သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

            စားသုံးသူရေးရာဦးစီးဌာနစစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း()ဦးတို့သည် “ခရိုင်ဆန်သိုလှောင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့”မှ အဖွဲ့ဝင်များဖြစ်သော  ခရိုင်အထူးစုံစမ်း စစ်ဆေးရေးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ချင်းစုရပ်ရှိ ”မြတ်နိုးအိမ်”နှင့် ရွာထောင်ရပ်ရှိ “သင်းသင်း” ဆန်အရောင်းဆိုင်သို့ကွင်းဆင်း၍ ဈေးနှုန်းဈေးကွက် အခြေအနေများ၊ စီးဝင်/စီးထွက်မှု အခြေအနေများ၊ သယ်ယူခနှုန်းထားများနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊  ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်   ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင် မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆန်အိတ် (၅၀၀)နှင့်အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံ မှတ်ပုံတင် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ စစ်ကိုင်းမြို့၊ ချင်းစုရပ်ရှိ ဆန်အရောင်းဆိုင်များ ဖြစ်သော ချင်းစုရပ်ရှိ “မြတ်နိုးအိမ်”နှင့် ရွာထောင်ရပ်ရှိ “သင်းသင်း” နှင့်ဆန်ဆိုင်များအနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံး ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက်ဝယ်ယူ၍လည်းကောင်း၊ မိမိတို့ဆိုင်များသို့ အရောက်ပို့၍လည်းကောင်း ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးစွဲမှု အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များကို အများဆုံးရောင်းချသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစား အလိုက် (၂၄) ပြည်တစ်အိတ် ဈေးနှုန်းများမှာ ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရွှေဘိုပေါ်ဆန်း (သစ်)(၂၀၀၀၀၀ မှ ၂၀၅၀၀၀)ကျပ်၊ ဧရာမင်း(သစ်)(၁၃၅၀၀၀ မှ ၁၄၅၀၀၀)ကျပ်၊မနောသုခ(ဟောင်း) (၁၀၅၀၀၀)ကျပ်နှင့် နောသုခ(သစ်)(၉၀၀၀၀)ကျပ်များဖြင့် အရောင်းအဝယ်ရှိကြောင်း သယ်ယူခနှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၅၀၀၀) ကျပ်မှ   (၇၀၀၀) ကျပ်ရှိကြောင်း ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ   လိုသလောက်သာ မှာယူရောင်းချသောကြောင့် ဆန်သိုလှောင်သော ဆန်ဂို ဒေါင်များမရှိပါကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းအားရှိသလောက် ဝယ်ယူရောင်းချနေကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စိုက်ပျိုးရေးဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရေးသုံးသွင်းအားစုများ အရည်အသွေးပြည့်မီစေရေးနှင့် စားသုံးသူမိဘပြည်သူများ နစ်နာမှုမရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးမျိုးဝင်းသန်းတို့ ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၈ ရက် နံနက်ပိုင်းက မြို့ပေါ်ရှိစိုက်ပျိုးရေးဆေးဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် စိုက်ပျိုးရေးဆေးဆိုင်များတွင် ရောင်းချနေသော စိုက်ပျိုးရေးဆေးဝါးများနှင့် ပတ်သက်၍ တရားဝင်ရောင်းချခွင့် လိုင်စင်များ စနစ်တကျလျှောက်ထားရယူထားခြင်းရှိ/မရှိ၊ သုံးစွဲရန် တားမြစ်ထားသော ဓါတုပိုးသတ်ဆေးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိမရှိ၊ ကုန်စည်များကို ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချခြင်းရှိမရှိနှင့် လက်ရှိပစ္စည်းပြတ်လပ်မှု မရှိစေရေးအတွက် ကုန်စည်ဝယ်ယူမှုအခြေအနေနှင့် သိုလှောင်ရုံရှိ ပစ္စည်းလက်ကျန် အခြေအနေများ၊ ဆေးဝါးများပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ တို့ကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထို့နောက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဆိုင်ပိုင်ရှင်များအနေဖြင့် ဥပဒေနှင့် မလွတ်ကင်းသော စိုက်ပျိုးရေးဆေးဝါးများ တင်သွင်းရောင်းချခြင်းမပြုရန်၊ ဈေးနှုန်းများကိုမြှင့်တင်ခြင်းမပြုဘဲ ပုံမှန်အတိုင်းရောင်းချပေးရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေး မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

MSME ထုတ်ကုန်များ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         ( ၁၈..၂၀၂၆ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ် မြေအတွင်းရှိ ကလေးမြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင် ( ) ဆိုင်နှင့် ဈေးကွက်မရောက်မီ စက်ရုံ/ အလုပ်ရုံ ( ) ရုံသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း ဦးစီးအရာရှိက  ကုန်အညွှန်းအမှတ်သားများကို မြန်မာဘာသာဖြင့်ဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၃ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်များအတိုင်း ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန်နှင့် မပြည့်စုံသည့် ကုန်စည်များတွေ့ရှိ၍ လိုအပ်သည့် အချက်များကို ထပ်မံဖြည့်စွတ်၍ ရောင်းချရန်နှင့် ကုန်အညွန်းအမှတ်အသားများ ပြည့်စုံခြင်း ရှိမရှိ ကို မိမိတို့ဌာနတွင် အခမဲ့ လာရောက်လျှောက်ထားနိုင်ကြောင်း လုပ်ငန်းရှင်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘိုကလေးမြို့နယ် (၉) ရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

          စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ် ဇွန်လ(၁၅) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် (၉)ရပ်ကွက် နှစ်ကျိပ်ရှစ်ဆူတန်ဆောင်းတွင် စားသုံးသူပြည်သူ (၃၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

     ထိုဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူရာတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များ ဈေးကွက်အတွင်းရှိကြောင်း၊ စားသုံးသူကာကွယ်ကွယ်ရေး ဥပဒေအခန်းကဏ္ဍမှ ကုန်အညွန်းအမှတ်အသားဖော်ပြချက်များအကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ကုန်စည်ဝန်ဆောင်မှုများအကြောင်း စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Call Center 1535 သို့လည်း ဆက်သွယ်တိုင် ကြားနိုင်ကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊  အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များရှိ ရေသန့်ဘူးများ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၄..၂၀၂)ရက်နေ့ နေ့လယ်(၁၁း၃၀)နာရီအချိန်တွင် အိမ်မဲမြို့ အထက်ပိုင်းရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော 1 + Plus ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အထက်ပိုင်းရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော 1 + Plus အမှတ်တံဆိပ်ပါ ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ ဌာနမှဈေးကွက် စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် မြို့ပေါ်ရှိ ဆေးဆိုင်များတွင်  ဈေးနှုန်းမြှင့်တင်ရောင်းချခြင််းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၅--၂၀၂)ရက်နေ့  ညနေ(၁၅း၀၀)နာရီအချိန်တွင် မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော အိမ်သုံးဆေးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင််းရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင် ဆိုင်ရှင်များအား စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန် ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း တရားမဝင်တင်သွင်းလာသော  ဆေးဝါးများရောင်းချခြင်းမပြုကြရန်၊ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန် ဈေးကွက်အတွင်းရောင်းဝယ်ခြင်းများအား စစ်ဆေး‌တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်  ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၆)ရပ်ကွက် ကမ်းနားလမ်းရှိ ကုန်မျိုးစုံဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍  (၁..၂၀၂၆)ရက်နေ့ နေ့လယ် (၁:၃၀)နာရီက  လပွတ္တာမြို့နယ်အမှတ်(၆)ရပ်ကွက် ကမ်းနားလမ်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အမှတ်(၆)ရပ်ကွက် ကမ်းနားလမ်းရှိ ကုန်မျိုးစုံဆိုင် (၃)ဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင် Lotus အမှတ်တံဆိပ်ဦ သူဌေးမင်း အမှတ်တံဆိပ် ရန်ကုန်ပဲဆီသန့် ဆီဘူးများတွင် သတ်မှတ်ကုန်အညွှန်းအမှတ်အသားနှင့် FDAထောက်ခံချက်များပါမပါ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူပြည်သူများသို့ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များသို့အသိပေး ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊ ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show   ပြုလုပ်

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၁..၂၀၂) ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား လပွတ္တာခရိုင်၊ (၃)မိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်(၁၁)ချက်၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ဥပဒေများအကြောင်း အသေးစိတ်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင် ရွက်ကြရန် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ တားမြစ်ချက်များနှင့် ထင်ယောင်ထင်မှားဖြစ်စေခြင်းဆိုင်ရာ တားမြစ်ချက်များအကြောင်း အသိပညာပေးရှင်းလင်းဆွေးခဲ့ပြီး၊ ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူ တာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC နှင့် 1535 သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

          ၁၈.၆.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးပွားစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲ စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် မဝယ်မီ ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုစစ်ဆေး၍ ဝယ်ယူသုံးစွဲရန် အရေးကြီးကြောင်း၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သည့်ရက်နှင့် ထုတ်လုပ်သူ၏ အချက်အလက်များကို စစ်ဆေး၍ဝယ်ယူရန် လိုအပ်ကြောင်း စသည်တို့ကို ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက တိုင်ကြားနိုင်သည့် နည်းလမ်း များကို အသေးစိတ် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပြည်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသို့ မိတ်ဖက်ဌာနဆိုင်ရာနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၅.၆.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကမ်းနားလမ်း၊ ဂင်္ဂါဝတီခန်းမ၌ မြို့နယ်စိုက်ပျိုးရေး၊ မြေစာရင်းဌာန၊ စက်မှုလယ်ယာ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ် အခွန်ဌာနဆိုင်ရာများ၊ (GBS) ကုမ္ပဏီက ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ် သော မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထပ်မံထုတ်ချေးပေးမည့် ချေးငွေအစီအစဉ်အသစ်နှင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှု အခမ်းအနားသို့ တက်ရောက်ကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် ပြည်ခရိုင်ဦးစီးမှူးရုံး၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ဝင်းလဲ့ဝါ (ဦးစီးမှူး) မှ တက်ရောက်လာသည့် တောင်သူလယ်သမား (၂၈၂) ဦးတို့အား စားသုံးသူအခွင့်အရေး များနေ့ ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရ မည့် တာဝန်နှင့် တားမြစ်ချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့် လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ