သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေဘိုမြို့တွင် ဆန်စက်နှင့် ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စီးပွားရေး လုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၄.၈.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီးမံခန့်ခွဲရေးဌာနခွဲမှ ဝန်ထမ်းတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရှိ ကုဋေစံ(၂)ဆန်စက်နှင့် အောင်ဆန်စက် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ဆန်တန်ချိန်(၂၅)တန်အထက်၊ စပါးတင်း(၂၅၀၀)အထက် သိုလှောင်ပါက myroတွင်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ပြီးသည့်ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် လစဉ်ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများအား လစဉ်လဆန်း(၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း Updateပြုလုပ်ခြင်း လုပ်ငန်းစဉ်များ လိုက်ပါဆောင်ရွက်ကြရန်၊  စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွာရေးလုပ်ငန်းရှင်၏တာဝန်များ  အသိပညာပေး ဆွေးနွေးခဲ့ပြီး လက်ရှိအရောင်းအဝယ်ဖြစ်လျက်ရှိသည့် စပါး၊ ဆန်ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

GOOD NEST MYANMAR CO; Ltd ၏ စက်ရုံသို့ မြေပြင်ကွင်းဆင်းစစ်‌ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် စစ်ကိုင်းမြို့နယ်၊ ကျောက်တာကျေးရွာအုပ်စု၊  GOOD NEST MYANMAR CO; Ltd ဦးပိုင်အမှတ် (ည/၅)၊ ကွင်းအမှတ်- ၇၈၃(တောင်ညို) စက်ရုံသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာ ၂ ဘီး၊ ၃ဘီးဆိုင်ကယ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းမှာ ယခုလတ်တလောတွင် စက်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများ လိုအပ်လျက်ရှိသောကြောင့် စက်ရုံလည် ပတ်လုပ်ကိုင် နိုင်ခြင်းမရှိသေးကြောင်း ၊ စက်ရုံအတွက် လိုအပ်သည့် စက်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများကို တရုတ်နိုင်ငံမှရရှိပါက အမြန်ဆုံး လည်ပတ် လုပ်ကိုင်နိုင်မည့် အနေအထား ရှိကြောင်း တွေ့ရှိရပါသည်။

          GOOD NEST MYANMAR CO; Ltd သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် စက်ရုံတာဝန်ခံနှင့် ဝန်ထမ်း(၂၀)ဦးခန့်ရှိကြောင်း၊ စက်ရုံလုပ်ငန်းစတင်လည်ပတ် မည်ဆိုပါက ဝန်ထမ်း (၅၀)ဦးဖြင့် လည်ပတ်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

                  စားသုံးသူရေးရာဦးစီးဌာန၊   ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ကျိုင်းတုံမှ ဦးအောင်လင်းဦး(ဦးစီးမှူး) ဦးဆောင်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ် ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု အချက်အလက်ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/မရှိတို့ကို (၄-၈-၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရပ်ကွက်(၃)၊  ကျိုင်းစံရပ်ရှိ   “HNK Distribution”  အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းနှင့် ရပ်ကွက်(၂)၊  နောင်ကျောက်ရပ်ရှိ Victory Fashion အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းတို့ အားမြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ ပါသည်။

                  အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်  ကိုက်ညီမှု  ရှိ/ မရှိစစ်ဆေးခြင်း ၊ စီးပွားရေးလုပ်ငန်းရှင်များ  လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့်   စားသုံးသူကာကွယ်ရေး  ဥပဒေပါအခန်း(၁၇)ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့်ပတ်သက်၍တရားမဝင်ကုန်ပစ္စည်းများရောင်းချမှုမရှိရေးအသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းတိုး (ဦးစီးအရာရှိ) နှင့်ဝန်ထမ်းများသည် (4.8.၂၀၂၆) ရက်၊ နံနက် (၁1:၀၀) နာရီအချိန်တွင် လွိုင်လင်မြို့ ပေါ်ရှိ August Htay အမည်ဖြင့် အွန်လိုင်းရောင်ဝယ်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ အချက်အလက်များ မှန်ကန်မှု ရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိ သည့် အချက်အလက်များ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် အချက်အလက်များ ကိုက်ညီမှုရှိပြီး အခြားလိုအပ်သည့် အချက်အလက်များအား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ၊ DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးဥပဒ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ခြင်း

                  စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ)ဦးဆောင် သောဝန်ထမ်း( ) နှစ်ဦးသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်( ) ရက်နေ့(:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့်လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၌ သင်တန်းသား/သင်တန်းသူစုစုပေါင်း(၂၀)ဦးအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခုထက်ပို၍ဖြစ်စေဖော်ပြရာ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက် အမှတ်(  ၂/၂၀၁၉ ) အတိုင်းလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ဥပဒေပါတားမြစ်ချက်၊ ပြစ်မှု၊ ပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့် ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်အားအသိပညာပေး

     ကချင်ပြည်နယ်၊   မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့်   ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံး မှ‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၇-၈-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ မှတ်ပုံတင်လက်မှတ် ရရှိထားသော အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်(၁)ဦးနှင့် တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဆောင်ရွက်ခဲ့ရာတွင်‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် တာဝန်များအကြောင်း၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်း အဖြစ်သတ်မှတ် ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်လျှောက်ထားမှုအတွက် သတ်မှတ်ချက်၊ ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်းတိုး လျှောက်ထားခြင်းအကြောင်း၊  မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့်အခွင့်အရေး များအကြောင်း၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာ အကြောင်းအရာများ အကြောင်း၊  အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ eComReg SystemReport နှင့်ပတ်သက်သည့် အသုံးပြုရန် နည်းလမ်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ ကြီးတန်းစာရေး ဒေါ်စွဲ့ဇင်မာဖွေးတို့သည် ၇-၈-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ စိမ်းမြောက်ရပ်ကွက် ရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် (၁)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်း ချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။

     ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ထပ်မံပေးချေရမည့် တန်ဖိုးကို စားသုံးသူက ဝယ်ယူ အသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ် ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြား နည်းလမ်းများဖြင့်ဖြစ်စေ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန်ပြော ဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း စသည့်အချက်များအကြောင်း၊ ဥပဒေ အခန်း (၁၈) ပုဒ်မ (၄၁) ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်အကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း နှင့် အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊  ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့အား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုံး (ရုံးအုပ်) ဦးဆောင်သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၇-၈-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ကဝါးခရပ်ကွက်၊ Sunn(ကုန်စုံဆိုင်) သို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက် စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ၊ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ HAPPY အမှတ်တံဆိပ် အသင့်ဖျော်ကော်ဖီတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာဖြင့်ကိုက်ညီ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ဖော်ပြထားကြောင်း၊ စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူ ရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကချင်)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

   ၅.၈.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးသည် မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်းရပ်ကွက်ရှိ “Infinity Mobile Mawlamyine-Good Second Phone Shop” မိုဘိုင်းရောင်းဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာ တွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မွန်ပြည်နယ်အတွင်း ဆန်ဈေးနှုန်းနှင့် ဆန်လက်ကျန်အခြေအနေ ကွင်းဆင်းကောက်ယူ

    ၅.၈.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်မှ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မွန်ပြည်နယ်ဆန်ကုန်သည်အသင်းနှင့် ပူးပေါင်း၍ မော်လမြိုင် မြို့ရှိ Ocean Supercenter ၊ ဆန်အရောင်းဆိုင်များနှင့် ဆန်စပါးသိုလှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဆန် အမျိုးအစားအလိုက်ဈေးနှုန်းများကို ကောက်ယူမှတ်တမ်းတင်ခြင်း၊ ဆန်လက်ကျန်ပမာဏများကို စာရင်းကောက်ယူခြင်းနှင့် ဈေးကွက်အတွင်း ဆန်ရောင်းဝယ်မှုအခြေအနေများကို လေ့လာစိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ