ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များရောင်းချပေး

    ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူမြို့၊ ဘုရင့်နောင်ဈေးအနီးတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများသည် တိုက်ရိုက်အရောင်းဈေးဖွင့်လှစ်၍ အခြေခံစားကုန်တို့ကို သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာလာရောက်ဝယ်ယူနိုင်ပါသည်။

     ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့တွင် တောင်ငူမြို့နယ်ဆန်ကုန်သည်နှင့် ဆန်စက်ပိုင်ရှင်များက ဆန်တစ်ပြည်လျှင် ၂၅၀၀ကျပ်နှုန်း၊ လူတစ်ဦးလျှင် နှစ်ပြည်နှုန်းဖြင့်လည်းကောင်း၊ ဘုရင်မဆီပွဲရုံတွင် စားအုန်းဆီတစ်ပိဿာလျှင် ၄၅၀၀ကျပ်နှုန်း၊ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိပါသည်။

     မွေးမြူရေးထုတ်ကုန်လုပ်ငန်းရှင်များက ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးများကိုလည်းကောင်း၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူမျာက ဟင်းသီးဟင်းရွက်များကိုလည်းကောင်း သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးကြပါသည်။

  ထို့အတူ ဘုရင်မဆီပွဲရုံသည် အမှတ်(၁၁)ရပ်ကွက်မှ အခြေခံလူတန်းစားများအား စားအုန်းဆီပိဿာ ၂၂၀ကိုလည်းကောင်း၊ ဦးအောင်ကျော်ဆီပွဲရုံသည် အမှတ်(၁၂)ရပ်ကွက်ရှိ အခြေခံလူတန်းစားများအား စားအုန်းဆီပိဿာ ၂၂၀ကိုလည်းကောင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးကြောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ၄၅၀၀ကျပ်နှုန်း၊ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

စပျစ်သီးနှင့် ကျန်းမာရေး

    စပျစ်သီးသည် လူကြိုက်များသည့် အသီးတစ်မျိုးဖြစ်ပြီး အရောင်အသွေး၊ အနံ့၊ အရသာနှင့်လည်းပြည့်စုံသည်။ ခရမ်းရောင်ရင့်ရင့်၊ အနီရောင်၊ အစိမ်းရောင် စသည်ဖြင့် အရောင်အမျိုးမျိုးရှိပါသည်။ အရသာကောင်းသကဲ့သို့ ဆေးဖက်လည်းဝင်ပါသည်။

    စပျစ်သီးတွင် ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင် C၊ ဗီတာမင် K၊ သီရာမင်း၊ Riboflavin၊ ဗီတာမင် B6၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ မဂ္ဂနိ စသည့် အာဟာရ ၁၃မျိုးပါဝင်ပြီး ကင်ဆာကာကွယ်ပေးခြင်း၊ နှလုံးကိုကျန်းမာစေခြင်း၊ သွေးပေါင်ကျ စေခြင်း၊ ဝမ်းမှန်စေခြင်း၊ ဓာတ်မတည့်မှုကိုသက်သာစေခြင်း၊ မျက်လုံးကိုကျန်းမာစေခြင်း၊ ဝက်ခြံမပေါက်စေခြင်း စသည့်ကျန်းမာရေးကို အထောက်အကူပြုပါသည်။

    စပျစ်သီးအစေ့သည် ဆီးချိုရောဂါကြောင့်ဖြစ်သော အမြင်အာရုံပြဿနာကိုလည်းကာကွယ်ပေးပါသည်။ စပျစ်ဝိုင်ကြိုက်သူများအတွက် အရောင်ရင့်ရင့်ကို ရွေးချယ်သောက်သုံးခြင်းဖြင့် သွေးကျဲစေနိုင်ပါသည်။ တောင်ငူမြို့ရှိ သစ်သီးဆိုင်များတွင် စပျစ်သီးတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့်ရောင်းချကြောင်းနှင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် အသားနှင့်ပုစွန်ဈေးကျပြီး ငါးဈေးတက်

တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ကြက်သား (အိမ်မွေးကြက် )မှာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ စီပီကြက်မှာ ယခင်အပတ်တွင် အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။
ဝက်သား(ရေလွတ်သား)မှာ ယခုလလယ်ပိုင်းတွင် သုံးထပ်သားတစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိခဲ့ပြီး ယခုလကုန်ပိုင်းတွင် သုံးထပ်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ပေါင်သား တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၂၁၈၀၀၀ကျပ်ဖြစ်၍ ဈေးအနည်းငယ်ကျဆင်းနေပါသည်။
ငါးကြင်းမှာ ယခင်အပတ်တွင် အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်း အနည်းငယ်တက်ပြီး ငါးကြင်းဖြူမှာ အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ အမြီး လွတ်၊ ခေါင်းလွတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
ငါးရံ့မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ငါးခူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။
ပုစွန်ဆိတ်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ပုစွန်အသေးမှာ တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပုစွန်အလတ်မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၇၀၀၀ကျပ်နှင့် ပုစွန်အကြီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၃၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)

တောင်ငူမြို့တွင် အခြေခံစားကုန်တချို့ဈေးနှုန်းအတက်အကျရှိ

    တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၀၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

    ကြက်သွန်နီမှာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် တစ်ပိဿာလျှင် အသေး ၂၄၀၀ကျပ်၊ အလတ် ၂၈၀၀ကျပ်၊ အကြီး ၃၂၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၃၂၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၈၀၀ကျပ်၊ အလတ် ၃၂၀၀ကျပ်၊ အကြီး ၃၆၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၃၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

    ကြက်သွန်ဖြူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် အသေး ၈၀၀၀ကျပ်၊ အလတ် ၉၀၀၀ကျပ်၊ အကြီး ၁၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၈၀၀၀ကျပ်၊ အလတ် ၈၅၀၀ကျပ်နှင့် အကြီး ၉၀၀၀ကျပ်ဖြင့် ဈေးနှုန်းပြန်လည်ကျဆင်းပြီး တရုတ်ကြက်သွန်ဖြူ ၉၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    အာလူးတစ်ပိဿာဈေးနှုန်းများမှာ အသေး ၂၂၀၀ကျပ်၊ အလတ် ၂၆၀၀ကျပ်၊ အကြီး ၃၀၀၀ကျပ်၊ တရုတ်အာလူး ၃၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ငရုတ်သီးခြောက်အပုမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၇၀၀၀ ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိသာလျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ငရုပ်သီးခြောက်အရှည်မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင်  တစ်ပိသာလျှင် ၁၃၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်၊ ငရုပ်သီးခြောက်အပွမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။

     မြေပဲဆံ(အနီ)မှာ တစ်ပိဿာလျှင် ၉၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ မြေပဲဆံ (အဖြူ)မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၂၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၃၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၂၀.၉.၂၀၂၃ )

၂၀.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၂၀.၉.၂၀၂၃ )

   ၂၀.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၀.၉.၂၀၂၃ )

    ၂၀.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်တချို့ ဈေးနှုန်းကျ

  တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး)မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၅၀၀ကျပ်အထိဈေးနှုန်းဖြစ်၍ အနည်းငယ်ကျဆင်းလာခဲ့ပြီး ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ်မှ ၇၀၀၀ကျပ်၊ ကုလားအော်သီးမှာ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ဖြင့်  ဈေးနှုန်းတည်ငြိမ်နေပါသည်။ 

    ခရမ်းသီး (အဖြူ)မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်း အနည်းငယ်ကျဆင်းလာခဲ့ပြီး ခရမ်းသီး(အညို)မှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ဒေသသခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၆၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၂၀၀ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၃၀၀ကျပ်အထိ ဈေးနှုန်းကျဆင်းပြီး တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။   

  ခရမ်းချဉ်သီး(ရှမ်းပြည်သီး)မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၂၀၀ ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်၊ ခရမ်းချဉ်သီး (ဒေသသီး)မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်အထိ ဈေးနှုန်းပြန်လည်ကျဆင်းပါသည်။

    နံနံပင်မှာ ယခင်အပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၄၀၀ကျပ်၊ မုန်ညင်းဖြူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၈၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်၊ မုံလာဥဖြူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀ကျပ်မှ ၂၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်အထိ ဈေးနှုန်းကျဆင်းပြီး မုံလာဥနီမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၈၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   ကန်စွန်းရွက်မတစ်စည်းလျှင် ၁၅၀ကျပ်၊ ၁၀စည်းယူလျှင် ၁၂၀၀ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၈၀၀ကျပ်၊ ကင်မွန်းချဉ်ရွက် တစ်စည်းလျှင် ၂၀၀ကျပ်၊ ၁၀စည်းယူလျှင် ၁၆၀၀ကျပ်တို့ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့ရှိ ဆိုင်ကယ်ဈေးကွက်အခြေအနေ

    တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ ဈေးလမ်းရှိ “ထက်” ဆိုင်ကယ်အရောင်းဆိုင်တွင် ဆိုင်ကယ်အမျိုးအစား (၇)မျိုးကို ရောင်းချလျက်ရှိရာ NCX Wave 100 နှင့် 125 Click ဘီးများမှာ လူကြိုက်များ၍ အရောင်းအဝယ်သွက်လျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် NCX Wave 100 တစ်စီးလျှင် ကျပ်သိန်း ၂၀နှင့် 125 Click တစ်စီးလျှင် ကျပ်သိန်း ၄၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုလတွင် NCX Wave 100 တစ်စီးလျှင် ကျပ်၂၅သိန်းနှင့် 125 Click တစ်စီးလျှင် ကျပ်သိန်း ၅၀ဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

   “ထက်” ဆိုင်ကယ်အရောင်းဆိုင်အနေဖြင့် ဝယ်ယူအားပေးသူများကို ဈေးနှုန်းသက်သာစွာရောင်းချပေးသည့်အပြင် အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုသူများကိုလည်း ဘဏ်များနှင့်ချိတ်ဆက်ပေးကြောင်း၊ ယခင်လတွင် ဆိုင်ကယ်အရောင်းအဝယ်သွက်သော်လည်း ယခုလတွင် အရောင်းအဝယ်အေးကြောင်းသိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များတိုက်ရိုက်ရောင်းချပေး

   ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရေတာရှည်မြို့နေပြည်သူများ အခြေခံစားကုန်များကို ဈေးနှုန်းသင့်တင့်စွာဝယ်ယူနိုင်ရေးအတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက  ရေတာရှည်မြို့၊ စည်ပင်သာယာဈေးကြီး၏ အနောက်ဘက်တွင် ဆန်၊ ဆီ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များတိုက်ရိုက်အရောင်းဈေးဖွင့်လှစ်၍ ရောင်းချပေးလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၆ရက်နေ့တွင် ရေတာရှည်မြို့နယ် ဆန်စက်ပိုင်ရှင်များအသင်းက ဆန်တစ်ပြည်လျှင် ၂၅၀၀ကျပ်ဖြင့် လူတစ်ဦးလျှင် နှစ်ပြည်နှုန်း၊ ဆီကုန်သည်များက စားအုန်းဆီတစ်ပိဿာလျှင် ၅၀၀၀ကျပ်နှုန်းဖြင့် ရောင်းချပေးပါသည်။

    မွေးမြူရေးလုပ်ငန်းရှင်များက ကြက်သား ၁၀ကျပ်သားလျှင် ၁၀၀၀ကျပ်၊ ဝက်သား ၁၀ကျပ်သားလျှင် ၁၂၀၀ကျပ်၊ အမဲသား ၁၀ကျပ်သားလျှင် ၁၀၀၀ကျပ်၊ ဆိတ်သား ၁၀ကျပ်သားလျှင် ၂၀၀၀ကျပ်၊ ငါး ၁၀ကျပ်သားလျှင် ၇၀၀ကျပ်နှင့် ကြက်ဥတစ်လုံးလျှင် ၂၅၀ကျပ်ဖြင့်ရောင်းချလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ပါသည်။

   ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဈေးမှ အခြေခံစားသောက်ကုန်များရောင်းချရာနေရာသို့ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဝန်ထမ်းများက ကြီးကြပ်ကူညီဆောင်ရွက်ပေးကြောင်းနှင့် နေ့စဉ်ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက လုပ်ငန်းရှင်များနှင့်ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း