သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုူအခြေခံသင်တန်း(၁/၂၀၂၆)တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောခြင်း

          ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၊ ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ် ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ဦးဆောင်ဖွင့်လှစ်သော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုူအခြေခံသင်တန်း(၁/၂၀၂၆)တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးဟော ပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုခရိုင်ဦးစီးမှူးမှ စားသုံးသူ‌ ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များ၊ ကုန်စည်များ၏ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ အွန်လိုင်းရောင်းချမှုများနှင့်ပတ်သက်၍ သိကောင်း စရာများအကြောင်းနှင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ စသည့်သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကာ ဟောပြောပွဲအား ၁၀း၄၅ နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ) 

ဒေးဒရဲမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်ရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၁၅-၆-၂၀၂၆ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မှော်အိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ( ၉၀ ) ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။
        ထိုအခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က လူငယ်များဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့်ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဥာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့်မိမိလူမျိုးကို အကျိုးပြုနိုင်မည့် လူငယ်များဖြစ်ပေါ်လာစေရေး လူငယ်ရေးရာဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးသိန်းမောင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြမထားသော အစားအသောက်များ ဝယ်ယူမစားသုံးရေးနှင့် စားသုံးသူနစ်နာမှုမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများအားလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက တာဝန်ခံဦးကျော်လွင်ထွန်းက လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုဆွေးနွေးဟောပြောခဲ့ကြောင်းသိရသည်။ဆက်လက်၍ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြိတ်မြို့တွင် အွန်လိုင်းစနစ်တွင်မှတ်ပုံတင်လက်မှတ်လျှေက်ထားလာသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

        ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၊ ၁၆း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ မြို့သစ် ရပ်ရှိ M2 Fancy Collection ဖန်စီပစ္စည်းရောင်းချသည့်လုပ်ငန်းနှင့် ချောင်းကူးငယ်ရပ်ရှိ Shin Thant May စားသောက်ကုန်ပစ္စည်းရောင်းချသည့် လုပ်ငန်းများအား အွန်လိုင်းရောင်းချခွင့်လိုင်စင် လျှောက် ထားလာမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံ တင်ထားရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြား လိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ် ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျိုက်လတ်မြို့နယ် ပြန်ဆက်ရုံးတွင်Talk Show ပြောကြားခြင်း

        ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ် ရေးအကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် Talk Showအစီအစဉ်အား ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ဟောပြောရာတွင် မြို့နယ်တာဝန်ခံဦးမိုးမင်းသန်းက စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရန် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်နှင့် စားသုံးသူတို့အား ဘေးအန္တရာယ်ဖြစ်စေသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူ စားသောက်ကြရန် မှာကြားဆွေးနွေးခဲ့ပါသည်။ ထိုနောက် စားသုံးသူများအနေဖြင့် Online Shopမှ ဝယ်ယူ သုံးစွဲရာတွင်လည်း မိမိတို့ဝယ်ယူမည့်ကုန်စည်ကိုလေ့လာပြီး ယုံကြည်စိတ်ချရမှုရှိသည့် Online Shopများမှ ရွေးချယ်ဝယ်ယူကြရန်နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်လိပ်စာတို့ကို တိကျစွာဖော်ပြထားသော Online Shopမှ သာဝယ်ယူကြရန်တို့ကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။ ထိုနောက် စားသုံးသူများစိတ်ကျေနပ်မှုမရှိပါက Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် Wilmar Myanmar ပေါင်းဆန်စက်ရုံမှ စပါးတင်ပို့မှုအခြေအနေအား ကွင်းဆင်းစိစစ်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ဆန်စပါးအား အဓိကထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်/စပါး တင်ပိုရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ၂၀၂၆ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့၊ ညနေ ‌(၁၅:၃၀)နာရီအချိန်တွင် Wilmar Myanmar ပေါင်းဆန်စက်ရုံမှ ရန်ကုန်တိုင်းသီလဝါသို့ တင်ပို့မည့် စပါးတင်ထားသော ရေယာဉ်(၁)စီးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောမတီ၊ ခရိုင်/ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ လ.ဝ.ကဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင် အသင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် Wilmar Myanmar ပေါင်းဆန်စက်ရုံမှ သီလဝါသို့ ကုန်တင်ကားဖြင့် စပါးတန်ချိန် (၆၅) တန် တင်ဆောင်ထားရှိမှုအား စစ်ဆေးဆောင်ရွက်ခြင်းနှင့် စပါးများသယ်ဆောင်ရာတွင် ကန့်သတ်ကုန် ပစ္စည်းများသယ်ဆောင်ခြင်းမရှိစေရေးနှင့် တရာဥပဒေနှင့် အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များဖြစ်ပွားမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ထွက်ခွာခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငွေစာရင်းဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်တင်တင်မော် နှင့် ဝန်ထမ်းများ  အဖွဲ့သည်(၁၆.၆.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ပခုက္ကူမြို့၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပရာ ဆရာ/ဆရာမ()ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၀၀)ဦး၊ စုစုပေါင်း (၁၀၃)ဦး  တက်ရောက်ခဲ့ ပါသည်။

      အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း()စားသုံးသူ၏ အခွင့်အရေး()ချက် နှင့် စားသုံးသူ၏တာဝန်များ အကြောင်းကို  အသေးစိတ်ဆွေးနွေးခဲ့ပါသည်။ ငွေစာရင်းဌာနခွဲ တာဝန်ခံ က  စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်()ချက်ကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ပုဒ်မ(၄၁) ပုဒ်မခွဲ()နှင့်()တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ် ကြောင်း၊ ပုဒ်မ(၄၃)ပါပြဌာန်းချက်နှင့်ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း (သို့မဟုတ်)ရောင်းချခြင်းမပြုရန်၊ ပုဒ်မ(၆၇)နှင့် ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၂၀၀)ထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် နိုင်ပါကြောင်း ရှင်းလင်းဆွေးနွေး ပြီးကျောင်းသား /သူများနှင့် အမေးအဖြေပြုလုပ်၍ ဖြေဆိုနိုင်သူအား ဆုချီးမြှင့်ခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ စားအုန်းဆီလက်လီ/လက်ကား ရောင်းချသော ကိုယ်စားလှယ်များနှင့် ဆီရောင်းချ ဖြန့်ဖြူးမှုနှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပ

          စားသုံးသူရေးရာဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်သည်(၁၀.၆.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီ အချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပခုက္ကူမြို့ပေါ်ရှိ စားအုန်းဆီလက်လီ/လက်ကားရောင်းချသော  ကိုယ်စားလှယ် များ နှင့် စားအုန်းဆီရောင်းချ ဖြန့်ဖြူးမှုနှင့်စပ်လျဉ်း၍ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

       အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စားအုန်းဆီရောင်းချသော ကိုယ်စားလှယ်များအား  စားသုံးသူပြည်သူများသို့ ဆီဖြန့်ဖြူးရောင်းချသည့် စည်းကမ်းသတ်မှတ်ချက်များ၊ ပြည်သူလက်ဝယ် ရောက်ရှိနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်၊ အိမ်ထောင်စု များသို့ ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံမှု အားကောင်းစေရန် သတ်မှတ်ကာလအတွင်း ရောင်းချရမည့် ပမာဏကို ဈေးနှုန်းမှန်ကန်စွာဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ဖြန့်ဖြူးရောင်းချရန် သတ်မှတ်ထားသော မှန်()မှန်ဖြင့် ရောင်းချရန်လိုအပ်ကြောင်း အသိပေးဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်()ဦးတက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(မကွေး)

 

အွန်လိုင်းစနစ်ဖြင့် Yadanar Poe အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်း များ ရောင်းချသည့် လုပ်ငန်းရှင်အား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများသည် (၁၇.၆.၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန် တွင် မကွေးမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့်  Yadanar Poe အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ် ပစ္စည်းများ ရောင်းချသည့် လုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် အချက်အလက်နှင့်မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် အချက်အလက်များ ကိုက် ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က အချက် အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ အွန်လိုင်းမှတ်ပုံတင် လက်မှတ်ရရှိထားသူ၏တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ အခြားသိကောင်းစရာများနှင့် စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

အွန်လိုင်းစနစ်ဖြင့် Z & Z အလှကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်အား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများသည် (၁၆.၆.၂၀၂၆ )ရက်နေ့၊နံနက်(၀၉:၃၀)အချိန် တွင် မကွေးမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့်  Z & Z အလှကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် အချက်အလက်နှင့် မြေပြင်ကွင်းဆင်း စစ်ဆေးရာတွင် အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က အချက် အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ အွန်လိုင်းမှတ်ပုံတင် လက်မှတ်ရရှိထားသူ၏တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ အခြားသိကောင်းစရာများနှင့် စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

စစ်ကိုင်းမြို့ရှိ MSME ထုတ်ကုန်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့်ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး ဝန်ထမ်း(၁)ဦးနှင့် စစ်ကိုင်းမြို့နယ် တာဝန်ခံတို့သည် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူနှင့်အတူ ၂၀၂၆နှစ်၊ ဇွန်လ ၁၇ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ရှိ MSME ထုတ်ကုန်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာ စစ်ကိုင်းမြို့ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ရောင်းချသည့် အမှတ်တံဆိပ်ပါ (ခင်မမ)ပဲကြော်စုံ၊ လက်ဖက်၊ ရွှေအိ(အသင့်စားရှမ်းခေါက်ဆွဲ၊ တိုးဟူးနွေးခေါက်ဆွဲ)၊ အောင်ရတီ(ဆီသန့်အာလူးကြော်)၊ စွမ်းထက်(မရွေး)၊ Sweet Bakery (ပေါင်မုန့်၊ ကိတ်မုန့်)၊ သန့်ဇင်(မုန့်ဟင်းခါးခြောက်)လုပ်ငန်းတို့အား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားဖော်ပြရန်လိူအပ်ချက်ရှိသည့်လုပ်ငန်းများအား ပညာပေးကာလ (၁)လ သတ်မှတ်၍ ပြင်ဆင်စေပြီး ပြန်လည်စစ်‌ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ