သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် စစ်ဆေးခြင်း

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှစစ်ဆေးရေးမှုးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက်နေ့ နေ့လယ် (၁:၀၀)အချိန် တွင် တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်းရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်အတွင်းရှိ ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်း(၃)ခုအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် APPLEတံဆိပ်၊ညီအစ်မတံဆိပ်နှင့်မင်းကြီးတံဆိပ်တို့သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ“ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့်ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုသန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချီသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

     ့နောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျသိုလှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များပြုလုပ်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခဲ့ကြပါသည်။

DOCA(ရှမ်း)

မြောင်းမြခရိုင်  အိမ်မဲမြို့နယ်၊ မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်  အိမ်မဲမြို့နယ်၊ တာဝန်ခံ ဦးလေးလွင်နှင့်ဝန်ထမ်းများသည် (၁၂.၁.၂၀၂၃)ရက်နေ့ နေ့လယ် (၁၂:၃၀)နာရီတွင်  ချောင်းဝရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် စီးပွားရေး လုပ်ငန်းရှင်မည်သူမဆို ပုဒ်မ(၆၇)(၆၈)ကို ဖောက်ဖျက်ကျုးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်နိုင်ကြောင်း၊ အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး လက်ရှိရောင်းဝယ် နေသော ကုန်စည်များ၏ဈေးနှုန်းများအနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းဝယ်ကြရန် အလေးတင်းတောင်း မှန်မှန်ကန်ကန်ချိန်တွယ်ဝယ်ယူနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာ ဆောင်ရွက်ကြရန် ဟောပြောဆွေးနွေးခဲ့ပါသည်၊၊ ဟောပြောပွဲသို့ မုန့်မျိုးစုံလုပ်ငန်းရှင်(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် အမှတ်(၃)ရပ်ကွက်၊ အထက(၃)ကျောင်း  စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည်(၁၂.၁.၂၀၂၃) ရက်နေ့ နံနက်(၀၉:၀၀)နာရီကလပွတ္တာမြို့၊ အမှတ်(၃)ရပ်ကွက်၊ အထက(၃) ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ  စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏အမျိုးအမည် အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ ထားသိုသိမ်း ဆည်းမှုအညွှန်းသုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့)ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းတွင်ရောင်းချနေသော မုန့်ဆိုင်များသို့ ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့်သွားရောက်စစ်ဆေးပြီး မုန့်ဆိုင်ပိုင်ရှင်များအား ဌာနမှ ထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် သက်တမ်းလွန် မုန့်များ၊ ဆိုးဆေးများပါဝင်သော အစားအသောက်များအား ရောင်းချခြင်းမှရှောင်ကြဉ်ကြရန် မုန့်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊၊  ဟောပြောပွဲသို့ ဆရာ/ဆရာမ (၁၉)ဦး ကျောင်းသား/သူ(၂၂၀)ဦး၊ ကျောင်းမုန့်ဈေးသည်(၅)ဦး ပေါင်း(၂၃၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ခရီးစရိတ်အကြောင်းသိကောင်းစရာများနှင့် စပ်လျဉ်း၍ ThursdayTalk အခမ်းအနား၌ အသိပညာပေးဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများ သည် ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ (၁၂) ရက်နေ့၊ ညနေ (၁၄:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ခရီးစရိတ်အကြောင်းသိကောင်းစရာများနှင့် စပ်လျဉ်း၍ ဝန်ထမ်းများအား “ခရီးစရိတ်အကြောင်းသိကောင်းစရာများ ခေါင်းစဉ်” ဖြင့် Thursday Talk အသိပညာပေး ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း ( ၃၃ ) ဦးတက်ရောက်ခဲ့ပါသည်။

        အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံး၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်တိုးတိုးချွန်က  မြန်မာနိုင်ငံ ခရီးစရိတ်နည်းဥပဒေသည် ၁၉၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်အာဏာတည်ပြဌာန်းခဲ့သည့် နည်းဥပဒေဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ခရီးစရိတ်လက်စွဲဥပဒေ အပိုဒ် (၃) တွင် ခရီးသွားသည့် ဝန်ထမ်းကိုယ်တိုင် ပြုလုပ်ဆောင် ရွက်ရခြင်း၊ ပြည်သူအကျိုးအတွက် ခရီးသွားမှုအမှန်ဖြစ်ခြင်း၊ ခရီးသွားရမည့်အကြောင်းပြချက် ခိုင်လုံမှု ရှိရမှာဖြစ်ခြင်း၊ ခရီးစရိတ်တောင်းခံလွှာများကို ပြန်တမ်းဝင်အရာထမ်းများအတွက် TF-45 နှင့် အမှုထမ်း များအတွက် TF-46 စသည့် ပုံစံများဖြစ်ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ ခရီးစရိတ်ရေးဆွဲရာတွင် အထောက် အထားများပူးတွဲဖော်ပြရန် လိုအပ်ကြောင်း၊ ခရီးစရိတ်အမျိုးအစားများမှာ ယာဉ်စရိတ်၊ ပုံသေခရီးစရိတ်၊ နေ့တွက်စရိတ်၊ မိုင်နှုန်းစရိတ်၊ ယာဉ်ခများနှင့် အမှန်ကုန်ကျစရိတ်များဖြစ်ပါကြောင်း၊ စားမေးပွဲ ဖြေဆိုရန်သွားသည့် ခရီးစရိတ်အတွက် ရပ်နားသောနေ့ရက်များတွင် နေ့တွက်စရိတ် ခွင့်မပြုပါကြောင်း၊ ပြောင်းရွေ့ခရီးစရိတ်တွင် မိမိဆန္ဒအလျှောက်လျှောက်ထားသဖြင့် ပြောင်းရွေ့ခံ ရခြင်း၊ အကျင့်စာရိတ္တ ပျက်ပြားမှုကြောင့် ပြောင်းရွေ့ခံရခြင်းမဟုတ်လျှင် ခံစားခွင့်ရှိပါကြောင်း၊ ဝန်ထမ်းများ အဆင့်အလိုက် သယ်ယူခွင့်ရှိသော အိမ်ထောင်ပစ္စည်းနှင့် အခြားသယ်ယူခွင့်ရှိသည့် ပစ္စည်းများ၏ ကုန်ကျစရိတ်များကို တွက်ချက်ခွင့်ပြုပေးကြောင်း စသည့်အချက်များကို ရှင်းလင်းပြောကြားခဲ့နောက် တက်ရောက် လာကြသည့် ဝန်ထမ်းများကလည်း သိရှိလိုသည်ကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပြီး ညနေ (၁၅:၀၀) နာရီအချိန်တွင် ThursdayTalk  ဆွေးနွေးခြင်းအား အောင်မြင်စွာပြီး မြှောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ိကိုင်း)

 

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တပ်ကွင်းအမက ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၂.၁.၂၀၂၃)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီက မော်ကျွန်းမြို့နယ် တပ်ကွင်းအမကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသောအစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျွံပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား ဝယ်ယူစားသောက်ခြင်း မပြုကြရန် ဟောပြောခဲ့ပါသည်၊၊ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ပန်းတနော်မြို့ အ.မ.က ကျောင်းတွင် စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိဖို့ အသိပညာပေးဟောပြော

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၃.၁.၂၀၂၃) နေ့ (၀၉:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့ အနောက်ပိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိနိုင်ရေး မိတ်ဖက်ဌာန တိုင်းရင်းဆေးပညာဦးစီးဌာနနှင့်အတူ လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြပါသည်။

        အဆိုပါဟောပြောပွဲတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း ရှင်းလင်းဟောပြောပြီး စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်များအကြောင်း၊ စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင် အဓိပ္ပာယ်၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု၏ အဓိပ္ပာယ်အကြောင်းများကို ရှင်းလင်းဟောပြောပြီး ဈေးကွက်အတွင်းရှိ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအချက်အလက်များ ပါဝင်သောကုန်စည်ကို ဦးစားပေးဝယ်ယူအသုံးပြုတတ်စေရန်၊ စားသုံးသူတို့သည် မိမိတို့အခွင့်အရေးကိုသိရှိ၍ ကုန်စည်ကိုဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှု ရှိလာပါကလည်း စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာသော စားသုံးသူတို့၏ နစ်နာဆုံးရှုံးမှု များကို စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြားနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခဲ့ရသည့် ဖြစ်စဉ်များကို ဥပမာပေးရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများက သိရှိလိုသည်များ မေးမြန်းမှုများကို အပြန်အလှန်ဖြေကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူ (၁၃၂) ဦး၊ ဆရာ/ဆရာမ (၃) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ(၁၂)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၃)ဆိုင်အား စားသုံးသူရေးရာ ဦးစီးဌာနမှ ရွှေဘိုခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့်ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးတို့ပူးပေါင်း၍ မှတ်ပုံတင်ထားခြင်းမရှိသော Diclon-M ပုံစံတူဆေးဝါးများကို တရားမဝင် တင်သွင်းပြီးရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့စျေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ဆေးဝါးအရောင်းဆိုင်များတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော Diclon-M ပုံစံတူဆေးဝါးများရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် Diclon-M ပုံစံတူဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် စံမညီဆေးဝါးများမရောင်းချရန်၊ ဆေးနှင့်ဆေးပစ္စည်းများရောင်းချရာတွင် သက်ဆိုင်ရာဌာန၏လိုင်စင်ပါ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေ၍ ဆေးဈေးနှုန်းနှင့်လက်ကျန်အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၀.၁.၂၀၂၃)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင်  ဖတ်သောင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူပြည်သူ(၂၅)ဦးအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ဟောပြောပွဲတွင် စားသုံးသူ‌‌‌ရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံက  စားသုံးကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ အချက်အလက်ပြည့်စုံစွာပါရှိရမည်အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ဌာနမှဆောင်ရွက်လျက် ရှိသောလုပ်ငန်းများကိုသိရှိနိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက် လျက်ရှိရာ ဇန်နဝါရီလ(၁၁)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဝက်လက်မြို့နယ်တာဝန်ခံ ဦးမျိုးအောင်သည် ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာရှိ နဒီမြန်မာဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာတွင် ဌာနမှဆောင်ရွက်နေသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စီးပွားရေး လုပ်ငန်းရှင်များ သိရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့်အကြောင်းများ၊ တိုင်ကြားခြင်းအပေါ် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခြင်း အကြောင်းများ၊ အခန်း(၂၃)ပါ တားမြစ်ချက်များအကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)                                                                                                                                                                                                                                                                                                                                                                                                                                                                              

ဘက်စုံအသုံးဝင်သည့် ပေါက်ပန်းဖြူ

      ပေါက်ပန်းဖြူပင်သည် မြန်မာနိုင်ငံရှိ ဒေသအများအပြား၌ သဘာဝအလျောက် ပေါက်ရောက်သည့် အပင်တစ်မျိုးဖြစ်ပါသည်။ ပေါက်ပန်းဖြူနှင့် ပေါက်ပန်းနီဟူ၍ (၂)မျိုးရှိပြီး ဆေးဖက်ဝင်သောပေါက်ပန်းဖြူမှာ လူသိများ၍ ထင်ရှားပါသည်။ ပေါက်ပန်းဖြူရွက်ကို ကျေးလက်ဒေသနှင့် မြို့နေလူတန်းစားများသည် တို့စရာအဖြစ် စားသုံးမှုများပါသည်။ အပင်လတ်အမျိုးအစားဖြစ်၍ အကိုင်းအခက်များ များပြားပါသည်။ အရွက်မှ ာရွက်ပေါင်းဖြစ်ပြီး အရွက်ရင်းနှင့် အရွက်ထိပ်ပိုင်းမှာ ဝိုင်းပါသည်။ ပန်းတစ်ခိုင်လျှင် အပွင့်(၂)ပွင့်မှ (၄)ပွင့်အထိပါရှိပါသည်။ အပွင့်မှာ အဖြူနှင့်အနီဟူ၍ (၂)မျိုးရှိပြီး အသီးမှာ အတောင့်ရှည်၍ အစေ့များစွာရှိပါသည်။ မြန်မာ့စားစရာတို့စရာများထဲတွင်ာ ပေါက်ပန်းဖြူပွင့်ကို ကြော်စား၊ ချက်စား၊ ပြုတ်စား၊ သုတ်စား၊ ဟင်းချိုချက်ခြင်းတို့ဖြင့် မျိုးစုံပြုလုပ်၍ စားသုံးကြပါသည်။

      ပေါက်ပန်းဖြူပင်ကို ရန်ကုန်မြို့တွင် တွေ့ဖူးသူနည်းပါးပြီး နယ်ဘက်များတွင် နေရာအတော်များများ၌ ာပေါက်ရောက်ကြပါသည်။ ပွင့်ဖက်မှာအသားထူပြီး အပွင့်မှာတွဲလွဲပွင့်ပါသည်။ အနံ့မရှိဘဲ ပေါက်ပန်းနီကိုတော့ ပေါက်ပန်းဖြူကဲ့သို့ များများစားစားတွေ့ရခြင်းမရှိပါ။ ပေါက်ပန်းဖြူပင်မှာ အရွက်သာမက အပွင့်၊ အစေ့၊ အခေါက်၊ အစေး၊ ဥနှင့်အမြစ် စသည့် အစိတ်အပိုင်းများလည်း ဆေးဖော်စပ်ရာတွင် အသုံးဝင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ