သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့နယ် သက်ဆိုင်ရာဌာနများ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၆ ခုနှစ်၊ဩဂုတ် (၄)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းများနှင့်ပတ်သတ်၍ ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း၊ စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများ၊  ဟင်္သာတမြို့နယ်အတွင်း ကုမ္မဏီများမှ စားသုံးဆီဖြန့်ဖြူး ရောင်းချနေမှုအပေါ် ဌာနများပူးပေါင်း၍ ကြီးကြပ်စစ်ဆေးဆောင်ရွက်နေမှုများ၊ လက်ရှိစပါး/ဆန် စျေးနှုန်းများ စက်ပိုင်ကုန်သည်များမှဝယ်ယူနေမှုအခြေအနေများနှင့် ပါတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ချောင်းဆုံမြို့နယ်၌ စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၁၀.၈.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ် အတွင်းရှိ ကုန်စုံဆိုင်များတွင်‌ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါကုန်စုံဆိုင်များတွင် ရောင်းချနေ သော စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော စားသုံးဆီများ ရောင်းချနေခြင်း ရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော စားသုံးဆီအမျိုးမျိုးတို့ကိုသာ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

    ၉.၈.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး မှ ဦးစီးမှူး ဦးမင်းနောင်သည် မော်လမြိုင်မြို့နယ်၊ ကျောက်တန်းရပ်ကွက်ရှိ “Purple Gift Shop” အမည်ဖြင့် Good and Service လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာ တွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဇလွန်-ရန်ကုန်ကားလမ်းရှိ Grand Max သောက်ရေသန့်စက်ရုံအား ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၃.၈.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ ဇလွန်-ရန်ကုန် ကားလမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ Grand Max သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပုဂ္ဂလိကရေသန့်စက်ရုံများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်များရှိ/ မရှိစစ်ဆေးခြင်း၊ စက်ရုံပတ်ဝန်းကျင်အခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချော ထားရှိမှုအခြေအနေ၊ ရေသန့်များထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝအောင် ထုတ်လုပ်သွားရန်၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  သောက်ရေသန့်ဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ထားသို သိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်အမျိုး အစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ စက်ရုံအတွင်း/အပြင်၌ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဒယ်ပုတ်ကွင်းကျေးရွာ  ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အင်္ဂပူမြို့ နယ်၊ ဒယ်ပုတ်ကွင်းကျေးရွာရှိ ဓမ္မာရုံ၌ ပြည်သူ(၈၀)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်ထွန်းက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ Consumer Call Center1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

“ BRAVO ” အလှကုန်နှင့်လူသုံးကုန် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ဒု-ဦးစီးမှူးသည် ၆-၈-၂၀၂၆ ရက်နေ့ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် BRAVOအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချသော အလှကုန်နှင့် လူသုံးကုန်လုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန် လုံခြုံစိတ်ချ ရမှုဌာနခွဲရုံးခန်းအတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။  

             ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအချက်အလက်များအား အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်ခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၆.၈.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ပုပ္ပါးလမ်း၊ လမ်းမတော်(မ)ရပ်ကွက်ရှိ  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌   အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ၊ အွန်လိုင်းမှဝယ်ခြင်းခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ အားသာချက်နှင့် အားနည်းချက်များအား အသိပညာပေး Talk Show အစီအစဉ် ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီးဌာနမှ Online Shop များမှတ်ပုံတင်နိုင်ရန် လုပ်ဆောင်ပေးနေပြီး Online မှ ဈေးရောင်းချမည့်သူများက မိမိတို့လုပ်ငန်းများကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ တရားဝင်ကိုယ်ပိုင် ဝက်ဘ် ဆိုက်တစ်ခုရှိရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူသည် မိမိရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်နှင့် အာမခံချက်များပေးအပ်ရမည်ဖြစ်ပြီး ကျသင့်တန်ဖိုးနှင့်ညီမျှသော အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ Online မှတ်ပုံတင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး မှတ်ပုံတင်ခြင်းအားဖြင့် ရောင်းသူနှင့် ဝယ်သူကြားမှာ ယုံကြည်မှုပိုမိုရရှိစေမှာဖြစ်ပါသည်။ ရောင်းသူ/ ဝယ်သူ အငြင်းပွားမှုများရှိလာလျှင်လည်း ဥပဒေကြောင်းအရမှန်ကန်စွာ ဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းကို ဆောင်ရွက်မည်ဆိုပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅) အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်း အဆင့်များကို အသေးစိတ်ရှင်းလင်းဆွေးနွေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

MyRO တွင် လစဉ်ရထုတ်ကျန်စာရင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး ဆန်ရောင်းဝယ်ရေးဆိုင်များသို့ ကွင်းဆင်း

               မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ My RO တွင် ယခုဩဂုတ်လ၌ မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသောသိုလှောင်ရုံများ သက်တမ်း ပြန်လည်တိုးနိုင်ရေးနှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၁၀)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင် များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို မပျက်မကွက်ထည့်သွင်းပေးနိုင်ရေး၊ ဒေသတွင်းဆန်စပါးဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် သတ်မှတ်ထားသော ရည်ညွှန်းဈေးများကိုအခြေခံ၍ သင့်တင့်မျှတသောနှုန်းထားများဖြင့် ရောင်းချ စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ရုံးအနေဖြင့် လစဉ်ကြပ်မတ်ဆောင်ရွက်လျက် ရှိရာ(၄.၈.၂၀၂၆)ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ အေးမြသီတာဈေးနှင့် မြို့မစည်ပင်သာယာဈေးတိုက်တန်းရှိ ဆန်ရောင်း ဝယ်ရေးဆိုင်များသို့ ကွင်းဆင်းကြီးကြပ် စစ်ဆေးမှုများကိုဆောင်ရွက်ခဲ့ပါသည်။ သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် များဖြည့်သွင်းရာတွင် ရေးသွင်းသည့်အရေအတွက်နှင့် မြေပြင်လက်ကျန်အရေအတွက်များ မှန်ကန်မှုရှိရန်၊ လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

                                                                                                                  

                                                                            

ကျောက်ပန်းတောင်းမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

              ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ၄.၈.၂၀၂၆ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန(PPRD)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် မြို့နယ်စက်သုံးဆီ ရောင်းချမှုကြီးကြပ်ရေးအဖွဲ့နှင့်အတူ ကွင်းဆင်းကြီးကြပ်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

                   မြို့နယ်အတွင်းရှိ စက်သုံးဆီ ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျရောင်း ချစေရေး၊ တည်ဆဲဥပဒေများ၊ ညွှန်ကြားချက်များ၊ ထုတ်ပြန်ချက်များအား အထူးအလေးထား လိုက်နာ ဆောင်ရွက်စေရေး၊ သတ်မှတ်ထုတ်ပြန်ထားသော ရည်ညွှန်းဈေးများအပေါ်အခြေခံ၍ ဒေသအလိုက်ဖြစ်သင့်ဖြစ်ထိုက်သော နှုန်းထားများဖြင့်သာ မှန်ကန်စွာရောင်းချမှုရှိစေရေး၊ အရည်အသွေးနှင့်အချိန်အတွယ်များ ပြည့်ဝမှန်ကန်စေရေး၊ သက်ဆိုင်ရာ ဌာနများသို့ ပေးပို့သောဈေးနှုန်းများနှင့်မြေပြင်တွင် ရောင်းချနေသောဈေးနှုန်းများ မှန်ကန်မှုရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများမရှိစေရေး၊ ဆီကားရောက်ရှိမှုအခြေ အနေများအား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်းနှင့်ဆက်လက်၍လည်း စဉ်ဆက်မပြတ် မြေပြင်ကွင်းဆင်းကြီးကြပ်ထိန်းကျောင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများပြည်သူများ ဝယ်ယူသုံးစွဲရာတွင် စည်းကမ်းတကျရှိစေရေး၊ စက်သုံးဆီများခြိုးခြံချွေတာသုံးစွဲစေရေးနှင့် ဖူလုံမှုရှိ စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

DOCA(မန္တလေး)

အင်္ဂပူမြို့နယ် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ အိမ်ထောင်စု(၄၀၀)စုအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသ မြို့ပေါ်ရပ်ကွက်ရှိ အိမ်ထောင်စု(၄၀၀)စုအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဝယ်ယူခွင့်ရရှိသည့် စားအုန်းဆီ ဖြန့်ဖြူးရောင်းချသည့် လက်ကား/လက်လီ အရောင်းဆိုင်များအား စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းဖြန့်ဖြူးရောင်းချမှုရှိ/ မရှိ စားအုန်းဆီများအား ပြည်သူများ လက်ဝယ်အရောက် အမှန်တကယ်ရောင်းချခြင်း ရှိ/ မရှိကို ဩဂုတ်လ(၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ရောင်းချခွင့်ပေးထားသည့် ဆီခွဲတမ်းများအား စားသုံးသူပြည်သူလက်ဝယ်အရောက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးရန် ကွင်းဆင်းကြီးကြပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး စားအုန်းဆီဖြန့်ဖြူးခွင့်ရရှိထားသည့် လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များအား အဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ