သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (လက်ထောက်ညွှန်ကြားမှူး) ဦးဆောင်၍ ဦးရဲရင့်ဖြိုး(အကြီးတန်းစာရေး)တို့သည် ၃-၈-၂၀၂၆ ရက်နေ့ တွင် မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်ရှိ Forever(စတိုးဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “Lovita” အမှတ်တံဆိပ်ပါ   အသင့်ဖျော်ကော်ဖီတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး စတိုးဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

မြင်းခြံမြို့နယ်ရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းများသို့ မှတ်ပုံတင်သက်တမ်းတိုးနိုင်ရေးကွင်းဆင်း အသိပေး

                မြန်မာဆန်စပါးအွန်လိုင်း (My RO)တွင် မှတ်ပုံတင်ထားပြီး မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့် မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် လစဉ်လကုန်ပြီး(၁)ရက်နေ့မှ(၁၀) ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများကို စာရင်းမှန်ကန်စွာ ထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအား သိုလှောင်ထားရှိသော ဆန်စပါးလုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးတို့အား မြင်းခြံခရိုင်ဦးစီးမှူးရုံး အနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များမှလည်း လစဉ်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက် ကျန်များကို မပျက်မကွက်ရေးသွင်း ဆောင်ရွက်လျက်ရှိပါသည်။

          မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီး သက်တမ်းတိုးနိုင်ရေး၊ လစဉ် ရထုတ်ကျန်စာရင်း များ ရေးသွင်းနိုင်ရေး၊ ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင် ထားရှိခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး ဦးဆောင်၍ ဝန်ထမ်းများသည် (၂၄.၇.၂၀၂၆)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြင်းခြံမြို့၊ ရပ်ကွက်များရှိ ဆန်သိုလှောင် ရုံလုပ်ငန်းများ၊ အေးမြသီတာဈေးရှိဆန်ဆိုင်များ သို့ကွင်းဆင်း၍ အသိပညာပေးခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)           

ဘီးလင်းမြို့နယ်အတွင်း စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ သည် ရေနံနှင့်ရေနံထွက်ပစ္စည်းကြီးကြပ်ရေးကော်မတီအဖွဲ့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ် အတွင်းရှိ စက်သုံးဆီဆိုင်များအား စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိနှင့် စက်သုံးဆီ ရောင်းချနေမှု ဆီလက်ကျန်တို့အား (၃၀.၇.၂၀၂၆) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆီဆိုင်များ၌ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချမှု ရှိ/မရှိနှင့် အရောင်းဆိုင်ပိတ်ထားမှု ရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ၊ အရည်အသွေး/အလေးချိန် တိကျန်မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အရောင်းဆိုင်ဖွင့်လှစ်ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိ ရကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိနှင့် စုံ/မစနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေး

          မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံနှင့် မြို့နယ် တာဝန်ခံတို့သည် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ၏ ကြီးကြပ်မှုဖြင့် ရေနံ နှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၂၈.၇.၂၀၂၆ ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် တိုင်ကီ လှောင်ဆီလက်ကျန်အခြေအနေများ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ ဈေးနှုန်းဆိုင်းဘုတ်များ တင်ဒါပြသထားခြင်း ရှိ/မရှိ၊ ဆီပြတ်လပ်မှုမရှိဘဲ ပုံမှန် ဖြန့်ဖြူးရောင်းချပေးနေခြင်း ရှိ/မရှိနှင့် စုံ/မစနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိအား စိစစ် စစ်ဆေး ခဲ့ကြသည်။

          ထို့အပြင် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များနှင့် တာဝန်ရှိသူများအား စက်သုံးဆီများ အား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဆီသိုလှောင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် မိဘ ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် သတ်မှတ်စည်းကမ်းချက် များနှင့်အညီ စနစ်တကျ ဖြန့်ဖြူးရောင်းချပေးရန် ပူးပေါင်းအဖွဲ့က မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မွန်)

“မြစ်သားမြို့နယ်၊သာလွန်ကျေးရွာ၌စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်”

             ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောဆွေးနွေးပွဲများကျင်းပခြင်း နှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ(၂၇)ရက်နေ့ ၊ နံနက်(၉း၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီး ဌာနနှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြစ်သားမြို့နယ်၊သာလွန်ကျေးရွာဓမ္မာရုံ၌ ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါ‌ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး) မှ  ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူကာကွယ်ရေး ဥပဒေနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံ ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများအကြောင်းနှင့်စားသုံးသူများနစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆို တိုင်ကြားနိုင် သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca. gov.mm ထဲသို့ ဝင်‌ရောက် တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ၊ ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျေးရွာသူ/ကျေးရွာသား ၊ စုစုပေါင်း(၁၁၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသူများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။   

DOCA(မန္တလေး)                                                                                    

                                                                                                              

မုဒုံမြို့နယ်တာဝန်ခံသည် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

     ၂၈.၇.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ဂုံညင်းတန်းရပ်ကွက်ရှိ “Khin Yadanar Tun” အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ရေး လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာ တွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

“ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများသို့ အဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လက်ကား/လက်လီ အရောင်းဆိုင်များအား စားအုန်းဆီ များဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းဖြန့်ဖြူးရောင်းချမှုရှိ/မရှိ စားအုန်းဆီများအား ပြည်သူများလက်ဝယ်အရောက် အမှန်တကယ်ရောင်းချခြင်းရှိ/ မရှိကို ဇူလိုင်လ(၃၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲမှူး ညီညီနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမောင်မောင်ထွေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးတင်ဇော်ဝင်းနှင့်ဝန်ထမ်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက ရောင်းချခွင့်ပေးထားသည့် ဆီခွဲတမ်းများအား စားသုံးသူပြည်သူလက်ဝယ်အရောက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးရန် ကွင်းဆင်းကြီးကြပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး စားအုန်းဆီဖြန့်ဖြူးခွင့်ရရှိထားသည့် လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များအား အဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် အချိုရည်အမျိုးမျိုးတို့အားစျေးကွက်စောင့်ကြည့်စစ်ဆေး”

             စားသုံးသူရေးရာဦးစီးဌာန၊ပြင်ဦးလွင်ခရိုင်တာဝန်ခံရုံးရှိစစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ (၂၃)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်းအမှတ်အသားတံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေးအတွက်စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပြင်ဦးလွင်မြို့နယ်ရှိ Uni Mark ၊Tiger Mini Mark ၊ တာယာမင်း ကုန်မျိုးစုံရောင်းချသည့်ဆိုင်များသို့ သွားရောက်ပြီး စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင်  လူသုံးကုန်နှင့်စားသောက်ကုန် များရောင်းချသည့်အရောင်းဆိုင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြား ချက်အမှတ်(၂/၂၀၁၉)နှင့်  စားသုံးသူကာကွယ်ရေး ဥပဒေအခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ကျောက်ဆည်မြို့ရှိ စားသုံးဆီအရောင်းဆိုင်များအားကွင်းဆင်း”

       ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ (၂၄)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကျောက်ဆည်မြို့ ၊ မြို့မစျေးရှိ နေလသုခဆီဆိုင်၊အောင်သိန်းဆီဆိုင်၊စစ်ငြိမ်းဆီအရောင်းဆိုင်များသို့  သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း၊ ပဲဆီ ၊ နေကြာဆီ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက် ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီး ဟင်းရွက်ဆီ(စားအုန်းဆီ) ၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်း မရှိရန်လိုအပ်ကြောင်း၊ ရည်ညွှန်းစျေးထက်ပိုမိုရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး ၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်အတွင်း လုပ်ငန်းရှင် ၁၈ ဦးက အပ်နှံလာသော သီးနှံအမျိုး အစား ၁၅ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၅၀ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၉၉ ခုကို ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

      ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း လယ်ယာထွက်ကုန် ပို့ကုန်များအား ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ ဆန်ကွဲ၊ နှမ်းနက် (သိပ္ပံ)၊ နှမ်းဖြူ၊ ပဲလွန်း၊ ပဲယင်း၊ ပဲယင်းနီ၊ ပဲစဉ်းငုံ၊ မတ်ပဲ၊ နေကြာဖတ်၊ မြေပဲဖတ်တို့တွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှု၊ သီးနှံဓာတုနှင့် ရူပအရည်အသွေးစသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၃၅ ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ၁၄ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၃၈ ခု၊ သီးနှံဓာတု ဓာတ်ခွဲခန်းမှ ၉ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ ၃ ခု စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၉၉ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ