ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပဲခူးတိုင်းဒေသကြီ၏ သီးနှံဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော ဩဇာသီး

     ပဲခူးတိုင်းဒေသကြီးတွင်  ဩဇာသီးများမှာ  ၂၀၂၃ခုနှစ်၊ ဇွန်လကုန်မှစတင်ဝင်ရောက်ခဲ့ပြီး ဝင်ရောက်သည့်ဩဇာသီးများမှာ ပြည်၊ ပန်းတောင်းမြို့များနှင့် ပုပ္ပါးမြို့များမှ အများဆုံးဝင်ရောက်ကာ ရန်ကုန်မှလည်းဝင်ရောက်ကြောင်းသိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် ဇူလိုင်လအတွင်း  သြဇာသီးအလုံးအကြီးအသေးအပေါ်မူတည်၍ ၇၀၀ကျပ် မှ ၁၀၀ကျပ်ဈေးထိရှိသော်လည်း ယခုစက်တင်ဘာလတွင် သြဇာသီးဈေးနှုန်းအနေဖြင့် ဩဇာသီးအလုံးအကြီးအသေးပေါ်မူတည်၍  ၄၀၀ကျပ်မှ  ၈၀၀ကျပ်ထိဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ဩဇာသီးများ လှိုင်လှိုင်ဝင်ရောက်အရာင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၁၉.၉.၂၀၂၃ )

    ၁၉.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၃၃/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၁၉.၉.၂၀၂၃ )

    ၁၉.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၉.၉.၂၀၂၃ )

    ၁၉.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

သရက်မြို့၌ အများပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးမှုအခြေအနေ

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သရက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အတွင်းရှိ ဆန်စက်နှင့် ဆန်ကုန်သည်များပူးပေါင်း၍ (၉-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်တွင် အမှတ်(၅)၊ တောင်မင်းတည်းရပ်ကွက်၊ သိမ်ကြီးဓမ္မာရုံ၌ ပြည်သူများအား ဈေးနှုန်းချိုသာစွာဆန်များရောင်းချပေးခဲ့ပါသည်။

    ထိုသို့ရောင်းချပေးရာတွင် အိမ်ထောင်စု(၁)စုလျှင် ဧည့်မထဆန်(၁)ပြည်စီကို ကျပ်(၂၅၀၀) ဈေးနှုန်းဖြင့် အိမ်ထောင်စု(၂၄၀)စုအား ဆန်များရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုခဲ့ပါသည်။

   အလားတူပင် ပြည်တော်အေးရပ်ကွက်၊ အနောက်ရပ်တောင်ပိုင်းရပ်ကွက်၊ အနောက်ရပ်မြောက်ပိုင်းရပ်ကွက်နှင့် ထုံးတောင်ကျေးရွာအုပ်စုတို့တွင်လည်း နောက်နေ့ရက်များ၌ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပါကြောင်းသိရှိရပါသည်။

DOCA(မကွေး)

           

မင်းတုန်းမြို့၌ စားအုန်းဆီများအား အများပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုအရ မင်းတုန်းမြို့၌ (၁၀-၉-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်မှ (၁၄:၃၀)နာရီအချိန်အထိ သက်သာသောဈေးနှုန်းဖြစ်သည့် စားသုံးဆီ(၁)ပိဿာလျှင် ကျပ်(၄၈၀၀)ဈေးနှုန်းဖြင့် မင်းတုန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် မြို့ပေါ်(၄)ရပ်ကွက်ရှိ အိမ်ထောင်စု (၅၅၀)စုအား ရောင်းချပေးခဲ့ပါသည်။

   ထိုသို့ရောင်းချနေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အတွင်း စားအုန်းဆီများရောင်းချလျက်ရှိသောဆိုင်ပိုင်ရှင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ စိစစ်ကြပ်မတ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

ကံမမြို့နယ်၌ စားအုန်းဆီများအား အများပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုအရ (၉-၉-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ကံမမြို့ပေါ်ရှိ အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်နေ အိမ်ထောင်စု(၄၃၀)စုတို့အားလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်စုရပ်တွင် အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်နေ အိမ်ထောင်စု(၄၂၀)စုတို့အားလည်းကောင်း၊ ပုဇင်းနိမ့်ကျေးရွာအုပ်စု၊ ပုဇင်းနိမ့်ကျေးရွာ၌ အိမ်ထောင်စု(၄၀၀)စုတို့အားလည်းကောင်း၊ စံပယ်ခြုံကျေးရွာအုပ်စု၊ စံပယ်ခြုံကျေးရွာ၌ အိမ်ထောင်စု(၄၀၀)စုတို့အားလည်းကောင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၆၀၀)ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ရောင်းချပေးနေမှုအား ကံမမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ကန်သာစျေးအတွင်း၌ စက်တင်ဘာလ (ဒုတိယပတ်) အတွင်း ဖြစ်ပေါ်လျက်ရှိသော စျေးနှုန်းအခြေအနေ

    မကွေးမြို့၊ ကန်သာစျေး၌ မြို့ပေါ်ရှိစျေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မြင်းကင်း၊ ချောင်းဖြူ၊ မကျီးကန်ကျေးရွာ၊ နွားကူးရွာ၊ သန်းတောကုန်းကျေးရွာ၊ ပုထိုးစမ်းကျေးရွာဘက်တို့မှ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

     မကွေးမြို့၊ ကန်သာစျေးတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)အတွင်း ရောင်းချလျက်ရှိသောစျေးနှုန်းများမှာ ငါးကြင်း (မျက်ဆံနီ) (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးကြင်းဖြူ(ခုတ်သား) (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ပုစွန်အကြီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀-၂၂၀၀၀)၊ ငါးဖယ်ခြစ် (၁၀)ကျပ်သားလျှင် ကျပ်(၂၅၀၀)၊ ကြက်သား (CP) အသား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက် (CP) ပေါင် (၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၈၀၀၀)၊ အမဲသား  (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၂၂၀၀-၂၅၀၀)၊ ခရမ်းသီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၃၂၀၀-၃၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁)ပိဿာလျှင် ကျပ် (၉၀၀၀)၊ ကုလားပဲခြမ်း (၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ မြေပဲဆံ (၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ချဉ်ပေါင် (၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ ပဲပင်ပေါက် (၁)ပိဿာလျှင် ကျပ် (၁၀၀၀)၊ ပဲသီး (၁)ထုံးလျှင် ကျပ်(၂၀၀၀)၊ ဂေါ်ဖီ (၁)ထုပ်လျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ ရုံးပတီသီး (၁)ပိဿာလျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ ကင်ပွန်းချဉ် (၁)စည်းလျှင် ကျပ်(၂၀၀)၊ မျှစ်ချို (၁)ပိဿာလျှင် ကျပ် (၁၅၀၀-၂၀၀၀)၊ ခါကြက်ဥ (ထိုင်ဝမ်) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ပန်းမုန်လာ (၁)ပွင့်လျှင် ကျပ် (၁၅၀၀-၂၀၀၀)၊ မုန်လာဥ (၁)စည်းလျှင် ကျပ်(၄၀၀-၅၀၀)တို့ဖြင့် အသီးသီးအ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ကျောက်ပန်းတောင်းမြို့နယ်တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများ

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် မြို့မစည်ပင်သာယာဈေးကြီး နယ်နိမိတ်အတွင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစား ကုန်များ၏ လက်လီဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည်လျှင်(၆၅၀၀)ကျပ်၊ ဧရာပဒေသာ တစ်ပြည်လျှင်(၆၀၀၀)ကျပ်၊ ဧည့်မထ တစ်ပြည်လျှင်(၃၅၀၀)ကျပ်၊ ငစိန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ မနောသုခ တစ်ပြည်လျှင်(၃၈၀၀)ကျပ်၊ ပဲဆီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာလျှင်(၇၅၀၀)၊ မတ်ပဲတစ်ပိဿာ(၅၀၀၀)ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ (၃၂၀၀)ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ(၉၀၀၀)ကျပ်၊ ဂျင်း(ချင်း) တစ်ပိဿာ (၆၅၀၀)ကျပ်၊ အာလူး တစ်ပိဿာ(၂၅၀၀)ကျပ်၊ ခရမ်းချဉ်သီး(ရှမ်း) တစ်ပိဿာ(၁၀၀၀)ကျပ်၊ ခရမ်းချဉ်သီး(ဒေသထွက်) တစ်ပိဿာ(၂၀၀၀)ကျပ်၊ ဆား တစ်ပိဿာ(၅၀၀)ကျပ်၊ ကြက်ဥ တစ်လုံး(၂၂၀၊ ၂၆၀)ကျပ်၊ ဘဲဥ တစ်လုံး (၃၄၀)ကျပ်တို့ဖြင့် ရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။

      မွေးမြူရေးထွက်ကုန်များအနေဖြင့် ဒေသကြက်(ဗမာ) တစ်ပိဿာ(၁၆၀၀၀)ကျပ်၊ မွေးမြူရေး ကြက်(CP)ရင်အုံ တစ်ပိဿာ(၁၀၀၀၀)ကျပ်၊ ပေါင်သား  တစ်ပိဿာ(၉၀၀၀)ကျပ်၊ ဝက်သား တစ်ပိ  ဿာ(၁၅၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာ(၁၂၀၀၀)ကျပ်၊ ဆိတ်သား  တစ်ပိဿာ(၁၈၀၀၀)ကျပ်၊ ငါးကြင်း  တစ်ပိဿာ(၁၈၀၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာ(၃၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ငါးရံ့ တစ်ပိဿာ(၁၀၀၀၀)ကျပ်၊ ငါးတန် တစ်ပိဿာ(၈၀၀၀)ကျပ်၊ ငါးပတ် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာ(၃၂၀၀၀)ကျပ်၊ ရေချိုပုဇွန်(လတ်) တစ်ပိဿာ(၃၈၀၀၀)ကျပ်၊ ရေငန်ပုဇွန်(လတ်) တစ်ပိဿာ(၂၄၀၀၀)ကျပ်၊ အာပြဲခြောက်  တစ်ပိဿာ(၂၈၀၀၀၊)ကျပ်၊ ငါးတံခွန်ခြောက် တစ်ပိဿာ(၁၄၀၀၀)ကျပ်၊ ငါးနီတူးခြောက်တစ်ပိဿာ(၁၈၀၀၀)ကျပ်၊ ငါးရောင်ခြောက် တစ်ပိဿာ (၂၄၀၀၀)ကျပ်၊ ပုဇွန်ခြောက် တစ်ပိဿာ(၆၀၀၀၀၊၇၀၀၀၀၊၉၀၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း