သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဦးစားပေးဝန်ဆောင်မှုကဏ္ဍ(၃)ရပ်မှ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား စစ်ဆေးခြင်း

        ၂၀၂၆  ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့၊ နေလယ် (၁၄း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး၊ မြိတ်မြို့မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဦးစားပေးဝန်ဆောင်မှုကဏ္ဍ(၃) ရပ်မှ သြဂုတ်လမှ နိုဝင်ဘာလအတွင်း စစ်ဆေးဆောင်ရွက်ရမည့် ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ မြိတ်မြို့ရှိ ATOM ဆက်သွယ်ရေးအော်ပရေတာ ကိုယ်စားလှယ်အား မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       အဆိုပါ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်၍ စစ်ဆေးရာတွင် လိုင်းပြတ်တောက်မှုများအား အချိန်မီပြုပြင်ပေးမှု အခြေအနေများ၊ အင်တာနက်လိုင်းအားမကောင်းခြင်းနှင့် အခြားဝန်ဆောင်မှုများအား အပြည့်အဝပေးခြင်းများ ရှိ/ မရှိ၊ လစဉ်ကြေးပေးဆောင်ပြီးသော်လည်း လိုင်းပြန် လည်ဖွင့်လှစ်(သို့)ပြန်လည်လာရောက်တပ်ဆင်ပေးမှုများနှင့် ပတ်သတ်သည့် ကိစ္စရပ်များ၊ အသုံးမပြုသည့် ဝန်ဆောင်မှုများအတွက် ဘေလ်ဖြတ်တောက်ခြင်း၊ Pointများနှင့်ဒေတာလဲလှယ်ပြီးသော်လည်း ဖုန်းဘေလ်အတွင်းမှ ဖြတ်တောက်ခြင်း၊ စာချုပ်ပါအတိုင်း ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အပြည့်အဝပေးနိုင်ခြင်းများ ရှိ/မရှိ၊ ဆင်းမ်ကတ်အား မိမိအမည်ဖြင့်မှတ်ပုံတင်ထားသော်လည်း အခြားသူအမည်ပေါက်နေခြင်းများ မရှိစေရေး၊ ဝန်ထမ်းများမှ စားသုံသူများအပေါ် စိတ်ကျေနပ်မှုရရှိအောင် ဆက်ဆံ၍ ဝန်ဆောင်မှုပေးနိုင်ရေးများနှင့် စပ်လျဉ်း၍ စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဆွေးနွေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုံး (ရုံးအုပ်) ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် ၃-၉-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်ရှိ ဒေါ်မယ်တင့်(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ /မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Milk Candy အမှတ်တံဆိပ် (အသင့်စားနို့ခဲ) တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်(၇)ချက်အနက် အစား အသောက်များကုန်စည်အုပ်စုရှိ Milk Candy (အသင့်စားနို့ခဲ)တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ကိုက်ညီပြည့်စုံစွာဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ဖော်ပြထားကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ် သောကုန်စည်ဖြစ်၍ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာပြည်စုံစွာပါရှိကြောင်းနှင့် သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များဖော်ပြထားကြောင်း စစ်ဆေး တွေ့ရှိရပြီး လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်းရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမှားအတုအပအမှတ် တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် Consumer Packaging ဆန်များအား စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့်စစ်ဆေးခြင်း 

       မြိတ်ခရိုင်အတွင်း Consumer Packaging ဆန်များအား စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ခရိုင် ကုန်‌စျေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များဖြစ်ကြသော ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့သည် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ထားဝယ်စုရပ်ရှိ ဆန်ဆိုင်နှင့် ကမ်းနားလမ်းမကြီးရှိ Market Garden Shopping Center တို့တွင်ရောင်းချလက်ရှိသော Consumer Packaging ဆန်များနှင့် ဆန်စျေးနှုန်းအခြေအနေများမြှင့်တင်ရောင်းချမှုများ ရှိ/ မရှိ စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

      အဆိုပါ စိစစ်ကြပ်မတ်စစ်ဆေးဆောင်ရွက်ရာတွင် မြိတ်မြို့အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများအား သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်း ရှိ/ မရှိ၊ အလေးချိန်နှင့် အချိန်အတွယ်မှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်/ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ရှိ/ မရှိ စသည်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ရာ သတ်မှတ်ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ရောင်းချလျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Myanmar   Post   and   Telecommunications  ( MPT)  ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ခရိုင်ရုံးဝန်ထမ်းများသည် မြို့နယ်မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(၃၁)ရက်နေ့တွင် စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ Myanmar Post and Telecommunications (MPT) ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက Myanmar Post and Telecommunications (MPT)  ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တာဝန်ရှိသူအား လိုင်းပြတ်တောက်ခြင်းကို အချိန်မီပြုပြင်ပေးရန်၊ အင်တာနက်လိုင်းဆွဲအားမကောင်းခြင်းနှင့် ဝန်ဆောင်မှုကို အပြည့်အဝရရှိစေရေး ဆောင်ရွက်ပေးရန်၊ အသုံးမပြုသည့်ဝန်ဆောင်မှုများအတွက် ဘေလ်ဖြတ်တောက်ခြင်း၊ Point ဖြင့် ဒေတာလဲလှယ်ပြီးသော်လည်း ဖုန်းဘေလ်အတွင်းမှ ဖြတ်တောက်ခြင်းများမရှိစေရေး သတိပြုဆောင်ရွက်ရန်၊ ကုမ္ပဏီအချို့မှ ဝန်ထမ်းများအနေဖြင့် စားသုံးသူများအပေါ် မချေမငံဆက်ဆံခြင်းများမဖြစ်စေရေး တာဝန်ရှိသူမှ ကြပ်မတ်ဆောင်ရွက်သွား ရန် အသိပညာပေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊သလ္လာတတီရပ်ကွက်ရှိ  “အာပေါ ‘’သောက်ရေသန့်စက်ရုံအား ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ်တာဝန်ခံရုံးသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၁:၃၀ အချိန်တွင် မုံရွာခရိုင်တာဝန်ခံရုံး၊ မုံရွာခရိုင်မှူး ဒေါ်မိုးသီတာလင်း နှင့် ဝန်ထမ်း(၁)ဦးသည် မုံရွာမြို့၊ သလ္လာဝတီ ရပ်ကွက်ရှိ‘’ အာပေါ’ ’သောက်ရေ သန့်စက်ရုံအား  ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေသည်လူတို့၏ နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစား သုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြထား ခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်းစားသုံးဆီများ ဖူလုံစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးနှုန်းများချမှတ်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ၂၅ ရက်နေ့၊ နံနက် ၀၉း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဉီးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ ထားဝယ်စုရပ်နှင့် ရေပုန်းရပ်ရှိ စားအုန်းဆီအရောင်းဆိုင်တွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနိုင်းများကပ်၍ရောင်းချနေကြောင်း ရှိ/ မရှိ၊ သတ်မှတ်ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များနှင့်အညီ ခွဲဝေရောင်းချပေးနေမှုများ ရှိ/မရှိ၊ အလေးချိန်/အချိန်အတွယ် မှန်ကန်စွာ ချိန်တွယ်ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်  ၊ အထက(၆) အထက်တန်းကျောင်းရှိ ကျောင်းမုန့််ဈေးတန်း၌ အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မုံခရိုင်တာဝန်ရုံးမှ ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ခရိုင်စားသုံး သူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၉-၈-၂၀၂၆ ရက်နေ့တွင် နံနက်၁၁နာရီခွဲအချိန်ခန့်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ အ.ထ.က(၆) အထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းသို့ သွား ရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေး အန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက် စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့် ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “K-Spicy” အမှတ်တံဆိပ်ပါ မုန့်ထုပ်တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံး သည့်ရက်စွဲတို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား သက်တမ်း ကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အ တွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူ ရောင်းချခြင်း မပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက် ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့အတွင်း ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၆  ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်  ဝန်ထမ်းများသည် ခရိုင်ကုန်စျေးနှုန်း တည်ငြိမ်‌‌‌ရေးအဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်ကြသော စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့စသည့် ဌာနဆိုင်ရာများပူးပေါင်း၍ မြိတ်မြို့၊ ထားဝယ်စု(ဘီ)လမ်းရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်း ဆေးစျေးနှုန်းများ တည်ငြိမ်စေ‌ရေးအတွက် ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးစျေးနှုန်းများမှာ သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ရောင်းချနေမှုများ ရှိ/ မရှိ၊ စျေးကွက်အတွင်းဆေးဝါးများ ပြတ်လက်မှုများ ရှိ/ မရှိနှင့် သက်ဆိုင်ရာထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့် ဆေးပစ္စည်းများရောင်းချနေမှု ရှိ/ မရှိ ဝိသမလောဘဖြင့် သိုလှောင်ထားရှိမှုများရှိ/ မရှိနှင့် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှုများ ရှိ/ မရှိ စစ်ဆေးခြင်း၊ ဆေးဝါးရောင်းချခွင့်လိုင်စင်များ ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ အ.ထ.က (၆) စာသင်ကျောင်း၌ ကျောင်းသာကျောင်းသူများအား အသိပညာပေးဟောပြောပွဲကျင်းပခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်တာဝန်ခံရုံးမှ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ ၂၉ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ အ.ထက(၆) အထက်တန်းကျောင်း၌ ဆရာ /မ(၂)ဦး၊ ကျောင်းသား/ကျောင်းသူ(၈၀)ဦး၊ စုစုပေါင်း (၈၂)ဦးအား အကြီးတန်းစာရေး  ဒေါ်ခင်မီမီ ဇော် မှ   စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားများနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများဖြစ်သေ “နေ့စဉ်ဝယ်ယူသုံးစွဲ သည့်ကုန်ပစ္စည်းများအပေါ်ပေးထားသော အာမခံချက်များ အပြည့်အဝ ရရှိစေ ရေးကိုလည်းကောင်း ၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်း ပြန်ကြားရေး နှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှ ဖြစ်စေ၊ Doca Myanmar applicationများမှ ဖြစ်စေ ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း၊ ရှင်းလင်း ပြောကြားခဲ့ပြီး  မုံရွာခရိုင်ဦးမှူး ဒေါ်မိုးသီတာလင်းနှင့်  စားသုံး/ ထုတ်လုံဌာနခွဲတာဝန်ခံ ဒု-ဦးစီမှုး ဒေါ်ခင်မာချိုတို့မှ လိုအပ်သည်များအားဖြည့်စွက်၍ အသိပညာပေး ဟောပြောပွဲကို  ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအထက်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်၊ မုံရွာခရိုင်ဦးစီးမှုး ဒေါ်မိုးသီတာလင်းမှ “ဆီ”စားသုံးခြင်း၏ဆိုးကျိုးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ခြင်းနှင့် မုံရွာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာများ စားသုံ/ထုတ်လုံ တာဝန်ခံ ဒေါ်ခင်မာချိုမှ ပြင်ပ ဗဟုသုတများရရှိစေရန် ကျောင်းသား၊ ကျောင်းသူများအား ဖုန်းအကြည့်များခြင်း၏ ဆိုးကျိုး များ နှင့် လောင်းကစားလုပ်ခြင်း၏ဆိုးကျိုးများအား ဟောပြောပွဲတွင် ထည့်သွင်းဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်း

      ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ  ၂၅ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင်(စစ်ဆေးရေးအရာရှိ)  ဦးဆောင်၍ ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာ(ဈေးများဌာန) တို့နှင့် ပူးပေါင်း၍  ဥတ္တရသီရိမြို့နယ်အတွင်းရှိ တောင်ညိုဈေးတွင်စားသုံးသူများနေ့စဉ်အသုံးပြု လျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။   

       ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်နှင့်ဝန်ဆောင်မှုများ တွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်  မြန်မာနိုင်ငံစားသုံးသူကာ ကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာ ဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ရောင်းချရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် ဆွေးနွေးပြောကြား၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ