သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သထုံမြို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်

        စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးသည် ၁၂.၁.၂၀၂၃ ရက်နေ့တွင် သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show အစီအစဉ်အား Online မှ တစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လှလှဌေးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ဆွေးနွေးခဲ့ပြီး သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူက ဌာန၏ အသစ်ထပ်မံပြောင်းလဲခဲ့သည့် ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေအား ပထမဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့်အခါ အဓိကထားပြီး စစ်ဆေးသည့် ထုတ်ကုန်များ၊ စီမံခန့်ခွဲမှုအရ အရေးယူခြင်းအခြေအနေများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဌာနအနေဖြင့် စားသုံးသူပြည်သူများနှင့် လုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

သထုံမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ၁၃.၁.၂၀၂၃ ရက်နေ့တွင် သထုံမြို့နယ်ရပ်ကွက်ပေါ်ရှိ ဆေးဆိုင် (၁၅) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် New Magnate Co,Ltd မှ ဆေးဝါးတစ်မျိုး ဖြစ်သော Diclon-M Tablet (Diclofenac Sodium 50mg, Paracetamol 500g) နှင့် ပုံစံတူ ဆေးဝါးများကို မှတ်ပုံတင်ထားခြင်းမရှိဘဲ ဈေးကွက်အတွင်း တရားမဝင် ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ Diclon-M နှင့် ပုံစံတူတရားမဝင်ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြသီတာဈေးရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေး

              ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် (၁၃.၁.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီက  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ မြသီတာဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်၊

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံက ဝါးခယ်မမြို့နယ်၊ မြသီတာဈေးအတွင်း  ရောင်းချနေသော ကုန်စုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊  ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်တွင်ရောင်းချနေသော ကုန်စည်များတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှုရှိ/မရှိအား ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

  လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ အထက(၂)ကျောင်း  စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၃.၁.၂၀၂၃)ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီက လပွတ္တာမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အထက(၂) ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ  စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်း တာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏အမျိုးအမည် အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ ထားသိုသိမ်းဆည်းမှုအညွှန်းသုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ် လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းတွင်ရောင်းချနေသော မုန့်ဆိုင်များသို့ ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့်သွားရောက်စစ်ဆေးပြီး မုန့်ဆိုင်ပိုင်ရှင်များအား ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် သက်တမ်းလွန်မုန့်များ၊ ဆိုးဆေးများပိုမိုပါဝင်သော အစားအသောက်များအား ရောင်းချခြင်းမှရှောင်ကြဉ်ကြရန် မုန့်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊၊ ဟောပြောပွဲသို့ ဆရာ/ဆရာမ (၂၀)ဦး ကျောင်းသား/သူ(၃၅၀)ဦး၊ ကျောင်းမုန့်ဈေးသည်(၅)ဦး၊ စုစုပေါင်း(၃၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

         

ဖျာပုံမြို့နယ်MSMEsလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဖယောင်းတိုင်လုပ်ငန်းသို့ ကွင်းဆင်း

        စားသုံးသူရေးရာဦးစီးဌာန၊ဖျာပုံမြို့နယ်၊ မြို့နယ်စစ်ဆေးရေးမှူးသည် ဇန်နဝါရီ(၁၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဖျာပုံမြို့ ထွန်းတောက် ဖယောင်းတိုင်လုပ်ငန်းသို့ သွားရောက်၍ ထုတ်လုပ်မှုနှင့်ဈေးကွက်ဖြန့်ဖြူးမှု၊ ဈေးနှုန်းဈေးကွက်အခြေအနေများ၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းများစနစ်တကျ ထုပ်ပိုးမှုနှင့်  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ ဖယောင်းတိုင်လုပ်ငန်းပိုင်ရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့မှုအရ ကုန်ကြမ်းပစ္စည်းများကိုဝယ်ယူရာတွင် ရန်ကုန်ဘုရင်နောင်ပွဲရုံမှ 50kgရှိ တစ်အိတ်လျှင် (၂၄၅၀၀၀)ကျပ် ဝယ်ယူရရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအနေဖြင့်ကျပ်သိန်း၂၀၀ခန့်ရှိကြောင်း၊ ထုတ်လုပ်မှုဖြစ်စဉ်အနေဖြင့် ပထမဦးစွာ ဖယောင်းအရည်ကျိုပြီး ဖယောင်းခုံခွက်ထဲသို့ အရည်ကို လောင်းထည့်ရကြောင်း၊ လောင်းပြီးသားအရည်ခြောက် လျှင် ဓားဖြင့် ဖယောင်းတိုင်ချည်ကြိုးကို ဖြတ်ပြီး လက်ဖြင့်မောင်းတံကို လှည့်ကာတင်ရကြောင်း၊ ထိုအခါဖယောင်းတိုင်များ အပြင်သို့ ထွက်လာပြီး ထွက်ရှိလာသော ဖယောင်းတိုင်များကို ဖယောင်းခုံပေါ်ရှိ ဗန်းပေါ်သို့ တင်ရကြောင်း၊ တင်ပြီးလျှင် မောင်းတံအားအောက်သို့ ပြန်ချပြီး အတိုင်ညှိ၍ ချည်တွဲပြီးလျှင် ဖယောင်းတိုင်များထွက်လာပြီး သိမ်းယူကာအထုပ်ထဲသို့ထည့်၍ Packingထုပ်ပိုးရရှိကြောင်း၊ လုပ်သားခအနေဖြင့် တစ်နေ့လျှင် ၅၀၀၀ကျပ်နှုန်းဖြင့် အလုပ်သမား(၅)ယောက်ရှိ ကြောင်း၊ ထုပ်ပိုးမှုအနေဖြင့် ဖယောင်းတိုင်တစ်ထုပ်လျှင် အကြီး ၆ တိုင်၊ အလတ် ၆ တိုင်၊ အသေး ၁၅ တိုင်နှင့်၃၂တိုင်ပါသော ဖယောင်းတိုင်များကို ထုပ်ပိုးပြီး ဈေးနှုန်းအနေဖြင့် ၅၀၀/၆၀၀ကျပ်ခန့် ရှိကြောင်းသိရှိရပါသည်။ထို့နောက်အဆိုပါ လုပ်ငန်းရှင်အား MSMEsလုပ်ငန်းများဖွံ့ဖြိုးတိုး တက်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ဥပဒေပြဌာန်းချက်များအား ရှင်းလင်းဆွေးနွေးကာ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အမ်းမြို့နယ်မှ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

      ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တပ်တောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်း၌ (၁၅-၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) အချိန်တွင် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ၎င်းဆွေးနွေးပွဲသို့ တပ်တောင်မြို့ အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် MSME လုပ်ငန်းရှင် ( ၁၀ ) ဦး တက်ရောက်ခဲ့ပါသည်။

   ထိုသို့ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်(ဒု-ဦးစီးမှူး) မှ အမ်းမြို့နယ်၊ တပ်တောင်မြို့ MSME လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ (၄၁)ပါ ပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွား ကြရန်နှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင်  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး  ထိုသို့ဖော်ပြရာတွင်လည်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်ပါအတိုင်း လိုက်နာဆောင်ရွက်ကြရန် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

 

တောင်တွင်းကြီးမြို့ပေါ်ရှိစားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက်(၁၀.၁.၂၀၂၃)ရက်နေ့ နေ့လယ်(၁၂:၀၀)နာရီ အချိန်တွင် တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေး(ဒု-ဦးစီးမှူး)သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပါဝင်သော အဖွဲ့ဖြင့် မြို့မဈေးအတွင်းကုန်စုံဆိုင်များ၌ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့် ထုတ်ပြန်ထားသော စားသောက်ကုန်များအား ဈေးကွက်အတွင်းရောင်းချနေမှု ရှိ/မရှိနှင့်  ဌာန၏ကုန်အညွှန်း အမှတ်အသားဖော်ပြချက် ပြည့်စုံမှု ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ထုတ်လုပ်ဖြန့်ဖြူး‌ရောင်းဝယ်ဖောက်ကားသူ စျေးဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အရ ကုန်စည်အုပ်စု(၈)အုပ်စုတွင် ပါဝင်သောအချက်များ ပြည့်စုံ မှန်ကန်စွာပါရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်း ချက်ပါ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါအချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည် ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေးပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မြိတ်မြို့၊ ရွှေပေးရွာ၊ အခြေခံပညာအထက်တန်း‌ကျောင်း(ခွဲ) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေး

         တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့သည် (၁၂.၁. ၂၀၂၃)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်တွင် မြိတ်မြို့၊ ရွှေပေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့သွားရောက်၍ ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲတွင်  စားသုံးသူရေးရာဦးစီးဌာနမှ ဌာနဖြစ်ပေါ်လာပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ နစ်နာဆုံးရှုံးမှုများ၊ တိုင်ကြားမှုများနှင့် စားသုံးသူဥပ‌ဒေပါ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သုံးစွဲရန်မသင့်သော စားသောက်ကုန်များအကြောင်း၊ အစား အသောက်ဘေးကင်းလုံခြုံရေးအတွက်အချက်(၅)ချက်နှင့် ဓါတုဆေးများအကြောင်း ၊  ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အစားအသောက်၊ အလှကုန်၊ လူသုံးကုန်များခွင့်ပြုချက်အား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်ပြီး၊ အသေးစားလူသုံးကုန်ပစ္စည်းထုတ်လုပ်မှု များအား မြိတ်ခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ သင်ကြားပေးနေကြောင်း အစားအသောက်များ ရွေးချယ်ဝယ်ယူစားသောက်ရာတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသော စားသောက်ကုန်များသာ ရွေးချယ်ဝယ်ယူရန်တို့ကိုဟောပြောပို့ချပြီး၊ ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရန်အတွက် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင်  သက်တမ်းလွန် စားသောက်ကုန်များနှင့် စားသောက်ရန်မသင့်သောစားသောက်ကုန်များအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များသာ ရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များသာ ရောင်းချရန် ပြောကြား၍ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မကွေးမြို့၊ ဖိုလေးလုံးကျေးရွာ၌ ထုတ်လုပ်သော “ခန့်ခန့်”အမှတ်တံဆိပ်လုပ်ငန်းရှင်အား ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေး

       မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး၊ ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)သည် (၁၂-၁-၂၀၂၃)ရက်နေ့ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ဖိုလေးလုံးကျေးရွာ၌ ထုတ်လုပ်သော “ခန့်ခန့်”အမှတ်တံဆိပ် (မာလာရှမ်းကော၊ မာလာရှုးရှဲ၊ ဆီချက်ခေါက်ဆွဲ) လုပ်ငန်းရှင် ဦးဖြိုးဝေအား ခရိုင်ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာ‌ပေးဆွေးနွေးခဲ့ပါသည်။

          “ခန့်ခန့်”အမှတ်တံဆိပ် (မာလာရှမ်းကော၊ မာလာရှုးရှဲ၊ ဆီချက်ခေါက်ဆွဲ) အသင့်စားအထုပ်များကို ဒေသတွင်းမကွေးမြို့နှင့် နီးစပ်ရာမြို့များဖြစ်သည့် တောင်တွင်း၊ မြို့သစ်၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်နှင့် စလင်းမြို့များသို့ ဖြန့်ချိရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

       ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)မှ လုပ်ငန်းရှင် ဦးဖြိုးဝေအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်၊ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပွင့်ဖြူမြို့၌တရားမဝင်ဆေးဝါးနှင့်ဆေးပစ္စည်းများ ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးဝင်းသည် (၁၀.၁.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၅)ဆိုင်အား သွားရောက်၍ တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချမှု ရှိ/မရှိကို အစားသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား မှတ်ပုံတင်ထား ခြင်းမရှိသောပစ္စည်းများ၊ သုံးစွဲရန်မသင့် တားမြစ်ထားသောပစ္စည်းများနှင့် သက်တမ်းလွန်ပစ္စည်းများ ဆိုင်တင်ရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ ဆေးဝါးနှင့် ဖြည့်စွက်စာများတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများသာ ဖြန့်ဖြူးရောင်းချရေး အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

         

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ