သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းမုန့်ဈေးတန်း ကွင်းဆင်းစ်စဆေး

        ၁၆.၆.၂၀၂၆ ရက်နေ့ နံနက် (၀၈း၃၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့ အ.ထ.က(၁) ကျောင်းမုန့်စျေးတန်းအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာ၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကျောင်းမုန့်ဈေးတန်း မုန့်ဆိုင် ၆ဆိုင်အား စစ်ဆေးဆောင်ရွက်ရာ ကျောင်းမုန့်ဈေးတန်းရှိ ဈေးဆိုင်များတွင် စားသုံးရန်မသင့်သည့် အစားအစာများ ရောင်းချခြင်းမရှိစေရေး၊ ကျောင်းသား/ ကျောင်းသူများအား အရောင်ဆိုးဆေး ပါဝင်သောမုန့်များ စားသောက်ခြင်း မရှိစေရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်များရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသော ဆိုင်ရှင်များနှင့် မုန့်ဈေးတန်းကြီးကြပ်ရေးအဖွဲ့ဝင်များကို အစားအသောက် ဝယ်ယူရောင်းချရာတွင် လိုက်နာရမည့် ကျောင်းမုန့်ဈေးတန်း အစားအသောက်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းမုန့်ဈေးတန်းများ ပေါ်ပေါက်လာစေရန် ကျောင်းမုန့်ဈေးတန်းရှိ တာဝန်ရှိသူများကို အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းမင်းစိုးသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၁၆.၆.၂၀၂၆ ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင်  ဓနုဖြူမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဓနုဖြူမြို့နယ် စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှု ရှိ/မရှိစုံစမ်းစစ်ဆေးခြင်း၊ စက်သုံးဆီရောင်းချရာတွင် QR Code စနစ်ဖြင့် ရောင်းချခြင်း ရှိ/ မရှိ၊ တရားဝင်လိုင်စင်ရှိသော ယာဉ်များအား ဝှီးတက်ပြသောစနစ်ဖြင့် ဆီရောင်းချခြင်း ရှိ/ မရှိ၊ စုံ၊ မ ရက်အလိုက် ရောင်းချပေးခြင်း ရှိ/ မရှိ၊ ပုံး၊ ပေပါများဖြင့် ရောင်းချပေးခြင်း ရှိ/ မရှိ နှင့် စက်သုံးဆီရောင်းဆိုင်များအနေဖြင့် 92-95 ဆီများအနည်းငယ်ပြတ်တောက်၍ ရက်ခြား ဆီဆိုင်များမှ ဆီဝင်ရောက်သည်နှင့် ပြည်သူများထံ ပုံမှန်ရောင်းချပေးသွားမည်ဖြစ်ကြောင်း နေ့စဉ် သတ်မှတ်အချိန်အတိုင်း ရောင်းချပေးလျက်ရှိပြီး မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/ မရှိနှင့် စက်သုံးဆီ ရောင်းချမှုအခြေအနေနှင့် ဆီလက်ကျန် သိုလှောင်ကန်းများကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ ရုံးအကူ ဦးရန်ငြိမ်းအောင်တို့သည်၂၂-၆-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊မြို့မရပ်ကွက်ရှိ (မကြူ) ကုန်စုံဆိုင် သို့ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ PREMIER အမှတ်တံဆိပ်ပါ ဗီတာမင်အပြည့်နို့မှုန့် သည် နို့နှင့်နို့ထွက်ပစ္စည်း အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်၏ ထုတ်ပြန် ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖာ်ပြချက် နှင့်ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိခြင်းရှိ/မရှိဈေးကွက် စောင့်ကြည့်  စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင် လုပ်ငန်းရှင်အား ကုန်စည်များ ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်စည်များကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် ဆင်တူ ရိုးမား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုလုပ်ကြရန်တို့ကို  အသိပညာပေးဆွေးနွေး ခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကချင်)

လွိုင်ကော်မြို့ပေါ်ရှိ “ Ki ’’ မုန့်ဖိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်၍  ၂၀၂၆ ခုနှစ်၊ ဇွန်လ( ၁၉ ) ရက်၊  နံနက် ( ၁၀:၀၀ )နာရီ အချိန်တွင် လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်ရှိ ကိတ်မုန့်၊ ပေါင်မုန့်များ ထုတ်လုပ်ရောင်းချနေသော  “ Ki ’’ မုန့်ဖိုသို့ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးရာတွင် “ Ki ’’မုန့်ဖို၌ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် မုန့်များတွင် ဖော်ပြထားသောကုန်အမှတ်တံဆိပ်သည် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုအား သတင်းရရှိပါသည်။

DOCA(ကယား)

 

မအူပင်မြို့နယ် အ.ထ.က-၁ ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောခြင်း

        မအူပင်ခရိုင်၊ မအူပင်မြို့နယ် တွင် ၅ ရပ်ကွက်၊ ကျောင်းလမ်းရှိ အခြေခံပညာ အထက်တန်း‌ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ၁၅.၆.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     ဟောပြောပွဲတွင် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါ ကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန် စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူလိုက်နာဆောင်ရွက်ရမည့် အချက်(၄)ချက်ပါ အကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ တိကျမှန်ကန် ရှင်းလင်းသည့် သတင်းအချက်အလက်များ သိရှိနိုင်ရန် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူထိခိုက်နစ်နာလျှင် တိုင်ကြားနိုင်မည့် နည်းလမ်းများ၊ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

         ဟောပြောပွဲကို ကျောင်းသား/ကျောင်းသူ  ၂၅၀ ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင် စပါး/ဆန် ၂၀၂၆ခုနှစ် ဇွန်လ မြေပြင်လက်ကျန် အခြေအနေ

         ဆန်စပါး သိုလှောင်မှုနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင်အားလုံး MyRo တွင် မှတ်ပုံတင်ရပြီး လစဉ်လက်ကျန်များကို တရားဝင်တင်သွင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါသည်။ ညောင်တုန်းမြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင် စပါး/ဆန် မြေပြင် သိုလှောင်မှုလက်ကျန် အခြေအနေများကို လစဉ် ရ၊ ထုတ်၊ ကျန် စာရင်းဖြည့်သွင်းနိုင်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင်ထားရှိရာ လုပ်ငန်းများတွင် စပါး ဆန်လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန် ဖြည့်သွင်းရေးအခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရာအဖွဲ့အစည်းများဖြင့် မြေပြင် ကွင်ဆင်းအမှန်တကယ် သိုလှောင်မှု အခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ညောင်တုန်းမြို့နယ် ဇွန်လ (၁၅) နေ့နောက်ဆုံး ဆန်/စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၂၁၂၉၉၃၂ တင်း၊  ဆန်အနေဖြင့် ၁၉၀၀ အိတ်၊  ကုန်သည် စပါးတင်း ၂၂၉၂၀၀ တင်း၊ ဆန်အနေဖြင့် ၁၅၀၀ အိတ်၊ ဆန်စက်ပိုင်ရှင် စပါးသိုလှောင်  ၁၀၀၅၆၂၃ တင်း၊ ဆန်အနေဖြင့် ၄၀၀၂၇၃ အိတ်၊ ဆန်ဆိုင်များမှ ၅၁၆၀ အိတ်၊  စုစုပေါင်း စပါးတင်း ၃၃၆၄၇၅၅ ၊ ဆန် ၄၀၈၈၃၃ အိတ် MyRo တွင် ဖြည့်သွင်းဆောင်ရွက်ရှိကြောင်းနှင့် မြို့နယ် နယ်မြေလုပ်ငန်းရှင်များမှ သိုလှောင်မှု မြေပြင်လက်ကျန်စာရင်းဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online – My RO) တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ထားရှိမှု

             ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့် နိုင်ငံအနှံ့ရှိ သိုလှောင် ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice OnlineMy RO) အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

               မြန်မာဆန်စပါးအွန်လိုင်း (My RO) တွင် အွန်လိုင်းစနစ်ဖြင့် သိုလှောင်ရုံမှတ်ပုံတင်ခြင်း လုပ်ငန်းများကို သိုလှောင်ရုံအကျယ်အဝန်း သတ်မှတ်ချက်များအလိုက် အုပ်စု ၄ စုခွဲ၍ ကောက်ခံ လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့ထိ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မှတ်ပုံတင်ထားသည့် ဆန် စပါးသိုလှောင်ရုံ ၅,၇၀၇ လုံး မှတ်ပုံတင်ထားရှိပါသည်။

ညောင်တုန်းမြို့နယ်  အခြေခံပညာအထက်တန်း အ.ထ.က-၁ နှင့် အ.ထ.က-၂ ကျောင်းအား အသိပညာပေးဟောပြော

          ၁၇-၆-၂၀၂၆ ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရေးဆေးပညာဦးစီးဌာနတို့ ပါဝင်သောအဖွဲ့သည် ညောင်တုန်းမြို့ ၉ရပ်ကွက်၊ ရှိ အ.ထ.က-၁နှင့် အ.ထ.က-၂ အထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး၊ ကျောင်းကျန်းမာရေးလှုပ်ရှားမှု ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

     ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက ကျောင်းသား/ ကျောင်းသူများကို လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းကို ကျောင်းသား/ သူများ မှတ်သားလိုက်နာ ဆောင်ရွက်နိုင်ဖို့က အရေးကြီးကြောင်းနှင့် ကျောင်းသို့ ဌာနဆိုင်ရာများက လူငယ်အသိပညာပေး ဟောပြောခြင်းကိုလည်း ကြိုဆိုကြောင်း သက်ဆိုင်ရာဌာနများက အသိပညာပေးလုပ်ငန်းကို စဉ်ဆက်မပြတ် ဟောပြောပေးနိုင်ရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အခြားသက်ဆိုင်ရာဌာနများက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက် လူငယ်များသိသင့်သော အသိပညာပေးခြင်းများကို အသီးသီးဟောပြောခဲ့ကြောင်း သိရသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက စားသုံးသူကာကွယ်ရေး သိကောင်းစရာအကြောင်း ဟောပြောရာ စားသုံးသူအခွင့်အရေး(၈ချက်) စားသုံးသူလိုက်နာရမည့် တာဝန်(၄)ချက် အကြောင်းကို ကျောင်းသားများ နားလည်သလောက် တစ်ဦးချင်း မေးမြန်းဆွေးနွေးပြီး၊ စားသုံးသူအခွင့်အရေး နစ်နာမှုရှိပါက မည်သည့်ဌာနသို့ တိုင်ကြားနိုင်ကြောင်း မေးမြန်းခြင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများ တိုင်ကြားလို့ရနိုင်ကြောင်းကို ပြည်သူသိရှိနိုင်ရန်အတွက်   တိုင်ကြားလို့ရတယ့်နည်းလမ်း (၇) မျိုးရှိကြောင်း၊  တိုင်ကြားနိုင်တဲ့ နည်းလမ်းအဆင့်ဆင့် တွေကတော့ DOCA Myanmar Application, CICC Naypyi Taw လူမှုကွန်ယက်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ဦးစီးမှူးရုံးတွေကို လူကိုယ်တိုင် (သို့) စာဖြင့် တိုင်ကြားနိုင်၊ CICC ဖုန်း၊ Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တစ်ဆင့် တိုင်ကြားလို့ရကြောင်း၊ ပို၍ လွယ်ကူတာကတော့  Consumer Call Center  ရယ့်      HOT Line No ဖြစ်တယ့် 1535 ကို  Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာတွေကို သိရှိလိုသည််ဖြစ်ဖြစ်၊ တိုင်ကြားချင်သည် ဖြစ်ဖြစ်၊ HOT Line No လေးကို  အလွယ်တကူ ခေါ်ဆိုရုံဖြင့် ဆက်သွယ်တိုင်ကြားလို့ရကြောင်း ထပ်ဆင့် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။ ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ သူဆရာ/ ဆရာမ (၃၄၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓာတ်မြေသြဇာရောင်းချသော ဆိုင်များအား သတ်မှတ်ရောင်းစျေး ထက်ပိုမိုရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

         မအူပင်ခရိုင်၊ မအူပင်မြို့ပေါ်ရှိ ဓာတ်မြေသြဇာရောင်းချသော ဆိုင်များအား သတ်မှတ်ရောင်းစျေးထက် ပိုမိုရောင်းချမှုရှိ/မရှိ၊ အရည်အသွေးနှင့်အလေးချိန်မှန်ကန်စေရေး​မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၁၇.၆.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အခါအားလျော်စွာ အထက်ဌာနမှ လမ်းညွှန်ချက်များအရ မြို့နယ်အတွင်း ဓာတ်မြေဩဇာ အရောင်းဆိုင်များမှ အရည်အသွေးနှင့် အလေးချိန်မှန်ကန်စေရေး၊ သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချမှု ရှိ/မရှိကို မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး စစ်ဆေးရေးအရာရှိမှ စစ်ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပြန်လည်အစီရင်ခံဆောင်ရွက်ခဲ့ပြီး မအူပင်မြို့နယ်အတွင်း စိုက်ပျိုးရေးသုံး အရောင်းဆိုင်များမှ သတ်မှတ်ချက်များနှင့် အညီ ပုံမှန်ရောင်းချလျက်ရှိကြောင်း၊ တရားဝင်ကုန်စည်နှင့် ကုန်အညွှန်အမှတ်အသားဆိုင်ရာဖော်ပြချက်များ ပြည်စုံစွာပါဝင်သော ကုန်စည်ကိုရောင်းချနေကြောင်း၊  ဆိုင်များမှလည်း ရောင်းချကောင်းမွန်လျက်ရှိကြောင်းကို  စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အ.ထ.က-၂ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာနသည် ပညာသင်နှစ် ကာလများတွင် ကျောင်းသားလူငယ်များ ကျန်းမာရေးနှင့် ညီညွှန်စေရန် ဘေးအန္တရာယ်ကင်းရှင်းသော ထုတ်ကုန်များ ဝယ်ယူအသုံးပြုနိုင်ရန် အတွက် မုန့်ဈေးတန်းဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ ပညာရေးဦးစီးဌာန ကျောင်းများရှိ မုန့်ဈေးတန်းအား ‌ဈေးကွက်စောင့်ကြည်ခြင်းလုပ်ငန်းကို လျာထားချက် ချမှတ်ဆောင်ရွက်၍ စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

       မအူပင်ခရိုင် မအူပင်မြို့နယ် အ.ထ.က ၂ ကျောင်းမုန့်စျေးတန်းအား ကျောင်းမုန့်စျေးတန်း ကော်မတီများ စားသုံးသူပြည်သူ့ကျန်းမာဦးစီးဌာန၊ FDA၊ စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ၁၆.၆.၂၀၂၆ ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး စစ်ဆေးရေးအရာရှိမှ ဒေသတွင်း ထုတ်ကုန်များဖြစ်ပါက ကုန်အညွှန်းအမှတ် အသားနှင့် ပြည့်စုံစွာပါရှိစေရန်၊ ပြည်တွင်းထုတ်ကုန်မုန့်များဖြစ်ပါက ထုပ်ပိုးမုန့်များတွင် သုံးစွဲရန် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား (သက်တမ်းကုန်ဆုံးရက်) ပြည့်မီခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ မုန့်ရောင်းချသူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေး၊ မုန့်များအား ဖုန်လုံ/အင်းဆက်လုံစွာ ဖုံးအုပ်ရောင်းချခြင်းနှင့် ချက်ပြုတ်ရာတွင် သန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ FDA ဌာနမှ တားမြစ်ထားသော မုန့်များကို ရောင်းချခြင်းမပြုရန်၊ ကျန်းမာရေးနှင့်ညီညွှတ်သော ကျောင်းမုန့်ဈေးတန်း တစ်ခုဖြစ်စေရန် အထူးဂရုပြု ဆောင်ရွက်ရန်တို့ကို မုန့်ဈေးတန်းတာဝန်ရှိသူများကို မှာကြားခဲ့ပြီး လစဉ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ်မှတ်စည်းကမ်းချက်များ လိုက်နာဆောင်ရွက်မှုမရှိသော မုန့်ဈေးရောင်းချသူကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းကို မှာကြားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ