ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

     မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်သီး (ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၅၀၀)ကြား၊  ပန်းသစ်တော်သီး (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေးသီး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ မင်းဂွတ်သီး(၁)လုံးလျှင် ကျပ်(၁၅၀မှ ၃၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

     မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်း သိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

       ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုစွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက် (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၈၀၀၀) ၊ အာပြဲခြောက် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက် (၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀)ရှိကြောင်း ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ စက်တင်ဘာလ၊ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် ပဲတီစိမ်းဈေး

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၊ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ ပဲတီစိမ်းမှာ ဧပြီလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ၊ ဒုတိယပတ်ထိ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုအပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင်(၅၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀)တင်း/(၅၉)တန်ဖြစ်ကြောင်း၊ စက်တင်ဘာလ၊ ပထမပတ်နှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ပထမပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၅၄၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲတီစိမ်းတစ်တင်းလျှင် (၁၀၀ဝိ)ကျပ် ဈေးပိုခဲ့ကြောင်း၊ ယခင်အပတ်ထက် ဈေးအနည်းငယ်ပိုလာပြီး အဝင်နည်း၍ ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပြည်ရာသီစာတောင်ပို့မှိုနှင့် မှိုမျိုးစုံဈေးနှုန်းဈေးကွက်

    ပြည်မြို့၏ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်ဈေးကွက်အတွင်း သီးနှံမျိုးစုံရောင်းဝယ်လျက်ရှိကြသည့်အနက် ဟင်းကောင်းတစ်ခွက်အဖြစ်ပါဝင်နေသော မှိုသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ယခုမိုးရာသီကာလတွင် မှိုအမျိုးအစား အမျိုးမျိုးထွက်ရှိကြရာ ကောက်ရိုးမှို၊ တောင်ပို့မှို၊ ငွေနှင်းမှို စသည်ဖြင့် ဈေးကွက်အတွင်းရောင်းချမှုများရှိကြပါသည်။ ရောင်းချမှုအများဆုံးမှာ ငွေနှင်းမှိုဖြစ်ပြီး တောင်ပို့မှို၊ ကောက်ရိုးမှို အမျိုးအစားများမှာမူ ငွေနှင်းမှိုကဲ့သို့ ပေါပေါများများမရှိကြသော်လည်း ဈေးကွက်အတွင်း၌ နေ့စဉ်ရောင်းဝယ်စားသုံးမှုရှိနေကြသော မှိုများအဖြစ်တွေ့ရှိရပါသည်။ ငွေနှင်းမှိုအမျိုးအစားမှိုများမှာမူ တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ကောက်ရိုးမှုအမျိုးအစားမှာ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ၁၄၀၀၀ကျပ်၊ ၁၅၀၀၀ကျပ်တို့ဖြစ်၍ ဈေးကောင်းခဲ့ပြီး  တောင်ပို့မှိုမှာမူ တစ်ပိဿာလျှင် ၃၉၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်ထိ ဈေးကောင်းပေးဝယ်ယူစားသုံးကြရကြောင်းသိရပါသည်။ ငွေနှင်းမှိုနှင့် ကောက်ရိုးမှိုများကို ပျိုးထုပ်များဖြင့် စိုက်ပျိုးထုတ်လုပ်ကြသည့်အတွက် ရာသီမရွေးဝယ်ယူစားသုံးနိုင်သော်လည်း တောင်ပို့မှိုကို ယခုရာသီတွင်သာ မှိုကျင်းရှိသော တောင်ပို့များ၌ နှုတ်ယူရောင်းချရသည့်အတွက် ကျန်ကာလများတွင် ရှားပါးသည်ဟုတွေ့ရှိရပါသည်။ မှိုကြိုက်သော အိမ်ရှင်မများအနေဖြင့် ရာသီစာ တောင်ပို့မှိုတို့ကို ဈေးကြီးပေးဝယ်ယူ၍ ချက်ပြုတ်စားသုံးကြကာ အဆိုပါဟင်းတစ်ခွက်ရှိလျှင်ပင် တခြားအသားဟင်းများမလိုဘဲ  ထမင်းမြိန်စွာစားသုံးနိုင်သည့် ဟင်းတစ်ခွက်ဖြစ်သည်ဟုဆိုကြပါသည်။ သက်သက်လွတ်ဟင်းလျာအဖြစ်လည်း ဝါတွင်းကာလ၌ သက်သက်လွတ်စားသုံးသူများအတွက် အဆင်ပြေပြီး ကောင်းမွန်သော ဟင်းအမယ်တစ်မျိုးဖြစ်ကြောင်းသိရပါသည်။ ငွေနှင်းမှိုအမျိုးအစားငွေများကို ငရုတ်သီးစိမ်း၊ မျှင်ငါးပိများနှင့် ကြိုက်နှစ်သက်ရာ အချို၊ အစပ်ချက်ပြုတ်ကြော်လှော်စားသုံးကြပြီး ကောက်ရိုးမှိုအမျိုးအစားများကိုမူ မှိုဟင်းသီးသန့်သော်လည်းကောင်း၊ ကန်စွန်းရွက်နှင့်ရော၍ မှိုကန်စွန်းဟင်းလျာအဖြစ်လည်းကောင်း စားသုံးကြပါသည်။ စားသောက်ဆိုင်ကြီးများတွင် မှိုကန်စွန်းဟင်းလျာကို ဈေးကောင်းပေး၍ ဝယ်ယူစားသုံးကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

မွေးမြူရေးကုန်ကြမ်းသုံး နေဗီယာမြက်

    ပြည်မြို့တွင် နေဗီယာမြက်ကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြကြောင်းသိရပါသည်။ အပင်ပုံစံမှာ ကြံပင် သို့မဟုတ် ပြောင်းဖူးပင်တို့ကဲ့သို့သော အပင်ကြီးမျိုးဖြစ်၍ စိုက်ပျိုးရလွယ်ကူပါသည်။ တိရိစ္ဆာန်များကိုကျွေးလျှင် သာမန်မြက်ထက် ၂ဆ၊ ၃ဆခန့် ကြီးထွားနှုန်းမြန်၍ ရိုးရိုးမြက်မှာ ပရိုတင်းအသားဓာတ် ၅ရာခိုင်နှုန်းခန့်ပါဝင်ပြီး နေဗီယာမြက်၏ အသားဓာတ်မှာ ၁၁ရာခိုင်နှုန်းမှ ၁၈ရာခိုင်နှုန်းအထိပါဝင်ပါသည်။ ဘိုင်အိုဂတ်စ်ထုတ်လုပ်နိုင်ခြင်း၊ လောင်စာထင်းမီးကိုအသုံးပြုပြီး လျှပ်စစ်မီးထုတ်လုပ်နိုင်ခြင်း စသည့် ကောင်းကျိုးများစွာရှိသော မြက်အမျိုးအစားဖြစ်သည်။ တစ်ကြိမ်စိုက်ပျိုးလျှင် ၈နှစ်အထိသုံးနိုင်သောကြောင့် နှစ်ရှည်ရိတ်သိမ်းရခြင်း၊ ရေမပေးနိုင်လျှင်လည်း အကြမ်းခံပြီး အပင်မသေဘဲ နွေရာသီအစာရှားပါးမှုဒဏ်မှကင်းလွတ်ကာ နှစ်ရှည်အသုံးပြု၍ ရသောအပင်မျိုးဖြစ်ပါသည်။ နေဗီယာမြက်ကို အခြောက်သိမ်းနိုင်ပြီး မြက်ချဉ်ဖတ်သိပ်၍ ကျွေးကြောင်းလည်းသိရပါသည်။ တိရိစ္ဆာန်အစာတောင့်ပြုလုပ်ရာတွင်လည်း ပါဝင်မှုရာခိုင်နှုန်းများကြောင်းသိရပါသည်။

     မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် အစာကုန်ကျစရိတ်သက်သာစေ၍ ဆင်၊ နွား၊ မြင်း၊ ကြက်၊ ဝက်၊ ဆိတ်၊ ယုန်၊ ပူး၊ ငါး စသည့်သတ္တဝါများကို ကျွေမွေးနိုင်ပြီး တိရိစ္ဆာန်များ ကြီးထွားဖွံ့ဖြိုးကျန်းမာရေးကောင်းမွန်စေ၍ လက်ရှိမြန်မာနိုင်ငံတွင် မွေးမြူရေးလုပ်ငန်းများအတွက် နေဗီယာမြက်မျိုးစိုက်ပျိုးလာကြပါသည်။ နေဗီယာမြက် ၆လက်မ၊ ၇လက်မ တစ်ဆစ်လျှင် ၁၀၀ကျပ်နှင့် အဆစ်(၂)ဆစ်လျှင် ၁၅၀ကျပ်၊ တေးကူးရန်းနေဗီယာ ၄လက်မ၊ ၅လက်မလျှင် (၂၀၀-၂၅၀) ကျပ်၊ နေဗီယာပါ ချောင်ဝမ်မြက်မျိုးသန့် ၂ပေထက်နိမ့်သော မြက်ချောင်းတစ်ချောင်းလျှင် (၂၀၀-၂၅၀) ကျပ်တို့ဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်နွေစပါးများအထွက်နှုန်းကောင်း၍ အကျိုးအမြတ်များဖြစ်ထွန်း

    ပြည်ခရိုင်ရှိ နွေစပါးများမှာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလဆန်းတွင် တင်း၁၀၀လျှင် ၁၅၁၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပြီး ဆန်ဈေးများမှာ ၂၄ပြည်ပါ တစ်အိတ်လျှင် ၆၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ နွေစပါးဈေးများမှာ ယခင်နှစ်ဖြစ်သော ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင် စပါးဈေးမှာ ၁၁၀၀၀၀၀ကျပ်၊ ဆန်တစ်အိတ်လျှင် ၄၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ နွေစပါးအမျိုးအစားများမှာ ရတနာတိုးစပါးများကိုသာ အဓိကထားစိုက်ပျိုးပြီး GW-11၊ ထိုင်းနှံကောက်မျိုးများကိုမူ အနည်းငယ်သာစိုက်ပျိုးပါသည်။ နွေစပါးမှာ မိုးစပါးထက်အထွက်နှုန်းကောင်းသောကြောင့် ဆည်ရေရသောနေရာများတွင် နွေစပါးကို တောင်သူများအားထား၍ ပိုမိုစိုက်ပျိုးကြပါသည်။ အထွက်ကောင်းသောကြောင့် အကျိုးအမြတ်ပိုမိုရရှိပြီး စပါး/ဆန်မှာ အရောင်းအဝယ်အေးနေသောကြောင့် ယခုကာလအတွင်း ဈေးငြိမ်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခွဲစက်သမား နေ့စဉ် ပြည်ကုလားပဲသီးနှံအဝယ်ရှိ

    ပြည်ပဲဈေးကွက်အတွင်း ကုလာပဲသီးနှံမှာ နေ့စဉ်ရောင်းဝယ်မှုဖြစ်နေသော ပဲသီးနှံဖြစ်ခဲ့ပါသည်။ ပဲဝင်ရောက်ခြင်းမရှိသော်လည်း ပဲလက်ကျန်များရှိမှုအပေါ် နေ့စဉ် အဝယ်များဖြင့် ရောင်းဝယ်နေကြရကြောင်းသိရပါသည်။ ဒေသအတွင်းခွဲစက်သမားများအပြင် ရန်ကုန်ဝယ်လက်သမားများပါ အဝယ်ရှိသည့်အတွက် တစ်ရက်လျှင် အိတ် (၄၀၀/၅၀၀) ကျော်ရောင်းချမှုဖြစ်ခဲ့ပါသည်။ ပဲဈေးမှာ တစ်တင်းလျှင် ၉၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေရသည့်အတွက် ဈေးအတက်အကျသိပ်မရှိဘဲ ရောင်းဝယ်မှုဖြစ်ခဲ့ပါသည်။ ယခင်နှစ်ကာလတူအချိန်၌ ကုလားပဲသီးနှံတစ်တင်းလျှင် ၆၇၅၀၀ကျပ်သာရရှိခဲ့တဲ့အတွက် ယခုနှစ်ဈေးမှာ ယခင်နှစ်ထက် ကျပ်၃သောင်းခန့်မြင့်တက်လာခဲ့ကြောင်းသိရပါသည်။ ကုလားပဲခွဲခြမ်းဈေးနှုန်းမှာမူ တစ်ပိဿာလျှင် ၅၆၀၀ကျပ်ဖြင့် လက်ကားဈေး အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူခရိုင်အတွင်း ရောင်းချနေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအား ထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန် စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

        ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေး သုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ၂၀၂၃ခုနှစ်၊စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူးသစ်(50)kg တစ်အိတ်လျှင် (၉၂၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၈၂၀၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင်(၇၇၀၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင်(၁၆၀၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၄၅၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ဘူးလျှင် (၁၂၀၀၀)ကျပ်၊ မိုရယ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၅၅၀၀) ကျပ်၊ ဒီမင်း (၁)လီတာ တစ်ဘူးလျှင် (၂၂၀၀၀)ကျပ် ၊ အမ်မို (၁)လီတာ တစ်ဘူးလျှင် (၂၂၀၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပြည်ဈေးကွက်သို့ မိုးပဲတီစိမ်းသစ်အဝင် နေ့စဉ်ရှိသော်လည်း ဈေးအေးနေ

     ပြည်ပဲဈေးကွက်၌ မိုးပဲတီစိမ်းသစ်များမှာ အဝင်ဆက်ရှိနေသော်လည်း တစ်ရက်လျှင် အိတ် (၁၀၀/၁၅၀ )ခန့်သာဝင်ရောက်မှုရှိခဲ့ပါသည်။ ပြည်အနီးတစ်ဝိုက်ဒေသများနှင့် မင်းတုန်း၊ ကံမမြို့နယ်များမှလည်း ကုန်းလမ်းနှင့် ရေလမ်းတို့မှ ဝင်ရောက်ခဲ့ကြပါသည်။ ဝယ်လိုအားအနေဖြင့်  မန္တလေးဝယ်လက်သမားများ အဓိကဝယ်ယူမှုရှိကာ ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။  ပဲဈေးနှုန်းအနေဖြင့် ပိဿာ (၂၀)ဝင် တစ်တင်းလျှင် ၅၄၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေရသည့်အတွက် ပဲဈေးကွက်မှာ အခြားပဲများနှင့်နှိုင်းယှဉ်လျှင် ဈေးအေးနေသောပဲသီးနှံဖြစ်နေပါသည်။ အခြားပဲများမှာ ၂၀၂၃ခုနှစ်တွင် ဈေးကောင်းရနေသော်လည်း  ပဲတီစိမ်းသီးနှံမှာမူ သီးနှံပေါ်စအချိန်မှ ယခုအချိန်ထိ ဈေးအေးခဲ့သောကြောင့် ပဲစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်လျော့ခဲ့ကြောင်းသိရှိရပါသည်။   

DOCA(ပဲခူး)

ကန့်ဘလူခရိုင်၏ ဆန်စီးထွက်မှုနှင့် ဈေးနှုန်း၊ဈေးကွက် အခြေအနေ

    “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူခရိုင်အတွင်း  ဆန်စီးဝင် စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။

      ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော စပါး၊ ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၃၅၀၀၀၀၀၊ ဧရာမင်း စပါးတင်း (၁၀၀)လျှင် ကျပ် ၃၀၀၀၀၀၀ နှင့် နွေစပါးရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၁၈၂၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၂၄၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြစ်ပြီး  ယခင်အပတ်ထက် ဈေးအနည်းငယ် ကျဆင်းလျက်ရှိပါကြောင်း ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ  မန္တလေးတိုင်းသို့ အိတ်ရေ ၅၀၀အိတ်၊ မြစ်ကြီးနားသို့ အိတ်ရေ၅၀၀ အိတ်၊ စုစုပေါင်းအိတ်ရေ ၁၀၀၀ အိတ်၊ တန်အားဖြင့် (၅၀)တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက် လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                   

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း