ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမြို့နယ်တွင် စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရန် သက်သာဈေးအရောင်းဆိုင်ဖြင့် ရောင်းချပေး

    မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ရှိ မြို့မစည်ပင်သာယာဈေးအတွင်း၌ ၂၀၂၃ ခုနှစ် စက်တင်ဘာလဒုတိယပတ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြင်းခြံကုန်စည် ဒိုင်တို့ပူးပေါင်း၍ စားသုံးသူပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန် ပြည်သူ့သက်သာဈေးအရောင်းဆိုင်ဖြင့်(တတိယအကြိမ်မြောက်) ရောင်းချပေးခဲ့ ပါသည်။

      အဆိုပါအရောင်းဆိုင်တွင် ဆန်တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၂၃၀)ကျပ်၊ ဆိတ်သား(အသားသန့်) တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ အရိုးနှင့်အသားပါတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ကလီစာတစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အရိုးအကြမ်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား)တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ အရိုးနှင့် အသားတွဲလျက်တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်၊ ကလီစာ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ အရိုးကြမ်း တစ်ပိဿာလျှင်(၄၀၀၀) ကျပ်၊ အမဲသား(အသားသန့်) တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အရိုးနှင့်အသားတွဲလျက်တစ်ပိဿာ လျှင်(၁၀၀၀၀)ကျပ်၊ ကလီစာ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ အရိုးတစ်ပိဿာလျှင်(၄၀၀၀)ကျပ် နှုန်းများဖြင့် ရောင်းချပေးခဲ့ပါသည်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်း (မြင်းခြံ)မှလည်း စားသုံးသူ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရေးအတွက် စားအုန်းဆီတစ်ပိဿာလျှင် (၄၉၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)     

 

 

မကွေးမြို့နယ်၊ ဆန်စပါးကုန်သည်များအသင်းသည် ဆဋ္ဌမအကြိမ်မြောက် ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချပေး

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ကြီးကြပ်၍ မကွေးမြို့နယ်၊ ဆန်စပါးကုန်သည်များအသင်းအနေဖြင့် (ဆဌမအကြိမ်မြောက်) မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်များရောင်းချပေးခြင်းကို (၁၁-၉-၂၀၂၃)ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် မကွေးမြို့၊ ဆုံရပ်ကွက်၊ သီလမဂ္ဂင်ဓမ္မာရုံရှေ့၌ ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ ရောင်းချပေးရာတွင် သီးထပ်ဇီယာ(၉၅%)ဆန်တစ်ပြည်လျှင် ကျပ်(၂၅၀၀)နှုန်းဖြင့် စုစုပေါင်းဆန်အိတ် (၂၀)၊ လူဦးရေ (၄၈၀)အား ရောင်းချပေးခဲ့ပြီး မကွေးမြို့နယ်ဆန်စပါးကုန်သည်များအသင်းသည် ပထမအကြိမ်အဖြစ် (မကွေးမြသလွန်ဘုရား) ညနေစျေး၌လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် (နံကပ်ကျွန်း)ကျေးရွာအုပ်စု၌လည်းကောင်း၊ တတိယအကြိမ်အဖြစ် (ရန်ပယ်စျေး)၌လည်းကောင်း၊ ပဉ္စမအကြိမ်အဖြစ် သိင်္ဂါ(မင်္ဂလာစျေး)၌လည်းကောင်း အသီးသီးရောင်းချပေးခဲ့ကြောင်းနှင့် ဆက်လက်၍လည်း သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မိတ္ထီလာမြို့၌ ဈေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်များအား ရောင်းချပေး

    စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာစည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိသော မိတ္ထီလာမြို့မဈေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ကုန်စျေးနှုန်း ကျဆင်းရေးနှင့် ပြည်သူလူထုများ ပြင်ပပေါက်စျေးများထက် သက်သာသောနှုန်းထားများဖြင့် ဝယ်ယူစားသုံးနိုင်‌ရေးအတွက်ရည်ရွယ်၍  (၁၂.၉.၂၀၂၃) ရက်နေ့တွင် မိတ္ထီလာမြို့ ၊ မြိုသစ်စျေး၌ စားသောက်ကုန် ပစ္စည်းများကို ဒေသခံပြည်သူများအား စိုက်ပျိုးမွေးမြူဖြန့်ဖြူးသူများ၏ ဈေးနှုန်း သက်သာရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

       ရောင်းချရာတွင် အမဲသား တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ကြက်သား(အသားထုပ်) တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ကြက်သား (အရိုး/အသား)တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငါးတန် တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးမြင်းချင်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးခူ တစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ တီလားဗီးယား တစ်ပိဿာလျှင် (၇၅၀၀) ကျပ်၊ ရေချိုပုဇွန် တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၂၅၀) ကျပ်၊ ဘဲဥ တစ်လုံးလျှင် (၂၅၀) ကျပ်၊ ဆန် (မနောသုခ) တစ်ပြည်လျှင် (၃၁၅၀) ကျပ်၊ ဆန် (ဧည့်မထ) တပြည်လျှင် (၂၅၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၄၄၀၀) ကျပ်နှင့် ဆား တစ်ပိဿာလျှင် (၄၀၀) ကျပ်ဖြင့် ရောင်းချပေးကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)     

 

မိတ္ထီလာကြက်သွန်နီဈေးကွက်

      မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာကြက်သွန်နီဈေးကွက်တွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော   ကြက်သွန်နီဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် (၂၅၀၀-၃၀၀၀)ဈေးနှုန်းများဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ မိတ္ထီလာဈေးကွက်မှ ကြက်သွန်နီကို ရန်ကုန်၊ ပဲခူးဈေးကွက်များသို့ ပုံမှန်တင်ပို့နေပြီး မြဝတီ၊ မူဆယ်နယ်စပ်အဝယ်များရှိသည့်အခါ ရောင်းအားပိုသကဲ့သို့ ဈေးကောင်းရလေ့ရှိပါသည်။ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကြက်သွန်နီမှာ နယ်စပ်ဝယ်လက်များအဝယ်နည်းခြင်း၊ မိုးရွာ သွန်းမှုများခြင်းတို့ကြောင့် တင်ပို့မှုလျော့ကျရာ ရန်ကုန်သို့ (၁၂) ဘီးကား (၂-၃) စီးကို အခြားကုန်များ နှင့်ရော၍ လည်းကောင်း၊ ပဲခူးသို့ (၆) ဘီးကား တစ်ရက်လျှင် တစ်စီးမှာလည်း အခြားကုန်များနှင့်ရော၍လည်းကောင်း တင်ပို့ကြောင်းသိရသည်။ ကုန်တင်ခအနေနှင့် မိတ္ထီလာ-ရန်ကုန်မှာ သြဂုတ်လမှစ၍ မြင့်တက်ခဲ့သဖြင့် တစ်ပိဿာ (၁၂၀) ကျပ်၊ မိတ္ထီလာ-ပဲခူးမှာ စျေးနှုန်းပြောင်းလဲမှုမရှိဘဲ တစ်ပိဿာ (၁၀၀) ကျပ် စျေးရှိပါသည်။

       ကြက်သွန်နီစျေးကျဆင်းရခြင်းမှာ ပုံမှန်ဝယ်လက်မှ အဝယ်နည်းခြင်း၊ ရာသီဥတုအပေါ်အမှီပြုခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။

DOCA(မန္တလေး)     

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၅၂၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၅၅၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ကြက်သွန်နီလက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၃၇၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၃၀၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၇၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၉၀၀၀ကျပ်မှ၁၀၀၀၀ကျပ် ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၅၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ် မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၄၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

     ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၅၀)ကျပ်၊ (သေး)တစ်လုံး (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

     စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၄၇၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)     

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်

    မုံရွာမြို့ပေါ်ရှိ ကြက်သွန်နီကုန်ဝယ်ဒိုင်များသို့ ပုလဲ၊ ချောင်းဦး၊ ယင်းမာပင်၊ ဘုတလင်၊ ဆားလင်းကြီးနယ်များမှ ကြက်သွန်နီများအပြင် မုံရွာမြို့နယ်အတွင်း ကြက်သွန်နီ အများဆုံး စိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်ကြသော မြေနဲကျေးရွာ၊ အောင်သာကျေးရွာ၊ မင်းကျေးရွာ၊ ကုတောပလ္လင်ကျေးရွာ၊ လယ်တီကျေးရွာ၊ တုံကျေးရွာ၊ နှုန်းကြီးကျေးရွာစသည့် ကျေးရွာများမှ ကြက်သွန်နီများ တင်ပို့အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ဒုတိယ) အပတ်၏ ကြက်သွန်နီ လက်ကား ဒိုင်ဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၂၈၀၀-၂၉၀၀-၃၀၀၀၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၂၂၀၀-၂၃၀၀၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၂၂၀၀ ဖြင့် နေ့စဉ် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

     မုံရွာမြို့ပေါ်ရှိ ကန်သာယာဈေးနှင့် ဈေးဟောင်းတို့တွင် ကြက်သွန်နီ လက်လီရောင်းချ သည့် ဈေးနှုန်းမှာ အရည်အသွေးကိုလိုက်၍ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၃၂၀၀-၃၃၀၀၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၂၅၀၀-၂၇၀၀၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၂၃၀၀-၂၄၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခုအချိန်သည် ကြက်သွန်ပေါ်ချိန် မဟုတ်သေးပဲ ဂိုဒေါင်များမှာ သိုလှောင်ထားသော ကြက်သွန်များကိုသာ ရောင်းချနေကြရခြင်းဖြစ်သဖြင့် လက်ကျန်နည်း၍ ဈေးနှုန်းမှာ ယခင်လထက် အနည်းငယ်မြင့်တက်နေကြောင်း မုံရွာမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံပိုင်ရှင် တစ်ဦးထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)     

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၃၀၀၀၀၀ ကျပ်၊ ဧည့်မထဆန် (တစ်အိတ်)လျှင် ၁၁၀၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀-၁၃၀၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၃၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၄၆၀၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀ မှ ၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၇၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) ၃၄၀၀ မှ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၈၀၀၀ မှ ၈၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၉၀၀၀ မှ ၉၅၀၀ ကျပ်၊ အာလူး (တစ်ပိဿာ) ၂၆၀၀ မှ ၂၇၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၈၀၀ မှ ၄၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၂၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်)၁၀၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း) ၇၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ)လျှင် ၁၀၀၀၀ မှ ၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၆၀၀၀ မှ ၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၄၀၀၀ မှ ၂၆၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀ မှ ၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၆၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၄၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံး လျှင် ၁၀၀၀-၃၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

      ယခင်ပတ်နှင့် နှိုင်းယှဉ်ပါက အခြေခံစားကုန်ဖြစ်သော အာလူး၊ ငရုတ်ခြောက် ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေပါကြောင်း၊ ပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီဈေးနှုန်းများ အနည်း ငယ်ကျဆင်းနေပါကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ မိုးသီးနှံများဖြစ်သော မြေပဲနှင့် နှမ်းသီး နှံများ စတင်ထွက်ပေါ်နေပြီဖြစ်သည့်အတွက် ဈေးအနည်းငယ်ကျဆင်းလာပါကြောင်း၊ စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်း အလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ လက်ကား ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)     

 

 

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

     မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိသော်လည်း စွန်တာနီ/ပြာပဲ သည် ယခင်နှစ်ကထက် အနည်းငယ် ဈေးကျနေပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်း သတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၈၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၂၅၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ခြောက်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၁၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ငါးထောင်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ကုလားပဲဖြူလုံးကြီး တစ်တင်း လျှင် ကျပ် ၇၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၃၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၉၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၆၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ) ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၈၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်း ခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်ထောင် ကျဆင်းခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၁၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၂၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် လေးသောင်းခွဲခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၇ မှ ၁၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၇၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၁၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးထောင်ကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၁၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၆၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၀၀၀၊ ယခင်နှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၆၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၉၀၀၊ တစ်ပိဿာလျှင် ကျပ် ခုနှစ်ရာမှ ရှစ်ရာအထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၉၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၀၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၀၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၅၀၀၀၊ နှမ်းညို တစ်တင်း လျှင် ကျပ် ၈၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲကျော် အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာ အမျိုးအစားများဖြစ်သည့် အာမို(၁၀:၁၀:၅)တစ်အိတ် (၈၀၀၀၀)ကျပ်၊‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်(၁၂၀၀၀)ကျပ်၊ ယူရီး ယား(ရွှေတောင်)တစ်အိတ်(၁၀၀၀၀၀)ကျပ်၊တီစူပါ၄၆%(သံကွင်း(တရုတ်)တစ်အိတ်(၈၅၀၀၀)ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ် (၉၅၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်)တစ်အိတ် (၈၀၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်) တစ်အိတ် (၈၇၀၀၀) ကျပ်၊ တီစူပါတစ်အိတ်(၇၂၀၀၀)ကျပ်၊  နိုက်ထိုဖောစကာ (သြဘာ) တစ်အိတ် (၁၆၂၀၀၀)၊ ပန်းဖူး (မြန်မာ့သြဘာ) တစ်အိတ် (၈၇၀၀၀) ကျပ်၊ အာမို (၁၅:၁၅:၁၅)တစ်အိတ် (၁၃၅၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ် (၉၀၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅) တစ်အိတ် (၁၄၄၀၀၀)ကျပ်၊ MC (ကွန်ပေါင်း) တစ်အိတ် (၁၃၅၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ် (၆၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများ ဖြစ်သည့် စတား(အာမို) (၁)ဘူး (၅၅၀၀)ကျပ်၊ လန်ဒါ(ဝိစာရ) (၁) ဘူး (၁၇၅၀၀) ကျပ်၊ ဘက်တား တစ်ထုပ် (၂၁၅၀၀)ကျပ်၊ ဆန်နာဂျီ တစ်ထုပ် (၁၈၀၀၀)ကျပ်၊ ရွှေတောနစ် (မြင်းကြား) တစ်ဘူး (၁၃၀၀၀) ကျပ်၊ မိုရယ်မုန် (သြဘာ) တစ်ဘူး (၂၅၅၀၀)ကျပ်၊ ဖို့စတင်း (သြဘာ) တစ်ဘူး (၃၄၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) တစ်ဘူး (၄၅၀၀၀) ကျပ်၊ အစီဖိတ်(ဩဘာ)တစ်ဘူး (၂၁၀၀၀)ကျပ်၊ ရွှေစိုက်ပါ တစ်ဘူး (၂၉၀၀၀)ကျပ်၊ အီမာ တစ်ဘူး (၃၄၀၀၀)ကျပ်၊ သန်းဒါး တစ်ဘူး (၁၈၀၀)ကျပ်၊ ဒိုဇာ တစ်ဘူး (၂၀၀၀)ကျပ်၊ ထိသေစားသေတစ်ဘူး (၁၅၅၀၀)ကျပ်၊ ပင်လုံးပြန့် တစ်ဘူး (၂၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

       ယခုအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို(၁၀:၁၀:၅)တစ်အိတ် (၈၀၀၀၀) ကျပ်၊‌ ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်(၁၂၀၀၀)ကျပ်၊ ယူရီးယား(ရွှေတောင်)တစ်အိတ်(၁၀၀၀၀၀) ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်)တစ်အိတ် (၈၅၀၀၀)ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ် (၉၃၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်)တစ်အိတ်(၇၉၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်) တစ်အိတ် (၉၀၀၀၀) ကျပ်၊ တီစူပါတစ်အိတ်(၇၆၀၀၀)ကျပ်၊  နိုက်ထိုဖောစကာ(သြဘာ) တစ်အိတ် (၁၆၂၀၀၀)၊ ပန်းဖူး (မြန်မာ့သြဘာ) တစ်အိတ် (၈၇၀၀၀) ကျပ်၊ အာမို(၁၅:၁၅:၁၅)တစ်အိတ် (၁၃၅၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ် (၉၀၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅) တစ်အိတ် (၁၄၄၀၀၀)ကျပ်၊ MC (ကွန်ပေါင်း) တစ်အိတ် (၁၃၅၀၀၀)ကျပ်၊ ဇာမဏီ(ကွန်ပေါင်း) တစ်အိတ် (၆၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (၁)ဘူး (၅၅၀၀)ကျပ်၊ လန်ဒါ(ဝိစာရ) (၁) ဘူး (၁၇၅၀၀) ကျပ်၊ ဘက်တား တစ်ထုပ် (၂၁၅၀၀)ကျပ်၊ ဆန်နာဂျီ တစ်ထုပ် (၁၈၀၀၀)ကျပ်၊ ရွှေတောနစ် (မြင်းကြား) တစ်ဘူး (၁၂၀၀၀) ကျပ်၊ မိုရယ်မုန် (သြဘာ) တစ်ဘူး (၂၅၀၀၀)ကျပ်၊ ဖို့စတင်း (သြဘာ) တစ်ဘူး (၃၄၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) တစ်ဘူး (၄၇၀၀၀) ကျပ်၊ အစီဖိတ်(ဩဘာ)တစ်ဘူး (၂၁၀၀၀)ကျပ်၊ ရွှေစိုက်ပါ တစ်ဘူး (၂၉၀၀၀)ကျပ်၊ အီမာ တစ်ဘူး (၃၄၀၀၀)ကျပ်၊ သန်းဒါး တစ်ဘူး (၁၈၀၀)ကျပ်၊ ဒိုဇာ တစ်ဘူး (၂၀၀၀)ကျပ်၊ ထိသေစားသေ တစ်ဘူး (၁၅၅၀၀)ကျပ်၊ ပင်လုံးပြန့် တစ်ဘူး (၂၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုအပတ် တွင် ဓါတ်မြေဩဇာများသည့် ပန်းဖူး(သစ်)နှင့် မျှားကမ္ဘာ(၂)မျိုးမှာ ဈေးနှုန်းကျဆင်းနေပြီး ပုလဲဓါတ် မြေဩဇာနှင့် တီစူပါ(၂)မျိုးမှာ ဈေးအနည်းငယ် တက်နေပါကြောင်း၊ ပိုးသတ်ဆေးများဖြစ်သည့် ရွှေတောနစ်နှင့် မိုရယ်မုန်(၂)မျိုးမှာ ဈေးနှုန်းအနည်းငယ် ကျဆင်းနေပြီး ဒါနာဒင်(၁)မျိုးမှာ ဈေးအနည်းငယ် တက်နေပါကြောင်း လေ့လာသိရှိရသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့၌ စားသုံးဆီဈေးများအနည်းငယ်ကျဆင်း

     စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုမြို့၌ စားအုန်းဆီ ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

    ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး စက်တင်ဘာလ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၄၈၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု စက်တင်ဘာလ ဒုတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၄၇၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်ပတ်နှင့် ယခုပတ် စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီ တစ်ပိဿာလျင် (၁၀၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး ပဲဆီသန့်နှင့် နှမ်းဆီသန့်ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း