ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည် ကုန်စည်ဒိုင်၏ ပဲဈေးနှုန်းဈေးကွက်အခြေအနေ

       ပြည်ကုန်စည်ဒိုင်ရှိ ပဲအမျိုးအစားအလိုက် ဈေးများမှာ အောက်တိုဘာလဒုတိယပတ်တွင် ပဲဈေးများကျနေပြီး၊ တတိယပတ်တွင် ပဲဈေးများပြန်တက်လာသည်ကို တွေ့ရှိရပါသည်။

     ပြည်ကုန်စည်ဒိုင်တွင် အောက်တိုဘာလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ၅၉၅၀၀-၆၀၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၁၀၀/၁၅၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အောက်တိုဘာလ တတိယပတ်တွင် မတ်ပဲဈေးတက်လာပြီး တစ်တင်းကို ၆၂၀၀၀-၆၂၃၀၀ ကျပ်ဖြင့် ရန်ကုန်ဝယ်လက် အဝယ်ရှိပါသည်။

      ပြည်ကုန်စည်ဒိုင်တွင် ပဲတီစိမ်းသစ်များ ဝင်စပြုနေပြီး ပန်းတောင်း၊ ကံမဘက်မှ တစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့် အဝင်ရှိပါသည်။ ပဲတီစိမ်းတစ်တင်းကို ၄၅၀၀၀-၄၇၀၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ပြီး လှောင်သမားများနှင့် မန္တလေးအဝယ်ရှိ၍ တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

     အောက်တိုဘာလ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၆၂၀၀၀ကျပ်ဖြင့် ရန်ကုန်သို့ တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် တင်ပို့မှုရှိပါသည်။ အောက်တိုဘာလ တတိယပတ်တွင် ပဲစင်းငုံ တစ်တင်းကို ၆၃၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ခန့် ရန်ကုန်မှ အဝယ်ရှိပါသည်။

    ကုလားပဲသီးနှံဈေးမှာ အောက်တိုဘာလ ဒုတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၆၂၀၀၀-၆၃၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၆၃၀၀၀-၆၄၀၀၀ကျပ်ဖြင့် ခွဲစက်သမားများနှင့် တခါတရံ ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၃၀၀ခန့် အရောင်းအဝယ်ဖြစ်ပါသည်။ အောက်တိုဘာလ တတိယပတ်တွင် ကုလားပဲဈေးတက်လာပြီး ကုလားပဲ (HL) တစ်တင်းကို ၆၄၅၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၆၄၅၀၀ကျပ်ဖြင့် ခွဲစက်သမားများ အဝယ်ရှိပါသည်။

   အောက်တိုဘာလ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၇၅၀၀၀ကျပ်၊ ပဲကြီး (ကမ်းနား) တစ်တင်းလျင် ၇၀၀၀၀-၇၁၀၀၀ ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။ အောက်တိုဘာလ တတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၇၅၂၀၀ကျပ်၊ ပဲကြီး(ကမ်းနား)တစ်တင်းလျှင် ၇၁၀၀၀-၇၂၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၃၅၀ခန့် အဝယ်ရှိပါသည်။

    ပြည်ကုန်စည်ဒိုင်တွင် အောက်တိုဘာလ ဒုတိယပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို ၁၂၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၅၀ခန့် အဝယ်ရှိပါသည်။ အောက်တိုဘာလ တတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၂၀၀၀၀-၁၂၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ် ရှိပါ သည်။

  အောက်တိုဘာလ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၁၀၀၀-၄၂၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၅၀ခန့်သာအဝယ်ရှိပါသည်။ တတိယပတ်တွင် ဘိုကိတ်ပဲ ဈေးအေးနေပြီး တစ်တင်းကို ၄၁၀၀၀-၄၂၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

     ပြည်ကုန်စည်ဒိုင်တွင် ပြည်ပသို့တင်ပို့သောပဲများမှာ အရောင်းအဝယ်အေးလျက်ရှိပြီး မြို့တွင်း ရောင်းဝယ်မှုရှိသော ပဲများမှာ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ရွှေတောင်ဒေသထွက်မုန့်လေပွေ

       မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် မုန့်လေပွေသည် သီတင်းကျွတ်လတွင်သာ ရရှိသည့် ရာသီပေါ်သားရေစာအဖြစ် စားသုံးရသည့် မုန့်တစ်မျိုးဖြစ်ပါသည်။

      မုန့်လေပွေမုန့်အားပြုလုပ်ရာတွင် ဆန်ကွဲအားမုန့်ရည်ကြိတ်ပြီး ရရှိလာသည့် မုန့်အနှစ် များအား မုန့်အိုးလေးထဲသို့ နှမ်းစေ့များထည့်ပြီး အချပ်ကလေးများပြုလုပ်ရပါသည်။ မုန့်ချပ် အပျော့ ကလေးများရရှိလာသည့်အခါ ဝါးကပ်များပေါ်တွင် နေလှန်းထားပြီး (၂)နာရီကြာလျှင် မုန့်ချပ် ကလေးများ ခြောက်သွေ့လာသောအခါ သံဒယ်အိုးကြီးထဲတွင် သဲနှင့်ရောစပ်ပြီး မီးဖိုပေါ်တွင် လှော်ရ ပါသည်။ ထို့နောက် မုန့်သားလေးများမာကျွတ်လာလျှင် ဆန်ကာအကျဲတွင်ထည့်ပြီး မုန့်ချပ်လေးများကို ပလပ်စတစ်အိတ်ထဲသို့ထည့်ပြီးနောက် ဈေးကွက်အတွင်းရောင်းချကြပါသည်။ ဆန်ကွဲ(၃)ပြည်လျှင် မုန့်အချပ်ရေ ၁၀၀၀ မှ ၁၃၀၀ အထိရရှိပါသည်။ ကုန်ချောအဖြစ်ရရှိလာသောမုန့်ချပ် အခု (၁၀၀) လျှင်၂၀၀၀ကျပ်နှုန်းဖြင့် ရောင်းချကြောင်းသိရှိရပါသည်။

       မုန်လေပွေကို ရွှေတောင်မြို့နယ်၊ ဖိုးသိမ်းတန်ရွာတွင်ပြုလုပ်၍ ရောင်းချသည့်ဒေသများမှာ ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်နနွင်းနှင့် ဟင်းသီးဟင်းရွက်ဈေးကွက်

      ပြည်ဈေးကွက်ရှိ နနွင်းပွဲရုံသို့ ကျောက်ဆည်၊ ဟင်္သာတနှင့် မင်းတုန်းမြို့တို့မှ နနွင်းများ ပုံမှန် ဝင်ရောက်လျက်ရှိပြီး ဝယ်လိုအားကောင်းလာသော်လည်း ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ နနွင်း ဈေးများမှာ အောက်တိုဘာလ တတိယပတ်တွင် နနွင်း အတက်ကြီးတစ်ပိဿာလျှင် ၅၅၀၀ ကျပ်၊ နနွင်းအတက်သေးတစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ အသေးအညှပ်တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ယခင် အောက်တိုဘာလဆန်းကအတိုင်း ဈေးငြိမ်နေသော်လည်း ဒေသတွင်း လက်လီသမားများနှင့် ခြင်ဆေးထွန်းရန် ဝယ်ယူသူများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ပြည်ဈေးကွက်တွင် ယခုအောက်တိုဘာလ တတိယပတ်တွင် ရောင်းဝယ်လျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ၁၀၀ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် ၅၀ကျပ်၊ ဂေါ်ဖီထုတ်တစ်ထုတ်လျှင် ၁၈၀၀ကျပ်၊ ပန်းဂေါ်ဖီတစ်ထုတ်လျှင် ၁၈၀၀ကျပ်၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ခရမ်းသီးတစ်လုံးလျှင် ၂၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၂၄၀၀ကျပ်၊ နံနံပင်တစ်စည်းလျှင် ၁၀၀ကျပ်၊ တိုင်ထောင်ပဲသီး(၁၀) တောင့်စည်း တစ်စည်းလျှင် ၂၀၀ကျပ်၊ ကြောင်လျှာသီးတစ်တောင့်လျှင် ၂၀၀ကျပ်၊ သံပုရာသီးတစ်လုံးလျှင် ၇၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်၌ ကြက်သွန်နီဈေးမြင့်တက်

      ပြည်ဈေးကွက်သို့ ဆိပ်ဖြူဘက်မှ ကြက်သွန်နီအိတ် ၃၀၀ကျော် ပခုက္ကူဘက်မှ ကြက်သွန်နီ အိတ် ၂၀၀ခန့် ရက်ခြားအဝင်ရှိနေပါသည်။ ဈေးနှုန်းမှာ ပြည်ဈေးကွက်၌ ဩဂုတ်လစတုတ္ထပတ်တွင် တစ်ပိဿာလျှင် ကျပ် ၃၀၀၀ကျော်ထိ ဈေးများတက်လာခဲ့ပြီး အောက်တိုဘာလပထမပတ်တွင် တစ်ပိဿာလျှင်ပျမ်းမျှကျပ် ၃၀၀နှုန်းခန့် ဈေးပြန်ကျပြီး ယခုကာလတွင် တစ်ပိဿာလျှင် ကျပ် ၄၀၀၀ခန့် ထိ ဈေးများ ပိုမိုမြင့်တက်သွားပါသည်။ ဈေးများမြင့်တက်သဖြင့် တစ်ပိဿာလျှင် ကျပ် ၃၄၀၀-၃၆၀၀ ရှိသော ကြက်သွန်နီအသေးစများသာ ပိုမိုရောင်းဝယ်မှုရှိနေပါသည်။ အရောင်းအဝယ်မှာ ပြည်ဈေးကွက်ရှိ ဒေသတွင်းလက်လီသမားများ၊ အိတ်ဆွဲဝယ်ရောင်းသမားများအပြင် သာယာဝတီ ခရိုင်၊ ဧရာဝတီ(ကြံခင်း)နှင့် ပန်းတောင်း၊ ဥသျှစ်ပင်ဈေးကွက်တို့သို့ တင်ပို့ရောင်းချမှုများလည်း ရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိ ငရုတ်သီးဈေးကွက်

       ပြည်မြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကား သမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးစိမ်းကို ပြည်မြို့ရှိ ပွဲရုံများမှ တစ်ဆင့် ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်း သိရှိရပါသည်။ ငရုတ်သီးစိမ်းကို ပြည်မြို့နယ် မင်းကုန်းကျေးရွာတွင် အများအပြား စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပြည်မြို့တွင်စိုက်ပျိုးသော ကျောက်စိမ်းငရုတ်သီးဈေးမှာ တစ်ပိဿာလျှင် ၈၀၀ဝိ-၉၀၀ဝိကျပ်၊ ပီနန် ငရုတ်သီးစိမ်းမှာ တစ်ပိဿာလျှင် ၉၀၀ဝိ-၁၀၀၀ဝိကျပ် ဈေးရှိကြောင်းသိရှိရပါသည်။ ငရုတ်သီးစိမ်း ဈေးမြင့်တက်လာမှုကြောင့် စိုက်ပျိုးသူ တောင်သူများလည်း အကျိုးအမြတ် ဖြစ်ထွန်းလာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည် မတ်ပဲသီးနှံ လှောင်ပဲလက်ကျန်ရှိမှုအပေါ်  နေ့စဉ်အရောင်းအဝယ်ဖြစ်

       ပြည်ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲသီးနှံအနေဖြင့် အောက်တိုဘာလဆန်းရက်မှာ တစ်တင်းလျှင် ကျပ် ၆သောင်းအောက် လျော့ကျလာခဲ့ပြီး ယခုရက်များတွင် တစ်တင်းလျှင် ကျပ် ၆သောင်းကျော် ပြန်လည်ရရှိလာခဲ့ပါသည်။ ပဲအဝင်မရှိသော်လည်း လက်ကျန်လှောင်ပဲများရှိသေးသည့်အတွက် ရန်ကုန် ဝယ်လက် ဝယ်လိုအားရှိမှုအပေါ် တစ်ရက်အိတ် ၂၀၀/၃၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မတ်ပဲသီးနှံဈေးမှာ ငွေဈေးအတက်အကျပေါ်မူတည်၍ ဈေးအပြောင်းအလဲဖြစ်ခဲ့သောကြောင့် ဈေးအမြင့်ဖြင့်သာ ယခုနှစ်ရောင်းဝယ်ခဲ့ကြသည်ကိုတွေ့ရှိရပါသည်။ တစ်ချို့လှောင်လက်သမားမှာ စိုက်ပျိုးချိန်တွင် မျိုးပဲဈေးမြင့်တက်လာသည့်အတွက် ဆက်လက်သိုလှောင် ထားရှိခဲ့ကြပါသည်။ ယခင်နှစ် က မတ်ပဲသီးနှံ၏ စိုက်ပျိုးချိန် မျိုးဈေးနှုန်းမှာ တစ်တင်းလျှင် ၄၅၀၀၀ကျပ်ဖြင့် ရရှိခဲ့ သောကြောင့် ယခုနှစ်ဈေးမှာ ယခုကာလကတည်းက ယခင်နှစ်ဈေးထက် ဈေးပိုရလျက်ရှိခဲ့ပါသည်။ မတ်ပဲသီးနှံအား တစ်ချို့ဒေသများတွင် အောက်တိုဘာလကုန်ပတ်မှ စ၍ စတင်စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ပဲတီစိမ်းသစ်များ ဈေးကွက်သို့စတင်ဝင်ရောက်လာ

      ပြည်ဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်အချို့ စတင်ဝင်ရောက်လာခဲ့ပါသည်။ ပြည်အနီးတဝိုက်နှင့် ပေါက်ခေါင်းမြို့နယ်တို့မှ ဝင်ရောက်ခြင်းဖြစ်ပြီး အိတ် ၁၀၀/၂၀၀ကျော်ခန့် နေ့စဉ်ဝင် ရောက်လျက်ရှိပါသည်။ ပဲသစ်အဖွင့်ဈေးမှာ တစ်တင်း ၄၅၀၀၀ကျပ်မှ ၄၇၀၀၀ကျပ်ဖြင့် ရရှိနေပြီး ဝယ်လိုအားအနေဖြင့် မန္တလေးလိုင်းသမား အဓိကထားဝယ်ယူခဲ့ကြပါသည်။ ပဲတီစိမ်းသီးနှံမှာ မတ်ပဲသီးနှံကဲ့သို့ တစ်နှစ်တာလုံးရောင်းချရခြင်းမရှိဘဲပဲပေါ်ချိန် အထွက်လှိုင်ချိန် ကာလများ တွင်သာ အရောင်းအဝယ်သွက်သော ပဲသီးနှံဖြစ်ခဲ့ပါသည်။  ဒါ့ကြောင့် မိုးပဲတီစိမ်းသီးနှံ နှင့်ဆောင်း ပဲတီစိမ်း သီးနှံများ ထွက်ပေါ်ချိန်များတွင် ရောင်းချခဲ့သည့်အတွက် မိုးပဲတီစိမ်းသီးနှံမှာ ဇူလိုင် /ဩဂုတ်လ များတွင် အရောင်းအဝယ်ဖြစ်မှုများသလို ဆောင်ပဲတီစိမ်းသီးနှံမှာ နိုဝင်ဘာ/ ဒီဇင်ဘာလ များအတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။ ပဲတီစိမ်းသီးနှံမှာ နှစ်စဉ်လိုလို ဈေးကောင်းနေသော သီးနှံဖြစ်ကာ ယခုနှစ်တွင် ဈေးအဖွင့်မှာ ယခင်နှစ်ထက် ဈေးပိုနေသော်လည်း မတ်ပဲသီးနှံထက် ဈေးလျော့နည်းရောင်းဝယ်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာဈေးကွက်

      တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၅၁၇၇၇)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၁၀၂.၈၃)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၉၀၁၅) မက်ထရစ်တန် ရှိကြောင်း သိရှိရပါသည်။မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ယခင်နှစ်ထက် ယခုနှစ်မှာ ရော်ဘာ ဈေးကောင်း ပိုရလျက် ရှိပြီး ယခုအပတ် (၂၄.၁၀.၂၀၂၂) မှ (၂၆.၁၀.၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ  RSS-3 တစ်ပေါင်လျှင် (၁၃၇ဝိ/-) ခန့်၊ RSS-5 တစ်ပေါင်လျှင် (၁၂၇ဝိ/-)ခန့် ဈေးနှုန်းရှိပြီး ယခင်နှစ် အလားတူကာလတွင် RSS-3 တစ်ပေါင်လျှင် (၇၃ဝိ/-)ကျပ်နှင့် RSS-5 တစ်ပေါင်လျှင် (၆၃ဝိ/-)ကျပ်ပေါက်စျေးရှိကြောင်း စုံစမ်းသိရှိရပါသည်။

     တနင်္သာရီတိုင်းဒေသကြီးထားဝယ်တွင် ရာဘာစျေးနှုန်းအနေဖြင့် တောင်သူများ တွက်ခြေကိုက် လျက်ရှိသောကြောင့် ရာဘာအစေးခြစ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်မှာ ပုံမှန်ရှိပြီး ရာဘာကို ထားဝယ်မှ ရန်ကုန်သို့ လည်း ကောင်း၊ ထားဝယ်မှ မုဒုံသို့လည်းကောင်း တင်ပို့လျက်ရှိပြီး သယ်ယူပို့ဆောင်ခ(ကားခ) မှာ တစ်ပိဿာလျှင် (၁ဝဝိ/-)ကျပ် ပေးဆောင်ရကြောင်း ကုန်သည်တစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

       အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၁၃.၁၀.၂၀၂၂)နှင့် (၁၉.၁၀.၂၀၂၂) ရက်နေ့အတွင်း နှမ်းနက် (စမုံ)(၄၅)ပိဿာဝင်(၁)အိတ်လျှင်ကျပ်(၂၇၅၀၀၀)၊ နှမ်းပြာကျပ် (၂၄၀၀၀၀)၊ နှမ်းနီကျပ်(၂၄၀၀၀၀)ဖြစ်ပြီး ပဲမျိုးစုံဈေးကွက်တွင်လည်း ပဲစဉ်းငုံနီ (၄၅) ပိဿာဝင် (၁)အိတ်လျှင်ကျပ်(၅၉၅၀၀)၊ ပဲတီစိမ်းကျပ်(၄၈၀၀၀)၊ မတ်ပဲကျပ်(၅၉၀၀၀)၊ ကုလားပဲ (HL)ကျပ် (၆၃၅၀၀)၊ ကုလားပဲ(မြကြေး)ကျပ်(၆၃၅၀၀)၊ ဘိုကိတ်ပြာကျပ်(၃၈၀၀၀)၊ ပဲကြီးကျပ် (၇၅၀၀၀)၊ မြေပဲလုံးဆံနီကျပ်(၅၆၀၀)၊ မြေပဲလုံးဆံဖြူကျပ်(၅၄၀၀)၊ မြေပဲတောင့်အစိုကျပ်(၂၂၅၀၀) ဖြစ်၍ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)ကျပ်(၂၀၀၀၀)၊ နှမ်းပြာကျပ်(၅၀၀၀)၊ နှမ်းနီကျပ် (၅၀၀၀)၊ ပဲစဉ်းငုံနီကျပ်(၅၀၀)ဖြင့် ဈေးနှုန်းများကျဆင်းလျက်ရှိပြီး နှမ်းဖြူမှာ ကျပ်(၂၅၅၀၀၀)ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။အခြားသီးနှံများဖြစ်သည့် ပဲတီစိမ်း မှာကျပ် (၁၀၀၀)၊ ကုလားပဲ (HL)ကျပ်(၁၅၀၀)၊ ကုလားပဲ(မြကြေး)ကျပ်(၁၅၀၀)၊ မြေပဲလုံးဆံနီကျပ် (၁၀၀)၊ မြေပဲတောင့်အစို ကျပ်(၅၀၀)တို့ဖြင့် အသီးသီးဈေးနှုန်းများ မြင့်တက်ခဲ့ပါသည်။

       အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းနက် (စမုံ) (၃၆၀၀)အိတ်၊ နှမ်းပြာ(၇၇၀)အိတ်၊ နှမ်းဖြူ(၉၀)အိတ်၊ နှမ်းနီ (၁၈၀)အိတ်၊ ပဲတီစိမ်း(၁၃၅၀)အိတ်၊ ပဲစဉ်းငုံနီ(၃၀၀)အိတ်၊ မတ်ပဲ (၁၁၀)အိတ်၊ ကုလားပဲ(HL) (၈၀၀)အိတ်၊ ကုလားပဲ (မြကြေး) (၆၂၀)အိတ်၊ ဘိုကိတ်ပြာ(၈၀) အိတ်၊  ပဲကြီး(၅၃၀)အိတ်၊ မြေပဲလုံးဆံ (ဖြူ)(၃၀၀)အိတ်၊ မြေပဲလုံးဆံ(နီ) (၆၀၀)အိတ်နှင့် မြေပဲတောင့် (အစို)(၆၅၀၀)တင်းတို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ဆောင်းသီးနှံပဲတီစိမ်းနှင့် မတ်ပဲဈေးနှုန်းဈေးကွက်အခြေအနေ

     ကံမမြို့နယ်မြောက်ချောင်းဘက်ရှိ ရေနံသာကျေးရွာ၊ ဆုံကုန်း၊ ခြောက်မင်း၊ သံပုရာ၊ ဥသျှစ်ကုန်း၊ မင်းတည်း စသည့်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဆောင်းသီးနှံပဲတီစိမ်းမှာ စတင်ပေါ်ထွက်လျက်ရှိပါသည်။ အောက်တိုဘာလ ဒုတိယအပတ်တွင် ပဲတီစိမ်း(၁)တင်းလျှင် ကျပ် (၄၆၀၀၀)  ဖြစ်ပြီး ယခုတတိယအပတ်တွင် ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၄၇၀၀၀)ဖြစ်၍ (၁)တင်းလျှင် ကျပ် (၁၀၀၀) ဈေးနှုန်းမြင့်တက်လာပါသည်။ တစ်နေ့လျှင်(၄-၅)အိတ်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရေနံသာ ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

     မတ်ပဲသီးနှံဈေးနှုန်းမှာလည်း ဒုတိယအပတ်တွင်(၁)တင်းလျှင် ကျပ်(၅၉၀၀၀ မှ ၆၀၀၀၀)ဖြစ်ပြီး ယခု တတိယအပတ်တွင် (၁)တင်းလျှင် (၆၁၀၀၀ မှ ၆၁၅၀၀)ဖြစ်၍ ဈေးနှုန်းမြင့်တက်လာပြီး အရောင်းအဝယ် အေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း