သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တမူးမြို့နယ် ( မြို့မ- ၃ )ရပ်ကွက်ရှိ “အဓိပတိ” ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

        ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ( ၁၇ ) ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် တမူးမြို့နယ် တာဝန်ခံ ဉီးစွမ်းရည်နှင့်ဝန်ထမ်းများသည်  တမူးမြို့နယ်၊ (မြို့မ-၃)ရပ်ကွက်ရှိ “ အဓိပတိ ”  ဆန်စက်လုပ်ငန်းရှင် ဦးစိုင်းလင်းနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့ တွေ့ဆုံဆွေးနွေးရာ ဆန်စက်လည်ပတ်မှုအခြေအနေများ၊ ရောင်းဝယ်ဖောက်ကားမှုအခြေအနေများကို မေးမြန်းရာတွင် ဧရာမင်း(စပါး)သစ် (  ၁၆ )ပြည်ပါတစ်တင်းလျှင် ( ၁၁၀၀၀ )ကျပ်၊ ချင်း-၃ (စပါး)သစ် ( ၁၆ ) ပြည်ပါတစ်တင်းလျှင် ( ၈၀၀၀ မှ ၈၅၀၀ ) ကျပ်အထိ၊ မှော်ဘီ(စပါး)တစ်တင်းလျှင် (၉၀၀၀ မှ ၉၅၀၀ ) ကျပ်အထိ၊ နှင့် ဧရာမင်း(ဆန်)သစ် ( ၂၄ ) ပြည်ပါတစ်အိတ်လျှင် ( ၄၅၀၀၀ ) ကျပ်၊ ချင်း-၃( ဆန်)သစ် ( ၂၄ ) ပြည်ပါတစ်တင်းလျှင် (  ၃၃၀၀၀ ) ကျပ်၊ မှော်ဘီ(ဆန်)သစ် ( ၂၄ ) ပြည်ပါတစ်တင်းလျှင် (၃၃၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ဧရာမင်း၊ မှော်ဘီ၊ ချင်း-၃ (စပါး)သစ်များကို ဒေသတွင်းနှင့် မန္တလေး၊ မုံရွာမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး ဧရာမင်း(ဆန်)သစ်နှင့် မှော်ဘီ(ဆန်)သစ်၊ ချင်း-၃ (ဆန်)သစ်များကို ဒေသတွင်းသာရောင်းဝယ်ဖောက်ကားလျက်ရှိပြီး စပါးဈေးနှုန်းများအနေဖြင့် ပေါ်စတွင် ဧရာမင်း(စပါး)သစ် ( ၁၆ ) ပြည်ပါတစ်တင်းလျှင် ( ၉၀၀၀ ) ကျပ်ဈေးနှုန်းဖြင့် ဈေးဖွင့်ခဲ့သော်လည်း ယခုလအတွင်းတွင်  စပါးအဝယ်လိုက်သည့်အတွက် စပါးဈေးနှုန်းများနှင့် ဆန်ဈေးနှုန်းများမှာ အရောင်းအဝယ်သွက်လျက်ရှိပါကြောင်း ဆန်စက်လုပ်ငန်းရှင် ဉီးစိုင်းလင်း၏ ဆွေးနွေးပြောကြားချက်များအရသိရှိရပါသည်။ ထို့နောက် တမူးမြို့နယ်တာဝန်ခံ ဦးစွမ်းရည်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကို အသိညာပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“မိတ္ထီလာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ”

        စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် မိတ္ထီလာတက္ကသိုလ် ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြော ဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများ ၊မိတ္ထီလာတက္ကသိုလ်မှပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ မော်ကွန်းထိန်း၊ ဌာနမှူးဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၇၆၅)ဦး တက်ရောက်ခဲ့ပါသည်။

         အဆိုပါအခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဘဟန်မှ စားသုံးသူကာကွယ်ပေးရေးသည် အလွန်အရေးကြီးဆုံး၊ နိုင်ငံတကာမှာလည်း Connsumer Right သည် အရေးပါကြောင်း ယခုလိုစားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာများလာရောက် ဟောပြောဆွေး နွေးခြင်းအတွက်လည်း ကျေးဇူးတင်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းမှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်မတ်လ(၁၅)ရက်နေ့တွင်ဖြင့် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါရှိသည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူ ခြင်းများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင်ဖော်ပြရမည့် သတ်မှတ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့်ပြစ်မှုပြစ်ဒဏ်များအကြောင်း စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင် ရွက်ရေးစင်တာ CICC Page ၊DOCA Myanmar Mobile Application ဖြင့်သော်လည်းကောင်း၊ ဖုန်းနှင့်သော်လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းအသိပညာပေး ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသောဆရာ/ဆရာမများမှလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနားကို မွန်းလွဲ(၁၂း၃၀) အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)

 

                                               

သက်မွေးပညာကြိုးစားရှာ မြှင့်တင်ရမည့်လူမှုဘဝ

       မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ “ဆေးရေးနှင့်ပန်းပုံရိုက် အခြေခံသင်တန်း”အား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

     အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏ ရည်မှန်းချက်တစ်ခုဖြစ်သော “အန္တရာယ်ရှိသော အလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေး အလုပ်သမားများဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာ သင်တန်းများ တက်ရောက်နိုင်ရေးဆောင်ရွက်ရန်”ဟု ပါရှိတဲ့အတွက် ယနေ့ခေတ်လူငယ်များ အတွက်ထိရောက်မှုရှိပြီးအလုပ်အကိုင်ဈေးကွက်များရှိတဲ့ သင်တန်းများဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ အရွယ်ရောက်ပြီးသောလူငယ်တိုင်းကျွမ်းကျင်မှုအတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်စေလို သည့်ဆန္ဒဖြင့် မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့်ပူးပေါင်း၍ လူငယ်များ၏ အသက်မွေးဝမ်းကျောင်းအတွက် တိုင်းဒေသကြီးမှလည်း ငွေကြေးနှင့်အခြားလိုအပ်ချက်များကိုလည်း  တတ်နိုင်သရွေ့ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ်အတွင်း သက်မွေးပညာသင်တန်း (၄)ကြိမ်ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း သက်မွေး ပညာသင်တန်း (၅)ကြိမ်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုလည်း လက်မှုပညာရပ်တစ်ခုဖြစ်သည့် ဆေးရေးနှင့်ပန်းပုံရိုက်အခြေခံသင်တန်းမှာလည်း မန္တလေးမြို့၏ ရိုးရာအတတ်ပညာတစ်ခု ဖြစ်တဲ့အတွက် အသက်မွေးဝမ်းကြောင်းပြုနိုင်ရန် ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အခြေခံအဆင့်ကိုတက်ရောက်မည့် သင်တန်းသားများ အနေ ဖြင့် အခြေခံအဆင့်မှတစ်ဆင့် ကျွမ်းကျင်သည့် အဆင့်ထိရောက်ရှိအောင် ကြိုးစားကြစေလိုကြောင်း၊မိမိ၏လုပ်ငန်းခွင်တွင် အထောက်အကူဖြစ်ပြီး မိမိကိုယ်တိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင် နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

        ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၊ ဒုတိယကျောင်းအုပ်ကြီးမှ ယခုကာလကို ဖွင့်လှစ်မည့်ဆေးရေးနှင့် ပန်းပုံရိုက်အခြေခံသင်တန်းသည် လွန်ခဲ့သော(၁၀)နှစ်ခန့်က အလွန် အောင်မြင် ခဲ့သည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ အမရပူရမြို့နယ်ရှိ အမျိုးသမီးငယ်အများစုမှာ ရက်ကန်းစင်မှ ချသည့်အထည်များပေါ်တွင် ဈေးနှုန်းမြင့်မားသည့် လွန်းရာကျော်ချိတ်အဆင်များ၊ အတိုင်းတန်ဆာဆင်သည့်လုပ်ငန်းများ၊အထည်ဆေးရေးခြယ်သည့်လုပ်ငန်းများလုပ်ကိုင်ခဲ့ပါကြောင်း၊ အချိန်အတိုင်း အတာတစ်ခုထိ အောင်မြင်တွင်ကျယ်ခဲ့ရာမှ တဖြေးဖြေးမှေးမှိန်လာခဲ့ပြီး၊ ယခုအချိန်တွင် (Souvenir shops) အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင် များပြားလာခြင်း၊ လူအများက Hand made ပစ္စည်းများနှစ်သက်လာကြခြင်းများကြောင့် ဆေးရေးနှင့်ပန်းပုံရိုက် လုပ်ငန်းများ ပြန်လည်ဦးမော့လာ ခဲ့ကြောင်း၊ ဆေးရေးနှင့်ပန်းပုံရိုက်သင်တန်းသို့ တက်ရောက်သူများပါကြောင်း၊ အများစုမှာ အဝတ်အစားချုပ်လုပ်ရောင်းချသည့် ဒီဇိုင်နာများ၊ Hand made ပြုလုပ်ရောင်းချသည့်လုပ်ငန်းရှင်များလည်းတက်ရောက်ကြပါကြောင်း၊လုပ်ငန်းရှင်ထုတ်လုပ်သူများမှ အလုပ်သမားအများစုကို ငှားရမ်း၍ လုပ်ကိုင်ရခြင်းကြောင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်များမှသော်လည်းကောင်း၊ ကိုယ်တိုင်တတ်ကျွမ်းမှသာ လုပ်ငန်းဆောင်ရွက်ရာ၌ တွင်ကျယ်မှု၊ ကျွမ်းကျင်မှုများရှိလာရန် တက်ရောက်ကြခြင်းဖြစ်ကြောင်း၊ အဝတ်အထည် တစ်ခုလုံး အပေါ်မှာ ဆေးရေး၊ ပန်းပုံရိုက်ခြင်း မဟုတ်ဘဲ အဝတ်အစားချုပ်သည့်အပေါ်တွင် တစ်စိတ်တစ်ဒေသသာ ရေးခြယ်ခြင်း၊ အမှတ်တရအိတ်များပေါ်တွင် ရေးခြယ်ခြင်း၊ ရာသီအလိုက် ပန်းများ၊ ဒေသအလိုက် သင်္ကေတများ၊ အသေးအမွှားပစ္စည်း ကအစ ထုတ်လုပ်လာနိုင်တဲ့ ပညာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

  မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း လျာထားချက်များ ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၊ ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်း(၁)ကြိမ်၊စက်ချုပ်အဆင့်မြင့်သင်တန်း(၁)ကြိမ်၊ ဆံပင်မိတ်ကပ် အလှပြင်သင်တန်(၁)ကြိမ်၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်း(၁)ကြိမ်၊ သဘာဝဆေးဆိုးသင်တန်း(၁)ကြိမ်၊စုစုပေါင်း(၅)ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား/သူ (၁၁၂)ဦးတက်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိခဲ့ပြီးဖြစ်ပါသည်။ ယခုဖွင့်လှစ်သည့် ဆေးရေးနှင့် ပန်းပုံရိုက်အခြေခံသင်တန်းအား တစ်ပတ်ကြာဖွင့်လှစ်သွား မည်ဖြစ်ပြီး သင်တန်းသူ (၂၀)ဦး တက်ရောက်သွားမည်ဖြစ်ပါသည်။

      ယခုကဲ့သို့ သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် လူငယ်များ၏ အသက်မွေးဝမ်း ကျောင်းမှုကို အထောက်အကူဖြစ်သကဲ့သို့ တိုင်းဒေသကြီး၏ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့နည်းပပျောက်ရေးကို အထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်းနှင့် သက်မွေး ပညာသင်တန်းတက်ရောက်ခဲ့သည့် လူငယ်များအနေဖြင့် လုပ်ငန်းအပေါ်တွင် တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုကြောင့် ဝင်ငွေများရရှိလာခြင်း၊ စားဝတ်နေရေး ပိုမိုအဆင်ပြေကာ မိမိတို့၏ လူနေမှုဘဝမြင့်တက်လာပြီး ကိုယ်ပိုင်တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

မုံရွာမြို့၊ တိုင်းရဲတပ်ဖွဲ့၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဦးစီးကျင်းပသော စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်သည့် သင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၃-၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ တိုင်းရဲတပ်ဖွဲ့၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဦးစီးကျင်းပသော စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်သည့်သင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

        ထိုသို့အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာဦးက စားသုံးသူကာကွယ်ရေးဦးစီးဌာနအကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများပေါ်ပေါက်လာရခြင်းအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့၏ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့်လုပ်ဆောင်ချက်မျး၏ ကွဲပြားပုံအကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ရွေးချယ်အသုံးပြုလိုက်သော ကုန်စည်ကြောင့်ဖြစ်စေ၊ ဝန်ဆောင်မှုကြောင့်ဖြစ်စေ ထိခိုက်နစ်နာမှုများရှိပါက မိမိတို့၏ စားသုံးသူအခွင့်အရေးကို အဆုံးရှုံးမခံဘဲ တိုင်ကြားကြစေလိုကြောင်း၊ ပြည်သူအားလုံးကို တိုင်ကြားသည့် အလေ့အကျင့်များရှိစေလိုကြောင်း၊ တိုင်ကြားရုံသာမက မိမိတို့ဘက်မှလည်း လိုက်နာရမည့်တာဝန်များကို လိုက်နာကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပြီး၊ ဒု-ဦးစီးမှူး ဒေါ်ဇင်မာနွယ်က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများအကြောင်းကို ရှင်းလင်းပြောကြားပြီး ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကြောင့် တိုင်ကြားလာသောကိစ္စရပ်များအားလည်း ဌာနမှညှိနှိုင်းပေးသဖြင့် အဆင်ပြေသွားသည့် အမှုကိစ္စများ များစွာရှိပါကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်၍ စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးရှိပါကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး သင်တန်းသူများမှ စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို မေးမြန်းခြင်း၊  ပြန်လည်ဖြေကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ညောင်ဦးမြို့တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးမှုနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးသည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၂.၁.၂၀၂၃)ရက် နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ညောင်ဦးမြို့အမှတ်(၁)ရပ်ကွက်၊ ရွှေကုန်းရပ်ရှိ ဓမ္မာရုံ၌ ရပ်ကွက်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူး ဒေါ်စန်းယုမော်မှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည်တိုက်များတွင် စာပေဗဟုသုတများ လာရောက်ဆည်းပူးစေရေးတို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပါရှိစေရန်နှင့် လိုက်နာဆောင်ရွက်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ မဖြစ်မနေ သိရှိလိုက်နာရမည့်အချက်များအား အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောဆွေးနွေးမှုအပြီးတွင် ရွှေကုန်းရပ်ရှိ စတိုးဆိုင်များ၊ အိမ်ဆိုင်များနှင့် ကုန်စုံဆိုင်တို့အား စားသုံးသူများနစ်နာဆုံးရှုံးမှု မရှိစေရေး၊ ဘေးန္တရာယ်မဖြစ်စေရေးတို့အတွက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိစေရေးတို့အတွက် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M Tablet ပုံစံတူဆေးဝါးအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းတို့သည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနများနှင့်ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်အား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M Tablet (Diclofenac Sodium 50mg, Paracetamol 500g) ပုံစံတူဆေးဝါးအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။
        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် တရားမဝင် Diclon-M Tablet ပုံစံတူဆေးဝါးအား အဆိုပါဆေးဝါးပစ္စည်းအရောင်းဆိုင် (၆) ဆိုင်တွင် ရောင်းချခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဒု-ခရိုင်ဦးစီးမှူးက ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များအား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M Tablet ပုံစံတူဆေးဝါးအား ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Resgistration No.(IR)များ ဖော်ပြထားသောဆေးနှင့် ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် ကွင်းဆင်းစစ်ဆေး အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ညောင်ဦးမြို့ပေါ်ရှိ ဆေးဆိုင်နှင့်ဓာတ်မြေဩဇာဆိုင်များအား ကွင်းဆင်းစစ်ဆေး

       မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ညောင်ဦးမြို့တွင် ၁၀.၁.၂၀၂၃ ရက်နေ့နံနက် ၁၀:၀၀ နာရီအချိန်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ညောင်ဦးမြို့ပေါ်ရှိ ဆေးဝါးရောင်းချသောဆေးဆိုင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ညောင်ဦးခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ပူးပေါင်းအဖွဲ့သည် ဆေးဆိုင်များမှ တာဝန်ရှိသူများအား Diclon-M  Tablet(Diclfenac Sodium 500mg, Paracetamol 500g) ဆေးဝါးမှာ New Magnate Co; ltd မှ ဆေးဝါးမှတ်ပုံတင်၍ တရားဝင်ရောင်းချဖြန့်ဖြူးလျက်ရှိသော ဆေးဝါးတစ်မျိုးဖြစ်ပါကြောင်းနှင့်အဆိုပါ Diclon-M   ပုံစံတူဆေးဝါးများကို မှတ်ပုံတင်ထားခြင်းမရှိပဲ တရားမဝင်တင်သွင်းပြီး ဈေးကွက်အတွင်းရောင်းချမှုများရှိနေသဖြင့် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှုများမပြုရန် အသိပေးရှင်းလင်းခဲ့ပြီး၊ အဆိုပါဆေးများ ရောင်းချမှုရှိမရှိ ဆေးဆိုင်များအား လှည့်လည်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ဓာတ်မြေဩဇာအရောင်းဆိုင်များသို့သွားရောက်ပြီး ဈေးကွက်အတွင်းတွင်‌ ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့်မြေဩဇာများကို ထိုင်းနိုင်ငံပြည်တွင်းသုံး မြင်းပျံတံဆိပ်အိတ်ခွံများဖြင့် ပြန်လည်ထုပ်ပိုးပြီး အိုင်ပီစီ မြင်းပျံဓာတ်မြေဩဇာအတုများ ပြုလုပ်ရောင်းချနေမှု ရှိမရှိ၊ စိုက်ပျိုးရေးတောင်သူများနစ်နာဆုံးရှုံးမှုမရှိစေရန်၊ သက်ဆိုင်ရာဌာန များ၏ထောက်ခံချက်များ၊ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရေး ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး၊ လုပ်ငန်းရှင်များအား စာသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

 

 စောသန်းအောင်

ရမည်းသင်းမြို့နယ်အတွင်း တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး စျေးကွက်‌စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီချိန်တွင် ရမည်းသင်းမြို့ပေါ်ရှိ ဆေးဆိုင် ( ၆ ) ဆိုင်တွင် တရားဝင်မှတ်ပုံထားခြင်းမရှိသော Diclon-M ပုံစံတူဆေးဝါးများကို စျေးကွက်အတွင်း ‌ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များတွင် Diclon-M ပုံစံတူ မှတ်ပုံထားခြင်းမရှိသော တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပြီး၊ ခရိုင်ဦးစီးမှူးမှ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော Diclon-M ပုံစံတူဆေးဝါးများ ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု မပြုလုပ်ကြရန် ဆေးနှင့်ဆေးဝါးများ ရောင်းချရာတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

ရမည်းသင်းခရိုင်၊ပျော်ဘွယ်မြို့နယ်အတွင်းရှိ လုပ်ငန်းသစ်ထူထောင်သည့် ကုမ္ပဏီအား စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ်  (၁၃:၀၀)နာရီချိန်တွင် ပျော်ဘွယ်မြို့နယ်ရှိ  Eden Hein Co.,Ltd  ကုမ္ပဏီအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ လမ်းညွှန်ချက်များအရ “ လုပ်ငန်းသစ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းခိုင်မာစွာ ပြဌာန်းနိုင်ခြင်းမရှိသည့် ကုမ္ပဏီများအတွက် မြေပြင်စစ်ဆေးရေးအဖွဲ့များဖြင့် စိစစ်ပြီးမှသာခွင့်ပြုသွားရန်” လမ်းညွှန်ခဲ့မှုအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။

         ကွင်းဆင်းဆောင်ရွက်မှုတွင် ခရိုင်ဦးစီးမှူးသည် ကုမ္ပဏီတည်ထောင်ထားမှုနှင့် ပတ်သက်၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လျှောက်ထားသည့် ကုမ္ပဏီများစိစစ်ရေးအဖွဲ့မှ စိစစ်မည့်ပုံစံတွင် ပါရှိသည့်အချက်များဖြစ်သော ကုမ္ပဏီအမည်၊ ရုံးခန်းလိပ်စာ၊ ဒါရိုက်တာအဖွဲ့ဝင်များ၏ မှတ်ပုံတင်နှင့် နေရပ်လိပ်စာ၊ ကုမ္ပဏီရုံးခန်းလိပ်စာတွင် အမှန်တကယ်ဖွင့်လှစ်ထားခြင်း ရှိ/မရှိနှင့် အမှန်တကယ်နေထိုင်မှု ရှိ/မရှိ၊ အဖွဲ့ဝင်များနေထိုင်သည့် အဆောက်အဦးအမျိုးအစားနှင့် ပိုင်ဆိုင်မှုအခြေအနေ၊ ယခင်က ကုမ္ပဏီတည်ထောင်ခဲ့ခြင်း ရှိ/မရှိ၊ ကုမ္ပဏီမှလျှောက်ထားမှုလုပ်ငန်းနှင့် လက်ရှိမြေပြင်တွင် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေ၊ ဆောင်ရွက်သည့်လုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ ကုမ္ပဏီ၏ ပတ်ဝန်းကျင်အနေအထား စသည့်အချက်အလက်(၁၁)ချက်ကို သတ်မှတ်ပုံစံအတိုင်း မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

                     

မုန့်တီခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ ကျိုင်းတုံမြို့မှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ အမှတ် (၃)ရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးစိုင်းဆိုင်ကျောက်၏ ရွှေလိမ္မော်အမှတ်တံဆိပ် မုန့်တီခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့စစ်ဆေးရာ၌ ရွှေလိမ္မော်အမှတ်တံဆိပ်တို့တွင် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများမှစ၍ စနစ်တကျ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ