သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်မြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်၍ ယာယီမြို့နယ်အုပ်ချုပ်ရေးမှူးထံ ရှင်းလင်းတင်ပြ ဆွေးနွေး

       ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ဆီအသင်းနှင့် ကိုယ်စားလှယ်များက ယာယီမြို့နယ် အုပ်ချုပ်ရေးမှူးအား တွေ့ဆုံ၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ၂၀၂၆ခုနှစ် ဩဂုတ်လ ၁ရက်နေ့က  ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

         ထိုသို့ တင်ပြရာတွင် စားအုန်းဆီရရှိမှု၊ ခွဲဝေဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ ပြည်သူများထံ သတ်မှတ်စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုနှင့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

       ယင်းနောက် ယာယီမြို့နယ်အုပ်ချုပ်ရေးမှူးက သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရေး၊ စားအုန်းဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် အရေးပေါ်လိုအပ်ချိန်တွင် ပြည်သူများအား ဆက်လက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် သင့်တော်သော အရံစားအုန်းဆီ ထားရှိဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

        ထို့ပြင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း စနစ်တကျဖြန့်ဖြူးရောင်းချရေး၊ စာရင်းဇယားများ တိကျမှန်ကန်စွာ ပြုစုထားရှိရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရပြီး တက်ရောက်သူ ၉ဦးရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီအရောင်းဆိုင်များအား ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း ရှိ/ မရှိ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

         ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ‌ရေးအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတို့နှင့် ပူးပေါင်း၍ ၃.၈.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် တာဝန်ရှိသူများသည် ဒဂုံမြို့နယ်နှင့် ဗဟန်းမြို့နယ်များသို့ စားအုန်းဆီလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များ သို့သွားရောက်၍ စားအုန်းဆီများသတ်မှတ်ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချရာတွင် စားအုန်းဆီခွဲတမ်းရရှိမှုအပေါ် သတ်မှတ်ဈေးနှုန်းဖြင့် အပြည့်အဝရောင်းချမှု ရှိ/ မရှိနှင့် အိမ်ထောင်စုစာရင်း(သို့)စာအုပ်စနစ်ဖြင့် ရောင်းချပေးရာတွင် ပြည်သူများပိုမိုအဆင်ပြေစွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီများကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမဖြစ်ပေါ်စေရေး၊ ဆီအရည်အသွေးမှန်ကန်မှုရှစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ(၂)ဦး နှင့် ဝန်ထမ်း(၂) ဦးတို့သည် ကြည့်မြင်တိုင်မြို့နယ် ညဈေးအတွင်းရှိ ဦးဝင်းနိုင်(ဆီဆိုင်) နှင့် ဦးကြည်ဝင်း (ကုန်စုံဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့်ပူးပေါင်းပြီး ဆီရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၄.၈.၂၀၂၆ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားလာမှုအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းများ‌အား မြေပြင်စစ်ဆေးရန် ညွှန်ကြားလာသည်များကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းခရိုင်ရုံးမှ ဝန်ထမ်းများသည် အွန်လိုင်းမှတ်ပုံတင် လျှောက်ထား လာသည့် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်၊ နယ်မြေ ၂ ရှိ “ Yoon Shwe Yee Aung (ယွန်းရွှေရည်အောင်)” ဖန်စီပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ် အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများလုပ်ငန်းအား မြေပြင်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ မြေပြင်စစ်ဆေးခဲ့မှုတွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ၊ မရှိ DOCA Mobile Application ဖြင့် စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် အခွင့်အရေး များ၊ မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများအကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက် များ၊ ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

လွိုင်လင်မြို့ပေါ်ရှိစားအုန်းဆီလက်လီအရောင်းဆိုင်အားမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး(ဦးသန်းတိုး)နှင့် ဝန်ထမ်း များသည် (၂၄.၇.၂၀၂၆) ရက်နေ့ နေ့လည်(၁၂:၀0)နာရီ အချိန်တွင် လွိုင်လင်မြို့ပေါ်ရှိ ဦးသူရကိုကို ဆီအရောင်းဆိုင်နှင့် ဒေါ်မိုးမိုးဖြူ ဆီအရောင်းဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီအရောင်းဆိုင်များ၌ စားအုန်းဆီဝယ်ယူ ခွင့်စာအုပ်များဖြင့် ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ သတ်မှတ်အလေးချိန်၊ အချိန် အတွယ် မှန်ကန်မှုရှိ/မရှိနှင့် ပြည်သူများအနေဖြင့် မြင်သာမှုရှိစေရန် ရောင်းချမည့်ရက်စွဲ၊ ပိဿချိန်၊ ‌ဈေးနှုန်းနှင့် ရောင်းချသူအမည် တို့ကိုဖော်ပြထားသည့် ဗီနိုင်းများချိတ်ဆွဲထားရှိရန်နှင့် ရပ်ကွက်နေ စားသုံးသူပြည် သူများထံအမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန်ရောင်းချပေးနိုင်ရေး၊ ပြည်သူများထံ အပြည့်အဝရောင်း ချပေးနိုင်ရန်နှင့် ဈေးကစားရန်ရည်ရွယ်၍ စားသုံးဆီများအား သိုလှောင်ထားခြင်း ရှိ/မရှိအား စစ်ဆေးခဲ့ ပြီးဆီအရောင်းဆိုင်များမှ စားအုန်းဆီပိဿ(၁၁၀)ပိဿာ အားရောင်းချ လျှက်ရှိပြီး တစ်ပိဿာလျှင် (၈၃၉၈)ကျပ်ဖြင့် ရောင်းချပေးလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)       

ဆန်အရောင်းဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူး (ဦးစီးအရာရှိ) ဦးသန်းတိုးနှင့် ပူးပေါင်း အဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန တို့မှ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်(၁၀:00) နာရီအချိန်တွင် နမ့်စန်မြို့ပေါ်ရှိ ဒေါင်းတိုက် ဆန်ဆိုင်နှင့် မကလျာ ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းဈေးကွက်အခြအနေများ၊ ဆန်များစီးဝင်/ စီးထွက်မှု အခြေအနေများနှင့် သယ်ယူခနှုန်းထားများ၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထား ခြင်း ရှိ/မရှိ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး ဈေးကစားရန် သိုလှောင် ထားခြင်း ရှိပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူခံ ရမည်ဖြစ် ကြောင်းပြောကြားခဲ့ပြီး ဆန်ဈေးနှုန်းများ အနေဖြင့် ဒေါင်းတိုက် ဆန်ဆိုင်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ် လျှင် ၂၆၀၀၀၀ ကျပ်၊ ခေါက်ပါကင် တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှင့် မကလျာ ဆန်ဆိုင်တွင် ဧည့်မထတစ်အိတ်လျှင် ၁၂၃၀၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)       

ကျောက်ပန်းတောင်းမြို့နယ်၌ စားအုန်းဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသည့် ဆိုင်များအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

   မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် စားအုန်းဆီဖြန့်ဖြူး ရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့်တာဝန်ရှိသူများသည် စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူး ရောင်းချသည့်ဆိုင်များတွင် သတ်မှတ်စည်ကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိနှင့် တစ်အိမ် ထောင်စုလျှင် စားအုန်းဆီ နှစ်ပိဿာငါးဆယ်ကျပ်သားနှုန်းတိုးမြှင့်ရောင်းပေးခြင်းရှိ/မရှိတို့ကို ဇူလိုင်လ ၂၇ ရက်နေ့ ၊ မွန်းလွဲ ၀၁:၀၀ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ကျောက်ပန်းတောင်းမြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များသည် စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူးရောင်းချ သည့် အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ဗီနိုင်းချိတ်ဆွဲ၍ ဖြန့်ဖြူး ရောင်းချခြင်းရှိ/မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/မရှိနှင့် ဆီစားအုပ်များကို စနစ်တကျထုတ်ပေးခြင်း၊ ခွဲတမ်းအရ ရရှိသော ဆီပိဿာချိန်ကို ဌာနမှသတ်မှတ်ထားသော မှန်(၆)မှန်နှင့်အညီပြည်သူများအား အမှန်တကယ်ရောင်းချပေးခြင်းရှိ/မရှိတို့ကို ကိုယ်စားလှယ်အရောင်းဆိုင်များဖြစ်သည့် တမ္ပဝတီရပ် ကွက်ရှိ ကျောက်ပန်းတောင်းပလာဇာမှ အရောင်းဆိုင်တစ်ဆိုင်၊ ဈေးကွက်သစ်ရပ်ကွက်မှ အရောင်း ဆိုင်သုံးဆိုင် စုစုပေါင်း(၇)တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး အရောင်းကိုယ်စားလှယ်တာဝန်ခံများနှင့် စားသုံးသူပြည်သူများအား ရောင်းချမှု/ဝယ်ယူရရှိမှုအခြေအနေများကို ရင်းရင်းနှီးနှီးတွေ့ဆုံမေးမြန်း ခဲ့ကြသည်။

          ကျောက်ပန်းတောင်းမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စု(၇၂၃၇၈)စု တို့အား ယခင်ကတည်းက ဆီထုတ်စာအုပ်များ စနစ်တကျပြုလုပ်ရောင်းချနေခြင်းဖြစ်ပြီး ယခင်က တစ်အိမ်ထောင်လျှင် နှစ်ပိဿာနှုန်းသာရောင်းချပေးရာမှ ယခုဇူလိုင်လနောက်ဆုံးပတ်မှစတင်၍ တစ်အိမ်ထောင်စုလျှင် နှစ်ပိဿာငါးဆယ်ကျပ်သားနှုန်းဖြင့် တိုးမြှင့်ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)       

 

ကုန်အညွှန်းအမှတ်အသားနှင့်လုပ်ငန်းသုံးစားအုန်းဆီလာရောက်လျှောက်ထားသည့်လုပ်ငန်းရှင်အား ရှင်းလင်းဆွေးနွေး

                   မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ‘‘ဂွတ်တယ်မေ’’ မာလာရှမ်းကောအနှစ်နှင့်စားသောက်ကုန် လုပ်ငန်းမှ ပိုင်ရှင် ဒေါ်မေဖူးခန့် က ၎င်းထုတ်လုပ်သောကုန်စည်များတွင်ထည့်သွင်းဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ၂၇.၇.၂၀၂၆ ရက်နေ့၊ နေ့လယ်(၁၄:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးသို့ လာရောက်တွေ့ဆုံရာ စားသုံး/ထုတ်လုံဌာနခွဲ တာဝန်ခံ ဦးစိုးမိုးထွန်း (ဦးစီးမှူး)က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဌာနခွဲတာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်း ချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ် ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည် အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များနှင့် လုပ်ငန်းသုံးစားအုန်းဆီလျှောက်ထားမှုကို လုပ်ငန်းခွင်များသို့ကွင်းဆင်း၍ အမှန်ကုန်ကျ မည့်/လိုအပ်မည့် ဆီပမာဏများကို စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး၍ အသိပညာပေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)       

 

အများပြည်သူသို့ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး    

    စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီး မှူး)နှင့်ဝန်ထမ်းများသည် (၂၄-၇-၂၀၂၆)ရက်နေ့၊နံနက်(၀၈:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်း မြို့ရှိ အများပြည်သူသို့ စားအုန်းဆီရောင်းချနေသော စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

            စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းကို Vinyl များချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကို လည်း (၂%)အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းများမရှိစေရေး၊ အရည်အသွေး၊ အလေးချိန် အချင်အတွယ်မှန်ကန်စွာဖြင့် ပြည်သူများလက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်၍ လုပ်ငန်းရှင်များအနေဖြင့် ရောင်းဝယ်မှုပြုရာတွင် မှန်(၆)မှန်ဖြစ်သော လက်ကား/ လက်လီစာရင်းမှန်ရန်၊ နေရာမှန်ရန်၊ အချိန်မှန်ရန်၊ ဈေးနှုန်းမှန်ရန်၊ အရေအတွက်မှန်ရန်နှင့် အချိန် အတွယ်နှင့်အရည်အသွေးမှန်ကန်ရန် စသည့်အချက်များနှင့်ကိုက်ညီစွာ လုပ်ကိုင်ဆောင်ရွက်လိုအပ်ပါ ကြောင်း အသိပေး၍ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)       

အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးဝင်းသိန်းဦး(ရုံးအုပ်) သည် ၄-၈-၂၀၂၆ ရက်နေ့ (၁၃:၀၀)နာရီ အချိန်တွင် မိုးညှင်းမြို့၊ ရန်ကင်းရပ်ကွက်ရှိ စားသုံးသူများအား အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပာယ် ဖွင့်ဆိုချက်အကြောင်း၊ ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)ပါ စားသုံးသူ၏ အခွင့်အရေးများအကြောင်း၊ ဥပဒေ အခန်း(၉)ပုဒ်မ(၂၀)ပါ   စားသုံးသူ၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း သည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေ ခြင်းစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်း များဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက် နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့်ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော  စားသုံးသူများအား Consumer Call Center 1535 သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့်နည်းလမ်းများအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူရာတွင် သတိထားဝယ်ယူသင့်သည့် အချက်များအကြောင်း၊ Digital ငွေကြေးဝန်ဆောင်မှု ရယူအသုံးပြုရာတွင် စားသုံးသူများ၏ ပုဂ္ဂိုလ် ရေးဆိုင်ရာ အချက်များကို လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်များအကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ  အသိပညာများအကြောင်းတို့အား အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ