ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ယခုတစ်ပတ် ညောင်လေးပင်မြို့ စပါး/ဆန် ဈေးနှုန်း

         ယခုတစ်ပတ် ညောင်လေးပင်မြို့နယ်အတွင်း ဆင်းသုခ စပါးသစ်ဈေးနှုန်းများအနေဖြင့် အစို ဓာတ် ၁၇ % ပေါင် (၄၈) တင်း ၁၀၀ လျှင် ၁၀၃၀၀၀၀ကျပ် ဖြစ်ပြီး၊ ဆင်းသုခ ဆန်သစ် တစ်အိတ်လျှင် ၄၁၀၀ဝိ-/ ကျပ် ၊ ဆန်ဟောင်းတစ်အိတ် ထိပ်စ လျှင် ၄၆၀၀၀ ကျပ်၊  ဆန်ကွဲကြီး တစ်အိတ် လျှင် ၄၀၀၀၀ကျပ် ၊ ဆန်ကွဲသေးတစ်အိတ်လျှင် ၃၉၀၀ဝိ-/ကျပ် ၊ ဖွဲနု တစ်အိတ် လျှင် ၂၂၅၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

          ထို့အတူ ဒိုက်ဦးမြို့နယ်အနေဖြင့် အစိုဓာတ် ၂၅% အောက် (ဆင်းသုခ) ပေါင် (၅၀) စပါး တင်း ၁၀၀ လျှင် ၁၀၈၀၀၀၀ ကျပ်၊ ဆန်သစ်တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်၊ ဆန်ဟောင်းတစ်အိတ် ထိပ်စလျှင် ၄၇၀၀၀ ကျပ်၊  ဆန်ကွဲကြီး ၁ အိတ်လျှင် ၃၈၀၀၀ ကျပ်၊ ဆန်ကွဲသေး ၁ အိတ်လျှင် ၃၆၀၀၀ ကျပ်၊ ဖွဲနု ၁ အိတ် လျှင် ၁၇၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဆိပ်ဖြူ ကုန်စည်ဒိုင်ကြက်သွန်နီ အောက်တိုဘာလ(ဒုတိယ)ပတ်အတွင်း ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်

           ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ အောက်တိုဘာလ (ဒုတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်းခန့် (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန် ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာ ပျမ်းမျှ(၁)ပတ်အတွင်း ကုန်ချိန်(၃)သိန်းခွဲခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ အောက်တိုဘာလ(၈)ရက် မှ (၁၄)ရက်ထိ ကုန်စည်ဒိုင်နှင့် သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီ ပိဿာ(၅)သိန်းခန့်ရှိကြောင်း မြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။

           ဈေးနှုန်းဈေးကွက်အနေဖြင့် အောက်တိုဘာလ(ဒုတိယ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စ အမြင့်ဆုံးဈေးနှုန်းမှာ (၃၂၀၀)ကျပ် မှ (၂၇၀၀)ကျပ်ထိ ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စ အမြင့်ဆုံး ဈေးနှုန်းမှာ (၂၆၀၀)ကျပ် မှ (၂၃၀၀)ကျပ်ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံ အရည်အသွေးများ မတူညီခြင်းကြောင့် ဈေး နှုန်းများကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီ အမြင့်ဆုံးဈေးနှုန်းမှာ (၂၇၂၅)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ် အမြင့်ဆုံး ဈေးမှာ (၃၂၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက် (၄၇၅)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ကြောင်း၊ အနိမ့်စ အမြင့်ဆုံးဈေးနှုန်းမှာ ယခင်(၁)ပတ်က(၂၃၀၀)ကျပ်၊ ယခု(၁)ပတ် (၂၆၀၀) ကျပ်ဈေးနှုန်းဖြစ်၍ ယခင်(၁)ပတ်ထက် (၃၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ယခု(၁)ပတ်အတွင်း ပြည်ပအဝယ်သွက်၍ မြဝတီမြို့သို့ တင်ပို့မှုများကြောင်း၊ ပြည်ပပို့ကုန် ဝယ်လက်များကိုယ်တိုင် ဒေသတွင်းသို့ ဆင်းဝယ်လျက်ရှိကြောင်း၊ ဈေးနှုန်းမြင့်တက်၍ အရောင်း အဝယ်သွက်နေကြောင်း ကုန်စည်ဒိုင်အသင်းဝင်ကုန်သည်ပွဲစားတစ်ဦးထံမှ သိရှိရသည်။

          ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၃၆၀၀/၃၅၀၀)၊ လတ်(ကြီး) ကျပ်(၃၄၀၀/၃၃၀၀)၊ လတ်(သေး) ကျပ်(၃၂၀၀/၃၁၀၀)၊ ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် အောက်တိုဘာလ(ဒုတိယ) ပတ်အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ မြဝတီမြို့များသို့ (၆/၁၂/၂၄)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန်နီ ပျှမ်းမျှ(၅) သိန်း၊ တန်ချိန်(၃)သောင်းဝန်းကျင်ခန့်  ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါ သည်။

DOCA(မကွေး)

 

ကြို့ပင်ကောက်မြို့ ခွန်နှစ်ရွာဩဇာသီး ဈေးနှုန်း/ဈေးကွက်အခြေအနေ

        ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့ ၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ခွန်နှစ်ရွာ ကျေးရွာသည်  အိမ်ခြေ (၁၀၀)ကျော်ရှိပြီး သြဇာသီးပင်များကို အိမ်တိုင်းလိုလို ခြံစည်းရိုး ပတ်ပတ် လည်၌ စိုက်ပျိုးထားရှိပါသည်။

        သြဇာသီးပင် တစ်ပင်ကို အလုံး(၃၀)မှ အလုံး(၄၀)ထိ ထွက်ရှိပါသည်။ ရာသီ သီးနှံပေါ်ချိန်ဖြစ်သည့် တော်သလင်းလမှစပြီး သြဇာကိုဆွတ်ခူးရောင်းချကြရာ ဈေးကောင်းရသော အချိန်ဖြစ်၍ စပေါ် ပေါ်ခြင်း သြဇာသီးတစ်လုံးလျှင် ၁၀၀ဝိ-/ ၊ ၈၀ဝိ-/ ကျပ်ရရှိပြီး တစ်နှစ်လျှင် ဝင်ငွေ သုံးသိန်းမှ လေးသိန်းခန့် ထိ ရရှိကြောင်း သိရှိရပါသည်။

        ယခု သီတင်းကျွတ်လတွင် သြဇာသီးအနည်းငယ်ရှားပါးသွား၍ အလုံးများအနည်းငယ်သေးပြီး တစ်လုံး ဈေးနှုန်း ၃၀၀မှ ၃၅၀ ကျပ်ဈေးဖြင့် ရောင်းချကြပါသည်။ ၁၅လုံးခြင်း တစ်ခြင်းကို ၅၀၀ဝိ-/ ကျပ် ၊ ၂၀ လုံးပါ  ခြင်းတစ်လုံးလျှင် ၇၀၀ဝိ-/ ကျပ်ဈေးရှိပြီး ၊ ခြင်းဘိုးကုန်ကျငွေ အသေးတစ်ခြင်းလျှင် ၅၀ဝိ-/ကျပ် ၊ အကြီးတစ်ခြင်းလျှင် ၁၀၀ဝိ-/ ကျပ်ပေးရပြီး ၊ ခရီးသွားပြည်သူများနှင့် လက်ဆောင်ပေးရန်ဝယ်သူများသည် ခွန်နှစ်ရွာ သြဇာသီးကို အမြတ်တနိုးဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်ဝင် ပွင့်ဖြူဒေသထွက်သရက်ချဉ်

      မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ပတ်ဝန်းကျင်ရှိကျေးရွာများ၌  လယ်ယာဥယျာဉ်ခြံမြေများတွင် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ဥယျာဉ်ခြံများတွင်တစ်ခြံနှင့်တစ်ခြံ နယ်နိမိတ်အကာအရံအဖြစ် စိုက်ပျိုးထားသော သရက်ပင်များမှသရက်သီးစိမ်းများကို အချဉ်ထည့်၍ မြန်မာနိုင်ငံအနှံသို့ သရက်ချဉ်ကို နှစ်ပတ်လည် ရောင်းချ၍တစ်ဖက်တစ်လမ်းမှ ဝင်ငွေရလျက်ရှိ ကြောင်း  စုံစမ်းသိရှိရပါသည်။

       ပွင့်ဖြူမြို့နယ်တွင် သရက်ချဉ်ကို အဓိကထားလုပ်ကိုင်သောကျေးရွာများမှာ  ဒေးဒရဲကျေးရွာ၊ သံဘိုကျေးရွာ၊ သရက်အုပ်ကျေးရွာ၊ ပိန္နဲတောကျေးရွာနှင့် မုန်းနားစုကျေးရွာများဖြစ်ကြောင်း သရက်ချဉ်ပြုလုပ်ရာတွင် မနောနွယ်သီး၊ မချစ်စုသီး၊ ပန်းဆွဲသီး၊ စာကလေးသီးနှင့် စိမ်းစားသီးများကို အသုံးပြုကြောင်း သရက်ချဉ်သိပ်ရာတွင် စဉ့်အိုးများဖြင့်သိပ်ရကြောင်း စဉ့်အိုးတစ်လုံးတွင် သရက်သီးပေါက်ပြီးသား ပိဿာ(၄၀-၅၀)နှင့် ဆား(၄)ပိဿာရောနှယ်၍ ရေစစ်ထားပြီး ရေစစ်လျှင် စဉ့်အိုးအတွင်းသို့ဖိသိပ်ပြီး လေလုံရန်အင်ဖက်၊ ငှက်ပျောဖက်များခံ၍ အပေါ်မှ ပီနံအိတ်အသန့်ဖြင့် ဖုံပြီး ကျောက်ခဲ၊ တုံများဖြင့်ဖိသိပ်ရကြောင်း သရက်ချဉ်လုပ်ကိုင်သော လုပ်ငန်းရှင်တစ်ဦးလျှင် နှစ်ပေါက် သရက်ချဉ်ပိဿာ (၁၂၀၀)မှ (၁၅၀၀)ခန့် လုပ်ကိုင်ကြောင်း မိမိခြံထွက် သရက်သီးများသာမက အခြားဥယျာဉ်ခြံများမှရောင်းချသော သရက်သီးစိမ်းများကိုလည်းဝယ်ယူ လုပ်ကိုင်ကြောင်း သရက်ချဉ်လုပ်ငန်းလုပ်ကိုင်သော လုပ်ငန်းရှင်များစွာရှိကြောင်း သရက်ချဉ်ကို ပွင့်ဖြူမြို့နယ်သာမက လယ်ကိုင်း၊ စကု၊ မင်းဘူး၊ မကွေး၊ စလင်း၊ ဆင်ဖြူကျွန်း၊ ချောက်၊ ရေနံချောင်း စသည့်တိုင်းအတွင်းမြို့နယ်များနှင့် ရန်ကုန်၊ မန္တလေးအစရှိသော မြို့ကြီးများထိ တင်ပို့ရောင်းချ ရပါကြောင်း သရက်ချဉ်(၁)ပိဿာကို (၁၈၀၀)မှ (၂၀၀၀)ကျပ်အထိရောင်းချရသည့်အပြင် တစ်ခါစား အထုပ်လေးများအဖြစ် (၂၀၀)ကျပ်တန်၊ (၃၀၀)ကျပ်တန်အထုပ်များလည်း ထုတ်လုပ်ရောင်းချကြောင်း သရက်ချဉ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။           

          သရက်ချဉ်သည် အလှူ မင်္ဂလာပွဲများတွင် မပါမဖြစ်သော အအီပြေ ဟင်းအရံအဖြစ် လည်းကောင်း နေ့လည်နေ့ခင်းတွင်လည်း အိပ်ချင်ပြေ လက်ဖက်နှင့်တွဲပြီး သုပ်စားကြကြောင်း ထမင်းဆိုင်များတွင်လည်း သရက်ချဉ်သုပ်၊ သရက်ချဉ်ကြော်၊ အသားနှင့်သရက်ချဉ်ရောပြီး ချဉ်စပ်ဟင်း အစရှိသဖြင့် အရံဟင်းများ ချက်ပြုတ်ရောင်းချကြကြောင်း စားသုံးသူများအလွန်အကြိုက်တွေ့သော ဈေးကွက်ဝင်ကုန်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း သိရပါသည်။

DOCA(မကွေး)

ပြည်ကုန်စည်ဒိုင်၏ ဩဂုတ်လနှင့် စက်တင်ဘာလ ပဲဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှု အခြေအနေ

        ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများသည် ယခင်ဩဂုတ်လတွင် ပဲဈေးကောင်းလျက်ရှိပြီး စက်တင်ဘာနောက်ဆုံးပတ်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ သီးနှံ ဈေးနှုန်းများမှာကျလျက်ရှိပြီး မြို့တွင်းအရောင်းအဝယ်ရှိသော စားတော်ပဲ၊ ဘိုကိတ်၊ ပဲကြီးဈေး များမှာ အေးလျက်ရှိကြောင်းသိရှိရပါသည်။

မတ်ပဲ

          ဩဂုတ်လပထမပတ်တွင် မတ်ပဲတစ်တင်းကို ၅၄၅၀၀-၅၅၀၀၀ကျပ်၊ ဒုတိယပတ်တွင် ပဲတစ်တင်းကို ၅၈၅၀၀-၅၉၀၀၀-၅၉၅၀၀ကျပ် ထိဈေးတက်လာခဲ့ပါသည်။  တတိယပတတွင် မတ်ပဲတစ်တင်းကို ၆၁၀၀၀-၆၂၀၀၀ကျပ်ထိ ဈေးတက်လာခဲ့ပြီး တစ်ရက်ကို အိတ် ၂၀၀/၂၅၀ခန့်သာ ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဩဂုတ်လစတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို ၆၁၀၀၀-၆၁၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ စက်တင်ဘာလ ပထမပတ်တွင် မတ်ပဲဈေးပိုတက်လာပြီး ပဲတစ် တင်းကို ၆၇၀၀၀-၆၇၅၀၀-၆၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့် ရန်ကုန်တင်ပို့မှုရှိပါသည်။ စက်တင်ဘာလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ၆၆၀၀၀-၆၆၅၀၀-၆၇၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး တစ်ရက်ကိုအိတ် ၁၅၀/၂၀၀ခန့် အဝယ် ရှိခဲ့ပါသည်။ စက်တင်ဘာလတတိယပတ်တွင် မတ်ပဲတစ်တင်းကို ၆၆၇၀၀-၆၇၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စက်တင်ဘာလနောက်ဆုံးပတ်တွင် မတ်ပဲဈေးကျလာပြီး ပဲတစ်တင်းကို ၆၂၀၀၀-၆၂၅၀၀ခန့်သာရှိပြီး အရောင်းအဝယ်အေးလျက်ရှိပါသည်။

ပဲစင်းငုံ

          ပြည်ကုန်စည်ဒိုင်တွင် ဩဂုတ်လပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ၄၉၅၀၀-၅၀၀၀၀-၅၀၅၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဩဂုတ်လဒုတိယ ပတ်တွင် ပဲစင်းငုံတစ်တင်းကို ၅၈၀၀၀-၅၉၀၀၀ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး တတိယပတ်တွင် ၆၁၀၀၀-၆၂၀၀၀ကျပ်ထိ ဈေးတက်ခဲ့ပါသည်။ ဩဂုတ်လ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို ၆၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး တစ်ရက်ကို အိတ်၃၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာလ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၆၆၀၀၀-၆၇၀၀၀ကျပ်၊ တတိယပတ်တွင် ပဲစင်းငုံဈေးအေးနေပြီး တစ်တင်းကို ၆၇၀၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ပဲစင်းငုံတစ်တင်းကို ၆၄၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကို အိတ်၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

ကုလားပဲ

          ဩဂုတ်လပတမပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၅၃၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၅၃၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် တခါတရံ ရန်ကုန်တင်ပို့မှုရှိပြီး တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။ ဩဂုတ်လ ဒုတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၅၅၀၀၀-၅၇၀၀၀ကျပ် ဖြင့် အဝယ်ရှိပြီး ဩဂုတ်လ တတိယပတ်တွင်  ကုလားပဲ(HL) တစ်တင်းကို ၆၄၀၀၀-၆၅၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၆၄၀၀၀-၆၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဩဂုတ်လ စတုတ္ထပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၆၅၀၀၀ ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၆၄၅၀၀-၆၅၀၀၀ကျပ်ဖြင့် ခွဲစက်သမားများ အဝယ်ရှိခဲ့ပါ သည်။ စက်တင်ဘာလ ပထမပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၆၆၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၆၆၀၀၀ကျပ်၊ ဒုတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၆၈၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၆၈၀၀၀ ကျပ်ဖြင့် ခွဲစက်သမား တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ဖြစ်ခဲ့ပါသည်။ စက်တင်ဘာလ တတိယပတ်မှာ ကုလားပဲဈေးကျလာပြီး ကုလားပဲ(HL) တစ်တင်းကို ၆၆၅၀၀-၆၇၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၆၇၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကုလားပဲဈေးပိုမိုကျလာပြီး ကုလားပဲ(HL) တစ်တင်းကို ၆၁၀၀၀-၆၂၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၆၁၀၀၀-၆၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိခဲ့ပါသည်။

ဘိုကိတ်ပဲ

          ပြည်ကုန်စည်ဒိုင်၏ ဩဂုတ်လပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၆၅၀၀ကျပ် ၊ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၇၀၀၀-၃၈၀၀၀ကျပ်ဖြင့်  မြို့တွင်း အဝယ်တစ်ရက်ကို အိတ်  ၅၀/၁၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဩဂုတ်လ တတိယပတ်တွင် ဘိုကိတ်ပဲ တစ်တင်းကို ၄၀၀၀၀ကျပ် စတုတ္ထပတ်တွင် ဘိုကိတ်ပဲဈေးအေးပြီး ပဲတစ်တင်းကို ၄၀၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာလ ပထမပတ်တွင် ပဲဈေးတက်လာပြီး ဘိုကိတ်ပဲ တစ်တင်းကို ၄၃၀၀၀ကျပ်၊ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၃၀၀၀ကျပ်ဖြင့် ဈေးအေး နေခဲ့ပါသည်။ စက်တင်ဘာလ တတိယပတ်မှာလည်း ဘိုကိတ်ပဲဈေးအေးနေပြီး တစ်တင်းကို ၄၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာလ စတုတ္ထပတ်တွင် ဘိုကိတ်ပဲ ဈေးကျလာပြီး ပဲတစ်တင်းကို ၄၂၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် တစ်ခါတစ်ရံ ရန်ကုန် အဝယ်ရှိခဲ့ပါသည်။

DOCA(ပဲခူး)

 

မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

      အောက်တိုဘာလ၊ တတိယပတ်တွင် မင်းဘူးခရိုင် မင်းဘူးမြို့၊ မြို့မဈေး၌ အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာ အောက်တိုဘာလ ဒုတိယပတ်ထက် အနည်းငယ် ပြန်ကျလာသည်။ အောက်တိုဘာလ ယခုပတ်တွင် ကြက်သွန်နီ (၁) ပိဿာလျှင် (၃၅၀၀)ကျပ် ငရုတ်ခြောက် အရှည်(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်)(၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် (၃၅၀၀)ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး မန်းကျည်း သီး(၁)ပိဿာလျှင် (၃၈၀၀)ကျပ်၊ ကုလားပဲခြမ်း(၁)ပိဿာလျှင် (၅၅၀၀)ကျပ်ဖြင့် အကျမရှိပဲ ဈေးငြိမ်နေသည်ကို တွေ့ရသည်။

         စားသုံးဆီဈေးနှုန်းမှာလည်း နှမ်းဆီ(၁)ပိဿာလျှင် ယခုပတ်တွင် (၈၅၀၀)ကျပ်နှင့် ယခင် (10500) ကျပ်၊ ပဲဆီ(၁)ပိဿာလျှင်(၈၀၀၀)ကျပ်နှင့် ယခင်(၁၁၀၀၀)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင်(၆၀၀၀)ကျပ်နှင့် ယခင်(၉၀၀၀)ကျပ်ဖြစ်ကြောင်း စားသုံးဆီဈေး အနည်းငယ် ကျဆင်းလာကြောင်း  စားသုံးဆီရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

မန်ကျည်းတစ်ပင်လုံး အသုံးဝင်ပုံနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

      မန်ကျည်းမှည့်သည် စားဖိုဆောင်သုံး သီးနှံတစ်မျိုးတွင် အပါအဝင်ဖြစ်ပါသည်။ မန်ကျည်းပင်သည် အပင်ကြီးမျိုးဖြစ်ပြီး အိမ်ခြံဝန်းများတွင် အလေ့ကျပေါက်ရောက်တတ်သလို အချို့မှာ အစေ့များကို ကျဲပက်၍ စိုကိပျိုးကြပါသည်။ မန်ကျည်းပင်တစ်ပင်လုံးသည် လူသားတို့အတွက် အသုံးဝင်သဖြင့် မြေကွက်လွတ်များ၊ ဥယျာဉ်ခြံများ၊ လယ်ကွင်းများတွင် စိုက်ပျိုးနိုင်ပါက ပိုမိုအကျိုး ဖြစ်ထွန်း မည်ဖြစ်ပါသည်။ အချို့လူများသည် မန်ကျည်းပင်ပေါက်များကို ခြံစည်းရိုးတွင် ခြံစည်းရိုးအစား ခြံစည်းရိုးအကာအရံအဖြစ်စိုက်ပျိုးကြသလို ထွက်ရှိလာသောမန်ကျည်းရွက်နုများကို သုပ်စားခြင်း၊ ချဉ်ရည်ဟင်းချက်၍လည်းစားသုံးကြပါသည်။ မန်ကျည်းသီးအစိမ်းများကိုလည်း ပေါ်ခါစအချိန်တွင် ဈေးကောင်းပေးဝယ်ယူကာ ကြော်ချက်၍လည်း စားသုံးကြပါသည်။ မန်ကျည်းသီးမှည့်များသည် ဟင်းချက်ရာတွင် အသုံးဝင်သလို ဆေးဖော်ရာတွင်လည်း အသုံးဝင်ပါသည်။ မန်ကျည်းသားသည် အလွန်မာကျော၍ ကြာရှည်ခံသဖြင့် စဉ်းတီတုံးများ၊ ဆန်ဖွပ်ရန်ကျည်ပွေ့များ၊ ဆီဆုံနှင့် ကြံကြိတ်စက်များ၊ အခြားသောလူအသုံးအဆောင်ပစ္စည်းများတွင် အသုံးပြုကြပါသည်။ မန်ကျည်း ခေါက်အသုံးဝင်ပုံမှာ မျက်စိနာသူများမန်ကျည်းခေါက်ကိုသွေး၍လိမ်းခြင်း၊ မိတ်ပေါက်လျှင်လည်း မန်ကျည်းခေါက်ကိုသွေး၍လိမ်းကြပါသည်။ ထို့ကြောင့် မန်ကျည်းပင်သည် လူတို့အတွက် အသုံးဝင် သည့် အပင်ဖြစ်ပါသည်။

     မန်ကျည်းမှည့် ဈေးနှုန်းဈေးကွက်အနေဖြင့် ပြည်ပွဲရုံများတွင် အောက်တိုဘာလတွင် မန်ကျည်းသီးမှည့်လက်ကျန်များ နည်းလာသော်လည်း ရခိုင်ဝယ်လက်များက အိန္ဒိယသို့တင်ပို့ရန် အဝယ်ရှိသဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ မန်ကျည်းမှည့်ကို ဒေသတွင်း စားသုံးသူများမှ လက်လီဝယ်ယူစားသုံးကြသဖြင့် လက်လီဈေးမှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ပွဲရုံဈေး တစ်ပိဿာ လျှင် ၄၅၀၀ကျပ်ဖြင့် လက်ကျန်အဟောင်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       မန်ကျည်းသီးမှည့်ကို ပြည်ပနိုင်ငံများဖြစ်သော အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မှဝယ်ယူမှုရှိ၍ ပြည်ပသို့တင်ပို့ရောင်းချရသည့်အပြင် ပြည်တွင်း၌လည်း စားသုံးကြသဖြင့် မန်ကျည်းပင် စိုက်ပျိုးသူများအနေဖြင့် အကျိုးအမြတ်ရှိသဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်သော သီးနှံဖြစ်ပြီး နိုင်ငံခြား ဝင်ငွေလည်းရရှိမည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့မှ မုန့်ဖတ်ခြောက်လုပ်ငန်းအား လေ့လာခြင်း

      တောင်ငူမြို့ အမှတ်(၂)ရက်ကွက် ၊ လျှပ်စစ်လမ်းရှိ မုန့်ဖတ်ခြောက်လုပ်ငန်းသည် အတော်အသင့် အောင်မြင်နေသော အသေးစားလုပ်ငန်းတစ်ခုဖြစ်ပါသည်။  မုန့်ဖတ်ခြောက် ပြုလုပ်ရန်အတွက် ကုန်ကြမ်းအား ဆန် ဆလပ်ကျိုးကို အသုံးပြုရပါသည်။ လိုအပ်သော ဆန်ဆလပ် ကျိုးများအား ဒေသတွင်းမှပင်ဝယ်ယူရပါသည်။ ဆန်ဆလပ်ကျိုး တစ်အိတ်လျှင် (၄၀၀၀၀) ကျပ် ဝန်းကျင်ခန့်ပေးရပါသည်။ လုပ်သားအင်အားအနေဖြင့် အမျိုးသားလုပ်သား (၄) ဦးနှင့် အမျိုးသမီး အင်အား (၅)ဦး ခန့်သုံးရကြောင်းနှင့် တစ်နေ့လုပ်အားခအနေဖြင့် (၅၀၀၀)ကျပ်မှ (၆၀၀၀) ကျပ်ထိ ပေးရကြောင်း သိရှိရပါသည်။

       မုန့်ဖတ်ခြောက်ပြုလုပ်ရာတွင် ဆန် တစ်အိတ်လျင် မုန့်ဖတ်ခြောက် (၃) ပိဿာခန့် အလေ အလွင့်ရှိကြောင်းနှင့် အလေအလွင့်ဖြစ်သွားသော မုန့်ဖတ်အကြေ များအား မွေးမြူရေး လုပ်ငန်း ပိုင်ရှင်များနှင့် ဆက်သွယ်ကာ ဝက်စာအဖြစ်ပြန်လည်ရောင်းချကာ (၁) ပိဿာလျှင် (၅၀၀) ကျပ်ခန့်ရရှိကြောင်း သိရှိရပါသည်။ ဆန် တစ်အိတ်လျှင် မုန့်ဖတ်ခြောက် (၂၀)ကျပ်သားထုပ် (၁၂၅)ထုပ် ခန့်ထွက်ရှိပါတယ်။ ရလာသောမုန့်ဖတ်ခြောက်များကို (၂၀) ကျပ်သားဝင် ပလတ်စတစ်နှင့် ထုပ်ပိုးပြီး ပီနံအိတ်ဖြင့်ထည့်ကြောင်း၊ ပီနံအိတ် တစ်အိတ်လျှင် မုန့်ဖတ်ခြောက် အထုပ်ငယ် (၅၀) ခန့်ပါဝင်ကြောင်းသိရှိရပါသည်။ (၂၀)ကျပ်သားပါ မုန့်ဖတ်ခြောက်ငယ်ထုပ်လေး များအား တစ်ထုပ် လျှင် (၃၈၀)ကျပ်မှ (၄၀၀)ကျပ်ခန့် ရောင်းချကြောင်းနှင့် မြန်မာနိုင်ငံအထက်ပိုင်း ဆန်ထွက် နည်းသောဒေသများမှ အဓိကမှာယူကြောင်း၊ မန္တလေး၊ မြစ်ကြီးနား၊ မြင်းခြံ၊ ရန်ကုန်၊ မော်လမြိုင်၊  ထားဝယ်၊ မြိုတ်မြို့များအထိ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      မြန်မာလူမျိုးများ၏ နံနက်ခင်းအစာပြေစားသောက်ရာတွင် မုန့်ဟင်းခါးအား နှစ်ခြိုက်စွာ ရွေးချယ် စားသုံးကြပါသည်။ မြန်မာနိုင်ငံဒေသအသီးသီးတွင် မုန့်ဟင်းခါးရောင်းချသော ဆိုင်များ များပြားလှပါသည်။ မြန်မာနိုင်ငံရှိ အိမ်ရှင်မများမှာလည်း မုန့်ဟင်းခါးအား နှစ်ခြိုက်စွာ ချက်ပြုတ် စားသောက်ကြရာ အလုပ်မအားလပ်၍ အပြင်ထွက်ပြီး မုန့်ဟင်းခါးဖတ်အားမဝယ်နိုင်သောအခါ မုန့်ဖတ်ခြောက်ထုပ်များကို အိမ်တွင်အသင့်ဝယ်ထားပါက လွယ်ကူလျင်မြန်သောကြောင့် မုန့်ဟင်းခါးဖတ်ခြေက် ဈေးကွက်သည် ရေရှည်တည်တံ့ခိုင်မြဲသော ဈေးကွက်တစ်ခုဖြစ်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့မှ ဈေးကွက်ဝင် အမွှေးနံ့သာတိုင်အကြောင်း တစေ့တစောင်း

      တောင်ငူမြို့တွင် အမွှေးတိုင် ပြုလုပ်ရန်အတွက် ကုန်ကြမ်းများဖြစ်သော အမွှေးနံ့သာ အမှုန့်များအား ရန်ကုန်မြို့မှ မှာယူရကြောင်း သိရှိရပါသည်။ အမွှေးတိုင်ပြုလုပ်ရန်အတွက် ဝါးနှင့် အမွှေး နံ့သာမှုန့်များလိုအပ်ပါသည်။ အမွှေးနံ့သာမှုန့်များအား ရေနှင့်ဖျော်ပြီး ခုံပေါ်တွင် ဝါးတိုင်လေး များနှင့် လိပ်ရပါသည်။ ပြီးလျှင် ‌နေလှန်း၍ အခြောက်ခံရပါသည်။ အမွှေးတိုင်လေးများ ခြောက်လျှင် ပါကင်အိတ်နှင့်ထည့်၍ တံဆိပ်ကပ်ပြီးလျှင် ဈေးကွက်အတွင်းသို့ရောင်းချရန် အမွှေးတိုင်ထုပ်လေး များရရှိပြီဖြစ်ပါသည်။

  အမွှေးတိုင်ဈေးနှုန်းများအနေဖြင့် တစ်ထုပ်လျှင် (၄၅၀)ကျပ်နှင့် (၁၅၀၀)ကျပ်တန် အထုပ်လေးများရှိပါသည်။ ဈေးကွက်အနေဖြင့် တောင်ငူမြို့အနီးတဝိုက်ရှိ ဒေသတွင်းများမှ ဝယ်ယူရောင်းချကြကြောင်း သိရှိရပါသည်။ မြန်မာတို့၏ဘာသာရေးပွဲတော်များဖြစ်သော သီတင်းကျွတ်၊ တန်ဆောင်တိုင်နှင့် သင်္ကြန် အခါရက်များတွင်ပိုမိုရောင်းချရပါသည်။

    ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ဘာသာရေးယုံကြည်မှုအရ အမွှေးတိုင်များအား ဘုရား ကပ်လှူပူဇော်ခြင်း၊ ရိုးရာဓလေ့ယုံကြည်မှုအရ ဘုရားများတွင် ယတြာချေခြင်းများပြုလုပ်ရာတွင် အမွှေးတိုင်များကို အသုံးပြုမှုများသောကြောင့် အမွှေးတိုင်လုပ်ငန်းများမှာ ရေရှည်တည်တံ့ခိုင်မြဲသော တပိုင် တနိုင်စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်နိုင်ကြောင်း လေ့လာသိရှိ သုံးသပ်မိပါသည်။

DOCA(ပဲခူး)

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

       အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ အောက်တိုဘာလ(၇)ရက်နေ့မှ အောက်တိုဘာလ(၁၃)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၄၀၀ မှ ၃၀၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၈၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၁၀၀၀ မှ ၁၈၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၆၀၀ မှ ၂၆၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၂၀၀ မှ ၁၅၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၅၀၀ မှ ၃၅၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၁၀၀၀ မှ ၁၆၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၈၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၄၀၀ မှ ၃၂၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၂၂၀၀ မှ ၃၆၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်)(ပိဿာ) ကျပ် ၃၅၀၀ မှ ၄၂၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၀၀၀ မှ ၂၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၃၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး (ရှည်)(ပိဿာ)ကျပ် ၁၄၀၀ မှ ၁၈၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီး စိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၂၀၀၀ မှ ၂၈၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၆၀၀ မှ ၂၈၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခု ရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၁၂၀၉၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၁၇၆၉၀) ကျော်၊ ဗူးသီးအလုံးပေါင်း (၃၃၃၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၃၃၁၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၂၁၃၀၀) ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၉၃၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၈၁၇၅)ကျော်၊ ဖရဲသီးလုံး ပေါင်း (၁၈၀၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

(DOCA)ရန်ကုန်

 

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း