သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့နယ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေးဟောပြောခြင်း

           ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးမှူးရုံးရှိ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြု လုပ်သည့် အုပ်ချုပ်ရေးမှူးများတက်ရောက်သည့် သင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန် ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် သင်တန်း တက်ရောက်သည့် အုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

                           ထိုသို့ ဟောပြောရာတွင် မြို့နယ်တာဝန်ခံက စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန်ဆိုတဲ့ မျှော်မှန်း ချက်ထားရှိပြီး ရည်မှန်းချက်အနေဖြင့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ပေးရန်၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန် ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့် ခွဲမှုနှင့်သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်ဆိုတဲ့ရည်မှန်းချက်(၃)ချက်ချမှတ်ထားရှိပါတယ်ဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဉပဒေကို ပြဌာန်းဆောင်ရွက်လျှက်ရှိပါသည်။

          ကုန်စည်နှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ အချက်(၈)ချက်ကို ဖော်ပြရပါမည်။ ထိုကုန်အညွှန်းအမှတ်အသား(၈)ချက်ပါဝင်မှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

ချောက်မြို့ပေါ်၌ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အရည်အသွေးပြည့်မီသော အင်တာ နက်ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ် လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့ စေရန်ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် ချောက်မြို့ ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအား (၁၄.၉.၂၀၂၆)ရက်နေ့၊ နံနက် (၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်အတွင်းဖွင့်လှစ်ထားသည့် ဆက်သွယ်ရေးဝန် ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့် MPT Fiber Internet sevice လုပ်ငန်း လုပ်ကိုင်နေသည့် ဆိုင်အား ကွင်းဆင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှု (Package/Plan)များနှင့် ဝန်ဆောင်ခနှုန်းထားများအား အများပြည်သူလွယ်ကူစွာ သိရှိနိုင်စေရေးဖော်ပြထားမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ ဝန်ဆောင်ခနှုန်း ထားများ မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာအော်ပ ရေတာများက ငွေပြန်အမ်းသည့် Refund Policy များ ချမှတ်ဆောင်ရွက်ရေး၊အင်တာနက်လိုင်းများ ပြတ်တောက်ပါက သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ပြည်သူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက် ပေးရေးများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ချောက်မြို့ပေါ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့် လုပ်ငန်း(၄)ခုရှိကြောင်း သိရသည်။

DOCA(မကွေး)

ဆားများတွင် အိုင်အိုဒင်းပါဝင်မှု အနည်းအများကို ကွင်းဆင်းစစ်ဆေး

          ၂၀၂၆ခုနှစ်၊စက်တင်ဘာလ (၁၃) ရက်နေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ် အတွင်းရှိ  ဆားစက်များနှင့်ကုန်ခြောက်ဆိုင်များတွင်   ထုတ်လုပ်ရောင်းချလျက်ရှိသော   ဆားများ၌   အိုင်အိုဒင်းပါဝင်မှု အနည်းအများနှင့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိတို့ကို မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်  စားသုံးသူရေးရာဦးစီးဌာနတို့မှတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင်   ဆားများ၌ အိုင်အိုဒင်းပါဝင်မှု  အနည်းအများကို  စစ်ဆေးခြင်း၊  ထုတ်လုပ် ရောင်းချမှုနှင့်   သက်ဆိုင်သည့်   သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ /  မရှိ စစ်ဆေးခြင်းများ   ဆောင်ရွက်ခဲ့ပြီး စားသုံးသူများအနေဖြင့်  အရည်အသွေးပြည့်မီပြီး  ကျန်းမာရေးနှင့်ညီညွတ်သော  ဆားများကို ရွေးချယ်ဝယ်ယူ သုံးစွဲနိုင်ရေးအတွက်   လိုအပ်သည့်   အသိပညာပေးမှုများကိုလည်း   ဆောင်ရွက်ခဲ့ပါသည်။  အဆိုပါကွင်းဆင်း စစ်ဆေးခြင်းသည် ပြည်သူများ စားသုံးနေသော  ဆားများတွင်  အိုင်အိုဒင်းပါဝင်မှု  သတ်မှတ်စံနှုန်းနှင့် ကိုက်ညီ စေရေး၊   စားသုံးသူများ၏   ကျန်းမာရေးနှင့်   အခွင့်အရေးများကို   ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့်  အရည် အသွေးပြည့်မီသော ကုန်စည်များ ရောင်းချနိုင်ရေးတို့အတွက် ရည်ရွယ်၍ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တိုင်းရင်းဆေးအမျိုးမျိုးအား ကွင်းဆင်း စစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၄-၉-၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊      တိုင်းရင်းဆေးပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သောပူးပေါင်း   အဖွဲ့ဖြင့် ဒေးဒရဲမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တိုင်းရင်းဆေး အမျိုးမျိုးအားကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
        ထိုသို့ဆောင်ရွက်ရာတွင် ဒေးဒရဲမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် အင်္ဂလိပ်ဆေးအပါအဝင် တိုင်းရင်းဆေးအမျိုးမျိုးဖြစ်သော ဝါယောအဓိက၊ မှန်ချို၊ ဧကမ္ဘာ၊ ဉီးအံ့၊ ရှမ်းပျိုမယ် သွေးဆေး၊ ဂြိုလ်ထု ဝမ်းနှုတ်ဆေး၊ ရွှေ(ခရမ်းဦးချစ်)နှလုံးအားဆေး၊မဟာဖြေဆေး၊ ဆန္ဒမွန်၊ (ထက်လင်း)ရင်လူးဆေး၊ မိဂသီ / ထွန်းရွှေဝါဒါဏ်ကြေလိမ်းဆေး အစ ရှိသော ဆေးများတွင် ကုန်အညွှန်းအမှတ်အသားပြဌာန်းခြင်းဆိုင်ရာ ဖော်ပြရမည့်အချက်များ ပြည့်စုံ စွာပါရှိသည်ကို တွေ့ရှိရပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော တိုင်းရင်းဆေးဝါးများကိုသာ ရောင်းချပေးရန်နှင့် စပ်ဆေးများရောင်းချခြင်း မပြုရန် အသိပညာပေး ပြောကြားခဲ့ကြောင်းသတင်းရရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ဆီလုပ်ငန်းရှင်များအား စားအုန်းဆီဖြန့်ဖြူးရောင်းချမှု စနစ်တကျဆောင်ရွက်ရေး အသိပညာပေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ညောင်တုန်းမြို့ နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ရုံးဝန်းအတွင်း ညောင်တုန်းမြို့နယ် စားအုန်းဆီလက်လီ၊ လက်ကားရောင်းချသည့် လုပ်ငန်းရှင် များနှင့် တွေ့ဆုံ၍ ၂၀၂၆ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ ၊နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် လုပ်ငန်းရှင်တွေ့ဆုံ အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး  ဒေါ်ချိုမီဇင် က ဦးဆောင်၍ ဆီလုပ်ငန်းရှင် (၇) ဦးအား စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊  စားအုန်းဆီများကို ဆီထုတ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျရောင်းချရန်၊ ပြင်ပမှ ဝယ်ယူရရှိသည့် စားအုန်းဆီများကို ရောင်းချခြင်းမပြုရန်၊ သတ်မှတ် ရည်ညွှန်းဈေးနှုန်းထက် ပိုမိုမြှင့်တင်ရောင်းချခြင်း မပြုရန် ၊ စားသုံးသူပြည်သူများနှင့် ဆက်ဆံရာတွင် ယဉ်ကျေးပြေပြစ်စွာ ဝန်ဆောင်မှုပေးရန်၊ ဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်သည့် စာရင်းမှတ်တမ်းများကို မှန်ကန်စွာ ထားရှိရန်နှင့် သက်ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်၊ စားသုံးသူများအတွက် စားအုန်းဆီ လုံလောက်စွာရရှိစေရန်နှင့် စနစ်တကျဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ထားရှိမှုများ အစိုးရမှ ခွဲတမ်းချထားပေးသောဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချရန်နှင့် အခြင်အတွယ် မှန်ကန်စေရန် လမ်းညွှန်ချက်များကိုလည်းကောင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင်ခြင်း၊ အလေးချိန် မပြည့်မဝ‌ရောင်းချခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်၍ ဆီများကို သိုလှောင်ထားခြင်းများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးခဲ့ပြီး၊ သက်ဆိုင်ရာဌာနများမှ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြင်းထန်စွာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းကို အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်တွင် ဓာတ်မြေဩဇာအရောင်းဆိုင်အား ပူးပေါင်းကွင်းဆင်းစစ်ဆေး

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် တောင်သူများ စိုက်ပျိုး ရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင် ကော်မတီ ၏ အစည်းအဝေးဆုံးဖြတ်ချက်များအရ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အတွင်းရှိ ဓါတ်မြေဩဇာ အရောင်း ဆိုင်များ၌ ကွင်းဆင်း စစ်ဆေးခြင်းကို ၂၀၂၆ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် နဂါးနီ စိုက်ပျိုးရေးဆေး၊ မျိုးစေ့နှင့် ဓာတ်မြေဩဇာ ရောင်းဝယ်ရေးဆိုင်ရှိ ဓာတ်မြေဩဇာများ၏ အရည်အသွေး၊ အလေးချိန်မှန်ကန်မှုနှင့် သတ်မှတ်ရောင်းဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့သည်။ ထို့အပြင် ဓာတ်မြေဩဇာများကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြန့်ဖြူးရောင်းချမှုရှိ/ မရှိကိုလည်း စိစစ်ခဲ့ကြောင်း သိရသည်။

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် တောင်သူများ စိုက်ပျိုးရေး လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ဓါတ်မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင် ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဓါတ်မြေဩဇာများ အရည်အသွေးနှင့် အလေးချိန်မှန်ကန်စေရေး၊ သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချမှု မရှိစေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦး ဆောင်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တို့မှ ထုတ်ပြန်ထားသည့် ဥပဒေစည်းကမ်း ချက်များနှင့်အညီ အရည်အသွေးမှန်ကန်စေရေး ဓါတ်မြေဩဇာများ သိုလှောင်ပြီး ဈေးကစားခြင်းများ မရှိစေရေးအတွက် သမဦးစီးဌာန နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့ပူးပေါင်း၍ စိုက်ပျိုး ရေး ဆေး မျိုးစေ့နှင့် ဓါတ်မြေဩဇာရောင်းဝယ်ရေး ဆိုင်များအား သက်ဆိုင်ရာဌာနတို့၏ ဥပဒေများနှင့်အညီ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

ပန်းတနော်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ပူးပေါင်းကွင်းဆင်းစစ်ဆေး

       စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရောင်းချမှုရှိစေရေး၊ စက်သုံးဆီ ဈေးနှုန်းများ သင့်တင့်မျှတမှုရှိစေရေးနှင့် သတ်မှတ်စည်းကမ်းချက်များ လိုက်နာဆောင်ရွက်မှုရှိ/မရှိ စစ်ဆေးနိုင်ရေးအတွက် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် တိုင်းဒေသကြီး စွမ်းအင်ဝန်ကြီးဌာနနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်တွင် ရောင်းချဖြန့်ဖြူးနေသော စက်သုံးဆီဆိုင်များမှ စက်သုံးဆီများကို သတ်မှတ်ထားသည့် စံလီတာပမာဏအတိုင်း ပြည့်မီစွာ ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်ရောင်း ဈေးနှုန်းများနှင့် ကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့သည်။ ထို့အပြင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်မှုရှိ/မရှိကိုလည်း စိစစ်ခဲ့ကြောင်း သိရသည်။ တာဝန်ရှိသူများက ဆိုင်ပိုင်ရှင်များအား စက်သုံးဆီများကို သတ်မှတ်ပမာဏအတိုင်း မှန်ကန်စွာ ချိန်တွယ်ရောင်းချရန်၊ ဈေးနှုန်းများကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချရန်နှင့် စည်းကမ်းချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် အဆိုပါ စစ်ဆေးမှုကို ပန်းတနော်မြို့နယ်အတွင်း စက်သုံးဆီဈေးကွက် တည်ငြိမ်ရေးနှင့် စားသုံးသူပြည်သူများ မှန်ကန်သော ပမာဏ၊ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် စက်သုံးဆီများ ဝယ်ယူရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များအား ရပ်ကွက်နေပြည်သူများ စားအုန်းဆီရောင်းချပေးမှု ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ‌‌ ဒေါ်ရည်မွန်သန့်နှင့် ဝန်ထမ်းများသည်  မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များသို့    (၁၄.၉.၂၀၂၆)ရက်နေ့ ‌ နေ့လည်(၁၄;၀၀)နာရီ အချိန်တွင်  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံသည် ဌာနမှထုတ်ပေးထားသောစားသုံးဆီ ဝယ်ယူခွင့် စာအုပ်များဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်သူများအား သတ်မှတ်ဆီဆိုင်များတွင် သတ်မှတ်ထားသော နှုန်းထားဖြင့် အဆင်ပြေစွာဝယ်ယူနေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအနေဖြင့် ရောင်းချရာတွင် အလေးချိန် ပြည့်ဝမှန်ကန် စေရေး၊ သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချခြင်းမရှိစေရေး၊ တစ်လလျှင် အိမ်ထောင်စုတစ်စုအား (၁ပိဿာ ၅၀ သား)အား သုံးကြိမ်ခွဲပြီး တစ်ကြိမ်လျှင်(၅၀)ကျပ်သားရောင်းချပေးနိုင်ရန် စားသုံးဆီဝယ်ယူရာတွင်လည်း မလိုလားအပ်သောပြသနာ တစ်စုံတစ်ရာမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန်လုပ်ငန်းရှင်များအနေဖြင့် အထက်ဌာနများ၏ ဥပဒေ၊ညွှန်ကြားချက် များအားလိုက်နာဆောင်ရွက်ကြရန်၊ စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆိုင်ရှင်များအား ရှင်းလင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

(DOCA ဧရာဝတီ)

လပွတ္တာခရိုင်၊လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်များ အားကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

                  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးလှထွဠ်ဦးနှင့် ဝန်ထမ်း များသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၄.၉.၂၀၂၆) ရက်နေ့၊ မွန်လွှဲ(၁၅း၀၀) အချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

                      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်၊အမှတ်(၁)ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်များအား ကုန်အညွှန်းအမျတ်အသားဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြိး ကုန်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းရှင် များအနေဖြင့်ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်းကြားချက်များ အား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသား ဖော်ပြချက်၊ပြည့်စုံမှုရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားပါမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

လပွတ္တာခရိုင်၊၊မော်ကျွန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာရှိ သုခစံဆန်စက်တွင် ဆန်စပါးလက်ကျန်စာရင်းနှင့်My Ro တွင် သက်တမ်းတိုးနိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊မော်ကျွန်း မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မော်ကျွန်းမြို့၊ ကျွန်းကလေးကျေးရွာရှိ သုခစံဆန်စက်သို့ (၁၄.၉.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။   

                ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မော်ကျွန်း မြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်ဦးသန်းစိုးအား ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့နိုင်ရေး၊ အဆင့်အတန်းမီဆန်နှင့်ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ သတ်မှတ် အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်း တင်ပို့ရောင်ချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်  ပိုးသတ်ဆေး၊ ဓါတ်ကြွင်း ဓါတ်ကျန်များမပါရှိစေရန်နှင့်  စက်ရုံအတွင်း သန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ထားကြရန် နှင့်MyRoတွင် မှတ်ပုံတင် ထားသည့် သတ်မှတ်ပမာဏထက်ပိုမို သိုလှောင်ခွင့်မရှိကြောင်း ၊မှတ်ပုံတင်ထားပြီးသည့် ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ကုန်ရ၊   ကုန်ထုတ်၊    ကုန်လက်ကျန်စာရင်းများအား  အချိန်မီ  Update   ဖြည့်သွင်းနိုင်ရေး နှင့်  မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ