သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိတ္ထီလာမြို့အတွင်း မိတ်ဆက်ယိုစုံလုပ်ငန်းအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ၊ ဒေါ်ချောစုထွေး (ဦးစီးမှူး) နှင့်ဝန်ထမ်း များသည်  ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် မိတ္ထီလာမြို့နယ်ရှိ မိတ်ဆက်ယိုစုံလုပ်ငန်းအား   လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိအား ဈေးကွက်မရောက်မီ ကွင်းဆင်း စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူး ပေါင်းပါဝင်ခဲ့သည့် ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ထုတ်ပိုးမှု အပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ် အသားများပြည်စုံစွာပါရှိစေရန်နှင့်ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့် ပစ္စည်း များကို ရောင်းချပါရန် အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(မန္တလေး)

(အ.လ.က)လိတ္ထူကျောင်းရှိ ဆရာ/ မနှင့် ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တာဝန်ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာ (အ.လ.က)ကျောင်းရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

         အဆိုပါဟောပြောပွဲတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံး၏အခွင့် အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့်အချက်များ၊  စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြား နိုင်သည့်နေရာနှင့် တိုင်ကြားရမည့်ပုံစံများအား အသိပညာပေးဟောပြောဆွေနွေးခြင်း၊ Online မှတဆင့် ကုန်စည်များဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များကို ဟောပြောဆွေးနွေးခဲ့ကြောင်း၊ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့် တာဝန်များကို ဟောပြောဆွေးနွေး အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   ဝန်ထမ်းများအနေဖြင့် ရုံးချိန်အတွင်း ပြင်ပထွက်ခွာရာတွင်လည်းကောင်း၊ တာဝန်ဖြင့်သွားလာရာ၌ လည်းကောင်း ဌာနအကြီးအကဲနှင့် မိမိဌာနတာဝန်ခံများအား သတင်းပို့သည့်စနစ်အား အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး၊ဦးစီးမှူး ဦးဆောင်သော ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် မိတ္ထီလာ မြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် မိတ္ထီလာမြို့နယ်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဈေးနှုန်းများမှာ (၁၀%) ခန့် မြင့်တက်လာကြောင်း၊ Isosorbide 10 mg (နှလုံးဆေး)နှင့် Potassium Chloride (ဆီး ဆေး) တို့မှာ ဈေးကွက်အတွင်း ပြတ်နေသည်မှာ နှစ်လခန့်ရှိကြောင်း၊ အဆိုပါဆေးများကို ယခင်က Sun Co., Ltd နှင့် Right & Bright Co.,ltd တို့မှ တင်သွင်းခဲ့ကြောင်း၊ ဆေးတွေကို ကုမ္ပဏီတွေမှ လိုသလောက်မရရှိပဲ ခွဲတမ်းဖြင့်သာရရှိကြောင်း၊ ဆေးအများစုမှာ တံဆိပ်အမျိုးမျိုးဝင်ရောက်လျက်ရှိပြီး၊ လူနာများအနေဖြင့် သောက်နေကျဆေးမရရှိပဲ အာနိသင်တူ တံဆိပ်အတူဆေးများသာ ရောင်းချရကြောင်း၊ တံဆိပ်စွဲသောက်သော လူနာများအနေဖြင့် အခက်အခဲ ရှိကြောင်း၊ ဆေးအများစုမှာ တံဆိပ်မတူတာပဲဖြစ်ပြီး၊ အာနိသင်တူသည့်ဆေးများမှာ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိကြောင်း၊  ဆေးအများစုမှာ အမှတ်တံဆိပ်ကွဲလွဲမှုရှိသော်လည်း အာနိသင် တူသည့် ဆေးများမှာ ဈေးကွက်အတွင်းပြတ်လပ်မှုမရှိ၍ လူနာများအတွက် အဆင်ပြေမှုရှိ သော်လည်း တံဆိပ်စွဲသောက်သူများအတွက်သာ အခက်အခဲရှိကြောင်း၊ အချို့သောခွဲတမ်းနှင့် ရရှိသောဆေးများမှာ (၁၀%) ခန့်ဈေးတက်ကြောင်း၊ လက်ရှိအခြေအနေတွင် ဈေးကွက်အတွင်း နာမည်ရတံဆိပ်ရှိသော  ဆေးများပြတ်လပ်မှုရှိလာသည့်အတွက်   အာနိသင်တူတံဆိပ်မတူနာမည်မရှိသော တံဆိပ်များဈေးကွက်အတွင်း အစားထိုးဝင်ရောက်လာသဖြင့် ဆေးဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း သိရှိရသည်။  

DOCA(မန္တလေး) 

ကန့်ဘလူမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ရက် နံနက် ၁၁:၀၀နာရီအချိန်တွင် တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် တို့သည် ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာရှိ တက်နေဝန်းစက်သုံးဆီအရောင်းဆိုင်အား အထူးဈေး ကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စားသုံးသူများလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီအရောင်းဆိုင်များကို ပုံမှန်ဖွင့်လှစ် ရောင်းချပေးရန်ပြောကြားခဲ့ပြီး စက်သုံးဆီရောက်ရှိမှု၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်တို့အား အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပခြင်း

   မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး (ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့၊ မွန်းလွဲ (၁:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊အမှတ်(၆)ရပ်ကွက်ရှိ အလင်း‌ရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)” သို့ သွားရောက် ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ စားသုံးသူနစ်နာမှု ရှိပါက Call Center ၁၅၃၅ သို့ ဖုန်းခေါ်ဆို၍ အလွယ်တကူတိုင်ကြားနိုင်ရန်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ရာ ဟောပြောပွဲသို့ဆရာ/ဆရာမ(၁၀)ဦး၊ ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ဦးဝင်းထွန်းဦး(ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများ နှင့် စားသုံးရန်သင့်/မသင့်ကို စားသုံးသူကိုယ်တိုင် ဝေဖန်သုံးသပ်နိုင်မည့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်အလက်များ၊ စားသုံးသူနစ်နာခြင်းနှင့်ပတ်သက်၍ တိုင်ကြားနိုင်သည့် နည်းလမ်း များကို အသိပညာပေးဟောပြောခဲ့ပြီး မေးခွန်းများမေးမြန်းခြင်း၊ ဆုချီးမြှင့်ခြင်းများနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(မန္တလေး)

တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ၁၂/၂၀၂၅ လုပ်ငန်းညှိနှိုင်းစည်းအဝေးတက်ရောက်

 စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင် ကျင်းပသော လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၁.၁၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်၌ Online  Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဒု-တိုင်းဒေသကြီးဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြင်းခြံခရိုင်ဦးစီးမှူး၊ ကျောက်ဆည် ခရိုင်ဦးစီးမှူး၊ မိတ္ထီလာခရိုင်ဦးစီးမှူး၊ ညောင်ဦးခရိုင်ဦးစီးမှူး၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူး၊ အရာထမ်း များ၊ အမှုထမ်းများတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ဇော်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူးများနှင့် ဌာနခွဲတာဝန်ခံများ၊ ခရိုင်တာဝန်ခံ များမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးကြရာ မြင်းခြံခရိုင်ဦးစီးမှုးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)မှက  ယခင်လ အစည်းအဝေးဆုံးဖြတ် ချက်များဆောင်ရွက်ပြီးစီးမှုများ၊ ယခု ဒီဇင်ဘာလတွင်လည်း ဈေးကွက်ကွင်းဆင်း ဆောင်ရွက်မှု၊ အသိပညာပေးဟောပြောဆွေးနွေးပွဲများ၊ ကျောင်းမုန့်ဈေးတန်းကွင်းဆင်းမှုများအား လျာထား ချက်ပြည့်မှီကျော်လွန်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့်  ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အသေးစိတ်ဆွေးနွေးဆောင်ရွက်တင်ပြခဲ့ပြီး မြင်းခြံခရိုင်မှ အရာထမ်း(၃)ဦး၊ အမှုထမ်း(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ရှိ စံချိန်မှီဆေးဆိုင်သို့ ကွင်းဆင်း

   စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်စည်များနှင့် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ လျော့နည်းပပျောက် သွားစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သောနှုန်းထားများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် စားသုံးသူရေးရာ ဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။

             (၂.၁၂.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၄:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးတင်ဇော်ထွေး(ဒု-ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ဝန်ထမ်းများသည် မြင်းခြံမြို့ရှိ အမှတ် (၁)ရပ်ကွက်ရှိ စံချိန်မှီဆေးနှင့်ဆေးအရောင်းတွင် သက်ဆိုင်ရာဌာနထောက်ခံချက် ပါဝင်သော ဆေးဝါးများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းများနှင့် ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေး သတ်မှတ်ချက်နှင့်ကိုက်ညီသော ဆေးဝါးများရောင်းချ ရာတွင် လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုသော အမြတ်တင်ရောင်းချမှု များမဖြစ်ပေါ်စေရေး၊ ဆေးဝါးလက်ကျန်အခြေအနေနှင့်ဆေးဝါးများပြတ်လပ်မှု မဖြစ်ပေါ်စေရေး ကွင်းဆင်းစိစစ်မှုများဆောင်ရွက်ခဲ့ပြီး ဆက်လက်၍လည်း အပတ်စဉ်တိုင်း ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃၂)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့် မြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်များသို့ (၂၈.၁၁.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၃:၃၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီမှ ၂၈.၁၁.၂၀၂၅ ရက်နေ့ တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးမှာ 92 Octance (၂၆၀၅)ကျပ်၊ 95 Octance(၂၆၈၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၃၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၄၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၁၀၀)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၀၅)ကျပ်၊ ရိုးရိုး ဒီဇယ် တစ်လီတာလျှင် (၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၅၅) ကျပ်တို့ ဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရသည်။                  

   မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ဈေးနှုန်းမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြသည်။

DOCA(မန္တလေး)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ညောင်ငူကျေးရွာ ဓမ္မာရုံတွင်ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၂.၁၂.၂၀၂၃)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီက ဝါးခယ်မမြို့နယ် ညောင်ငူကျေးရွာ ဓမ္မာရုံတွင်ကျေးရွာနေပြည်သူများအား စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ် သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့ စားသောက် နေသောအစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန် အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန်အစား အသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်၊ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ စုစုပေါင်း(၃၀)ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

(DOCAဧရာဝတီ)

                                                                                                                                                                  

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးတာဝန်ခံရုံး၌ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းသည် အိမ်မဲမြို့နယ် မြို့မဈေးတာဝန်ခံရုံး၌ (၂.၁၂.၂၀၂၅)ရက်နေ့ ၊နံနက်(၁၁:၀၀) နာရီက ကုန်မျိုးစုံလုပ်ငန်းရှင်များ အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ် တာဝန်ခံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့) ဓါတ်မတည့် ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိ ပေးချက်များအကြောင်း၊ အခန်း(၁၄) ပုဒ်မ(၂၇)ပါဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ဆွေးနွေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ ကုန်မျိုးစုံ လုပ်ငန်းရှင်(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCAဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ