သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တပ်ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများသည် မင်းဘူးမြို့၊ အမှတ်()ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တပ် ကျောင်း၌ (၁၀..၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော မင်းဘူး(စကု)မြို့နယ် အားကစား နှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦး က အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါ ရှိသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲကြရန်၊ ကုန်စည် နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ နေရာများ၊ နည်းလမ်းများ ကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာ()ဦး ဆရာ/ဆရာမ()ဦး၊ ကျောင်းသား/ကျောင်းသူ (၁၈၇)ဦး၊ စုစုပေါင်း(၂၀၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပွင့်ဖြူမြို့၊ စံပြကျေးရွာ” ဒေါ်သန်းနွယ်ဦး”  ကုန်စုံဆိုင်အားဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒေါ်ကြူကြူလှိုင်နှင့် ဝန်ထမ်းသည် မိတ်ဖက်ဌာနများနှင့်အတူ (၁၃..၂၀၂၆)ရက်နေ့ နံနက်(၁၁:၃၀) အချိန်တွင် ပွင့်ဖြူမြို့၊ စံပြကျေးရွာအတွင်းရှိ ဒေါ်သန်းနွယ်ဦး ကုန်စုံဆိုင်သို့ သွားရောက်ကာ စားသုံးဆီ အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါကုန်စုံဆိုင်မှ ရောင်းချနေသော ဗူးသွပ်ဆီများထဲမှ Meizan (ဟင်းသီးဟင်းရွက်ဆီ)အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီတွင် FDAထောက်ခံချက် ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ မြန်မာဘာသာ ဖြင့်ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်များ စသည် တို့ကို အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော စားသုံးဆီအမျိုးမျိုးတို့ကိုသာ ရောင်းချလျက်ရှိကြောင်း မြို့နယ်တာဝန်ခံထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒေါ်ကြူကြူလှိုင်နှင့်ဝန်ထမ်း သည်(၁၉..၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် မိတ်ဖက်ဌာနများ ဖြစ်သော ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့် အတူပူးပေါင်း၍ ရွာခိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ()ဦး၊ ဆရာ/ဆရာမ()ဦးနှင့် ကျောင်းသား/ ကျောင်းသူ(၂၁၅)ဦး၊ စုစုပေါင်း (၂၂၄)ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကြူကြူလှိုင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ် အသားများနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများဖြစ်သော လူကိုယ်တိုင်လာရောက် တိုင်ကြားခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားခြင်း၊ Consumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ပုံအဆင့်ဆင့်တို့ကို အသေးစိတ်ရှင်းလင်းဟောပြောကာ ကျောင်းသား/ ကျောင်းသူများမှ သိလိုသည်များမေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူကာကွယ်ရေး အသိပညာ‌ပေး‌ဟောပြောခြင်း

      စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)နှင့် စားသုံးသူရေးရာဦးစီး ဌာနမှ ဝန်ထမ်းများသည် ၄-၉-၂၀၂၆ရက်နေ့ တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်ရှိ အမှတ်(၂)၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ဆရာ/မ၊ ကျောင်းသား(၁၆၇)ဦးအား  စားသုံးသူကာကွယ်ရေးအသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဟောပြောရာတွင် ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်‌‌ရေး ဥပဒေ စတင်ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူ၏အခွင့်အရေးများနှင့် တာဝန်များ အကြောင်း၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍အာမခံချက်ပေးခြင်းအပေါ် စားသုံးသူက တောင်းဆို နိုင်သည့် အခွင့်အရေးများအကြောင်း၊ အချိုရည်အလွန်အကျွံ သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာနိုင် သည့် အန္တရာယ်များအကြောင်း၊ အစားအသောက်တွင် သုံးစွဲခွင့်မရှိသော ဆိုးဆေးများအကြောင်း၊ အသင့်စားခေါက်ဆွဲခြောက်များ အလွန်အကျွံစားသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ် များအကြောင်း၊ အစားအစာများဝယ်ယူအသုံးပြုရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန် ဆုံးသည့်ရက်စွဲများအား သတိပြုဝယ်ယူရန်နှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက် အလက်များအကြောင်း၊ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူရာ၌နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ တိုင်ကြားရန်CICC ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ဖြေရှင်းဆောင်ရွက် ပေးနေမှု အခြေအနေများ၊ Call Center 1535 သို့ တိုက်ရိုက်ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင်ကြောင်း တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ အခြားမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ၄-၉-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ  စည်ပင်သာယာရေစင်ဈေး အတွင်း၌ ဝင်းမေတ္တာ(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ /မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “မိုမို” အမှတ်တံဆိပ် (အသင့်ဖျော်ကော်ဖီ) တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်(၇)ချက် အနက် အစားအသောက် များကုန်စည်အုပ်စုရှိ မိုမို (အသင့်ဖျော်ကော်ဖီ) တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာဖြင့်ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိ ကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ဖော်ပြထားကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်သောကုန်စည်ဖြစ်၍ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာပြည်စုံစွာ ပါရှိကြောင်းနှင့် သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များ ဖော်ပြထား ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်း မပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပအမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်ခင်ရတနာမျိုးတို့သည် ၄-၉-၂၀၂၆ ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် မိုးညှင်းမြို့၊ စက်ကုန်းရပ်ကွက်ရှိ လက်ဖက်နှင့်အကြော်စုံ အမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းရှင်(၄)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်များနှင့် ပတ်သက်၍ ရှင်းလင်းနွေးခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀) ပုဒ်မ ၂၁ အရ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်၏ အာမခံချက်၊ သတ်မှတ်ချက် များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှု မရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ အရည်အသွေးစမ်းသပ်ရန် လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း စသည့်အချက်များအကြောင်း၊ အခန်း(၁၈) ပုဒ်မ(၄၁)ပါ  ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်း နှင့်စပ်လျဥ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြ ပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်အကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အာမခံပေးထားမှုအပေါ်  စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ အကြောင်း၊  ဥပဒေပါတားမြစ်ချက်များနှင့် ပြစ်မှု၊ပြစ်ဒဏ်အကြောင်းတို့အား အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

စစ်ကိုင်းတိုင်းဒေသကြီးမှ  ဩဂုတ်လအတွင်း အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များ အား အသိပညာပေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ၄၊ ပုဒ်မခွဲ(ဂ)အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း များဆောင်ရွက်နေသော လုပ်ငန်းရှင်များကို မိမိတို့၏လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်ရယူ၍  ဆောင်ရွက်နိုင်ရန်အတွက် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ဩဂုတ်လအတွင်း  အသိပညာပေးမှုမှာ  (၆) ကြိမ်၊ အသိပညာပေးခဲ့သည့်လူဦးရေ (၃၂၂)ဦး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးဆောင်ရွက်ရာ၌  အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များနှင့်ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်း အသိပညာပေး‌ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

           

စစ်ကိုင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးနှင့်ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တာဝန်ခံသည် ဆေးနှင့်ဆေး ပစ္စည်းများအား ဆေးဝါးအတုရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/မရှိနှင့် လက်ကားဈေးပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှု အပေါ်ဈေးနှုန်းတည်ငြိမ်စေရေးအတွက်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များဖြစ်သော “ဘေသဇ္ဇ၊ ထွန်းသစ်၊ နန္ဒဝန်၊ တော်ဝင်” ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  “ဘေသဇ္ဇ၊ ထွန်းသစ်၊ နန္ဒဝန်၊ တော်ဝင်” ဆေးဆိုင်များအနေဖြင့် ရောင်းချသည့် ဆေးအမယ်ပေါင်း ၁၀၀/၁၅၀ မျိုးခန့်ရှိပြီး ကုမ္ပဏီများမှ ခွဲတမ်းရရှိမှုအပေါ် မူတည်၍ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ အမြတ်တင်ရောင်းချခြင်းများရှိသလို ဆေးကဒ်တစ်ကဒ်အား ၁၀ဝိ/- မှ ၂၀ဝိ/- ထိ အရေအတွက် ပေါ်မူတည်၍သာ အမြတ်ယူရောင်းချကြကြောင်း၊ ကုမ္ပဏီများထံမှ ဝယ်ယူရသည့် ဈေးနှုန်းအပေါ် အခြေပြု၍ ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးအရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် သက်တမ်းလွန်ဆေးဝါးများနှင့်ဆေးဝါးအတုများရောင်းချခြင်းမပြုရန်၊ တရားဝင်ဆေးဝါးမှတ်ပုံတင် လျှောက်ထားရရှိပြီးသော ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးရောင်းချရန်နှင့် ဆေးနှင့်ဆေးပစ္စည်း များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

                       

စစ်ကိုင်းတိုင်းဒေသကြီးမှ  ဩဂုတ်လအတွင်း ဦးစားပေးကုန်စည်(၁၀)မျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးမှု

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူများ အသုံးပြုလျက်ရှိ သည့် ဘေးအန္တရာယ်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများမှ ကာကွယ်ရန်၊ စီးပွားရေးလုပ်ငန်းများ အတွက် မျှတသောယှဉ်ပြိုင်မှု ဖြစ်ပေါ်စေရန်နှင့် ယုံကြည်စိတ်ချရသော စီးပွားရေးဝန်းကျင်ကောင်းကို ဖြစ်ပေါ်စေရန်၊ ဘေးအန္တရာယ်ရှိသောကုန်စည်များကို ဈေးကွက်အတွင်း တွေ့ရှိပါက ပြန်လည် သိမ်းဆည်းစေရေး အပါအဝင် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်စေရေး တို့အတွက် ဦးစားပေး ကုန်စည်များကို ရွေးချယ်ပြီး ဦးစားပေးဆောင်ရွက်ရန် လျာထားချက်အတိုင်း ဈေးကွက်စောင့်ကြည့် လုပ်ငန်းများ လစဉ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင်  ဦးစားပေးကုန်စည်ဖြစ်သည့် အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုး၊ အာဟာဖြည့်စွက်စာ အမျိုး မျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဟင်းလျာများတွင် အရောင်၊အနံ၊ အရသာအတွက်အသုံးပြုသောပစ္စည်း အမျိုးမျိုး ၊ ကလေးတစ်ကိုယ် ရည်သန့်ရှင်းရေးသုံး ပစ္စည်းအမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အသင့်သောက်အချိုရည်အမျိုးမျိုးအား နေရာစုံဖြန့်ကျက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုမှာ  (၁၉) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးမှ ၊ ဩဂုတ်လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

          ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်း အမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းစားသုံးသူရေးရာဦးစီးဌာနများမှ တစ်ဆင့်တင်ပြ လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား တင်ပြလျှောက်ထားမှုနှင့်စပ် လျဉ်း၍ ဌာနမှ မည်သည့်စာရွက်စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ် ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်းအသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအားသွားရောက် စစ်ဆေးခြင်းနှင့်လုပ်ငန်းရှင်များအား အသိပညာပေး ခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၆ခုနှစ်၊ ဩဂုတ်လတွင် စားသောက်ဆိုင်လုပ်ငန်းရှင်၊ ‌သောက်ရေသန့် လုပ်ငန်းရှင်၊ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်၊ ငွေထည်၊ ကြေးထည် လုပ်ငန်းရှင်၊ အာလူးကြော်လုပ်ငန်းရှင်၊ တစ်ရှူးလုပ်ငန်းရှင်၊ ပေါင်မုန့်၊ကိတ်မုန့်လုပ်ငန်းရှင်၊ လက်ဖက် နှင့်အကြော်စုံလုပ်ငန်းရှင်၊ ပဲကြော်စုံလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ သောက်‌ရေသန့်လုပ်ငန်းရှင်၊ အထည်လုပ်ငန်းရှင်၊ ဆီစက်လုပ်ငန်းရှင်၊ ရွှေဘိုပေါ်ဆန်းရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ဆေးဆိုင်လုပ်ငန်းရှင် နှင့် MPT ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်တို့အား တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း (၂၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ