ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့၌၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ပထမပတ်နှင့် ဒုတိယပတ် စက်သုံးဆီစျေးနှုန်းအခြေအနေ

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပါသည်။

    မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်(၂၁)ဆိုင်မှာ ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၂ခုနှစ် ၊ ဒီဇင်ဘာလ ပထမပတ်နှင့် ဒုတိယပတ်အတွင်း စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာ လျှင် ယခင်အပတ်တွင်ကျပ်(၂၄၇၀)ဖြစ်ပြီး၊ ယခုအပတ်တွင်ကျပ်(၂၄၀၅)ဖြစ်၍ ကျပ်(၆၅၀) စျေးလျော့ကျခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၅၄၅)ဖြစ်ပြီး၊  ယခုအပတ်တွင် ကျပ်(၂၄၈၀)ဖြစ်၍ ကျပ်(၆၅)ဈေးလျော့ကျခဲ့ကြောင်း၊ ဓါတ်ဆီ(92) (၁)လီတာလျှင် ယခင်အပတ်တွင်ကျပ်(၂၀၄၀)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၂၀၁၀)ဖြစ်၍ ကျပ်(၃၀) စျေးလျော့ကျ ခဲ့ကြောင်း၊ ဓါတ်ဆီ (95)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၁၁၅)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၂၀၉၀)ဖြစ်၍ ကျပ်(၂၅) အသီးသီးစျေးလျော့ကျလာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၂-ခုနှစ်၊ နိုဝင်ဘာလအတွင်း မကွေးမြို့သို့ အခြားတိုင်းများမှ ဆန်ဝင်ရောက်မှုနှင့် စျေးနှုန်းအခြေအနေ

          မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံဖြစ်သော နှမ်း၊ မြေပဲတို့အား အဓိကထားစိုက်ပျိုးကြသော်လည်း စပါးမှာ ဆည်ရေရရှိသည့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းမြို့များ၊ တောင်တွင်း၊ မြို့သစ်နှင့် နတ်မောက်တို့တွင်သာ စိုက်ပျိုးကြသည့်အတွက် ဆန်ဖူလုံမှုမရှိ၍ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ တင်သွင်းပြီး စားသုံးရသည့်တိုင်းတစ်တိုင်းဖြစ်ပါသည်။

          ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလအတွင်း စပါး အဓိကစိုက်ပျိုးသည့် ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ မကွေးမြို့နယ်သို့ ဆန်စီးဝင်မှုအနေဖြင့် (၁၄၉၀၇)အိတ် (၇၄၅.၃၅)တန် ဝင်ရောက်ခဲ့ကြောင်း ဧရာဝတီတိုင်း (ပုသိမ်၊ ကျွန်းကုန်း၊ မြောင်းမြ၊ ဒါးက) တို့မှ (၉၁၄၃)အိတ်၊ စစ်ကိုင်းတိုင်း (ရွှေဘို)မှ (၁၄၃၅)အိတ်၊ ပဲခူးတိုင်း(ပြည်)မှ (၁၂၃၅)အိတ်၊ ရန်ကုန်တိုင်းမှ (၁၈၅၉)အိတ် နှင့် မန္တလေးတိုင်းမှ (၁၂၃၅)အိတ်တို့ဖြစ်ကြပြီး ဒေသတွင်းဖြစ်ပေါ်နေသော ဆန်စျေနှုန်းများမှာ နိုဝင်ဘာလစတုတ္ထပတ်တွင် ဧရာပဒေသာ(ပွင့်ဖြူ)(၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၆၃၀၀၀-၆၈၀၀၀)၊ ဧရာပဒေသာ (မြောင်းမြ)(၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၅၃၀၀၀-၅၈၀၀၀)၊ ပေါ်ဆန်းမွှေး (ရွှေဘို) (၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၉၇၀၀၀-၁၀၀၀၀၀)၊ ပေါ်ဆန်းမွှေး(မြောင်းမြ) (၂၄)ပြည် တစ်အိတ်လျှင် ကျပ် (၆၅၀၀၀-၇၀၀၀၀)၊ သီးထပ်(မြောင်းမြ) (၂၄)ပြည် တစ်အိတ်လျှင် ကျပ် (၄၅၀၀၀-၄၆၀၀၀)၊ မနောသုခ(မြောင်းမြ) (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၄၇၀၀၀-၄၈၀၀၀)နှင့် ဖန်သီး(၂၄)ပြည် တစ်အိတ်လျှင်ကျပ်(၄၉၀၀၀-၅၂၀၀၀) တို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ချောက်မြို့နယ်၊ ကိုးဆူကျေးရွာ၌ ဆီးပန်းသီးများ စတင်ခူးဆွတ်ရောင်းချလျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ကိုးဆူကျေးရွာ၌ တောင်သူဦးစံသိန်း စိုက်ပျိုးထားသည့် ဆီးပန်းသီးခြံ(၅)ဧကမှ ဆီးပန်းသီးများ စတင်ခူးဆွတ်ရောင်းချနေရကြောင်း သိရှိရပါသည်။

        တစ်ဧကလျှင် (၁၅)ပေ×(၁၅)ပေ အကျယ်ဖြင့် အပင် (၁၀၀)စိုက်ပျိုးထားပြီး စုစုပေါင်း (၅)ဧကတွင် ဆီးပန်းသီးပင် (၅၀၀)ပင်စိုက်ပျိုးထားကြောင်း၊ မေ၊ ဇွန်၊ ဇူလိုင်လမှ စတင်၍ ကိုင်းကူးပျိုးပင်ကို တစ်ပင်ကျပ်(၃၀၀)နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ (၃)လတွင် ဆီးပန်းသီးပင်များ ခူးဆွတ်ရောင်းချရပါကြောင်း တစ်နေ့လျှင် ဆီးပန်းသီး (၂၅၆)ပြည် (၁၆)တင်းခန့် ခူးဆွတ်ရရှိကြောင်းနှင့် ဆီးပန်းသီးတစ်ပြည်လျှင် ကျပ်(၁၀၀၀)နှုန်းဖြင့်ရောင်းချရ၍ တစ်နေ့လျှင် ကျပ် (၂၅၆၀၀၀) ဝင်ငွေရရှိပါကြောင်း မကွေး-ချောက်ကားလမ်းမကြီးပေါ်တွင် ဆိုင်ဖွင့်လှစ်ရောင်းချခြင်းနှင့် တောင်ကြီး၊ ပြင်ဦးလွင်၊ ကျောက်ပန်းတောင်း၊ ညောင်ဦး မြို့များသို့ တင်ပို့ ရောင်းချလျှက်ရှိကြောင်းနှင့် ယခုနှစ်တွင် ယခင်နှစ်ကထက် အသီးပိုမိုထွက်ရှိသော်လည်း ရာသီဥတုအခြေအနေအရ နှင်းမကျသောကြောင့် ပိုးအနည်းငယ်ကျနေသော်လည်း စီးပွားရေး တွက်ချေကိုက်ကြောင်း ဆီးပန်းသီးစိုက်ပျိုးထားသည့် တောင်သူဦးစံသိန်းထံမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

စစ်တွေမြို့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းအခြေအနေ

စစ်တွေမြို့ ဈေးကွက်အတွင်းရောင်းချလျှက်ရှိသော အာလူး၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ခရမ်းသီးများမှာ ပြည်မဘက်မှ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိပါသည်။
ဒီဇင်ဘာဒုတိယပတ်တွင် အာလူးတစ်ပိဿာလျှင် ကျပ်(၂၇၀၀)၊ မုန်လာဥနီတစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်(၂၀၀၀)၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ်(၁၂၀၀)၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိပြီး နိုဝင်ဘာလအတွင်း အာလူး တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်(၂၅၀၀-၂၈၀၀)၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် ကျပ်(၁၈၀၀-၂၀၀၀)၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ကျပ်(၇၀၀၀-၁၀၀၀၀)၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ်(၂၈၀၀)အထိ ဈေးနှုန်းမြင့်တက်မှုဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ ဒေသထွက် ရာသီပေါ် သီးနှံများ တဖြည်းဖြည်းဝင်ရောက်လာပြီဖြစ်သည့်အတွက် ယခုလအတွင်း ဟင်းသီးဟင်ရွက်များ ဈေးနှုန်းသည် ယခင်လထက် အနည်းငယ်ကျဆင်းလာသည်ကိုတွေ့ရှိရပါကြောင်း သိရှိရပါသည်။
DOCA(ရခိုင်)

သက်သာသောဈေးနှုန်းဖြင့် ဘူးသွင်းပြီး စားအုန်းဆီများ ဆက်လက် ရောင်းချပေးနေမှု

     ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီး မှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို ရောင်းချပေးလျက်ရှိရာ ( ၉-၁၂-၂၀၂၂ )ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ပျဥ်းမနားမြို့နယ်၊ ဆင်သေဈေးတို့တွင် တစ်ပိဿာလျှင် ( ၅၃၀၀ )ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်း ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

“ကျောက်ဆည်ခရိုင်ဒေသထွက်ရာသီပေါ်ပဲမြစ်”

       ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်ဒေသများတွင် ရာသီချိန်သီးနှံအဖြစ် ပဲမြစ်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ကျေးရွာများရှိတောင်သူများသည် ပဲမြစ်ကို နှစ်စဉ် အဆက်မပြတ် အဆက်ဆက်စိုက်ပျိုးလာကြကြောင်း တွေ့ရှိရပါသည်။ ၄င်းဒေသမှ စိုက်ပျိုးထွက်ရှိသောပဲမြစ်များသည် အခြားဒေသများမှ ထွက်ရှိသောပဲမြစ်များထက် အရွယ်အစားသေးငယ်သော်လည်း အရသာမှာစိမ့်ပြီး စေးပိုင်နေသောကြောင့် ဆောင်းရာသီပဲမြစ်ပေါ်ချိန်တွင် ကျောက်ဆည်ခရိုင်အတွင်းရှိ ဒေသထွက်ပဲမြစ်များမှာ လူသိထင်ရှားကာ စားသုံးသူများအဝယ်များပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ထွက်ရှိလာသောပဲမြစ်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အနယ်နယ်အရပ်ရပ်ရှိ မြို့ကြီးများသို့ ရောင်းချလျက်ရှိပါသည်။ ပဲမြစ်ကိုစိုက်ပျိုးရာ၌ စနယ်မြေပေါ်တွင် အဓိကစိုက်ပျိုးလျက်ရှိပြီး တောင်သူအများစုမှာ နှစ်စဉ် ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုး၍ နိုဘာလနှင့် ဒီဇင်ဘာလများတွင် တူးဖော်ရောင်းချလျက်ရှိပါသည်။ စိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ အစေ့ချစိုက်ပျိုးပြီး မျိုးအနေဖြင့် ( ၁ )ဧက တစ်တင်းနှုန်းခန့်ကုန်ကျကြောင်း၊ ပဲမြစ်မျိုးအနေဖြင့် ဝက်ဝံမျိုး၊ မလှိုင်မျိုးများကိုသာ အများဆုံးစိုက်ပျိုးပြီး တစ်တင်းလျှင်( ၈၀၀၀၀-၁၀၀၀၀၀ )ကျပ်ရှိကြောင်း၊တစ်ဧကကုန်ကျစရိတ်အနေဖြင့် ( ၈၀၀၀၀၀ )ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကပျမ်းမျှပိဿာ ( ၈၀၀-၁၀၀၀ )ခန့်ထွက်ရှိပါသည်။ ပဲမြစ်စတင်ပေါ်စအချိန်တွင် ပဲမြစ်တစ်ပိဿာစျေးနှုန်းမှာ ( ၃၀၀၀-၂၅၀၀ )ကျပ်ရှိသော်လည်း ယခုအချိန် ပဲမြစ်များ လှိုင်လှိုင်ပေါ်ချိန်တွင် ပဲမြစ်တစ်ပိဿာစျေးနှုန်းမှာ ( ၁၆၀၀-၁၅၀၀ )ကျပ်ရှိကြောင်း၊ ( ၁ )ဧကအကျိုးအမြတ်အနေဖြင့် (၄၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့်ရရှိကြောင်း ပဲမြစ်စိုက်တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

“ကျောက်ဆည်မြို့နယ်၏ နှမ်းစျေးနှုန်း”

      နှမ်းကို ရှေးယခင်ကတည်းက မြန်မာနိုင်ငံအပူပိုင်းဒေသတွင် ဆီထွက်သီးနှံအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည်မြို့နယ်တွင် နှမ်းကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးပြီး မျိူးအနေဖြင့် နှမ်းဖြူ၊ နှမ်းနက်( ရိုးရိုး )၊ နှမ်းနက်( စမုံ )နှင့် နှမ်းညိုမျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး ဇူလိုင်နှင့်သြဂုတ်လများတွင် စတင်ရိတ်သိမ်း၍ နှမ်းစတင်ထွက်ပေါ် ချိန်တွင် နှမ်းဖြူတစ်တင်းလျှင် ( ၆၅၀၀၀/- )ကျပ် ၊ နှမ်းညိုတစ်တင်းလျှင်( ၅၃၀၀၀/- )ကျပ်၊ နှမ်းနက် ( ရိုးရိုး )တစ်တင်းလျှင် ( ၅၈၀၀၀/- )ကျပ် ၊ နှမ်းနက်( စမုံ )တစ်တင်းလျှင်( ၆၈၀၀၀/- )ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ယခင်နှစ်တွင် နှမ်းစျေးနှုန်းများအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် ( ၅၅၀၀၀/- )ကျပ်၊ နှမ်းညိုတစ်တင်းလျှင်( ၄၀၀၀၀/- ) ၊ နှမ်းနက်စမုံတစ်တင်းလျှင် ( ၅၇၀၀၀/- )ကျပ် ၊ နှမ်းနက်ရိုးရိုးတစ်တင်းလျှင် ( ၄၃၀၀၀/- )ကျပ်စျေးနှုန်းများရှိပြီး ယခုအချိန်တွင် နှမ်းပေါ်သည့်ရာသီမဟုတ်သော်လည်း အချို့တောင်သူများ၏ လက်ဝယ်တွင်ရှိသောနှမ်းများကို စျေးကွက်အတွင်းသို့ ရောင်းချလျက်ရှိရာ နှမ်းဖြူတစ်တင်းလျှင် ( ၈၃၀၀၀/- )ကျပ်၊ နှမ်းညိုတစ်တင်းလျှင် ( ၆၅၀၀၀/- ) ၊ နှမ်းနက်စမုံတစ်တင်းလျှင် ( ၆၃၀၀၀/- )ကျပ်၊ နှမ်းနက်ရိုးရိုးတစ်တင်းလျှင် ( ၇၀၀၀၀/-  )ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။တောင်သူအများစုမှ ကျောက်ဆည်မြို့ ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်လာရောက်ရောင်းချလျက်ရှိပြီး ဝယ်ယူရရှိသည့်နှမ်းများအား မန္တလေးမြို့သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း ပွဲရုံများသို့ ကွင်းဆင်းမေးမြန်းချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

“မိုးမြေပဲများရိတ်သိမ်းပြီးဆောင်းမြေပဲများဆက်လက်စိုက်ပျိုးလျက်ရှိ”

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲ၊ ပြောင်းနှင့်ဆီထွက်သီးနှံများအား အဓိကစိုက်ပျိုးလျက်ရှိပြီး ၄င်းသီးနှံများထဲမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲသီးနှံကို စိုက်ပျိုးလျက်ရှိရာ ကျောက်ဆည်ခရိုင်အနေဖြင့် မိုးမြေပဲကို( ၁၂၁၃ )ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၁၂၁၃)ဧက အားလုံးရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကအထွက်နှုန်းအနေဖြင့်( ၄၉.၄၈ )   တင်း၊ အထွက်စုစုပေါင်း ( ၆၀၀၁၉ ) တင်း ထွက်ရှိကြောင်းသိရှိရပါသည် ။ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် ဆောင်းမြေပဲများ စတင်စိုက်ပျိုးနေပြီဖြစ်ရာ ကျောက်ဆည်ခရိုင်အနေဖြင့် ဆောင်းမြေပဲကို ကျောက်ဆည်မြို့နယ်တွင်( ၂၀၂ )ဧက၊ စဉ့်ကိုင်မြို့နယ်တွင်( ၂၀ )ဧက၊ မြစ်သားမြို့နယ်တွင် ( ၈၀၂ )ဧက၊ စုစုပေါင်း( ၁၀၂၄ )ဧကစိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။မြေပဲစိုက်ပျိုးရာတွင် မျိုးအနေဖြင့် တစ်ဧကလျှင် မျိုးတောင့်အနေဖြင့် စိုက်ပျိုးပါက ( ၄ )တင်းခန့်နှင့် အစေ့စိုက်ပျိုးလျှင် ( ၁.၅ )တင်းကုန်ကျကြောင်း ၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ ထွန်ယက်ခ၊ လုပ်သားခ၊ စုစုပေါင်း ( ၃၀၀၀၀ဝ/- )ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း ယာမြေ ၊ ကုန်းမြေများပေါ်တွင် စက်တင်ဘာလကုန်ပါတ်မှ စတင်စိုက်ပျိုးထားခဲ့ရာ ယခုအချိန်တွင် မြေပဲပင်ပေါက်ကလေးများ ကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းနေပြီဖြစ်ပါသည်။ မြေပဲစျေးနှုန်းအနေ ဖြင့် ယခုအချိန်တွင် မြေပဲတောင့်တစ်တင်းလျှင်( ၂၁၀၀၀/- )ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင် ( ၅၁၀၀/- )ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။

DOCA(မန္တလေး)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၅၁၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ဒီဇင်ဘာလ ၁၈ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၅၁၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

           ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

           အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

DOCA(Domestic)                                                              

“စျေးကွက်အတွင်း ခရမ်းချဉ်သီးစျေးနှုန်း ကျဆင်းလျက်ရှိ’’

        မိတ္ထီလာမြို့နယ်အတွင်း စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိတ္ထီလာမြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ ကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး ယခင်နှစ်တွင် ထွက်ရှိမှုနည်းသဖြင့် အခြားဒေသဖြစ်သည့် ရှမ်းပြည်နယ် ပင်လောင်း၊ အင်းလေးဒေသမှလည်း စျေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း၊ ယခင်ဒီဇင်ဘာလ ပထမပတ်အတွင်းဖြစ်ပေါ်နေသော အင်းခရမ်းချဉ်သီးစျေးနှုန်းမှာ တစ်ပိဿာလျှင် ( ၁၂၀၀ )ကျပ်စျေးဖြင့် ရောင်းချလျက်ရှိပြီး ယခင်နိုဝင်ဘာလ ပထမပတ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ( ၂၀၀၀ )ကျပ် စျေးရှိခဲ့သဖြင့် ယခင်နိုဝင်ဘာလ ပထမပတ်နှင့် ယခုဒီဇင်ဘာလ ပထမပတ် နှိုင်းယှဉ်လျှင် အင်းခရမ်းချဉ်သီးတစ်ပိဿာလျှင် ( ၈၀၀ )ကျပ်ခန့် စျေးနှုန်းကျဆင်းလာကြောင်း၊ စျေးနှုန်းကျဆင်းလာရခြင်းမှာ စျေးကွက်အတွင်း ဒေသထွက်ဗမာခရမ်းချဉ်သီးများ ဝင်ရောက်လာမှုကြောင့်ဖြစ်သည်ဟု ပေါက်ချောင်းစျေး ခရမ်းချဉ်သီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း
a