သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ အ.ထ.က(၁) အခြေံပညာအထက်တန်းကျောင်းမုန့် ဈေးတန်းတွင်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် (၁၂.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြောင်းမြမြို့၊‌ အမှတ်(၅)ရပ်ကွက်ရှိ အ.ထ.က(၁) အခြေခံပညာအထက်တန်း ကျောင်းမုန့် ဈေးတန်းအား ကျောင်းကျန်းမာရေးအဖွဲ့၊ ကျောင်းမုန့်ဈေးတန်း ကော်မတီဝင်များနှင့် အတူ ကုန်စည်များနှင့်ပတ်သတ်၍  လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တာရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစီစစ်ခဲ့ပြီး ကုန်အညွှန်းအမှတ် အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော တားမြစ်မုန့်များ၊ အစားအသောက်များ၊ သက်တမ်းလွန်အစားအစာများ၊ ရောင်းချမှုမရှိစေရေး မြန်မာနိုင်ငံစားသုံးကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး ဈေးရောင်းသူများသည် ဥပဒေပါပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင် တို့သည် ၁၉-၆-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ဒေါ်နိုင်နိုင်ဆွေ (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Noodle Master အမှတ်တံဆိပ်ပါ ၃ဆရှယ်ပူစပ် ခေါက်ဆွဲသည်  အသင့်စားခေါက်ဆွဲအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ထုတ်ပြန် ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ  ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း ဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်စည်အမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန်နှင့် ဆင်တူရိုးမားအတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုလုပ်ကြရန်တို့ကို   အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ညောင်တုန်းမြို့  အခြေခံပညာအထက်ကျောင်း မုန့်ဈေးတန်းစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့  အခြေခံပညာအထက်ကျောင်း အ.ထ.က-၂ ကျောင်းတွင် ရောင်းချနေသည့် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ၁၃.၆.၂၀၂၆ ရက်နေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင် ကျောင်းကျန်းမာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊  ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ် ၅ရပ်ကွက်ရှိ အ.ထ.က-၂ကျောင်းမုန့်ဈေးတန်းတွင်  ရောင်းချနေသော ကျောင်းမုန့်ဈေးတန်း ရောင်းချနေသောမုန့်များကို ဘေးအန္တရာယ်ကင်းရှင်းရေးစစ်ဆေးခြင်း၊ တားမြစ်ကုန်စည်များရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်များရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသော ဆိုင်ရှင်များနှင့် မုန့်ဈေးတန်း ကြီးကြပ်ရေးအဖွဲ့ဝင်များကို အစားအသောက် ဝယ်ယူရောင်းချရာတွင် လိုက်နာရမည့် ကျောင်းမုန့်ဈေးတန်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ သန့်ရှင်း လတ်ဆတ်သော၊ ကျန်းမာ ရေးနှင့်ညီညွတ်သော အစားအသောက်များကိုသာ ရောင်းချနိုင်ရေးနှင့် မလိုလားအပ်သောရောဂါဖြစ်ပွားမှု မရှိစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်း မရှိသော အစားအစာများရောင်းချသည်ကို တွေ့ရှိပါက ရောင်းချခြင်းကို ပိတ်သိမ်း၍ ချက်ခြင်းအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်က ရှင်းလင်းအသိပညာပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အရံ မီးသတ်တပ်ဖွဲ တို့ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းမုန့်ဈေးတန်းဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံသည် (၁၂.၆.၂၀၂၆)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံရုံး၌ အ.ထ.က-၁ ကျောင်းမုန့်ဈေးတန်းအတွင်းရှိ မုန့်ရောင်းချသူ လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ကျောင်းမုန့်ဈေးတန်းလုပ်ငန်းရှင်များကို ဟောပြောရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေ ကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၌ ပြဌာန်းခဲ့ပြီး အခန်း ပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန်၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်တာဝန်(၄)ချက်၊စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် FacebookPage ဖြစ်တဲ့ DOCAMyanmarPage တွင်လည်းကောင်း၊ မိမိတို့ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)တွင် လည်းကောင်း၊ မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင် လည်း ကောင်း၊  Call Center နံပါတ် 1535 တွင်ဖုန်းခေါ်ဆို၍ လည်းကောင်း ဆက်သွယ်စုံစမ်း တိုင်ကြားနိုင်ပါကြောင်းကိုအကျယ်တဝင့် ဟောပြောခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Msme ထုတ်ကုန်များ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိစေရေးကွင်းဆင်းစစ်ဆေး အသိပညာပေး

            စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်ပါ ဝန်ထမ်းများသည် ဖြန့်ဖြူးရောင်းချလျက်ရှိသော  ပြည်တွင်း/ပြည်ပထုတ် Msme ထုတ်ကုန်များ တွင်  စားသုံးသူ ကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို ၁၈--၂၀၂၆ ရက်နေ့ ၁၁:၀၀ နာရီအချိန်တွင် ဘားအံမြို့ပေါ်ရှိ လက်လီ၊ လက်ကား အရောင်းဆိုင်များတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

               ထိုသို့စစ်ဆေးရာတွင် ကုန်စည်များ၌မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်က ညွှန်ကြားချက်အမှတ် /၂၀၁၉ ဖြင့် ထုတ်ပြန်ထားသည့် ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွန်းအမှတ်အသား ဖော်ပြရမည့် အသေးစိတ်အချက်အလက်များ ပါဝင်မှုရှိ/မရှိ၊ ထုတ်လုပ်ရက်စွဲ ကုန်ဆုံးရက်စွဲ ပါဝင်မှု ရှိ မရှိ အခြေများကို စစ်ဆေးခဲ့ကြပြီး စစ်ဆေးတွေ့ရှိချက်အခြေအနေများအပေါ် ပြုပြင်ရန် အချက်များကို တစ်လအတွင်း လုပ်ငန်းရှင်များမှ ပြုပြင်ဆောင်ရွက်သွားရန် အသိပညာပေးခဲ့ ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားအား မြန်မာဘာသာဖြင့် ဖော်ပြရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် ဆောင်ရွက်ရန်အခက်အခဲရှိပါက  စိစစ်လျှောက်ထားနိုင်ရေး စားသုံးသူရေးရာဦးစီးဌာနမှ ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/သူများအား  စားသုံးသူအသိပညာပေးဟောပြော

         ၁၂.၆.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေနော်သီရီ ခန်းမ၌ အလက(ခွဲ)ဆယ့်နှစ်ရွာ ကျောင်းမှ ကျောင်းသား/သူ (၁၀၀)ဦး၊ ဆရာ/မ (၂)ဦးတို့အား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့နှင့် အတူ စားသုံးသူအသိပညာပေးဟောပြောမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

          အသိပညာပေးဟောပြောရာတွင် ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ အသိပညာပေးဟောပြောရာ စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုလိုကြောင်း၊ စားသုံးသူ ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက် သော်လည်းကောင်း၊ အခြားသူအတွက် သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ် သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်း ခံရသူများကို ဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြန်လည်ရောင်းချ ခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့် သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုလိုကြောင်း၊ ကုန်စည် ဆိုသည်မှာ စားသုံးသူကိုယ်တိုင်အတွက် သော်လည်းကောင်း၊ အခြားသူများအတွက် သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း သို့မဟုတ် စားသုံးခြင်းပြုသော အရာဝတ္ထုကို ဆိုသည်။ ယင်းစကားရပ်တွင် ငွေရေးကြေးရေးဆိုင်ရာ လွှဲပြောင်းနိုင်သောစာချုပ်စာတမ်း၊ အစုရှယ်ယာ၊ ငွေချေးလက်မှတ်၊ ငွေကြေးစသည့် ကိစ္စရပ်များဖြစ်ကြောင်း၊ ဝန်ဆောင်မှု ဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကိုဆိုလိုကြောင်း ရှင်းလင်းပြီး ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးများတွင် တိုင်ကြားနိုင်သလို၊ အွန်လိုင်းမှလည်းတိုင်ကြားနိုင်ခြင်း၊ Consumer Call Center ဖုန်းနံပါတ်(1535)သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းတိုင်ကြား ဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့ စားသုံးသူရေးရာဦးစီးဌာန၏ Website မှလည်း ဝင်ရောက်တိုင်ကြား နိုင်ပါကြောင်းနှင့် ဦးစီးဌာနအကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုန်သွယ်မှုသတင်းများ၊ ကွင်းဆင်းဆောင်ရွက်မှုသတင်းများနှင့် ဥပဒေ အကြောင်းအရာများကိုလည်း ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးဥပဒေနှင့် သိကောင်းစရာများကို ဟောပြောခြင်း

       ၁၃.၆.၂၀၂၆ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်နယ် စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံဖြိုးရေးသင်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး ဦးစီးအရာရှိမှ စားသုံးသူကာကွယ်ရေးဥပဒေနှင့် သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

        ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များအပေါ် စားသုံးသူ ပြည်သူများ၊ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး‌‌ဟောပြောပွဲများကို စဉ်ဆက်မပျက်အသိပညာပေးလျက်ရှိကြောင်း၊ ကုန်စည်များနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းလာသော ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်‌ရေး၊ စားသုံးသူအခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရေးအတွက် စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊  စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများ၊ အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်သော Consumer Call Center (1535) လိုင်းခွဲ (၁)(၂)(၃) ရုံးချိန်အတွင်း ဆက်သွယ်တိုင်ကြားနိုင်းကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး  ဆရာ/မနှင့်ကျောင်းသား/သူ ၁၅၀ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းစွယ်တော် သောက်ရေသန့်စက်ရုံအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်  မြို့ကွက်သစ်ရပ်ကွက်၊ ရန်ကုန်-ပုသိမ်ကား လမ်းမဘေးရှိ ပန်းစွယ်တော်သောက်ရေသန့်စက်ရုံကို သက်ဆိုင်ရာဌာနများဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် အတူ  ၁၁.၆.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့စစ်ဆေးရာတွင် ပန်းတနော်မြို့နယ် ပန်းစွယ်တော် သောက်ရေသန့်စက်ရုံ လည်ပတ်နေမှုကို ကြည်ရှုလေ့လာခဲ့ပြီး  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလဲသန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေး တွေ့ခဲ့ရပြီး ထိုနောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုအဆင့် တိုင်းစနစ်တကျရှိစေရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကိုလိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်မရောမြို့နယ်ရှိ MSME လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှု

             ၁၇.၆.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာရှိ “ကျွန်း” အမှတ်တံဆိပ်ဖြင့် စားသောက်ကုန်များ ထုတ်လုပ်လျှက်ရှိရာ ဈေးကွက်မရောက်မီနှင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချ လျှက်ရှိ သော စားသောက်ကုန်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြမှု ပြည့်စုံစွာ ပါဝင်ခြင်း ရှိ / မရှိ တို့အား ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ ကွင်ဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးမင်းနောင် က ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် မိမိတို့ဒေသမှ MSME ပြပွဲများတွင် ဝင်ရောက် ပြသသော စားသောက်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ အချက်များကို ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲ လျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထား သည့်  ကုန်အညွှန်းအမှတ်အသားဖော်ပြမှု ပြည့်စုံစွာပါရှိစေ‌ရေးတို့အား လိုက်နာဆောင် ရွက်သွားနိုင်ရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များအား အသိပညာပေး

          ၁၆.၆.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်တာဝန်ခံရုံး၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင် (၄) ဦးအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ အသိပညာပေးရာတွင် မုဒုံမြို့နယ်တာဝန်ခံမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများအားလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း နှင့်စပ်လျဉ်း၍ မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအားလည်းကောင်း အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ