သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးမှ  ဩဂုတ်လအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

      ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၆ခုနှစ်၊ ဩဂုတ်လတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များ၊ စက်ရုံများ၊  ဆေးဝါးမျိုးစုံနှင့် စက်သုံးဆီများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ရာ (၂၆) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၁၀) မျိုးဖြစ်သည့် အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုး၊ အာဟာဖြည့်စွက်စာ အမျိုး မျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဟင်းလျာများတွင်အရောင်၊အနံ၊ အရသာအတွက်အသုံးပြုသောပစ္စည်း အမျိုးမျိုး ၊ ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူ အသုံးပြုရာတွင် ယင်းကုန်စည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိ နိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူ နိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင် ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာန များမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်း ကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက် နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။   

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင်  စားအုန်းဆီ လက်လီအရောင်းဆိုင်များအား     သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ /မရှိ ပုံမှန်ကွင်းဆင်းစစ်ဆေးလျက်ရှိ

     စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင်မှ တာဝန်ခံဦးမျိုးဝင်းသန်း သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ရက် နံနက်ပိုင်းတွင် စားအုန်းဆီ လက်လီအရောင်းဆိုင် များအား   အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီ အရည်အသွေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ကန့်ဘလူမြို့နယ်၌ ပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိရာ  လက်လီအရောင်းဆိုင်များမှ စားအုန်းဆီကို ရည်ညွှန်းဈေးနှုန်းနှင့် % အမြတ်တို့ဖြင့်  အိမ်ထောင်စုတစ်စု(စာအုပ်တစ်အုပ်)လျှင် ()ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း၊ သယ်ယူ ပို့ဆောင်ရေး လမ်းခရီးအခြေအနေအရ ဆီရောက်ရှိမှုအပေါ်မူတည်၍ အိမ်ထောင် စုတစ်စု(စာအုပ်တစ်အုပ်)လျှင် သတ်မှတ်ထားသည့် ()ပိဿာနှုန်းပြည့်မီအောင် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း လက်လီအရောင်းဆိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်ရှိ   ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          ( ၂.၉.၂၀၂၆ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) အချိန်မှ ( ၁၁:၃၀ ) နာရီအချိန်ထိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သည့် စားသုံးသူရေးရာ ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တို့သည် ပုဂ္ဂလိကဆေးဆိုင် ( ၈ ) ဆိုင်အား  ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

     ရှောင်တခင်စစ်ဆေးခဲ့သည့် ကလေးမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား စစ်ဆေးခဲ့ရာ ၎င်းတို့၏ ဆိုင်များတွင် Expire ဆေးများရောင်းချခြင်း၊ Date များပြင်ဆင်ရောင်းချခြင်း၊ တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ၊ ဆေးဝါးများ ပြတ်လပ်မှုနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ  ရှိ/မရှိကို စစ်ဆေးခဲ့ကြပါသည်။

       ကလေးခရိုင်ဦးစီးမှူးနှင့် ခုတင် ( ၃၀၀ ) ဆံ့ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးတို့သည် ဆေးပစ္စည်းအရောင်းဆိုင်များအား ဆေးပစ္စည်းထားသိုသိမ်းဆည်းနည်းစနစ်များ စစ်ဆေးခဲ့ပြီး တရားမဝင်ဆေးဝါးများ ရောင်းချခြင်း မပြုရန်၊ ဆေးဝါးနှင့် ဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာဖော်ပြထားရှိသည်များကိုသာ ရွေးချယ်ရောင်းချရန်နှင့် သက်တမ်းလွန် ဆေးဝါးများကိုလည်း စနစ်တကျ ထိန်းသိမ်းစွန့်ပစ်ရန် ပြောကြားခဲ့ပြီး  စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိရန်အတွက် လုပ်ငန်းရှင်များအား ပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဆောင်၍ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်စျေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့၊ နေ့လယ် (၁၁း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီးစားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဦးဆောင်၍ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမုန့်စျေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ကော်မတီဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များမှ လိုက်ပါကွင်းဆင်းစစ်‌ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းသား/ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များအား ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ကော်မတီဥက္ကဋ္ဌမှဦးဆောင်၍ ကျောင်းမုန့်စျေးတန်းများအတွင်း‌ ကုန်အညွှန်းအမှတ်အသားများမပါရှိသော အသင့်စားမုန့်အမျိုးမျိုး၊ FDA မှ ကန့်သတ်တားမြစ်ထားသော မုန့်များနှင့် စားသုံးပါက အန္တရာယ်ဖြစ်စေမည့် မုန့်များအား ‌ရောင်းချနေမှုများ ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်ထားသော ကုန်စည်များအား ရောင်းချခြင်းများ ရှိ/ မရှိ၊ အစားအသောက်ရောင်းချသူများ တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်မှုများ ရှိ/ မရှိများအား ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် တကွ သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဘားအံမြို့ရှိ အမှတ် (၁) ရပ်ကွက်တွင် အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ထားသောလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင် နှင့် ဝန်ထမ်းများသည် (၁-၉-၂၀၂၆) ရက် ၊ နံနက် (၁၁:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အမှတ် (၁) ရပ်ကွက်အတွင်း Psyche နာမည်ဖြင့် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထားသော လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှတ် (၁)ရပ်ကွက်၊ ဘားအံမြို့၊ လိပ်စာပါအတိုင်း Psyche နာမည်ဖြင့် မြေပြင်ပေါ်တွင် အမှန်တကယ် ရှိ/မရှိ နှင့် ရောင်းချသည့် ဖက်ရှင်အသုံးအဆောင်ပစ္စည်း များ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ အမှန်တကယ်ရှိ/မရှိ သွားရောက် စစ်ဆေးခဲ့ရာ မြေပြင်ပေါ်တွင်ဖော်ပြပါ လိပ်စာနှင့် ကုန်ပစ္စည်းများအတိုင်း  မှန်ကန်မှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေး အရာရှိ ဦးမျိုးဝင်းနိုင်မှ ဆိုင်ပိုင်ရှင်အား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရမည့် အချက်(၁၈)ချက်အားမေးမြန်း ဆောင်ရွက်ခြင်းနှင့် ကုန်ပစ္စည်းများအား လိုက်လံစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

စားသုံးသူကာကွယ်ရေးဆိုင်ရာ(Talk Show) ဆွေးနွေးပွဲ ကျင်းပ

           ၁-၉-၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ Online ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲ  (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။

          ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ခက်ခက်လွင် (ဦးစီးအရာရှိ) က အွန်လိုင်း Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အကြောင်း ပြောကြားခဲ့ပြီး ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်သီတာဌေး(ရုံးအုပ်) က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ မှတ်ပုံတင်ခြင်း ဆိုင်ရာ အမိန့်ထုတ်ပြန်ချက်အကြောင်း၊ အွန်လိုင်းတွင်အခြေခံဆောင်ရွက်ရမည့် အမျိုးအစားများ အကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုအမျိုးအစား ရွေးချယ်သတ်မှတ်ထားကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်းများအား အွန်လိုင်းစနစ်ဖြင့် လျှောက်ထားမှုပုံစံ အကြောင်းကို https://www.ecomreg.gov.mm website တွင် လျှောက်ထားရန်အတွက် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးခဲ့ကြောင်း သိရှိရသည်။               

DOCA(ကရင်)

ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဖြင့် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ပြည်တွင်းစားဆန်ဈေးနှုန်းများသင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေး၊ ဆန်စပါးဈေးနှုန်း တည်ငြိမ်စေရေးအတွက်၃-၉-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားခရိုင်၊ ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေး အဖွဲ့အတွင်းရေးမှူး ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန)ဦးဆောင်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စက်မှုကြီးကြပ်‌ရေး နှင့်စစ်ဆေးရေးဦးစီးဌာနတို့ပါဝင်သော ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဖြင့် မြစ်ကြီးနားမြို့ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေး အဖွဲ့အတွင်းရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန) က ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရောင်းချသည့်ဆန်အိတ်များ အလေးချိန် အချင်အတွယ် မှန်ကန်စေရေး၊ ဈေးနှုန်းအနေဖြင့်လည်း ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့်သာ ရောင်းချစေ‌ရေး၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်မှုမရှိစေ‌ရေး အလေးထားလိုက်နာ ဆောင်ရွက် သွားရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ  အရေးယူသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသောသိုလှောင်ရုံများအား MyRo တွင်မှတ်ပုံတင်နိုင်ရေးဆောင်ရွက်ရန် လုပ်ငန်းရှင်များ အား အသိပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ စက်ရုံများအား ကွင်းဆင်းလေ့လာခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပပို့ကုန်ကဏ္ဍသည် အဓိကကျသော အခန်းကဏ္ဍမှပါဝင်လျက်ရှိပြီး ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရး၊ နိုင်ငံတကာစျေးကွက်သို့ အရည်အသွေးမီ ထုတ်ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်နှင့် ပြည်ပပို့ကုန် ကဏ္ဍတွင်ကြုံတွေ့နေရသော အခက်အခဲများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ရန်အတွက် စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စက်မှုဇုန်များရှိ စက်ရုံများ၏ အမှန်တကယ်လုပ်ငန်းလည်ပတ်မှု (လည်ပတ်/ ရပ်နား) အခြေအနေများအား စစ်ဆေးခြင်းများအား စစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

         သို့ဖြစ်ပါ၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ၂၆ ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် မြိတ်မြို့၊ အင်းလေးမြိုင် စက်မှုဇုန်ရှိ RU၊ လောင်းလုံဘရားသား အအေးခန်းနှင့် BMB ကွမ်းသီးပြုတ် ခြောက်စက်ရုံများအားကွင်းဆင်းပြီး လုပ်ငန်းများ၏ တစ်ရက်ကုန်ကြမ်းသုံးစွဲမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် လုပ်ငန်းရှင်များ၏ ကြုံတွေ့နေရသောအခက်အခဲများအား စုံစမ်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် --၂၀၂၆ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက် အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းရောင်းချသည့်လုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။   

            ထိုသို့ဆွေးနွေးရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁) ပုဒ်မ (၂) ပုဒ်မခွဲ(ဂ)အရ စီးပွားရေးလုပ်ငန်းရှင်နှင့် ဝန်ဆောင်မှု၏အဓိပ္ပါယ်ဖွင့်ဆိုချက်ဥပဒေအခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှု အပေါ်တာဝန်ရှိမှု၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီသိသာ ထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေနှင့် ပတ်သက်သည့် အမိန့်ညွှန်ကြားချက်များအကြောင်း၊ အွန်လိုင်းစီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(ကချင်)

ဦးစားပေးဝန်ဆောင်မှုကဏ္ဍ(၃)ရပ်မှ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား စစ်ဆေးခြင်း

        ၂၀၂၆  ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့၊ နေလယ် (၁၄း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး၊ မြိတ်မြို့မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဦးစားပေးဝန်ဆောင်မှုကဏ္ဍ(၃) ရပ်မှ သြဂုတ်လမှ နိုဝင်ဘာလအတွင်း စစ်ဆေးဆောင်ရွက်ရမည့် ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ မြိတ်မြို့ရှိ ATOM ဆက်သွယ်ရေးအော်ပရေတာ ကိုယ်စားလှယ်အား မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       အဆိုပါ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်၍ စစ်ဆေးရာတွင် လိုင်းပြတ်တောက်မှုများအား အချိန်မီပြုပြင်ပေးမှု အခြေအနေများ၊ အင်တာနက်လိုင်းအားမကောင်းခြင်းနှင့် အခြားဝန်ဆောင်မှုများအား အပြည့်အဝပေးခြင်းများ ရှိ/ မရှိ၊ လစဉ်ကြေးပေးဆောင်ပြီးသော်လည်း လိုင်းပြန် လည်ဖွင့်လှစ်(သို့)ပြန်လည်လာရောက်တပ်ဆင်ပေးမှုများနှင့် ပတ်သတ်သည့် ကိစ္စရပ်များ၊ အသုံးမပြုသည့် ဝန်ဆောင်မှုများအတွက် ဘေလ်ဖြတ်တောက်ခြင်း၊ Pointများနှင့်ဒေတာလဲလှယ်ပြီးသော်လည်း ဖုန်းဘေလ်အတွင်းမှ ဖြတ်တောက်ခြင်း၊ စာချုပ်ပါအတိုင်း ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အပြည့်အဝပေးနိုင်ခြင်းများ ရှိ/မရှိ၊ ဆင်းမ်ကတ်အား မိမိအမည်ဖြင့်မှတ်ပုံတင်ထားသော်လည်း အခြားသူအမည်ပေါက်နေခြင်းများ မရှိစေရေး၊ ဝန်ထမ်းများမှ စားသုံသူများအပေါ် စိတ်ကျေနပ်မှုရရှိအောင် ဆက်ဆံ၍ ဝန်ဆောင်မှုပေးနိုင်ရေးများနှင့် စပ်လျဉ်း၍ စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဆွေးနွေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ