သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အင်္ဂပူမြို့နယ်ရှိ စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်  မဲဇလီကုန်းမြို့ရှိ “ရွှေခြင်္သေ့” စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုမှ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊  စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်စံချိန်စံညွှန်းပြည်မီရေး၊ အချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိ ခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ/ချောဆီများ တင်သွင်းရောင်းချခြင်းမပြုရန်၊  ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကြံခင်းမြို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင်  မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချ နေသော ကုန်စည်များအပေါ် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရန်၊  စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းတို့ကိုရှောင်ကြဉ်ရန်၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင်လည်း ကုန်စည်နှင့် ပတ်သက်သည့် သတင်းအချက် အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်စသည့်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး မုန့်မျိုးစုံဆိုင်(၃)ဆိုင် အားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်ခရိုင်၊ ပြည်မြို့ပေါ်ရှိ ညဈေးတန်းတွင်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေး ရည်ရွယ်၍ (၁၀.၁.၂၀၂၂)နေ့၊ ညနေ (၄:၀၀)နာရီအချိန်တွင် ပြည်မြို့၊ ကမ်းနားလမ်းရှိ ညဈေးတန်းသို့သွားရောက်၍ အစားအသောက် ရောင်းချနေသော ဈေးဆိုင်ပိုင်ရှင်များအနေဖြင့် နှာခေါင်းစည်း၊ လက်အိတ်နှင့်ခေါင်းစွပ်များ ဝတ်ဆင်အသုံးပြု၍ ရောင်းချခြင်းများရှိစေရေးအတွက် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ပြည်သူကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ယင်းသို့ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ပြည်မြို့၊ ကမ်းနားလမ်း၊ ညဈေးတန်း ရှိ အစားအသောက်ရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် နှာခေါင်းစည်း လက်အိတ်၊ ခေါင်းစွပ် များ တပ်ဆင်ရောင်းချမှု မရှိသည့်အတွက် နှာခေါင်းစည်း(Mask)များအား အခမဲ့ဝေငှခြင်း ဆောင်ရွက်ခဲ့ပြီး အစားအသောက်များ ရောင်းချရာတွင် သန့်ရှင်းသပ်ရပ်စွာ ရောင်းချရန်နှင့် ရောင်းချရာတွင် အသုံးပြုရသော ကုန်ကြမ်းပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိမှသာ ဝယ်ယူအသုံးပြုကြရန် အသိပညာပေးခြင်း၊ သတိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နှင့် ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

         စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်ပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးရည်ရွယ်၍ စားသုံးသူအသိပညာပေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျှက်ရှိရာ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် (၁၀.၁.၂၀၂၃) နေ့၌ အ.မ.က (ကြက်ဖြူတောင်)၊ (၁၁.၁.၂၀၂၃)နေ့၌ အ.လ.က (ခလရ-၁၄)၊ ပန်းတောင်းမြို့နယ်တွင် (၁၀.၁.၂၀၂၃) နံနက်ပိုင်း၌ မူလွန်(နတ်မောက်)၊ နေ့လည်ပိုင်း၌ အ.မ.က(ရွှေညီနောင်) စသည့် အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာမြို့နယ်ဌာနများနှင့် ပူးပေါင်းပြီး စားသုံးသူအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ရာ စုစုပေါင်းကျောင်း(၄) ကျောင်းရှိ ကျောင်းသူ/ကျောင်းသား စုစုပေါင်း(၃၉၂)ဦး တက်ရောက်ခဲ့ပါသည်။

        အသိပညာပေးဟောပြောပွဲတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များ ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းသက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ် ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိိရပါသည်။

DOCA(ပဲခူး)

“ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ” တွင် စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပ

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ၌ ၁၀.၁.၂၀၂၂ ရက်နေ့က စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိ ရပါသည်။

          အဆိုပါဟောပြောပွဲတွင် မိတ်ဖက်ဌာနမှ မိမိတို့နှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးဝင်းသန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူ သုံးစွဲတတ်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမ (၁၀)ဦးနှင့် ကျောင်းသား ကျောင်းသူ (၁၅၀)ဦး ၊ စုစုပေါင်း (၁၆၀) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆောင်ရွက်

       ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲများကို တစ်လလျှင် ကျေးရွာ(၁၀)ရွာရွေးချယ်ပြီး ထွေ/အုပ်၊ စိုက်ပျိုးရေး၊ တိမွေးကု၊ ဆည်မြောင်း၊ မြေစာရင်း၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်း ဦးစီးဌာန၊ ပညာရေး၊ ဥပဒေနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လစဉ်ဆွေးနွေးပွဲများ ဆောင်ရွက်လျှက်ရှိရာ ၉.၁.၂၀၂၃ ရက်နေ့ နေ့လည် (၁၂:၀၀)နာရီအချိန် ၊ ပြည်မြို့နယ် သဲကုန်း အုပ်စု၊ ကုန်းသာကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မရုံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

      ဆွေးနွေးပွဲတွင် တက်ရောက်လာသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဟောပြောခဲ့ကြသလို စားသုံးသူရေးရာဦးစီးဌာနမှ ပြည်မြို့နယ်ဦးစီးမှူး ဦးထွန်းနိုင် လင်းမှဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ စားသုံးသူအခွင့်အရေး နှင့် တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုပေါ်တွင် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ စားသုံးသူနစ်နာဆုံးရှုံးမှုအပေါ် အရေးဆိုတိုင်တန်းနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်ရှိ စာသင်ကျောင်းများသို့သွားရောက်၍ စားသုံးသူအသိပညာပေး ဟောပြောခြင်းနှင့် မုန့်ဈေးတန်းစစ်ဆေးခြင်းများဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များသည် (၁၁.၁.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်မြို့နယ် ၊ အ.ထ.က (၄)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ် ခဲ့ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါ သည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်မှ အကြီးတန်းစာရေး ဒေါ်ခင်ဆွေဦးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ ရရှိစေရန်နှင့် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်လျှက်ရှိသည့် အကြောင်းအရာများကို လည်းကောင်း ၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်စည်တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးကြည့်ရှုရန်နှင့် ကုန်အညွှန်းအမှတ်အသား များကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြထားရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြမထားသည့်ကုန်ပစ္စည်းများကို ဝယ်ယူစားသုံးကြရန်မသင့်ကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်ကို နားလည်သဘောပေါက်အောင်ရှင်းလင်းခြင်း၊ စားသုံးသူများ လိုက်နာရမည့် တာဝန်များကို အသိပေးပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများ၏ သိလိုသည် များကို ပြန်လည် ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး၊ ဦးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ပူးပေါင်း၍ သံတွဲမြို့၊ ငပလီ အ.ထ.က စာသင်ကျောင်း၌  (၁၁-၁-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  စားသုံးသူကာကွယ်ရေး အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သံတွဲမြို့၊ ငပလီ အ.ထ.က ကျောင်းအုပ် ဆရာမကြီး ဒေါ်စိုးစိုးထွန်းမှ ကျောင်းသား/သူများအား အစားအသောက်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စများကို ဌာနမှ ပြောကြားချက်များအား ကြားနာ မှတ်သားစေရေး အဖွင့်အမှာစကားပြောကြားပြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဒေါ်ရတီဦး (ဒု-ကြီးကြပ်ရေးမှူး)က အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်ခွဲစစ်ဆေးဆောင်ရွက်နေမှုများ၊ စားသုံးသူအန္တရာယ် ဖြစ်စေနိုင်သော ကြာရှည်အထားခံ ဆေးဝါးအသုံးပြုမှုအန္တရာယ်၊ ဓာတုဆိုးဆေးအန္တရာယ်၊ ဆေးသကြား အသုံးပြုမှုအန္တရာယ်၊ FDA ဌာန အကြောင်းသိကောင်းစရာများအား ရှင်းလင်းပြောကြားပြီး ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး၊ ဦးဝင်းနိုင် (ဦးစီးအရာရှိ) မှ စားသုံးသူ ရေးရာဦးစီးဌာန၏ ရည်မှန်းချက်(Vision)၊ မျှော်မှန်းချက် (Mission) အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ကျောင်းသား/သူများအနေဖြင့် စားသုံးသူများဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ (၄၁) ဖော်ပြချက်နှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူ အခွင့်အရေး(၈) ချက်၊ စားသုံးသူတာဝန် (၄) ချက်တို့အား အကျယ်တဝင့် ချပြရှင်းလင်း ပြောကြားခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဌာနတွင် ဖွင့်လှစ်ထားသည့် Consumer Information Complaint Center(CICC) ရုံးခန်းသို့ လာရောက်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များအား လေ့လာရန်နှင့် တိုင်ကြားလိုပါက ဌာန၏ website ဖြစ်သည့် www.doca.gov.mm နှင့် DOCA  Myanmar Mobile Application တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပြီး Consumer Call Center 1535 ကိုခေါ်ဆို၍လည်း မေးမြန်းတိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးမှုပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ သူများ၏ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဖြေကြားကာ ကျောင်းစာကြည့်တိုက်သို့ စားသုံးသူကာကွယ်ရေးဥပဒေ စာအုပ်အား ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M Tablet ပုံစံတူ ဆေးဝါးအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေး၊ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့မဈေးအတွင်းရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင် (၁၀) ဆိုင်အား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M Tablet (Diclofenac Sodium 50mg, Paracetamol 500g) ပုံစံတူ ဆေးဝါးအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် တရားမဝင် Diclon-M Tablet ပုံစံတူဆေးဝါးအား အဆိုပါ ဆေးဝါးပစ္စည်းအရောင်းဆိုင် (၁၀) ဆိုင်တွင် ရောင်းချခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ဆေးဆိုင်ပိုင်ရှင်များအား ဆေးဝါးမှတ်ပုံတင်ထား ခြင်းမရှိသော တရားမဝင် Diclon-M Tablet ပုံစံတူ ဆေးဝါးအား ဈေးကွက်အတွင်း ရောင်းချခြင်း မပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Resgistration No.(IR)များ ဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် ကွင်းဆင်းစစ်ဆေးအသိပညာပေးဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။ DOCA(ရှမ်း)

အမဲခေါက်၊ ဝက်ခေါက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေး ရေးမှူးများနှင့် တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့ ၊ နံနက်(၁၀:၀၀)အချိန် တွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)အတွင်းရှိ အမဲခေါက်၊ ဝက်ခေါက်လုပ်ငန်းတို့ကို ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် အင်းပန်အမှတ်တံဆိပ်(အမဲခေါက်၊ ဝက်ခေါက်)လုပ်ငန်းသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်းသန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချီသည်ကို စစ်ဆေး တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် အင်းပန်အမှတ်တံဆိပ် လုပ်ငန်းရှင်ကို စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။
DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ