သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“လင်းလက်ကြယ်” အမှတ်တံဆိပ် အကြော်စုံ ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

            ၂၀၂၆ ခုနှစ်၊ ဇွန်လ (၈)ရက်နေ့၊ နံနက် (၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ကျိုင်းအင်းရပ်၊ ရပ်ကွက် (၅) အတွင်းရှိ “လင်းလက်ကြယ်” အမှတ်တံဆိပ် အကြော်စုံ ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် “လင်းလက်ကြယ်” အမှတ်တံဆိပ် အကြော်စုံ ထုတ်လုပ်သည့် လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာ ပေးဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။    

DOCA(ရှမ်း)   

ရွှေဆင် အမှတ်တံဆိပ် ပဲငံပြာရည်နှင့် Honey  အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

            ၂၀၂၆ ခုနှစ်၊ ဇွန်လ ()ရက်နေ့၊ နေ့လည် (:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် () အတွင်းရှိ ရွှေဆင် အမှတ်တံဆိပ် ပဲငံပြာရည်နှင့် Honey  အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ရွှေဆင် အမှတ်တံဆိပ် ပဲငံပြာရည်နှင့် Honey  အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့် လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူ များသည် ရွှေဆင် အမှတ်တံဆိပ် ပဲငံပြာရည်နှင့် Honey အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့် လုပ်ငန်းရှင်တို့အား စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးခဲ့ကြပါသည်။

DOCA(ရှမ်း)   

“လားရှိုးမြို့ရှိ ဆေးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး”

          ရှမ်းပြည်နယ်မြောက်ပိုင်း၊စားသုံးသူရေးရာဦးစီးဌာနဦ လားရှိုးမြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ (၉.၆.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် လားရှိုးမြို့၊ မြို့ဝမ်ရပ်ကွက်ရှိ ဆေးဆိုင်(၂) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      အဆိုပါပူးပေါင်းအဖွဲ့သည် ဆေးဆိုင်များ၌ အထူး/ သာမာန်ထိန်းချုပ်ဆေးဝါး လက်လီ ရောင်းချခြင်းအတွက် ဆေးဆိုင်၏ ထားသိုမှု၊ ဖြန့်ဖြူးရောင်းချခြင်းစနစ်သည် GPP/GSPတို့နှင့် ကိုက်ညီမှု ရှိ/ မရှိ ၊ အရည်အသွေး မပြည့်မီသည့် ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင် မရှိသည့် ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး ၊ သက်ဆိုင်ရာဌာနထောက်ခံချက် ပါဝင်သောတရားဝင်ဆေးဝါးများနှင့် ကောင်းမွန်သော ဆေးဝါး ရောင်းချမှု ကျင့်စဉ်နှင့်အညီ ရောင်းချမှု ရှိ/ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်း များနှင့် ကိုက်ညီသော ဆေးဝါးများ သာရောင်းချစေရေး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော ဆေးဝါးများ ရောင်းချရာတွင် လက်ကားဈေး အပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုသော အမြတ်တင်ရောင်းချမှုများ မဖြစ်ပေါ်စေရေး၊ ဆေးဝါးလက်ကျန်အခြေအနေနှင့် ဆေးဝါးများပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)   

“လားရှိုးမြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး”

           ၂၀၂၆ ခုနှစ်၊ ဇွန်လ(၈) ရက်နေ့ နံနက် ( ၁၁:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ လားရှိုးမှ ဦးဝင်းဇော်( ဦးစီးအရာရှိ )ဦးဆောင်၍ သက်ဆိုင်ရာ မိတ်ဖက် ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာ ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လားရှိုးမြို့၊ ရပ်ကွက်(၁၂) ရှိ အစားအသောက်ပြုပြင်ရောင်းချနေသော စားသောက်ဆိုင်(၃) ဆိုင်သို့ အစားအသောက်ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ၊  မိမိတို့ဆိုင်မှပေးအပ်သည့် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့အသိပေး ဖော်ပြထား ခြင်းရှိ/မရှိနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏အမျိုးအစား(Size) ပမာဏ အလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာဖြင့်ကြိုတင် အသိပေးဖော်ပြထားခြင်းရှိ/ မရှိတို့ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ရာ စားသောက်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် မိမိ ဆိုင်တွင် အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများအား Apron၊ ခေါင်းစွပ်များဝတ်ဆင်၍ ချက်ပြုတ်စေရန်၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများအပြင် ဝန်ဆောင်မှုပေးသူများ အနေဖြင့် တစ်ကိုယ်ရည် သန့်ရှင်းမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ မိမိတို့ဆိုင်မှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အဖိုးအခ ထပ်မံကောက်ခံမည်ဆိုပါက လုံလောက်သည့်သတင်းအချက် အလက်များကို စားသုံးသူသို့ အသိပေးဖော်ပြထားရှိရန်၊မိမိတို့ဆိုင်မှရောင်းချသည့် စားသောက်ဖွယ်ရာ များ၏အမျိုးအစား(Size) ပမာဏအလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာဖြင့်ကြိုတင်အသိပေး ဖော်ပြထားရန်၊ သက်ဆိုင် ရာဌာန၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန်နှင့် ထပ်မံစစ်ဆေးသည့်အခါ အထက်ဖော်ပြပါအချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူ ကာကွယ်ရေးဥပဒေအရ သော်လည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဥပဒေများနှင့်ပါ အရေးယူခံရမည် ဖြစ်ကြောင်း အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)   

 

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၂၈၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ,၂၈၅ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

 

 

တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   ၂၀၂၆ ခုနှစ်၊ ဇွန်လ(၈)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ  တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင် Ensure အမှတ်တံဆိပ် လူကြီးဖြည့်စွက်စာအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် Ensure အမှတ်တံဆိပ် လူကြီးဖြည့်စွက်စာသည် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် လုပ်ငန်းရှင်များအား ကုန်ပစ္စည်းများတွင်ဖော်ပြရမည့် မြန်မာစာကုန်အညွှန်းအမှတ်အသား များပါရှိသော ကုန်စည်များကိုသာရောင်းချရန်၊ သက်တမ်းလွန်ကုန်စည်များကို ရောင်းချခြင်းမပြုရန် နှင့်  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)   

MyRoတွင် သိုလှောင်ရုံမှတ်ပုံတင်ထားသော သိုလှောင်ရုံပိုင်ရှင်များအား ကွင်းဆင်းအသိပညာပေးခြင်း

    ၂၀၂၆ခုနှစ်၊ ဇွန်လ (၈)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်နှင့် ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မြန်မာဆန်စပါးအွန်လိုင်း MyRoတွင် ဆန်စပါးသို လှောင်ရုံမှတ်ပုံတင်ထားရှိမှု လုပ်ငန်းစဉ်များအား ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ဆန်တန်ချိန်(၂၅)တန်နှင့်အထက် သိုလှောင်ရုံသို့မဟုတ် စပါးတင်း (၂၅၀၀)နှင့်အထက်သိုလှောင်ရုံများအား မြန်မာဆန်စပါးအွန်လိုင်းMyRoတွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းပြုလုပ်ရန်နှင့် မြန်မာဆန်စပါးအွန်လိုင်းMyRoတွင် သိုလှောင်ရုံမှတ်ပုံတင်ထားသော ဆန်စပါးလုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စာရင်းများအား လစဉ်လဆန်း(၁)ရက်နေ့မှ(၁၀)ရက်နေ့အတွင်း အချိန်မှီ ဖြည့်သွင်းဆောင်ရွက်ကြရန်၊ ထည့်သွင်း စဉ်မြေပြင်စာရင်းနှင့်ကိုက်ညီမှုရှိစေရန်နှင့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ထားသော ဆန်စပါး လုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံများအား တစ်နှစ်တစ်ကြိမ်သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)   

ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ဒေါ်ပု ပဲကပ်ကြော်လုပ်ငန်းအားကွင်းဆင်းစိစစ်

           (၉-၆-၂၀၂၆) ရက်နေ့၊ နေ့လည်(၁၃:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ပင်းတယမြို့၊ ရှမ်းရပ်ကွက်ရှိ ဒေါ်ပု ပဲကပ်ကြော်လုပ်ငန်း အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေး(Pre Market)ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဒေသဦးစီးမှူးမှ ကုန်စည် နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနထောက်ခံချက် ရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါစီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကုန်အညွှန်း

      အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ) နှင့် (ဇ)တို့ပါအချက်အလက်များကို ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပြီးကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)   

 အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး (လ/ထ ညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းများသည် (..၂၀၂၆)ရက်နေ့၊ နံနက်(:၃၀)နာရီ အချိန်တွင် ပျဉ်းမနားမြို့နယ်၊  PNPT Sport Farmခန်းမတွင်  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြပါသည်။

           စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြပါ ရှိသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲကြရန်နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန်ကုန်အညွှန်း အမှတ် အသားများအကြောင်းအားလည်းကောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြား နိုင်သည့်နေရာများ၊ နည်းလမ်းများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website တွင် လည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်ဌာန၏ ဆောင်ရွက်ချက်များကို ဝင်ရောက်ကြည့်ရှုလေ့ လာနိုင်သလို နစ်နာဆုံးရှုံးမှုများကိုလည်း ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ရွာငံမြို့ရှိ ကော်ဖီလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

          (၈-၆-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒေသဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရွာငံမြို့ရှိ ရွှေသိင်္ဂီ ကော်ဖီလုပ်ငန်း၊ ဆယ် ရွာငံဒေသထွက် ကော်ဖီလုပ်ငန်း၊ ရွှေရွာငံ ကော်ဖီ လုပ်ငန်း တို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် ဒေသဦးစီးမှူးမှ ကုန်စည်နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနထောက်ခံချက် ရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါစီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း ၊တားမြစ်ချက်များအကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကုန်အညွှန်း

       အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ) နှင့် (ဇ)တို့ပါအချက်အလက်များကို ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပြီးကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)   

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ