သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် (ရုံးအုပ်) ဦးဆောင်၍ ဒေါ်စန်းရုန်(အကြီးတန်းစာရေး)နှင့် ဦးရဲဟိန်ထက်(နေ့စား) တို့သည် ၁၆-၆-၂၀၂၆ ရက်နေ့ တွင် မြစ်ကြီးနားမြို့၊မန်ခိန်ရပ်ကွက်အတွင်းရှိ လက်လီရောင်းချသော ကောင်းဆက်သူ (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ‌ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Wah-Lah အမှတ်တံဆိပ်ပါ ကြက်သားအရသာ ဆီချက်ခေါက်ဆွဲအစပ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း နှင့်ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချ ခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုကြရန်တို့ကို  အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)         

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးဦးဝင်းသိန်းဦး ဦးဆောင်၍ ရုံးအကူ ဦးရန်ငြိမ်းအောင်တို့သည် ၁၆-၆-၂၀၂၆ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ဦးတင်မြင့် (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ် ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ စိန်လမင်း အမှတ်တံဆိပ်ပါ မြေပဲဆီသန့်သည် စားသုံးဆီ အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အရ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်  စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်စည်များ ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်စည်များကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် ဆင်တူ ရိုးမား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုကြတို့ကို  အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ကချင်)         

အောင်လံမြို့၌ စားအုန်းဆီနှင့် ဆန်များဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ (သရက်/အောင်လံ) ခရိုင်တာဝန်ခံ ဦးကျော်မျိုးမင်း(ဦးစီးအရာရှိ)သည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ (၁၀..၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စည်ပင်သာယာ ရေးအဖွဲ့နှင့် ဆန်/ဆီအသင်းအဖွဲ့တို့မှ တာဝန်ရှိသူတို့နှင့်အတူ အောင်လံမြို့ပေါ်ရှိ စားအုန်းဆီလက်လီ အရောင်း ဆိုင်များ၊ ဆန်အရောင်းဆိုင်များသို့ စားအုန်းဆီနှင့်ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ အလေးချိန်၊ အချိန်အတွယ်ပြည့်စုံမှုရှိစေရေး တို့အတွက် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်းသိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် (သရက်/အောင်လံ)ခရိုင်တာဝန်ခံ ဦးကျော်မျိုးမင်း(ဦးစီးအရာရှိ) မှ လက်လီရောင်းချသည့် စားအုန်းဆီအရောင်းဆိုင်များတွင် စားအုန်းဆီများ သတ်မှတ်ရည်ညွှန်း ဈေးထက် ဈေးမြှင့်တင်ရောင်းချမှုမရှိစေရေး၊ စားသုံးသူပြည်သူများသို့ အပြည့်အဝရရှိစေရေး၊ အလေး ချိန် အချိန်အတွယ်ပြည့်စုံမှန်ကန်မှုရှိစေရေး၊ ဆန်အရောင်းဆိုင်များအား ဆန်ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှု မရှိစေရေး၊ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အများပြည်သူဝယ်ယူ စားသုံးနိုင် စေရေး၊ MyRoတွင်မှတ်ပုံတင်ထားသော ဆန်ဆိုင်များအား လစဉ်လဆန်း(၁၀)ရက် အတွင်း ဆန်အမျိုး အစားအလိုက် အရ-အထုတ်-လက်ကျန်စာရင်းများ ထည့်သွင်းဖော်ပြစေရေး၊ MyRoတွင်မှတ်ပုံတင် ထားခြင်းမရှိသေးသော ဆန်အရောင်းဆိုင်များအား ဆန်တန်(၂၅)တန်နှင့် အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်းတွင် မဖြစ်မနေမှတ်ပုံတင်ဆောင်ရွက်သွားရန်၊ ညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ရမည်ကို အသိပညာပေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ခရိုင်ပဲကြော်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ရွေးချယ်ပွဲကျင်းပ

            ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးတင့်ဇော် ဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ခရိုင်ပဲကြော်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးတင့်ဇော်က အသင်းဖွဲ့စည်းခြင်းအားဖြင့် ပဲကြော်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါကြောင်း၊ လုပ်ငန်းနှင့် ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရပါကလည်း အသင်းအဖွဲ့အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းပေးနိုင်မှာဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များလည်း ပဲကြော်အသင်းများ ဆက်လက်ဖွဲ့စည်းမှာဖြစ်ပြီး၊ ခရိုင်အသင်းများအချင်းချင်း အပြန်အလှန်သတင်းဖလှယ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းများ ပြုလုပ်နိုင်မှာဖြစ်သဖြင့် လုပ်ငန်းရှင်များမှာ တစ်ဦးတည်းလုပ်ကိုင်ဆောင် ရွက်မည့်အစား အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ပါက စစ်ကိုင်းတိုင်းဒေသကြီးအတွက် စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်မှာဖြစ်ပါကြောင်းနှင့် အသင်းအတွက် ကောင်းမွန်တဲ့အကြံဉာဏ်များ ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်တာဝန်ခံမှလည်း အသင်း၏ ရည်ရွယ်ချက်များ၊ စည်းကမ်းချက်များနှင့်ပတ်သက်ပြီးရှင်လင်းပြောကြားခဲ့ပါကြောင်း၊ အသင်းအား မဂဏန်းဖြင့် ဖွဲ့စည်းရမည်ဖြစ်ပါကြောင်းပြောကြားခဲ့ရာ အသင်းကို ဥက္ကဌ၊ ဒု- ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်နှင့် အမှုဆောင် စုစုပေါင်း  အသင်းသား ( ၁၉ )ဦးတို့ ဖြင့် ဖွဲ့စည်း၍ ခရိုင်ပဲကြော်အသင်းဖွဲ့စည်းခြင်းအခမ်းအနားအား နေ့လယ် ( ၁၄း၃၀ ) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့မဈေးရှိ စားသောက်ကုန်နှင့်အလှကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်တာဝန်ခံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဦးဆောင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၁ရက်နေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ  ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့်အလှကုန်ပစ္စည်း အရောင်းဆိုင်(၁၀) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ စစ်ဆေးရာတွင်  ရောင်းချလျက်ရှိသော လက်ဖက်၊ ခေါက်ဆွဲ၊ ကြာဇံ၊ ကြက်အူချောင်း၊ ဝက်အူချောင်း စားသောက်ကုန်များတွင် ခွင့်မပြုဓာတုဆိုးဆေး၊ တာရှည်ခံပစ္စည်း (Formalin) အသုံးပြုထားခြင်း ရှိ/မရှိ နမူနာကောက်ယူပြီး စစ်ဆေးခဲ့ရာ အဆိုပါ စားသောက်ကုန်ပစ္စည်းများသည် ခွင့်မပြုဓာတုဆိုးဆေး၊ တာရှည်ခံပစ္စည်း (Formalin) အသုံးပြုထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူမျာက ကုန်အညွှန်းအမှတ်အသား၊ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များ ရွေးချယ်ဝယ်ယူရောင်းချရန်၊ ဓါတုဆိုးဆေးလွန်ကဲစွာ အသုံးပြု ထားသော ကုန်ပစ္စည်းများ၊ သက်တမ်းလွန်ကုန်ပစ္စည်းများ၊ အန္တရာယ်ရှိသော အရည်အသွေးနိမ့်ကုန်စ္စည်းများ ဝယ်ယူရောင်းချခြင်းမပြုရေး သတိထားဆောင်ရွက်ကြရန်  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆေးရွက်ကြီးနှင့် ဆေးလိပ်အမျိုးမျိုး ရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စားသုံးသူများ၏ အခွင့်အရေးကိုကာကွယ် ပေးနိုင်သည့်အပြင် ကျန်းမာရေးအန္တရာယ်များကိုလည်း လျော့နည်းစေနိုင်ရန်ရည်ရွယ်၍ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဆေးလိပ်အတုများရောင်းချမှုရှိ/ မရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ စသည့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက် နံနက်ပိုင်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အဆိုပါကွင်းဆင်းစစ်ဆေးမှုကို စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့ ပူးပေါင်းဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့မှ ကန့်ဘလူ မြို့နယ်အတွင်းရှိ  ကုန်စုံဆိုင်များနှင့် ဆေးလိပ်ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း၊  စစ်ဆေးရာတွင် ဆေးလိပ်အမျိုးမျိုးတွင် ထုပ်ပိုးပစ္စည်းပေါ်တွင် ကျန်းမာရေးသတိပေးစာတမ်းများ၊ ရုပ်ပုံများ၊ ပြည့်စုံစွာဖော်ပြထားမှုရှိမရှိ၊ အသက်အရွယ်မပြည့်သေးသူများထံ ရောင်းချခြင်းရှိမရှိနှင့် ဆေးလိပ်အတုများရောင်းချခြင်းရှိ/ မရှိတို့ကို အဓိကထားစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထို့ပြင် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဆေးလိပ်အတုထုတ်ကုန်ပစ္စည်းများနှင့် အစိုးရအခွန်တံဆိပ်အတုအသုံးပြုမှုကို တွေ့ရှိရပါက လုပ်ငန်းရှင်များအား သက်ဆိုင်ရာဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် စားအုန်းဆီလက်လီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရန် ကွင်းဆင်းကြီးကြပ်

         စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက် မွန်းလွဲပိုင်းအချိန်တွင် ကန့်ဘလူမြို့နယ်ဆီ ကိုယ်စားလှယ်မှ အမှတ်()ရပ်ကွက်ရှိ၊ စားသုံးသူပြည်သူများအား စားအုန်းဆီလက်လီ ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

              မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် စားအုန်းဆီအရည် အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် %အမြတ်တို့ဖြင့် လက်လီအရောင်းဆိုင်များမှတဆင့်  စားသုံးသူပြည်သူတစ်ဦးလျှင် ()ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း အမှတ်တံဆိပ်ပြည်တွင်းထုတ်ရောနှောဆီများ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း အမှတ်တံဆိပ် ပြည်တွင်းထုတ်ရောနှောဆီများ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဇွန်လ (၁၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးကြီး အတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် စားသုံးသူပြည်သူများ နေ့စဉ်နှင့်အမျှ ဝယ်ယူစားသုံးလျှက်ရှိသည့် အမှတ် တံဆိပ်ပြည်တွင်းထုတ် ရောနှောဆီအမျိုးအစား အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ  မြန်မာဘာသာဖြင့် ဖော်ပြပါရှိရမည့် စားသုံးဆီ၏ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြစေရန်ရည်ရွယ်၍ ဟင်းသီးဟင်းရွက် ဆီ (Vegetable Oil, Cooking Oil)များအား ထုတ်လုပ်သူ၊ ပြန်လည်ဖြန့်ဖြူးရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အပြည့်အဝ ရာနှုန်းပြည့်မီအောင် လိုက်နာဆောင်ရွက်သွားစေရန် ရည်ရွယ်ပြီး ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းရှိ ဈေးဆိုင်များတွင်ဆရာဝန်ညွှန်ကြားချက်မရှိသော အိမ်သုံးဆေးဝါးသောက်ဆေး အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းရှိ ဈေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးသောက်ဆေးအမျိုုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိခြင်းရှိ/ မရှိကို ဇွန်လ (၁၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် မြို့နယ်စည်ပင်သာယာမြို့မဈေးကြီးအတွင်း/ အပြင်ရှိ ဈေးဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေး ကြီးအတွင်း/ အပြင်ရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးသောက်ဆေးအမျိုးမျိုးတို့တွင် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာဖော်ပြပါရှိခြင်းရှိ/ မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း သက်ဆိုင်ရာ အစိုးရဌာနများမှ သတ်မှတ်ထားသော အထောက်အထားမှတ် ပုံတင်အမှတ်၊ ခွင့်ပြုချက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ အသင့်စားခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားလမ်း၊ အောင်ချမ်းသာရပ်ကွက်ရှိ Aeon Orange Supermarket ဆိုင်တွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိအား ဇွန်လ(၁၁)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊  တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည် Aeon Orange Supermarket မှ ဆိုင်မန်နေဂျာနှင့် တွေ့ဆုံ၍ အသင့်စားခေါက်ဆွဲခြောက်ထုပ်သည် စားသုံးသူပြည်သူများ အလွယ် တကူဝယ်ယူစားသုံးသည့် အစားအစာဖြစ်သည့်အတွက် ခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် သာမန်မျက်စိဖြင့် မြင်နိုင်သည့် စာလုံးအရွယ်အစားဖြင့် ရေးသားဖော်ပြပေးကြရန်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါရှိရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး Aeon Orange Supermarket ဆိုင်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ