကဌ မန္တလေးတိုင်းဒေသကြီးလျှပ်စစ်၊စွမ်းအင်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်မိုးသက်မှ အဖွင့်အမှာစကားပြောကြားပြီးနောက်ဒေသတွင်း စီးပွားရေးလုပ်ငန်း များ၏လိုအပ်ချက်များကို တစ်နေရာတည်းတွင် လွယ်ကူမြန်ဆန်စွာ ဝန်ဆောင်မှု ပေးနိုင်ရန်ရည်ရွယ်၍MSME One Stop Service (OSS)ရုံးအား ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊လုပ်ငန်း ရှင်များ အတွက်လိုအပ်သောလုပ်ငန်းလိုင်စင်မှတ်ပုံတင်ခြင်း၊လိုအပ်သောငွေကြေးအထောက် အပံ့ များ ရယူနိုင်ခြင်း၊ထုတ်လုပ်မှုနည်းပညာများ အကြံဉာဏ်ပေးနိုင်ခြင်း၊ စျေးကွက်ချိတ်ဆက်မှုများ ရရှိ နိုင်ခြင်း၊ ဥပဒေအကြံဉာဏ်နှင့်ပတ်သက်၍ ဝန်ဆောင်မှုများပေးနိုင်ခြင်း၊ လုပ်ငန်းအခက်အခဲများ လျော့ချ၍ သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုနှင့် အကြံဉာဏ်များတစ်နေရာတည်း ရရှိ နိုင်ခြင်း၊လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနများ ချိတ်ဆက်မှုကိုမြှင့်တင်ပေးမည့် ပလက်ဖောင်း တစ်ခုလည်းဖြစ်ပါကြောင်းနှင့် OSS ရုံး၏ ဝန်ဆောင်မှုများကို အသုံးချသွားကြရန် လိုအပ်ကြောင်း၊ ဝန်ဆောင်မှုအနေဖြင့် နေ့စဉ်ရုံးဖွင့်ရက်နှင့်ရုံးချိန်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအတွင်းရေးမှူးတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ညွှန်ကြားရေးမှူးက MSME One Stop Service ရုံးမှ ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ် များအား ဆွေးနွေးပြောကြားခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီး၊စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဦးသိန်းဌေးမှ လုပ်ငန်းရှင်(၃)ဦးသို့ ယာယီလုပ်ငန်းလိုင်စင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိမုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသောအသင့်စားကိတ်မျိုးစုံထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၅.၇.၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ် အမှတ်(၇)ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အသင့်စားကိတ်မျိုးစုံမုန့်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ အမှတ်(၇)ရပ်ကွက်ရှိ မုန့်မျိူးစုံဆိုင်များတွင် ရောင်းချနေသော အသင့်စားကိတ်မျိုးစုံထုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး၊ မုန့်မျိုးစုံ ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါကု န်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင် မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအားလိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိ/ မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show   ပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည်   (၁၅.၇.၂၀၂၆) ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား လပွတ္တာခရိုင်၊ (၃)မိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ပြောဆွေးနွေးရာတွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနင့် အခန်း(၂၃)ပါ တားမြစ်ချက်(၄)ချက် ၊အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည့်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ပုဒ်မခွဲ(ခ)နှင့်(ဆ)ပါကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီလိုက် နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များ အတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါ အချက်အလက်များ သိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင်ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာCICCသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ်၌ အသင့်စားမုန့်ဆိုင်များနှင့် ရေသန့်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        (၁၅-၇-၂၀၂၆) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်ရှိ အသင့်စားမုန့်ဆိုင်များနှင့် ရေသန့်အမျိုးမျိုး ရောင်းချသည့်ဆိုင်များအား မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးမှ ရောင်းချလျက်ရှိသော အသင့်စားစားသောက်ကုန်များနှင့် ရေသန့်ထုတ်ကုန်များ၏ သက်တမ်းကုန်ဆုံးရက် (Expiry Date)၊ ထုတ်လုပ်သည့်နေ့စွဲ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု၊ ထုတ်လုပ်သူနှင့် ဖြန့်ဖြူးသူအချက်အလက်များ၊ ထုတ်ပိုးမှုအခြေအနေနှင့် ဈေးနှုန်းအညွှန်းများကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထို့ပြင် ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ သက်တမ်းလွန် ကုန်ပစ္စည်းများမရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ စားသောက်ကုန်များကို သန့်ရှင်းသပ်ရပ်စွာ သိုလှောင်ရောင်းချရန်နှင့် စားသုံးသူများအား မှန်ကန်ပြည့်စုံသော ကုန်ပစ္စည်းအချက်အလက်များဖြင့် ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးမှုသည် ဈေးကွက်အတွင်း အရည်အသွေးပြည့်မီ၍ စားသုံးရန် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များနှင့် သောက်သုံးရေများကိုသာ ရောင်းချအသုံးပြုနိုင်စေရေး၊ စားသုံးသူအခွင့်အရေးများကို ကာကွယ်မြှင့်တင်ရေးနှင့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်စေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့ပေါ်ရှိ အလှကုန်အရောင်းဆိုင်များအား ပူးပေါင်းကွင်းဆင်းစစ်ဆေး

      (၁၄.၇.၂၀၂၆) ရက်နေ့တွင် မအူပင်မြို့ပေါ်ရှိ အလှကုန်ရောင်းချသော ဆိုင်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အလှကုန်များ၏ FDA အသိအမှတ်ပြုမှတ်ပုံတင်အခြေအနေ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု၊ ထုတ်လုပ်သည့်နေ့စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သူနှင့် တင်သွင်းဖြန့်ဖြူးသူ အချက်အလက်များကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

      ထို့ပြင် ရောင်းချသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်ရာ အလှကုန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်၊ FDA ခွင့်ပြုချက်မရှိသော အလှကုန်များနှင့် သက်တမ်းလွန် အလှကုန်များကို မရောင်းချရန်၊ ကုန်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းရောင်းချရန်နှင့် စားသုံးသူများအား မှန်ကန်ပြည့်စုံသော ကုန်ပစ္စည်းအချက်အလက်များကို အသိပေးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

       အဆိုပါ ပူးပေါင်းကွင်းဆင်းစစ်ဆေးမှုသည် ဈေးကွက်အတွင်း အန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အလှကုန်များသာ ရောင်းချအသုံးပြုနိုင်စေရေး၊ စားသုံးသူအခွင့်အရေးများကို ကာကွယ်မြှင့်တင်ရေးနှင့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်စေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်၌ မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပ

         (၁၃.၇.၂၀၂၆) ရက်နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်ရှိ ထက်မြက်ရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မိတ်ဖက်ဌာန/ အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဦးအောင်ဇော်ဦး ဦးစီးအရာရှိမှ  စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ အခြေခံအသိပညာများ၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ လုံခြုံစိတ်ချရသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်သုံးစွဲနိုင်ရေး၊ ကုန်ပစ္စည်းများဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ၊ ထုတ်လုပ်သည့်နေ့စွဲနှင့် သက်တမ်းကုန်ဆုံးရက်တို့ကို စိစစ်ဖတ်ရှုဝယ်ယူသုံးစွဲရေးတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

        ထို့ပြင် စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာမှုများ ကြုံတွေ့ရပါက သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် ကျောင်းမုန့်ဈေးတန်း ရောင်းချသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီ လုံခြုံစိတ်ချရသော ကုန်ပစ္စည်းများသာရောင်းချရန်၊ သက်တမ်းလွန် စားသောက်ကုန်များမရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် သန့်ရှင်းသပ်ရပ်စွာ ရောင်းချရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

       အဆိုပါ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ စုစုပေါင်း (၄၂၀)ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာများ တိုးပွားရရှိစေရန်ရည်ရွယ်၍ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး Talk Show ကို ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၌ ကျင်းပ

        (၁၅.၇.၂၀၂၆) ရက်နေ့တွင် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန) ၌ "အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး" ခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       Talk Show တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊  တာဝန်ရှိသူ ဦးခိုင်လွမ်းမိုးမှ  အွန်လိုင်းစနစ်ဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ရောင်းချနေသူများအနေဖြင့် သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ မှတ်ပုံတင်ဆောင်ရွက်ရန်လိုအပ်ချက်၊ မှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူးများ၊ လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

        ထို့ပြင် အွန်လိုင်းရောင်းချသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များကို မှန်ကန်ပြည့်စုံစွာ ဖော်ပြရန်၊ စားသုံးသူများအား လှည့်ဖြားကြော်ငြာခြင်းနှင့် မမှန်ကန်သော သတင်းအချက်အလက်များဖြင့် ရောင်းချခြင်းတို့ကို ရှောင်ကြဉ်ရန်၊ စားသုံးသူအခွင့်အရေးများကို လေးစားလိုက်နာ၍ ယုံကြည်စိတ်ချရသော အွန်လိုင်းဈေးကွက်ပတ်ဝန်းကျင် ဖော်ဆောင်နိုင်ရေးကိုလည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

      အဆိုပါ Talk Show အစီအစဉ်မှတစ်ဆင့် အွန်လိုင်းရောင်းချသူများနှင့် ပြည်သူများအနေဖြင့် အွန်လိုင်းရောင်းချမှုဆိုင်ရာမှတ်ပုံတင်လုပ်ငန်းစဉ်များကို ပိုမိုနားလည်သဘောပေါက်စေပြီး ဥပဒေနှင့် အညီ စနစ်တကျဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်းမ အ.ထ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

          (၁၃.၇.၂၀၂၆) ရက်နေ့ နံနက် (၁၂:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူ (၁၀၀)ဦးအား အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းကျန်းမာရေး ဆောင်ရွက်မှုများကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်များ စာပေဖတ်ရှုလေ့ရှိစေရေးနှင့် အသိပညာဗဟုသုတ တိုးပွားရေးဆိုင်ရာ အကြောင်းအရာများကို ဟောပြောခဲ့ပြီး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက် က စားသုံးသူအခွင့်အရေးများ၊ ကုန်ပစ္စည်းရွေးချယ်ဝယ်ယူရာတွင် သတိပြုလိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊ အမည်နှင့် အဓိပ္ပာယ်ဖွင့် ဆိုချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပေးရေး၊ လုံခြုံစိတ်ချရသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်သုံးစွဲနိုင်ရေး၊ မှန်ကန်ပြည့်စုံသော ကုန်စည်အချက် အလက်များကို သိရှိခွင့်ရရှိရေးနှင့် တရားမျှတသော ဈေးကွက်ယှဉ်ပြိုင်မှု ဖြစ်ပေါ်စေရေးတို့ကို ဥပဒေ၏ အဓိကရည်ရွယ်ချက်များအဖြစ် ရှင်းလင်းအသိပညာပေးခဲ့ကြောင်း သိရသည်။

        ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းကျန်းမာ ရေးစောင့်ရှောက်မှု၊ ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ သူများအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် လိုအပ်သည့် ကျောင်းကျန်းမာရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

         အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးဆောင်ရွက်မှုသို့ ကျောင်းသား /ကျောင်းသူ (၁၀၀)ဦး တက်ရောက်ခဲ့ကြပြီး စိတ်ဝင်တစား နားထောင်လေ့လာခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ