သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာပေါင်းမြို့နယ်တွင် ဝန်ထမ်းသက်သာချောင်ချိစေရေး စားအုန်းဆီများ ရောင်းချပေးခြင်း

       ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် (၁၇.၁၁.၂၀၂၅) ရက်နေ့တွင် မြို့နယ်ဆီလုပ်ငန်းရှင်များမှ ခွဲတမ်းဆီအား နယ်ပညာရေးဝန်ထမ်း (၁၀၂၆) ဦး၊ နယ်လုံခြုံရေးတပ်ဖွဲ့ (၆၇) ဦးတို့အား သတ်မှတ်ညွှန်းဈေးဖြင့်  ရောင်းချပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကျေးအုပ်ချုပ် ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများအား လကုန်ရက်တွင် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ် တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၄.၁၀.၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “တေဇ”အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်း အဝေးနှင့် လုံခြုံရေးနှင့်သတင်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး ကအဖွင့်အမှာစကားပြောကြားရာ သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်သွားကြရန်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် အထက် ဌာန၏ လမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်၍ တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး အစည်းအဝေးအား နံနက်(၁၁း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့၊ (မူလွန်)ဇရစ် အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ အသိပညာပေးဟောပြောခြင်း

   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ (မူလွန်)ဇရစ်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာ ပေးဟောပြောဆွေးနွေးခဲ့ပါသည်။
            အဆိုပါဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင် က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်း၊ Consumer Call Center သို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမေးမြန်းခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူအင်အား ၁၁၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ ကန်ဖျားရပ်ရှိ မောင်မင်းကြီးသား ရေထွက်ကုန်ပစ္စည်းအရောင်းဆိုင်သို့ ကုန်အညွှန်းအမှတ်အသားပါရှိစေရေးကွင်းဆင်းစစ်ဆေး

     မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာ လ(၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ကန်ဖျားရပ်ရှိ မောင်မင်းကြီးသားအမှတ် တံဆိပ်ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသို့သွားရောက်၍ ရောင်းချလျက်ရှိသော ရေထွက် ကုန်ပစ္စည်းအမျိုးမျိုးအား စျေးကွက်မရောက်မီကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေး ကွင်း ဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်စသည်တို့ကို စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်အလက်တို့ကို ရှင်း လင်းပြောကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား မှတ်ပုံတင်လျှောက်ထားခြင်းအား အသိပညာပေးဆွေးနွေးခြင်း

     ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ နေ့လယ် (:၀၀)နာရီ အချိန်တွင် ကော့သောင်းမြို့၊ စားသုံးသူရေးရာဦးစီဌာန ခရိုင်ဦးစီးမှူးရုံး၌အွန်လိုင်းလုပ်ငန်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသည့်လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။

          တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်လျှောက်ထား ခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထား ရာ တွင် တင်ပြရမည့် အထောက်အထားများဖြစ်သည့် လုပ်ငန်းတည်ရှိသည့်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ(လုပ်ငန်းအမည်ပါရှိရန်) ပိုင်ရှင်အတွက် ရပ်ကွက်ထောက်ခံစာ (နေထိုင်ကြောင်းဖြစ်ရန်)၊ ရဲစခန်း ထောက်ခံစာ(ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း)၊ Business Logo ၊ ပိုင်ရှင် မှတ်ပုံတင်၊ ပတ်စ်ပို့တို့ကိုလိုအပ်မည်ဖြစ်ကြောင်း၊ မိမိလျှောက်ထားသည့် ပစ္စည်အမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်၌ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

                  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် နံနက်(၁၁:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည်   မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကန့်ဘလူ မြို့“မြို့မဈေး”ရှိ ဆန်လက်လီ၊လက်ကား ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက်စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန် မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန်၊ ထို့နောက်တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေတို့အား စစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကော့သောင်းမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းများ ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂ခုနှစ်၊ နိုဝင်ဘာ၁၃ ရက်နေ့ နံနက်(၉:၀) အချိန်နှင့် တွင် ကော့သောင်းမြို့ သိရီမြိုင်ရပ်ကွက် အ..က ()မိုင် စာသင်ကျောင်းတွင် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ပညာရေးဦးစီး ဌာန၊ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒေါ်မြသီတာ (ဦးစီး အရာရှိ)မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင် သည့်အခွင့်အရေးများ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများစသည်တို့ကို အသိပညာပေးဆွေးနွေး ပြောကြားခဲ့ပြီး၊ သိရီမြိုင်ရပ်ကွက် အ..က ()မိုင် စာသင်ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများအား သက်တန်းလွန်စားသောက်ကုန်များနှင့် စားသုံးရန်မသင့်လျော်သော စားသောက်ကုန်များအား စစ်ဆေးခဲ့ပြီး၊ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသောစားသောက်ကုန်များရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များသာရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်တွင် အရန်သင့်အစားအစာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ကန့်ဘလူမြို့၊ မြို့မဈေးရှိ  ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အရန်သင့်အစားအစာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံကစားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို  ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက် အတွင်းရောင်းချနေသည့် အရန်သင့်အစားအစာအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး တရားမဝင်ကုန်စည်များနှင့် သက်တမ်းလွန်ကုန်စည်များကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကော့သောင်းမြို့သို့  စားအုန်းဆီပေပါ ရောက်ရှိမှုအား သွား‌ရောက်စစ်ဆေးခြင်း

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နားစခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ် သော ဦးနိုင်လင်း (ကိုယ်စားလှယ်) မှထုတ်ယူခဲ့သော စားအုန်းဆီ(၉၀)ပေပါအား ယာဉ်အမှတ် 4C/1078 နှင့် ယာဉ်အမှတ် 9J/6351 ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်း မြို့သို့ (၁၇.၁၁.၂၀၂၅) ရက်နေ့တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန် ရှိသူများနှင့်အတူသွား ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်တွင် မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၀၉:၀၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ “ရွှေကံ့ကော်” မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရ သည်။

                   ထိုသို့ကွင်းဆင်းတွေ့ဆုံရာတွင် တာဝန်ခံက စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်များကို  ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဒေသတွင်းရှိလုပ်ငန်းများအားလစဉ်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း၊လုပ်ငန်းရှင်များအနေဖြင့်မုန့်များထုတ်လုပ်ရာ၌အသုံးပြုသည့်ပါဝင်ပစ္စည်းများတွင်တားမြစ်ထားသည့်ဓာတု ပစ္စည်းများ ထည့်သွင်းအသုံးမပြုရန် နှင့် သန့်ရှင်းသပ်ရပ်စွာ ထုပ်ပိုးရောင်းချရန်၊ သက်ဆိုင်ရာဌာနများ၏ အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိထားပြီး လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)  

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ