ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်အတွင်း  ကြက်သွန်( ဖြူ ) ဈေးနှုန်းမြှင့်တက်လျက်ရှိ

       စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကြက်သွန်ဖြူကို  ပြည်နယ်အတွင်း၌လည်း တပိုင်တနိုင် စိုက်ပျိုးလျက်ရှိကြပြီး၊  ယခင်နှစ်စိုက်ပျိုးချိန်တွင် ထွက်ရှိမှုနည်းပါ၍ ပြည်နယ်အတွင်း စားသုံးရန်အတွက် ကြက်သွန်(ဖြူ)ကို အောင်ပန်း၊ ကလောတို့မှ သယ်ယူကာ ရောင်းချလျက် ရှိကြောင်း ၊ လက်ရှိ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ယခုအောက်တိုဘာလ တတိယပတ်တွင် ကြက်သွန်(ဖြူ) ရှမ်းစ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၅၀၀)၊ ယခင် စက်တင်ဘာလတတိယပတ်တွင် ကြက်သွန် (ဖြူ) ရှမ်းစ တစ်ပိဿာလျှင် ကျပ် (၅၀၀၀) ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၀၀၀) ဖြင့်ရောင်းချလျှက်ရှိကြောင်း၊  ယခုအောက်တိုဘာလ တတိယပတ်နှင့်  ယခင် စက်တင်ဘာလတတိယပတ် နှိုင်းယှဉ်မည်ဆိုလျှင် ရှမ်းစ တစ်ပိသာလျှင် ကျပ် (၁၀၀၀)ခန့်၊ (ကြူကုတ်) တစ်ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်း မြင့်တက်လျှက်ရှိကြောင်း လွိုင်ကော်မြို့ သီရိ မင်္ဂလာဈေးတွင် ရောင်းချနေသော ကုန်သည်များထံမှ သိရှိရပါတယ်။

DOCA(ကယား)

 

နှမ်းစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးနှုန်းဈေးကွက်အခြေအနေ

     ကယားပြည်နယ်သည် ဆီထွက်သီးနှံအဖြစ် နှမ်းသီးနှံကို အဓိကစိုက်ပျိုးသော ဒေသဖြစ်ပါတယ်။ ကယားပြည်နယ်တွင် နှမ်းကို လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်နှင့် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်တို့တွင် အဓိကစိုက်ပျိုး ကြပါတယ်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နှမ်း(မိုး)ကို လွိုင်ကော်ခရိုင်၌ စိုက်ဧက (၃၆၇၈) ဧကခန့်စိုက်ပျိုးခဲ့ပါကြောင်းနှင့် ဘောလခဲခရိုင်တွင်စိုက်ဧက (၁၉၇၁၉) ဧကစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါတယ်။

        ကယားပြည်နယ်သည် (စက်တင်ဘာ၊ အောက်တိုဘာလ)အတွင်း နှမ်း(မိုး)ထွက်ရှိ သောအချိန်ကာလဖြစ်ပါကြောင်းနှင့် ထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့သို့အဓိက တင်ပို့လျက်ရှိပါတယ်။ ပြည်နယ်အတွင်းဖြစ်ပေါ်နေသောနှမ်းဈေးနှုန်းများမှာ ယခင်အပတ် နှမ်း( စမုံနက်)တစ်ပိဿာလျှင် ၇၂၀၀ ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်သော်လည်း ယခုအပတ်တွင် နှမ်း(စမုံနက်) တစ်ပိဿာလျှင် ၅၅၀၀ ကျပ်အထိ ကျဆင်းလာခြင်းကြောင့် ယခုအခါပြည်နယ်အတွင်း နှမ်းအရောင်းအဝယ် အေးလျက် ရှိပါတယ်။ ယခင် စက်တင်ဘာလ အတွင်း ကယားပြည်နယ်မှ မန္တလေးမြို့သို့ နှမ်းတင်ပို့မှုမှာ(၂၀၉)တန် ခန့်ရှိပါကြောင်းနှင့် အောက်တိုဘာလ ယခုအပတ်အထိ ကယားပြည်နယ်မှ မန္တလေးမြို့သို့ နှမ်းတင်ပို့မှုမှာ(၇၈)တန်ခန့် တင်ပို့လျှက်ရှိပါကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရပါတယ်။

DOCA(ကယား)

 

ကော့သောင်းမြို့ သဘာဝငှက်သိုက်စစ်စစ်ဈေးကွက်

       တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အပါအဝင် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း စသည့် မြို့နယ်များတွင် သဘာဝငှက်သိုက်စစ်စစ်အများဆုံးထွက်ရှိပါသည်။ အဆိုပါ သဘာဝငှက်သိုက်စစ်စစ် ကို ကိုယ်ခံအားနည်းသည့် အဘိုးအဘွားများ၊ ကျန်းမာရေးမကောင်းသူများအတွက် သင့်လျော်သည့် အာဟာရဖြည့်စွက်စာတစ်မျိုးဖြစ်ပါသည်။

      လတ်တလော ကော့သောင်းမြို့ သဘာဝငှက်သိုက်စစ်စစ်ဈေးကွက်အခြေအနေမှာ အခြောက်ခွက်အသန့် ပထမတန်းစားအခြေခံဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ၅၀၀၀၀ ကျပ်၊ ဒုတိယတန်းစား အခြေခံဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ၄၃၀၀၀ကျပ်၊ သဘာဝကုန်ကြမ်း တစ်ကျပ်သားလျှင် ၃၀၀၀၀ ကျပ် ဈေးနှုန်းပေါက်နေပြီး၊ အဖတ်အပြည့်ပါသော သဘာဝငှက်သိုက်စစ်စစ်ပေါင်းရည် ၄၂ မီလီလီတာ တစ်ဗူးလျှင် ၅၅၀၀ ကျပ်၊ ၇၅ မီလီလီတာ တစ်ဗူးလျှင် ၇၅၀၀ ကျပ် ဈေးနှုန်းရှိကြောင်း ငှက်သိုက်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ဘိလပ်မြေစျေးတည်ငြိမ်

           တနင်္သာရီတိုင်းဒေသကြီးအတွင်း အောက်တိုဘာလတွင် ဓါတ်မြေသြဇာ စျေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး စျေးကွက်တွင် လူသုံးများသည့် တံဆိပ်များနှင့် စျေးနှုန်း များမှာ သံကွင်း (Yuntianhua)မှာ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝဝိ၊ သရဖူ(ထိုင်းနိုင်ငံ) တစ်အိတ်လျှင်  ကျပ် ၁၁၈၀ဝဝ/-၊ Vedagro (ဗီယက်နမ်) တစ်အိတ်လျှင် ကျပ် ၈၆၀ဝဝ/-၊ ၁၈:၄:၅ (သရဖူ)တစ်အိတ်လျှင် ကျပ် ၁၀ဝဝဝဝ/-၊ ၁၅ပတ်လည်(အာမို)တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀/-၊  တနင်္သာရီတိုင်းဒေသကြီးတွင် ပိုးသတ်ဆေးစျေးနှုန်းများမှာ ဒါနာဒင် ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၆၀၀၀၊ မာလာမြိုင်ဖန့်ဆို ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၃၆၀၀၊ သန်ဒါး(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၉၀၀၊ ဒိုဇာ(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၅၀၀/-ဖြင့် အရောင်း အဝယ်ဖြစ် နေကြောင်းစုံစမ်းသိရှိရပါသည်။

          အောက်တိုဘာလ တတိယအပတ်တွင် ဘိလပ်မြေစျေးနှုန်းမှာ ဆင်နီ (ထိုင်း) ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၊ ကြံ့(၂)ကောင်တံဆိပ် ကျပ် ၁၁၅၀၀၊ apache တံဆိပ် ကျပ် ၁၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ စုံစမ်းသိရှိရပါ သည်။

          ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ဘိလပ်မြေစျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်မှာ ပုံမှန်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးနှင့် သီဟိုစေ့စျေးကွက်

        ကွမ်းသီးနှင့် သီဟိုစေ့များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိ ကြောင်းသိရှိရပြီး ယခု အောက်တိုဘာ ၁၉ ရက်တွင် စျေးနှုန်းများကျဆင်းနေပြီး  ကွမ်းသီးစျေးမှာ ကွမ်းသီး အလုံး(အခွံမပါ) တစ်ပိဿာလျှင် (၇၅၀ဝိ/-)နှုန်း နှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၇ဝဝဝ) နှုန်းစျေးပေါက် နေကြောင်းသိရှိရပါသည်။ သီဟိုစေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ရှိပြီး  သီဟိုစေ့အချော တစ်ပိဿာလျှင် (၃၂၀၀၀-၃၃၀၀၀) ကျပ် ရှိကြောင်း စုံစမ်းသိရှိရပါသည်။

       ကွမ်းသီးစျေးနှုန်းမှာ ပုံမှန်ဖြစ်၍ အရောင်းအဝယ်မှာသွက်လျက်ရှိပြီး သီဟိုစေ့စျေးနှုန်းမှာ တည်ငြိမ်နေပြီး အရောင်းအဝယ်မှာလည်းအေးနေကြောင်း သိရှိရပြီး ကွမ်းသီးနှင့်သီဟိုကို ထားဝယ်မှ ရန်ကုန်သို့ တင်ပို့ရာတွင် သယ်ယူပို့ဆောင်ခ(ကားခ) တစ်ပိဿာလျှင် ကျပ် (၁၀ဝိ/-)နှုန်း ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာ ဈေးအနည်းငယ်မြင့်တက်လျက်ရှိ

        တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ မှိုင်းခံရော်ဘာကို  အဆင့်သတ်မှတ်ချက် ( ၅ ) မျိုးဖြင့် သတ်မှတ်ထား ရှိပြီး ယခုလက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ရော်ဘာဈေးနှုန်းမှာ အောက်တိုဘာ ပထမအပတ်တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး ယခုအပတ် (၁၇.၁၀.၂၀၂၂) မှ (၂၀. ၁၀ .၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၄၀၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၃၀၀ နှုန်း ပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက်အပြစ်အနာဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက် ရှိကြောင်း သိရှိရပါသည်။

      တနင်္သာရီတိုင်းဒေသကြီးထားဝယ်တွင် ရာဘာအစေးခြစ်လုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက် ရှိပြီး ပွင့်လင်းရာသီဖြစ်သောကြောင့် အရောင်းအဝယ်မှာပုံမှန်ရှိ၍ ရာဘာစျေးနှုန်းမှာ တစ်ပေါင်လျှင် (၁၄၀၀/)ကျပ်၊ ရာဘာကို ထားဝယ်မှ ရန်ကုန်သို့လည်းကောင်း၊ ထားဝယ်မှ မုဒုံဘက်သို့          လည်းကောင်း  တင်ပို့ရောင်းချလျက်ရှိပြီး  တစ်ပေါင်လျှင်(၁၆၀၀/-)ကျပ်ခန့်စျေးရှိကြောင်းသိရှိရပြီး  သယ်ယူပို့ဆောင်ခ(ကားခ) မှာ တစ်ပိဿာလျှင်(၁ဝဝိ/-)ကျပ် ပေးဆောင်ရကြောင်းကုန်သည်တစ်ဦး ထံမှ စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

           ၂၀၂၂ခုနှစ် အောက်တိုဘာလ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၆၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၈၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၈၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၅၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၂၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၄၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

        ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၂၅၀ကျပ်၊ (သေး) တစ်လုံး ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၇၅၀၀ကျပ်မှ ၈၅၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၆၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၅၅၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

       စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၆၄၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာ အားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများ မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

        အောက်တိုဘာလ(၁၇)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံသူရေးရာဦးစီးဌာနမှ ဝက်လက်မြို့နယ်တာဝန်ခံ ဦးမျိုးအောင်သည် ဝက်လက်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စိန်တိုးဆီစက် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဆီကြိတ်ခွဲနိုင်မှုအခြေအနေ၊ ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများကို မေးမြန်း ဆွေးနွေခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် စီးပွားရေးလုပ်ငန်းရှင်မှ မိမိ၏ဆီစက်သည် အလတ်စား ဆီစက်ဖြစ်ပြီး တစ်နိုင်တစ်ပိုင်သာဆောင်ရွက်ကြောင်း၊  တစ်နှစ်လျှင် မိုးဆီထွက်သီးနံတစ်လခန့်နှင့် ဆောင်းဆီထွက်သီးနှံ တစ်လခန့်သာကြိတ်ခွဲနိုင်ပြီး နဝလီသာကြိတ်ခွဲကြောင်း၊ တစ်ရက်လျှင် လုပ်သား နှစ်ဦးဌားရမ်းအသုံးပြုပြီး လုပ်သားခမှာ တစ်ဦးလျှင်(၈၀၀ဝိ/-)နှုန်းပေးရကြောင်း၊ တစ်ရက်လျှင် ရှစ်နာရီကြာကြိတ်ခွဲပြီး အဆိုပါကြိတ်ခွဲချိန်အတွင်း (ပဲ၊ နှမ်း) တင်းနှစ်ဆယ်ခန့်ကြိတ်နိုင်၍ ဆီပိဿာ (၁၀၀)ခန့်ထွက်ရှိကြောင်း၊ ကြိတ်ခမှာတစ်တင်းလျှင်(၃၀၀ဝိ/-) ကျပ်ရရှိပြီး နဝလီလာရောက်ကြိတ်ခွဲ သူများမှ ပဲဖတ်၊ နှမ်းဖတ်ရောင်းမည်ဆိုပါက တစ်ပိဿာလျှင်(၁၅၀ဝိ/-) ဈေးဖြင့်ဝယ်ယူကြောင်း၊ တစ်လလျှင် နဝလီကြိတ်ခွဲနိုင်မှု တင်း(၃၀၀)ခန့်ရှိပြီး ဆီထွက်ပိဿာ (၁၆၀၀)ခန့်ထွက်ရှိကြောင်း၊ ရောင်းဈေးအနေဖြင့် မြေပဲဆီတစ်ပိဿာလျှင်(၁၇၀၀ဝိ/-)၊ နှမ်းဆီတစ်ပိဿာလျှင်(၁၄၀၀ဝိ/-)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    မြို့နယ်တာဝန်ခံမှလည်း စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီကို မိမိအမှတ်တံဆိပ်ဖြင့် ရောင်းချလိုပါက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏  ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းအရာများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဒေသအမှတ်အသားတစ်ခုအဖြစ် ရပ်တည်နေသော ကရေကရာ

      သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်၏ ဒေသထုတ်ကုန်တစ်ခုဖြစ်သော ကရေကရာလုပ်ငန်းသည် " ကရေကရာ ရွှေညာကမုန့်မျိုး ပေါက်ပေါက်ကယ်ချိုပါလှ အုန်းယိုကတိုး" ဟု ဆိုရိုးရှိသလို ဒေသ အမှတ်အသား တစ်ခုအဖြစ် ရပ်တည်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကရေကရာ ပြုလုပ်ရာတွင် ကောက်ညှင်းမှုန့် ၊ အုန်းသီး ၊သကြား ၊ ထောပတ်များကို ကုန်ကြမ်းအဖြစ် အသုံးပြုကြပြီး လုပ်သားအ‌ရေအတွက်အားဖြင့် (၇)ဦးခန့် အသုံးပြုကြပါသည်။ လုပ်သားတစ်ဦးလျှင် တစ်ရက် လုပ်အားခ ၇၀၀ဝိ-/ကျပ်ခန့် ပေးချေရပါသည် ။ ကုန်ကျစရိတ်မှာ ကောက်ညှင်းမှုန့် ၁ပိဿာလျှင် ၅၀၀ဝိ-/ ကျပ် ၊ သကြား ၁ပိဿာလျှင် ၂၇၀ဝိ-/ကျပ် ၊ ထောပတ်၁ ပိဿာလျှင် ၂၀၀၀ဝိ-/ကျပ် ၊ အုန်းသီး ၁လုံး ၇၀ဝိ-/ကျပ် ၊ လုပ်သားခ တစ်ဦး ၇၀၀ဝိ-/ကျပ် ၊ ဗူးဘိုး ၁၀ဝိ-/ကျပ် ၊ ကရေကရာ ၁ပိဿာ ပြုလုပ်ရန်အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ၄၅၅ဝိ-/ကျပ်ခန့် ကုန်ကျပြီး ၁ပိဿာ ၆၀၀ဝိ-/ ကျပ်ခန့်ဖြင့် ပြန်လည်ရောင်းချကြောင်း သိရှိရပါသည်။ အကျိုးအမြတ်အနေဖြင့် ၁ပိဿာလျှင် ၁၄၅ဝိ-/ကျပ်ခန့်ရရှိပြီး လုပ်ငန်းတစ်ခု တစ်နေ့လျှင် ၆၂ပိဿာခန့် ထုတ်လုပ်လျက်ရှိပါသည်။ ဈေးကွက် ရောင်းချမှုသည် ‌ဒေသတွင်းနှင့် ရန်ကုန်မှ ပြည်ကြားမြို့များ ၊ နေပြည်တော်စသည့် တိုင်း‌ဒေသကြီး ၊ မြို့နယ်များသို့ ကိုယ်စားလှယ်များမှတဆင့် တင်ပို့‌ရောင်းချလျက်ရှိကြောင်း သိရှိရပါသည် ။ က‌ရေကရာ လုပ်ငန်းသည် ‌ဒေသထုတ်ကုန်တစ်ခုအဖြစ် တိုးချဲ့ဆောင်ရွက်မည်ဆိုပါက ခေတ်မီစက်ကိရိယာများနှင့် ကုန်ကြမ်းထားရှိရန်အတွက် သိုလှောင်ရုံများဆောက်လုပ်ကာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဒေသထုတ်ကုန် မလိုင်နှင့် ယိုမျိုးစုံလုပ်ငန်းတွက်ခြေကိုက်လျက်ရှိ

      ပဲခူးတိုင်းဒေသကြီး ၊ ပြည်မြို့နယ်တွင် ဒေသထုတ်ကုန်တစ်ခုအဖြစ် မလိုင်လုပ်ငန်းနှင့် ယိုမျိုးစုံလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြပါသည်။ မလိုင်နှင့် ယိုများထုတ်လုပ်ရာတွင် ကုန်ကြမ်းအနေဖြင့် နွားနို့ ၊ သကြား၊ မြေပဲ၊ နှမ်း ၊ ကျောက်ဖရုံ၊ ဆန်တို့ကို အသုံးပြုရပြီး ပြည်မြို့နယ် ၊ ရွှေတောင် ၊ သဲကုန်း ၊ ဝက်ပုတ်၊ မကွေးတိုင်းဒေသကြီး ၊ အောင်လံမြို့များမှ မှာယူရပါသည်။ လုပ်သားအရေအတွက်အားဖြင့် လုပ်ငန်းတစ်ခုလျင် ကျား (၈)ဦး ၊ မ( ၇) ဦး ၊ စုစုပေါင်း (၁၅)ဦး အသုံးပြုရသည့်အတွက် တစ်ရက် လုပ်အားခ ပေးချေရမှုအနေဖြင့် ကျား ၈၀၀ဝိ-/ကျပ် ခန့် ၊ မ ၅၀၀ဝိ-/ကျပ်ခန့် ပေးချေရပါသည်။ ယိုအမျိုးအစားအပေါ်လိုက်၍ ယို ၁ ပိဿာလျှင် လုပ်သားခအပါအဝင် ကုန်ကျစရိတ် ၇၂၀ဝ-၇၅၀၀ ကျပ်ခန့် ကုန်ကျပြီး အသားတင်အကျိုးအမြတ်အားဖြင့် ယိုအမျိုးအစားအလိုက် ၁ ပိဿာလျှင် ၃၀၀-၅၀၀ကျပ်ခန့်ရရှိကြောင်း သိရှိရပါသည် ။ ယိုမျိုးစုံကို နှစ်ပတ်လည်ထုတ်လုပ်ပြီး တစ်ရက်လျှင် မလိုင် (၇၀)ပိဿာခန့် ၊ မြေပဲနှမ်းယို (၅၀)ပိဿာခန့် ၊ ကျောက်ဖရုံယို (၃၀)ပိဿာခန့် ထုတ်လုပ်လျက်ရှိပြီး ဒေသတွင်း မြို့နယ်များနှင့် အခြားမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ယိုစုံလုပ်ငန်းသည် စားသောက်ကုန်လုပ်ငန်းဖြစ်သည့်အပြင် ဈေးကွက်ခိုင်မာမှုရှိခြင်း ၊ တစ်နှစ်ပတ်လုံး လုပ်ကိုင်ရသည့် လုပ်ငန်းဖြစ်သည့်တွက် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းရရှိခြင်း ၊ နေ့စဉ်ဝင်ငွေ အကျိုးအမြတ် ရရှိခြင်းကြောင့် စီးပွားရေးအရ တွက်ခြေကိုက်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း